ဇနီးဟောင်း အင်ဂျလီနာဂျိုလီက နေအိမ်အနီး ပြောင်းရွှေ့လာသောကြောင့် ဘရက်ပစ်က သူ၏အိမ်ကို ဒေါ်လာ သန်း ၄၀ ဖြင့် အရောင်းဈေးကွက်တင်

ဇနီးဟောင်း အင်ဂျလီနာဂျိုလီက နေအိမ်အနီး ပြောင်းရွှေ့လာသောကြောင့် ဘရက်ပစ်က သူ၏အိမ်ကို ဒေါ်လာ သန်း ၄၀ ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
23 Jan 2023 9:56 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး

[Zawgyi]

ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၎င်းနှစ်ပေါင်း ၃၀ နီးပါး ပိုင်ဆိုင်ထားခဲ့သော စံအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

ဘရက်ပစ်သည် တချိန်က အင်ဂျလီနာဂျိုလီနှင့်အတူ ကလေး ၃ ဦးကို ပြုစုပျိုးထောင်ပေးခဲ့ရာ စံအိမ်ကြီးနှင့် လမ်းခွဲရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

အသက် ၅၉ နှစ်ရှိပြီဖြစ်သူ ဘရက်ပစ်သည် အဆိုပါစံအိမ်ကို Cassandra Peterson ထံမှ ၁၉၉၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက People သတင်းဌာနသို့ ပြောသည်။

Cassandra Peterson သည် Mistress of the Dark ဇာတ်ကားတွင် Elvira အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသူ ဖြစ်သည်။

ဘရက်ပစ်သည် ထိုအိမ်ကို ဝယ်ယူခဲ့စဉ်က ဒေါ်လာ ၁ ဒသမ ၇ သန်းသုံးစွဲခဲ့ပြီး ဝယ်ယူပြီးနောက်ပိုင်းတွင် ဘေးချင်းကပ် မြေကွက်ပေါင်းများစွာကို ဆက်လက်ဝယ်ယူကာ ကြီးမားသည့် စံအိမ်ဝန်းကြီးတစ်ခုအဖြစ် ဖန်တီးခဲ့သည်။

ဘရက်ပစ်၏ စံအိမ်ဝန်းအတွင်း စကိတ်စီးကွင်းတစ်ခု၊ တင်းနစ်ကွင်းတစ်ခုနှင့် ရေကူးကန်တစ်ခုတို့ ပါဝင်ကာ ခြံအကျယ်မှာ ၁ ဒသမ ၉ ဧက ရှိသည်။

ဘရက်ပစ်သည် လော့စ်အိန်ဂျလိမြို့၊ လော့စ်ဖီလစ်ဇ်အရပ်ရှိ စံအိမ်ကို ဒေါ်လာ သန်း ၄၀ ခန့် လိုချင်နေကြောင်း People က ဖော်ပြသည်။

စံအိမ်ရောင်းချရခြင်းအကြောင်းရင်းနှင့် စပ်လျဉ်းပြီး သတင်းရင်းမြစ်က ပြောပြသည်မှာ ဘရက်ပစ်သည် လော့စ်အိန်ဂျလိဝန်းကျင်တွင် ယခုစံအိမ်လောက်မကြီးမားသည့်အိမ်တစ်လုံးရှာဖွေနေခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။

စံအိမ်ရောင်းချရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျယ်ဝန်းလွန်းခြင်းကြောင့်ဟု ဆိုသော်လည်း စိတ်ခံစားမှုဆိုင်ရာ အကြောင်းရင်းများလည်း ရှိနေသည်။

ကျယ်ဝန်းလှသော ဤစံအိမ်ဝန်းကြီးအတွင်း ဘရက်ပစ်နှင့် ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ (၄၇ နှစ်) တို့သည် ကလေး ၆ ဦးဖြစ်သော Maddox (၂၁ နှစ်)၊ Pax (၁၉ နှစ်)၊ Zahara (၁၈ နှစ်) ၊ Shiloh (၁၆ နှစ်) နှင့် အမြွှာ ၂ ဦးဖြစ်သော Knox နှင့် Vivienne (၁၄ နှစ်) တို့ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ကြဖူးသည်။

ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့သည် ၂၀၁၆ ခုနှစ်တွင် လမ်းခွဲခဲ့ပြီးနောက်ပိုင်းကတည်းက ပိုင်ဆိုင်မှုများ၊ ကလေးများအရေးနှင့် စပ်လျဉ်းပြီး အငြင်းပွားကာ ပြဿနာဖြစ်လျက် ရှိနေခဲ့ကြသည်။

(ဘရက်ပစ်က ကပ်လျက်မြေကွက်များကို ဝယ်ယူပေါင်းစပ်ခဲ့သည်။ ဓာတ်ပုံ- SplashNews.com)

(ဘရက်ပစ်က ဤစံအိမ်ကို ၁၉၉၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- SplashNews.com)

(ခြံအကျယ်အဝန်းမှာ ၁ ဒသမ ၉ ဧက ရှိသည်။ ဓာတ်ပုံ- SplashNews.com)

(ရေကူးကန်မြင်ကွင်း။ ဓာတ်ပုံ- SplashNews.com)

(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- SplashNews.com)

နန်းတော်တမျှ ခမ်းနားကြီးကျယ်လှသော စံအိမ်ကြီးသည် နှစ်ဦးကွာရှင်းပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်အတွင်း အင်ဂျလီနာဂျိုလီက ကန်ဒေါ်လာ ၂၄ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူခဲ့သောစံအိမ်နှင့် နီးကပ်သည်။

ဘရက်ပစ်၏ စံအိမ်နှင့် နီးကပ်စွာရှိနေခြင်းကြောင့် ဝယ်ယူလိုက်ခြင်းလည်းဖြစ်ကြောင်း အင်ဂျလီနာဂျိုလီက ပြောဖူးသည်။

“သူတို့အဖေနဲ့ နီးနီးနားနားရှိစေချင်တယ်လေ။ ဒီအိမ်ကနေဆိုရင် ၅ မိနစ်ခရီးလောက်ပဲဝေးပါတယ်” ဟု အင်ဂျလီနာဂျိုလီက British Vogue မဂ္ဂဇင်းသို့ ပြောဖူးသည်။

ကလေးများ၏ဖခင်နှင့် နီးကပ်မှုအပြင် အဆိုပါဒေသ၏ ခမ်းနားသော သမိုင်းကြောင်းရှိခြင်းမှာလည်း အင်ဂျလီနာဂျိုလီက သူ၏နေအိမ်သစ် ဝယ်ယူဖြစ်စေသည့်အကြောင်းရင်း ဖြစ်သည်။

အဆိုပါဒေသသည် ချာလီချက်ပလင် ကျင်လည်ကျက်စားခဲ့သည့်ဒေသဖြစ်ကြောင်း အင်ဂျလီနာဂျိုလီက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brad Pitt lists longtime LA house next to Angelina for $40M (nypost)

[Unicode]

ဇနီးေဟာင္း အင္ဂ်လီနာဂ်ဳိလီက ေနအိမ္အနီး ေျပာင္းေရႊ႕လာေသာေၾကာင့္ ဘရက္ပစ္က သူ၏အိမ္ကို ေဒၚလာ သန္း ၄၀ ျဖင့္ အေရာင္းေစ်းကြက္တင္

ေဟာလိဝုဒ္ၾကယ္ပြင့္ ဘရက္ပစ္သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ၎ႏွစ္ေပါင္း ၃၀ နီးပါး ပိုင္ဆိုင္ထားခဲ့ေသာ စံအိမ္ကို အေရာင္းေစ်းကြက္တင္လာသည္။

ဘရက္ပစ္သည္ တခ်ိန္က အင္ဂ်လီနာဂ်ဳိလီႏွင့္အတူ ကေလး ၃ ဦးကို ျပဳစုပ်ဳိးေထာင္ေပးခဲ့ရာ စံအိမ္ၾကီးႏွင့္ လမ္းခြဲရန္ စီစဥ္ေနျခင္းလည္း ျဖစ္သည္။

အသက္ ၅၉ ႏွစ္ရွိျပီျဖစ္သူ ဘရက္ပစ္သည္ အဆိုပါစံအိမ္ကို Cassandra Peterson ထံမွ ၁၉၉၄ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက People သတင္းဌာနသို႔ ေျပာသည္။

Cassandra Peterson သည္ Mistress of the Dark ဇာတ္ကားတြင္ Elvira အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ လူသိမ်ားသူ ျဖစ္သည္။

ဘရက္ပစ္သည္ ထိုအိမ္ကို ဝယ္ယူခဲ့စဥ္က ေဒၚလာ ၁ ဒသမ ၇ သန္းသံုးစြဲခဲ့ျပီး ဝယ္ယူျပီးေနာက္ပိုင္းတြင္ ေဘးခ်င္းကပ္ ေျမကြက္ေပါင္းမ်ားစြာကို ဆက္လက္ဝယ္ယူကာ ၾကီးမားသည့္ စံအိမ္ဝန္းၾကီးတစ္ခုအျဖစ္ ဖန္တီးခဲ့သည္။

ဘရက္ပစ္၏ စံအိမ္ဝန္းအတြင္း စကိတ္စီးကြင္းတစ္ခု၊ တင္းနစ္ကြင္းတစ္ခုႏွင့္ ေရကူးကန္တစ္ခုတို႔ ပါဝင္ကာ ျခံအက်ယ္မွာ ၁ ဒသမ ၉ ဧက ရွိသည္။

ဘရက္ပစ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေလာ့စ္ဖီလစ္ဇ္အရပ္ရွိ စံအိမ္ကို ေဒၚလာ သန္း ၄၀ ခန္႔ လိုခ်င္ေနေၾကာင္း People က ေဖာ္ျပသည္။

စံအိမ္ေရာင္းခ်ရျခင္းအေၾကာင္းရင္းႏွင့္ စပ္လ်ဥ္းျပီး သတင္းရင္းျမစ္က ေျပာျပသည္မွာ ဘရက္ပစ္သည္ ေလာ့စ္အိန္ဂ်လိဝန္းက်င္တြင္ ယခုစံအိမ္ေလာက္မၾကီးမားသည့္အိမ္တစ္လံုးရွာေဖြေနျခင္းေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။

စံအိမ္ေရာင္းခ်ရျခင္း၏ အဓိက အေၾကာင္းရင္းမွာ က်ယ္ဝန္းလြန္းျခင္းေၾကာင့္ဟု ဆိုေသာ္လည္း စိတ္ခံစားမႈဆိုင္ရာ အေၾကာင္းရင္းမ်ားလည္း ရွိေနသည္။

က်ယ္ဝန္းလွေသာ ဤစံအိမ္ဝန္းၾကီးအတြင္း ဘရက္ပစ္ႏွင့္ ဇနီးေဟာင္း အင္ဂ်လီနာ ဂ်ဳိလီ (၄၇ ႏွစ္) တို႔သည္ ကေလး ၆ ဦးျဖစ္ေသာ Maddox (၂၁ ႏွစ္)၊ Pax (၁၉ ႏွစ္)၊ Zahara (၁၈ ႏွစ္) ၊ Shiloh (၁၆ ႏွစ္) ႏွင့္ အျမႊာ ၂ ဦးျဖစ္ေသာ Knox ႏွင့္ Vivienne (၁၄ ႏွစ္) တု႔ိကို ေကၽြးေမြးျပဳစုေစာင့္ေရွာက္ခဲ့ၾကဖူးသည္။

ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔သည္ ၂၀၁၆ ခုႏွစ္တြင္ လမ္းခြဲခဲ့ျပီးေနာက္ပိုင္းကတည္းက ပိုင္ဆိုင္မႈမ်ား၊ ကေလးမ်ားအေရးႏွင့္ စပ္လ်ဥ္းျပီး အျငင္းပြားကာ ျပႆနာျဖစ္လ်က္ ရွိေနခဲ့ၾကသည္။

(ဘရက္ပစ္က ကပ္လ်က္ေျမကြက္မ်ားကို ဝယ္ယူေပါင္းစပ္ခဲ့သည္။ ဓာတ္ပံု- SplashNews.com)

(ဘရက္ပစ္က ဤစံအိမ္ကို ၁၉၉၄ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- SplashNews.com)

(ျခံအက်ယ္အဝန္းမွာ ၁ ဒသမ ၉ ဧက ရွိသည္။ ဓာတ္ပံု- SplashNews.com)

(ေရကူးကန္ျမင္ကြင္း။ ဓာတ္ပံု- SplashNews.com)

(စံအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- SplashNews.com)

နန္းေတာ္တမွ် ခမ္းနားၾကီးက်ယ္လွေသာ စံအိမ္ၾကီးသည္ ႏွစ္ဦးကြာရွင္းျပီးေနာက္ပိုင္း ၂၀၁၇ ခုႏွစ္အတြင္း အင္ဂ်လီနာဂ်ဳိလီက ကန္ေဒၚလာ ၂၄ ဒသမ ၉၅ သန္းျဖင့္ ဝယ္ယူခဲ့ေသာစံအိမ္ႏွင့္ နီးကပ္သည္။

ဘရက္ပစ္၏ စံအိမ္ႏွင့္ နီးကပ္စြာရွိေနျခင္းေၾကာင့္ ဝယ္ယူလိုက္ျခင္းလည္းျဖစ္ေၾကာင္း အင္ဂ်လီနာဂ်ဳိလီက ေျပာဖူးသည္။

“သူတို႔အေဖနဲ႔ နီးနီးနားနားရွိေစခ်င္တယ္ေလ။ ဒီအိမ္ကေနဆိုရင္ ၅ မိနစ္ခရီးေလာက္ပဲေဝးပါတယ္” ဟု အင္ဂ်လီနာဂ်ဳိလီက British Vogue မဂၢဇင္းသို႔ ေျပာဖူးသည္။

ကေလးမ်ား၏ဖခင္ႏွင့္ နီးကပ္မႈအျပင္ အဆိုပါေဒသ၏ ခမ္းနားေသာ သမိုင္းေၾကာင္းရွိျခင္းမွာလည္း အင္ဂ်လီနာဂ်ဳိလီက သူ၏ေနအိမ္သစ္ ဝယ္ယူျဖစ္ေစသည့္အေၾကာင္းရင္း ျဖစ္သည္။

အဆိုပါေဒသသည္ ခ်ာလီခ်က္ပလင္ က်င္လည္က်က္စားခဲ့သည့္ေဒသျဖစ္ေၾကာင္း အင္ဂ်လီနာဂ်ဳိလီက ေျပာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brad Pitt lists longtime LA house next to Angelina for $40M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
area-one-business-complex
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service