ရေဘဝဲ စားတာ ကျန်းမာစေသလား .......

ရေဘဝဲ စားတာ ကျန်းမာစေသလား ....... - Property Knowledge in Myanmar from iMyanmarHouse.com
4 Jan 2023 10:56 am တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပင်လယ်စာတွေ စားတဲ့အခါ ရေဘဝဲကို အကြိုက်ဆုံးလား။ ရေဘဝဲ စပ်စပ်လေး ချက်ပြီး ထမင်းဖြူ ပူပူလေးနဲ့ တွဲစားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီလို စားရတာတင် မဟုတ်ဘဲ ရေဘဝဲသုပ်၊ ရေဘဝဲကြော်၊ ရေဘဝဲကင်၊ ရေဘဝဲလုံးကြော် အားလုံးကို ကြိုက်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။

ရေဘဝဲ စားတာ ကျန်းမာစေသလား …….

ရေဘဝဲ ဆိုတာက ပင်လယ်ထဲက သတ္တဝါ တစ်မျိုးပါ။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ဒါတွေတင် မဟုတ်ဘဲ ရေဘဝဲမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ရေဘဝဲက ကျန်းမာစေသလားဆိုရင် ကျန်းမာစေတယ်လို့ပဲ ပြောပါရစေ။

 

 

 

ရေဘဝဲကနေ ရနိုင်မယ့် အာဟာရဓာတ်တွေက ဘာတွေဖြစ်မလဲ …….

 

ရေဘဝဲကနေ အခုလို အာဟာရဓာတ်တွေကို ရရှိနိုင်ပါတယ်။

ပရိုတင်း

ဗီတာမင် B12

Omega-3 Fatty Acid

ကယ်လ်လိုရီ

ကာဗိုဟိုက်ဒရိတ်

အဆီ

ဆိုဒီယမ်

ပိုတက်ဆီယမ်

ကယ်လ်ဆီယမ်

သံဓာတ်

မဂ္ဂနီဆီယမ်

ဇင့်

ဖော့စဖရိတ်

ကိုလက်စထရော

ဆီလီနီယမ်

copper

ဗီတာမင် C တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ရေဘဝဲကပေးတဲ့ ကျန်းမာရေး

 

ရေဘဝဲ စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

 

Omega-3 Fatty Acids ကြွယ်ဝတယ်

ရေဘဝဲမှာ သန္ဓေသားလေး ဖွံ့ဖြိုးစေဖို့၊ နှလုံးကျန်းမာစေဖို့နဲ့ သိမြင်မှု စွမ်းဆောင်ရည် ကောင်းမွန်စေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA) တို့အပါအဝင် omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ရေဘဝဲမှာ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုယ်ခံအားကောင်းစေနိုင်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာနဲ့ နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေတယ်

ရေဘဝဲမှာ သံဓာတ်နဲ့ ဗီတာမင် B12 ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေနိုင်ပါတယ်။ သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းအဆီကျစေနိုင်တယ်

ရေဘဝဲရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က သွေးတွင်းအဆီကို ကျစေတာပါ။ သွေးထဲမှာ အဆီဖြစ်တာ၊ အနည်ထိုင်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပြီး သွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ သွေးကြောကျဉ်းတာတွေကို ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

ရေဘဝဲ လက်ချောင်းတွေမှာပါတဲ့ စုပ်ခွက်လေးတွေထဲမှာ peptide လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရာလေးပါဝင်နေပါတယ်။ ဒီ peptide ကို ဘက်တီးရီးယားတွေကို တိုက်ဖျက်ဖို့ သုံးနိုင်သလို အစားအစာတွေ တာရှည်ခံစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

ရေဘဝဲမှာ Bioactive ဒြပ်ပေါင်း တစ်မျိုး ဖြစ်တဲ့ macrocyclic lactone ပါဝင်နေပါတယ်။ သွေးပေါင်ကို ထိန်းညှိပေးသလို သွေးတွင်း ကိုလက်စထရောများတာနဲ့ သွေးခဲပိတ်ဆို့တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပါတယ်။

ဆီးချို သက်သာစေတယ်

ရေဘဝဲမှာပါတဲ့ ပရိုတင်းက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ကဲ ….. ရေဘဝဲ စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]


 





 


ပရိုတင်း

ဗီတာမင် B12

Omega-3 Fatty Acid

ကယ်လ်လိုရီ

ကာဗိုဟိုက်ဒရိတ်

အဆီ

ဆိုဒီယမ်

ပိုတက်ဆီယမ်

ကယ်လ်ဆီယမ်

သံဓာတ်

မဂ္ဂနီဆီယမ်

ဇင့်

ဖော့စဖရိတ်

ကိုလက်စထရော

ဆီလီနီယမ်

copper



 


 













ဆီးချို သက်သာစေတယ်



 




Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service