ပေ ၁၃၀ မြင့်မားသော ကျောက်တိုင်ကြီးတစ်ခုပေါ်ရှိ ကမ္ဘာ့အထီးကျန်ဆုံး ဘုရားကျောင်း

ပေ ၁၃၀ မြင့်မားသော ကျောက်တိုင်ကြီးတစ်ခုပေါ်ရှိ ကမ္ဘာ့အထီးကျန်ဆုံး ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
27 Dec 2022 11:13 am တွင် တင်ခဲ့သည်
653 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ပေ ၁၃၀ မြင့်မားသော ကျောက်တိုင်ကြီးတစ်ခုပေါ်တွင် ဘုရားကျောင်းတစ်ခု တည်ရှိနေရာ ကမ္ဘာ့ အခေါင်သီ ဆုံးနှင့် အမြင့်မားဆုံး ဘုရားကျောင်းတစ်ခု ဖြစ်ဖွယ်ရှိသည်။

ထိုမျှမြင့်မားသော ကျောက်တိုင်ကျောက်ဆောင်ပေါ်တွင် မည်သို့ ကျောင်းဆောက်ထားသည်ကို မည်သူမျှ မသိကြချေ။

ဂျော်ဂျီယာနိုင်ငံရှိ Katshki Pillar ကျောင်းနှင့် စပ်လျဉ်းပြီး ဆန်းကြယ်မှုများ နှစ်ပေါင်းများစွာရှိနေခဲ့သည်။

ကြီးမားမြင့်မားလှသော ထုံးကျောက်တိုင်ကြီးထိပ်သို့ ဘုရားကျောင်း မည်သို့မည်ပုံရောက်ရှိနေသည် (သို့မဟုတ်) မည်သူက ဆောက်လုပ်ခဲ့သည်ကို ယနေ့တိုင်မသိကြရချေ။

 

(ပေ ၁၃၀ မြင့်သော ကျောက်တုံးကြီးပေါ်မှ ဘုရားကျောင်း။ ဓာတ်ပုံ- Credit: Alamy)

 

ဆန်းကြယ်သော အဆိုပါ ကျောင်းဆောင်တည်ရှိပုံကို ဒေသတွင်း ဒဏ္ဍာရီများအရ ဘဝမှတ်တိုင်ဟူ၍ လည်းကောင်း ၊ လက်ဝါးကပ်တိုင်အစစ်၏ သရုပ်သကန်တစ်ခု အဖြစ်လည်းကောင်း ရှုမြင်ကြသည်။

လက်ဝါးကပ်တိုင်ဆိုရာတွင် သမ္မာကျမ်းစာပါ ယေရှုခရစ် ကွပ်မျက်ခံခဲ့ရသော လက်ဝါးကပ်တိုင်ကို ရည်ညွှန်း ခြင်း ဖြစ်သည်။

ပိရမစ်များကဲ့သို့ပင် ကျောက်တိုင်ရှည်ကြီးထိပ်ရှိ ဘုရားကျောင်း မည်သို့မည်ပုံ ဆောက်လုပ်ခဲ့သည်ကို သမိုင်း ပညာရှင်များ လေ့လာနေကြဆဲ ဖြစ်သည်။

အဆိုပါ ဘုရားကျောင်းတွင် အခြေချနေထိုင်မှုမရှိဘဲ စွန့်ပစ်ထားခဲ့သည် ဆိုသည့်အချက်မှ လွဲ၍ ဘုရားကျောင်း နှင့်ပတ်သက်ပြီး များစွာမသိရချေ။

၁၉၄၄ ခုနှစ်တွင်မူ တောင်တက်သမားတစ်ဦးနှင့် သူ၏အဖွဲ့သည် ပေ ၁၃၀ မြင့်သော ကျောက်ဆောင်ထက်ရှိ ဘုရားကျောင်းသို့ တက်ခဲ့ကြသည်။

Alexander Japaridze နှင့်သူ၏ အဖွဲ့သည် ၅ ရာစုနှင့် ၆ ရာစုနှစ် ကာလများတွင် ဆောက်လုပ်ခဲ့သည့် ဘုရားကျောင်း ၂ ခု၏ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုခေတ်ထိုကာလက ခြိုးခြံသော တပသီအကျင့်ပြန့်ပွားနေပြီး ဘုန်းတော်ကြီးများမှာ အပျော်အပါး ရှောင်ရှားကြ ပြီး သီလသမာဓိ ဆောက်တည်ကြသည်။

သို့သော် မကြာသေးမီက လေ့လာချက်များအရမူ ဘုရားကျောင်းသည် ၉ ရာစု (သို့မဟုတ်) ၁၀ ရာစုအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့တိုင်အောင် ဘုရားကျောင်း၏ အစောဆုံးအုတ်မြစ်များမှာ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်း ရှိဖွယ်ရာ ရှိသည်။

ထိုကျောက်ဆောင်ကြီးပေါ်သို့ တက်ရောက်ခြင်းမှာ အန္တရာယ်အလွန်များသောကြောင့် တက်ရောက် လည်ပတ်ခွင့် မပြုချေ။

ဆန်းကြယ်သော အဆိုပါ ကျောင်းဆောင်မှာ ဂျော်ဂျီယာနိုင်ငံ၏ မြို့တော် Tbilisi မှ ၁၂၅ မိုင်ဝန်းကျင် ဝေးကွာသည်။

အဆိုပါ ဘုရားကျောင်းရှိရာသို့ သွားမည်ဆိုလျှင် ကျောက်တိုင်ကြီး၏ အောက်ခြေသို့ ရောက်သည်အထိ ဦးစွာ ခြေလျင်ခရီးနှင်ရဦးမည် ဖြစ်သည်။

ယင်းနောက် ခွင့်ပြုချက်ရ၍ ကျောက်တိုင်ထိပ်သို့ တက်မည်ဆိုလျှင် သေးငယ်သော စတီးလှေကားကလေး တစ်ခုမှ တဆင့် မိနစ် ၂၀ ခန့် တက်ရမည် ဖြစ်သည်။

ကျောက်တိုင်အောက်မှ ဘုန်းကြီးကျောင်းမှာ အေဒီ ၅၈၀ တွင် မွေးဖွားခဲ့သော ဘုန်းတော်ကြီး ဖြစ်သည့် Maximum the Confessor အတွက် ရည်စူးဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအားဖြင့် ဝေးလံခေါင်သီလှသော ဘုရားကျောင်းရှိရာသို့ ဘုန်းတော်ကြီးများသာ တက်ရောက်ခွင့်ပေး ထားသည်။

 

(ကျောက်ဆောင် တိုင်ထိပ် ဘုရားကျောင်းတွင် တွေ့ရသော ဘုန်းတော်ကြီးတစ်ပါး။ ဓာတ်ပုံ- Credit: Rex Features)

 

 

 

(မတ်စောက်သော ထုံးကျောက်တိုင်ကြီး၏ နံရံမှ စတီးလှေကား။ ဓာတ်ပုံ- Credit: Rex Features)

 

 

ကျောက်တောင်အောက်ခြေတွင် မြေအောက်ခန်းသင်္ချိုင်း တစ်ခု ၊ ဝိုင်သိုလှောင်ခန်း တစ်ခု ၊ တရားအားထုတ်ရာ ရသေ့ဂူ သုံးခုနှင့် ခံတပ်ငယ်တစ်ခုတို့ ယနေ့တိုင်ကျန်ရှိနေဆဲ ဖြစ်သည်။

၁၉၉၀ ပြည့်လွန်ကာလများတွင် ထုံးကျောက်တိုင်ထိပ် ဘုရားကျောင်းတွင် ဘာသာရေး ပြန်လည် အသက်ဝင် ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဘုရားကျောင်းကို ပြန်လည် ဆောက်လုပ်ခဲ့သည်။

ဘုန်းတော်ကြီး Maxime Qavtaradze သည် ဘုရားသခင်နှင့် ပိုမိုနီးကပ်ရန်အတွက် အဆိုပါ ဘုရားကျောင်း တွင် နှစ်ပေါင်း ၂၀ ခန့်နေထိုင် သီတင်းသုံးခဲ့သည်။

၎င်းနေထိုင်စဉ် ဆယ်စုနှစ် ၂ ခုအတွင်း နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ဘုရားကျောင်းကို ပြန်လည် ပြုပြင်ခဲ့ပြီး ရက်သတ္တပတ်လျှင် ၂ ရက်သာ အောက်သို့ ဆင်းသည်။

ကမ္ဘာလှည့်ခရီးသည်များ ကျောက်တိုင်ထိပ် ဘုရားကျောင်းသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သူမှာ ဂျော်ဂျီယာ Orthodox Church ခေါင်းဆောင် ဂိုဏ်းအုပ်ဘုန်းတော်ကြီး Patriarch Ilia II ဖြစ်သည်။

ကျောင်းထိုင်ဆရာတော် Ilarion က CNN သတင်းဌာနသို့ ပြောသည်မှာ “ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ကျောက်တိုင်ထိပ်ကို ဘုန်းကြီးတွေပဲ တက်ခွင့်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။အဲဒီ ညွှန်ကြားချက်ကို သူမပယ်ဖျက် ပေးသမျှ ကာလပတ်လုံး ကျုပ်တို့အနေနဲ့ ဘယ်သူကိုမှ တက်ခွင့်ပေးလို့ မရပါဘူး။”ဟု ပြောသည်။

 

(ဤဓာတ်ပုံမှာ ၂၀၁၇ ခုနှစ် ၊ မေလ ၁၈ ရက် ၊ ကြာသပတေးနေ့တွင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ Katskhi ကျောက်တိုင်ထိပ်တွင် ဘုန်းတော်ကြီးကျောင်း တစ်ခု တွေ့ရမည် ဖြစ်သည်။ဂျော်ဂျီယာနိုင်ငံ အနောက်ပိုင်း Imereti ဒေသမှ Katskhi ကျေးရွာအနီးတွင် တည်ရှိသည်။)

 

 

 

(Katskhi ကျောက်တိုင်သည် သဘာဝထုံးကျောက် ကျောက်တိုင်တစ်ခုဖြစ်ပြီး အမြင့် ပေ၁၃၀ နီးပါးရှိသည်။ ကျောင်းတော်သို့ တက်ရန် ဘုန်းကြီးများက သတ္တုလှေကားတစ်ခုကို အသုံးပြုသည်။ကုန်ပစ္စည်းများကိုမူ ကြိုးတစ်ချောင်းဖြင့် ဆွဲတင်ခြင်း ဖြစ်သည်။ ဓာတ်ပုံ - AP သတင်းဌာန)

 

 

(ကမ္ဘာလှည့် ခရီးသည်များကို ကျောက်တိုင်ထိပ်သို့ တက်ခွင့်မပြု။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mystery of world’s loneliest church which sits alone atop 130ft stone pillar & no one knows how it got there (thesun, nypost)

 

 

 

[Zawgyi]

ေပ ၁၃၀ ျမင့္မားေသာ ေက်ာက္တိုင္ၾကီးတစ္ခုေပၚရွိ ကမၻာ့အထီးက်န္ဆံုး ဘုရားေက်ာင္း

 

ေပ ၁၃၀ ျမင့္မားေသာ ေက်ာက္တိုင္ၾကီးတစ္ခုေပၚတြင္ ဘုရားေက်ာင္းတစ္ခု တည္ရွိေနရာ ကမၻာ့ အေခါင္သီ ဆံုးႏွင့္ အျမင့္မားဆံုး ဘုရားေက်ာင္းတစ္ခု ျဖစ္ဖြယ္ရွိသည္။

ထိုမွ်ျမင့္မားေသာ ေက်ာက္တိုင္ေက်ာက္ေဆာင္ေပၚတြင္ မည္သို႔ ေက်ာင္းေဆာက္ထားသည္ကို မည္သူမွ် မသိၾကေခ်။

ေဂ်ာ္ဂ်ီယာႏိုင္ငံရွိ Katshki Pillar ေက်ာင္းႏွင့္ စပ္လ်ဥ္းျပီး ဆန္းၾကယ္မႈမ်ား ႏွစ္ေပါင္းမ်ားစြာရွိေနခဲ့သည္။

ၾကီးမားျမင့္မားလွေသာ ထံုးေက်ာက္တိုင္ၾကီးထိပ္သို႔ ဘုရားေက်ာင္း မည္သုိ႔မည္ပံုေရာက္ရွိေနသည္ (သို႔မဟုတ္) မည္သူက ေဆာက္လုပ္ခဲ့သည္ကို ယေန႔တိုင္မသိၾကရေခ်။

 

(ေပ ၁၃၀ ျမင့္ေသာ ေက်ာက္တံုးၾကီးေပၚမွ ဘုရားေက်ာင္း။ ဓာတ္ပံု- Credit: Alamy)

ဆန္းၾကယ္ေသာ အဆိုပါ ေက်ာင္းေဆာင္တည္ရွိပံုကို ေဒသတြင္း ဒ႑ာရီမ်ားအရ ဘဝမွတ္တိုင္ဟူ၍ လည္းေကာင္း ၊ လက္ဝါးကပ္တိုင္အစစ္၏ သရုပ္သကန္တစ္ခု အျဖစ္လည္းေကာင္း ရႈျမင္ၾကသည္။

လက္ဝါးကပ္တိုင္ဆိုရာတြင္ သမၼာက်မ္းစာပါ ေယရႈခရစ္ ကြပ္မ်က္ခံခဲ့ရေသာ လက္ဝါးကပ္တိုင္ကို ရည္ညႊန္း ျခင္း ျဖစ္သည္။

ပိရမစ္မ်ားကဲ့သို႔ပင္ ေက်ာက္တိုင္ရွည္ၾကီးထိပ္ရွိ ဘုရားေက်ာင္း မည္သို႔မည္ပံု ေဆာက္လုပ္ခဲ့သည္ကို သမိုင္း ပညာရွင္မ်ား ေလ့လာေနၾကဆဲ ျဖစ္သည္။

အဆိုပါ ဘုရားေက်ာင္းတြင္ အေျခခ်ေနထိုင္မႈမရွိဘဲ စြန္႔ပစ္ထားခဲ့သည္ ဆိုသည့္အခ်က္မွ လဲြ၍ ဘုရားေက်ာင္း ႏွင့္ပတ္သက္ျပီး မ်ားစြာမသိရေခ်။

၁၉၄၄ ခုႏွစ္တြင္မူ ေတာင္တက္သမားတစ္ဦးႏွင့္ သူ၏အဖြဲ႔သည္ ေပ ၁၃၀ ျမင့္ေသာ ေက်ာက္ေဆာင္ထက္ရွိ ဘုရားေက်ာင္းသို႔ တက္ခဲ့ၾကသည္။

Alexander Japaridze ႏွင့္သူ၏ အဖြဲ႔သည္ ၅ ရာစုႏွင့္ ၆ ရာစုႏွစ္ ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့သည့္ ဘုရားေက်ာင္း ၂ ခု၏ အၾကြင္းအက်န္မ်ားကို ရွာေဖြေတြ႔ရွိခဲ့ၾကသည္။

ထိုေခတ္ထိုကာလက ျခိဳးျခံေသာ တပသီအက်င့္ျပန္႔ပြားေနျပီး ဘုန္းေတာ္ၾကီးမ်ားမွာ အေပ်ာ္အပါး ေရွာင္ရွားၾက ျပီး သီလသမာဓိ ေဆာက္တည္ၾကသည္။

သို႔ေသာ္ မၾကာေသးမီက ေလ့လာခ်က္မ်ားအရမူ ဘုရားေက်ာင္းသည္ ၉ ရာစု (သို႔မဟုတ္) ၁၀ ရာစုအတြင္း ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

သို႔တိုင္ေအာင္ ဘုရားေက်ာင္း၏ အေစာဆံုးအုတ္ျမစ္မ်ားမွာ ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ သက္တမ္း ရွိဖြယ္ရာ ရိွသည္။

ထိုေက်ာက္ေဆာင္ၾကီးေပၚသို႔ တက္ေရာက္ျခင္းမွာ အႏၱရာယ္အလြန္မ်ားေသာေၾကာင့္ တက္ေရာက္ လည္ပတ္ခြင့္ မျပဳေခ်။

ဆန္းၾကယ္ေသာ အဆိုပါ ေက်ာင္းေဆာင္မွာ ေဂ်ာ္ဂ်ီယာႏိုင္ငံ၏ ျမိဳ႕ေတာ္ Tbilisi မွ ၁၂၅ မိုင္ဝန္းက်င္ ေဝးကြာသည္။

အဆိုပါ ဘုရားေက်ာင္းရွိရာသို႔ သြားမည္ဆိုလွ်င္ ေက်ာက္တိုင္ၾကီး၏ ေအာက္ေျခသို႔ ေရာက္သည္အထိ ဦးစြာ ေျခလ်င္ခရီးႏွင္ရဦးမည္ ျဖစ္သည္။

ယင္းေနာက္ ခြင့္ျပဳခ်က္ရ၍ ေက်ာက္တိုင္ထိပ္သို႔ တက္မည္ဆိုလွ်င္ ေသးငယ္ေသာ စတီးေလွကားကေလး တစ္ခုမွ တဆင့္ မိနစ္ ၂၀ ခန္႔ တက္ရမည္ ျဖစ္သည္။

ေက်ာက္တုိင္ေအာက္မွ ဘုန္းၾကီးေက်ာင္းမွာ ေအဒီ ၅၈၀ တြင္ ေမြးဖြားခဲ့ေသာ ဘုန္းေတာ္ၾကီး ျဖစ္သည့္ Maximum the Confessor အတြက္ ရည္စူးေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

လက္ရွိအားျဖင့္ ေဝးလံေခါင္သီလွေသာ ဘုရားေက်ာင္းရွိရာသို႔ ဘုန္းေတာ္ၾကီးမ်ားသာ တက္ေရာက္ခြင့္ေပး ထားသည္။

 

(ေက်ာက္ေဆာင္ တိုင္ထိပ္ ဘုရားေက်ာင္းတြင္ ေတြ႔ရေသာ ဘုန္းေတာ္ၾကီးတစ္ပါး။ ဓာတ္ပံု- Credit: Rex Features)

(မတ္ေစာက္ေသာ ထံုးေက်ာက္တိုင္ၾကီး၏ နံရံမွ စတီးေလွကား။ ဓာတ္ပံု- Credit: Rex Features)

ေက်ာက္ေတာင္ေအာက္ေျခတြင္ ေျမေအာက္ခန္းသခၤ်ဳိင္း တစ္ခု ၊ ဝိုင္သိုေလွာင္ခန္း တစ္ခု ၊ တရားအားထုတ္ရာ ရေသ့ဂူ သံုးခုႏွင့္ ခံတပ္ငယ္တစ္ခုတို႔ ယေန႔တိုင္က်န္ရွိေနဆဲ ျဖစ္သည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ထံုးေက်ာက္တိုင္ထိပ္ ဘုရားေက်ာင္းတြင္ ဘာသာေရး ျပန္လည္ အသက္ဝင္ ခဲ့ျပီး ၂၀၀၅ ခုႏွစ္တြင္ ဘုရားေက်ာင္းကို ျပန္လည္ ေဆာက္လုပ္ခဲ့သည္။

ဘုန္းေတာ္ၾကီး Maxime Qavtaradze သည္ ဘုရားသခင္ႏွင့္ ပိုမုိနီးကပ္ရန္အတြက္ အဆိုပါ ဘုရားေက်ာင္း တြင္ ႏွစ္ေပါင္း ၂၀ ခန္႔ေနထိုင္ သီတင္းသံုးခဲ့သည္။

၎ေနထုိင္စဥ္ ဆယ္စုႏွစ္ ၂ ခုအတြင္း ႏွစ္ေပါင္း ၁၂၀၀ သက္တမ္းရွိ ဘုရားေက်ာင္းကို ျပန္လည္ ျပဳျပင္ခဲ့ျပီး ရက္သတၱပတ္လွ်င္ ၂ ရက္သာ ေအာက္သို႔ ဆင္းသည္။

ကမၻာလွည့္ခရီးသည္မ်ား ေက်ာက္တိုင္ထိပ္ ဘုရားေက်ာင္းသို႔ တက္ေရာက္ခြင့္ ပိတ္ပင္ခဲ့သူမွာ ေဂ်ာ္ဂ်ီယာ Orthodox Church ေခါင္းေဆာင္ ဂိုဏ္းအုပ္ဘုန္းေတာ္ၾကီး Patriarch Ilia II ျဖစ္သည္။

ေက်ာင္းထိုင္ဆရာေတာ္ Ilarion က CNN သတင္းဌာနသုိ႔ ေျပာသည္မွာ “ဂိုဏ္းအုပ္ဘုန္းေတာ္ၾကီးက ေက်ာက္တုိင္ထိပ္ကို ဘုန္းၾကီးေတြပဲ တက္ခြင့္ေပးရမယ္လုိ႔ ညႊန္ၾကားထားပါတယ္။အဲဒီ ညႊန္ၾကားခ်က္ကို သူမပယ္ဖ်က္ ေပးသမွ် ကာလပတ္လံုး က်ဳပ္တို႔အေနနဲ႔ ဘယ္သူကိုမွ တက္ခြင့္ေပးလို႔ မရပါဘူး။”ဟု ေျပာသည္။

 

(ဤဓာတ္ပံုမွာ ၂၀၁၇ ခုႏွစ္ ၊ ေမလ ၁၈ ရက္ ၊ ၾကာသပေတးေန႔တြင္ ရုိက္ကူးထားေသာ ဓာတ္ပံုျဖစ္သည္။ Katskhi ေက်ာက္တိုင္ထိပ္တြင္ ဘုန္းေတာ္ၾကီးေက်ာင္း တစ္ခု ေတြ႔ရမည္ ျဖစ္သည္။ေဂ်ာ္ဂ်ီယာႏိုင္ငံ အေနာက္ပိုင္း Imereti ေဒသမွ Katskhi ေက်းရြာအနီးတြင္ တည္ရွိသည္။)

(Katskhi ေက်ာက္တုိင္သည္ သဘာဝထံုးေက်ာက္ ေက်ာက္တိုင္တစ္ခုျဖစ္ျပီး အျမင့္ ေပ၁၃၀ နီးပါးရွိသည္။ ေက်ာင္းေတာ္သို႔ တက္ရန္ ဘုန္းၾကီးမ်ားက သတၱဳေလွကားတစ္ခုကို အသံုးျပဳသည္။ကုန္ပစၥည္းမ်ားကိုမူ ၾကိဳးတစ္ေခ်ာင္းျဖင့္ ဆြဲတင္ျခင္း ျဖစ္သည္။ ဓာတ္ပံု - AP သတင္းဌာန)

(ကမၻာလွည့္ ခရီးသည္မ်ားကို ေက်ာက္တိုင္ထိပ္သို႔ တက္ခြင့္မျပဳ။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mystery of world’s loneliest church which sits alone atop 130ft stone pillar & no one knows how it got there (thesun, nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service