ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည်

ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
2 Dec 2022 10:31 am တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

(ကျေးရွာလေးမှာ အမှန်ပင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ဓာတ်ပုံ-Jam Press/Nikolay Karasabev)

ဘူလ်ဂေးရီးယားနိုင်ငံတွင် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာသည်။

ရွာကလေးတွင် နတ်သမီးပုံပြင်များထဲမှ ဒဏ္ဍာရီလာနေအိမ်များသဖွယ်ဆောက်လုပ်ထားသည့် နေအိမ် ၇ လုံး၊ ဝိုင်ချက်စက်ရုံတစ်ခု၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တစ်ခုတို့ ပါဝင်သည်။

ရွာကလေး၏ အမည်မှာ Omaya ဟု အမည်ရပြီး ဘူလ်ဂေးရီးယားနိုင်ငံ၊ Gaitaninovo ကျေးရွာအနီး၊ Slavic တောင်တန်းများပေါ်တွင် တည်ရှိကာ အပန်းဖြေအနားယူရန် ပြီးပြည့်စုံသည့်နေရာလေး ဖြစ်သည်။

ရွာမြေအကျယ်အဝန်းမှာ ဧက ၅၀၀ ရှိပြီး တမူထူးသော ဗိသုကာဟန်နှင့် ပရိဘောဂများဖြင့် အတိပြီးကာ တစ်ရွာလုံးကို သဘာဝထွက်ကုန်ပစ္စည်းများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ရွာကလေးတွင် ကိုယ်ပိုင်ဝိုင်ချက်စက်ရုံလည်းရှိပြီး ကိုယ်ပိုင်စပျစ်ခင်းများမှ ရရှိသော စပျစ်သီးများကို အသုံးပြုကာ ထုတ်လုပ်သည်။

ထို့အပြင် ဈေးဆိုင် ၁ ခုနှင့် စားသောက်ဆိုင် ၂ ခုလည်း ပါဝင်ကာ စားသောက်ဆိုင်များတွင် ရွာကလေး၏ ကိုယ်ပိုင်စိုက်ခင်းမှ ရရှိသော အော်ဂဲနစ်ထွက်ကုန်ပစ္စည်းများကို အသုံးပြုသည်။

 

(ရွာအနီးမှ ရေကန်။ ဓာတ်ပုံ-am Press/Nikolay Karasabev)

ဟန်ပန် ၇ မျိုးဖြင့် ဆောက်လုပ်ထားသော နေအိမ်များမှာ တောအုပ်၊ မြက်ခင်းပြင်များနှင့် ရေကန်များအကြား ဖြန့်ကျက်တည်ရှိသည်။

ကွေ့ကောက်သော လမ်းကလေးတစ်ခုမှသွားလျှင် မှော်အိမ် (Magic House) သို့ရောက်မည်ဖြစ်ပြီး ထိုအိမ်ထဲတွင် အရာအားလုံးကို စက်ဝိုင်းပုံ ဖွဲ့စည်းထားသည်။

အဆိုပါအိမ်တွင် နားနေနေရာပါသော အိပ်ခန်းတစ်ခန်း၊ စားပွဲတစ်လုံး၊ မီးလင်းဖိုတစ်ခုနှင့် ရေချိုးခန်းတို့ဖြင့် ဖွဲ့စည်းထားသည်။

နတ်သမီးပုံပြင်နေအိမ် (Fairytale House) မှာ Omaya ရွာကလေး၏ အထိမ်းအမှတ်သင်္ကေတနေအိမ်အဖြစ် သတ်မှတ်ထားသည်။

 

(လွတ်လပ်အေးချမ်းသောနေရာလေး။ ဓာတ်ပုံ-Jam Press/Nikolay Karasabev)

 

 

(မှော်အိမ်၏ မြင်ကွင်း)

တောအုပ်အိမ် (Forest House) မှာ တောပန်းများအကြား ရေကူးကန်တစ်ခုဘေးတွင် တည်ရှိသည်။

 

နေအိမ်အတွင်း သီးခြား အိပ်ယာ ၂ ခု၊ မီးလင်းဖို ၁ ခု၊ မီးဖိုဆောင်ငယ် ၁ ခု၊ ညစာစားပွဲနှင့် ရေချိုးခန်းတို့ ရှိသည်။

 

[လေထဲကအိမ် (Air House) မှာ မြေပြင်အထက်တွင် တွဲလောင်းဆွဲကာ တည်ရှိသည်။ ဓာတ်ပုံ-Jam Press/Nikolay Karasabev]

အခန်းဖွင့်ပုံစံဖွဲ့စည်းထားသော လေထဲကအိမ် (Air House) မှာမူ နာမည်နှင့် လိုက်ဖက်စွာ လေထဲတွင် တည်ရှိသည်။

 

[ခရုခွံနေအိမ် (Shell House) ၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Jam Press/Nikolay Karasabev]

ရှည်လျားသော လမ်းတစ်ခုအတိုင်းဆင်းသွားလျှင် ခရုခွံအိမ် (Shell House) ကို တွေ့ရမည် ဖြစ်သည်။

ခရုခွံတစ်ခုအသွင် ရွှံ့စေးဖြင့် ဆောက်လုပ်ထားကာ နေအိမ်အတွင်း အိပ်ခန်း၊ အပိုအိပ်ယာတစ်ခု၊ မီးလင်းဖိုနှင့် ရေချိုးခန်းတို့ ပါဝင်သည်။

 

 

[ဥမင်အိမ် (Tunnel House) ။ ဓာတ်ပုံ-Jam Press/Nikolay Karasabev]

အခြားအိမ်တစ်လုံးမှာ ဥမင်အိမ် (Tunnel House) ဖြစ်ပြီး တောင်တစ်ခု၏ ဆင်ခြေလျှောတစ်ခုတွင် တူးဖော်ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဤအိမ်၏ အခန်းများသည် တစ်ခုမှတစ်ခုသို့ ဥမင်သဖွယ် ဆက်သွယ်ထားပြီး တောအုပ်ထဲမှ မြက်ခင်းနှင့် ရေကန်တစ်ခုဆီသို့ ရောက်သည်။

 

 

(နေအိမ်များမှာ အမှန်ပင် တမူထူးလှသည်။ ဓာတ်ပုံ-Jam Press/Nikolay Karasabev)

နောက်ဆုံးအိမ်တစ်လုံးမှာ ရေကန်အိမ် (Lake House) ဖြစ်ပြီး ရွာကလေးအတွင်းရှိ ရေကန်များအနက် ရေကန်တစ်ခု၏ ကမ်းခြေတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

နေအိမ်တွင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်းများ ပါဝင်သည်။

 

 

(ရေကန်အိမ်၏ ရှုခင်းမှာ အလွန်သာယာလှပသည်။ ဓာတ်ပုံ-Jam Press/Nikolay Karasabev)

နေအိမ်ရှေ့ရှိ ဝရန်တာမှတဆင့် လှပသော ရေကန်ရှုခင်းနှင့် ဝန်းကျင်တောင်တန်းများကို ကြည့်ရှုခံစားနိုင်သည်။

 

 

(ရေကန်အိမ်မှ တွေ့မြင်ရမည့် မြင်ကွင်း။ ဓာတ်ပုံ-Jam Press/Nikolay Karasabev)

ရွာကလေးတွင် ရေကူးခြင်း၊ ငါးမျှားခြင်း၊ မြင်းစီးခြင်းနှင့် စက်ဘီးစီးခြင်းများ ပြုလုပ်နိုင်သည်။

 

(ရေကူးကန်နေရာ။ ဓာတ်ပုံ-Jam Press/Nikolay Karasabev)

ဈေးကွက်တင်မှတ်တမ်းတွင် ရေးသားဖော်ပြချက်အရ ရွာကလေးသည် နိဗ္ဗာန်ဘုံ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် နတ်သမီးပုံပြင်ထဲမှ မြင်ကွင်းမှ အပြင်လောက ရောက်လာသည့်အလား စိတ်ကူးယဉ်ဆန်လှသည့်ကမ္ဘာလေးဖြစ်ကြောင်း ဖော်ပြထားသည်။

 

(အေးအေးလူလူ အနားယူရန်။ ဓာတ်ပုံ-Jam Press/Nikolay Karasabev)

အဆိုပါရွာလေးကို Unique Estates, Luxury Portfolio International အိမ်ခြံမြေကုမ္ပဏီမှတဆင့် ယူရို ၃ သန်း (ပေါင် ၂ ဒသမ ၆ သန်း) ဖြင့် အရောင်းဈေးကွက်တင်ထားသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire eco-village on sale for £2.6m complete with winery, restaurants and shop (metro)

 

 

 

[Zawgyi]

ဝိုင္ခ်က္စက္ရံု၊ စားေသာက္ဆိုင္မ်ားႏွင့္ ေစ်းဆိုင္တို႔ပါဝင္သည့္ ေက်းရြာတစ္ခုလံုးကို ေပါင္ ၂ ဒသမ ၆ သန္းျဖင့္ ေရာင္းမည္

 

(ေက်းရြာေလးမွာ အမွန္ပင္ ရင္သပ္ရႈေမာဖြယ္ေကာင္းလွသည္။ ဓာတ္ပံု-Jam Press/Nikolay Karasabev)

ဘူလ္ေဂးရီးယားႏိုင္ငံတြင္ ေက်းရြာတစ္ခုလံုးကို ေပါင္ ၂ ဒသမ ၆ သန္းျဖင့္ ေရာင္းခ်ရန္ အေရာင္းေစ်းကြက္တင္လာသည္။

ရြာကေလးတြင္ နတ္သမီးပံုျပင္မ်ားထဲမွ ဒ႑ာရီလာေနအိမ္မ်ားသဖြယ္ေဆာက္လုပ္ထားသည့္ ေနအိမ္ ၇ လံုး၊ ဝိုင္ခ်က္စက္ရံုတစ္ခု၊ စားေသာက္ဆိုင္မ်ားႏွင့္ ေစ်းဆိုင္တစ္ခုတို႔ ပါဝင္သည္။

ရြာကေလး၏ အမည္မွာ Omaya ဟု အမည္ရျပီး ဘူလ္ေဂးရီးယားႏိုင္ငံ၊ Gaitaninovo ေက်းရြာအနီး၊ Slavic ေတာင္တန္းမ်ားေပၚတြင္ တည္ရွိကာ အပန္းေျဖအနားယူရန္ ျပီးျပည့္စံုသည့္ေနရာေလး ျဖစ္သည္။

ရြာေျမအက်ယ္အဝန္းမွာ ဧက ၅၀၀ ရွိျပီး တမူထူးေသာ ဗိသုကာဟန္ႏွင့္ ပရိေဘာဂမ်ားျဖင့္ အတိျပီးကာ တစ္ရြာလံုးကို သဘာဝထြက္ကုန္ပစၥည္းမ်ားျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

ရြာကေလးတြင္ ကိုယ္ပိုင္ဝုိင္ခ်က္စက္ရံုလည္းရွိျပီး ကိုယ္ပိုင္စပ်စ္ခင္းမ်ားမွ ရရွိေသာ စပ်စ္သီးမ်ားကို အသံုးျပဳကာ ထုတ္လုပ္သည္။

ထို႔အျပင္ ေစ်းဆိုင္ ၁ ခုႏွင့္ စားေသာက္ဆိုင္ ၂ ခုလည္း ပါဝင္ကာ စားေသာက္ဆိုင္မ်ားတြင္ ရြာကေလး၏ ကိုယ္ပိုင္စိုက္ခင္းမွ ရရွိေသာ ေအာ္ဂဲနစ္ထြက္ကုန္ပစၥည္းမ်ားကို အသံုးျပဳသည္။

(ရြာအနီးမွ ေရကန္။ ဓာတ္ပံု-am Press/Nikolay Karasabev)

ဟန္ပန္ ၇ မ်ဳိးျဖင့္ ေဆာက္လုပ္ထားေသာ ေနအိမ္မ်ားမွာ ေတာအုပ္၊ ျမက္ခင္းျပင္မ်ားႏွင့္ ေရကန္မ်ားအၾကား ျဖန္႔က်က္တည္ရွိသည္။

ေကြ႔ေကာက္ေသာ လမ္းကေလးတစ္ခုမွသြားလွ်င္ ေမွာ္အိမ္ (Magic House) သို႔ေရာက္မည္ျဖစ္ျပီး ထိုအိမ္ထဲတြင္ အရာအားလံုးကို စက္ဝုိင္းပံု ဖြဲ႔စည္းထားသည္။

အဆိုပါအိမ္တြင္ နားေနေနရာပါေသာ အိပ္ခန္းတစ္ခန္း၊ စားပြဲတစ္လံုး၊ မီးလင္းဖိုတစ္ခုႏွင့္ ေရခ်ဳိးခန္းတို႔ျဖင့္ ဖြဲ႔စည္းထားသည္။

နတ္သမီးပံုျပင္ေနအိမ္ (Fairytale House) မွာ Omaya ရြာကေလး၏ အထိမ္းအမွတ္သေကၤတေနအိမ္အျဖစ္ သတ္မွတ္ထားသည္။

(လြတ္လပ္ေအးခ်မ္းေသာေနရာေလး။ ဓာတ္ပံု-Jam Press/Nikolay Karasabev)

(ေမွာ္အိမ္၏ ျမင္ကြင္း)

ေတာအုပ္အိမ္ (Forest House) မွာ ေတာပန္းမ်ားအၾကား ေရကူးကန္တစ္ခုေဘးတြင္ တည္ရွိသည္။

ေနအိမ္အတြင္း သီးျခား အိပ္ယာ ၂ ခု၊ မီးလင္းဖို ၁ ခု၊ မီးဖိုေဆာင္ငယ္ ၁ ခု၊ ညစာစားပြဲႏွင့္ ေရခ်ဳိးခန္းတို႔ ရွိသည္။

[ေလထဲကအိမ္ (Air House) မွာ ေျမျပင္အထက္တြင္ တြဲေလာင္းဆြဲကာ တည္ရွိသည္။ ဓာတ္ပံု-Jam Press/Nikolay Karasabev]

အခန္းဖြင့္ပံုစံဖြဲ႔စည္းထားေသာ ေလထဲကအိမ္ (Air House) မွာမူ နာမည္ႏွင့္ လိုက္ဖက္စြာ ေလထဲတြင္ တည္ရွိသည္။

[ခရုခြံေနအိမ္ (Shell House) ၏ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု-Jam Press/Nikolay Karasabev]

ရွည္လ်ားေသာ လမ္းတစ္ခုအတိုင္းဆင္းသြားလွ်င္ ခရုခြံအိမ္ (Shell House) ကို ေတြ႔ရမည္ ျဖစ္သည္။

ခရုခြံတစ္ခုအသြင္ ရႊံ႕ေစးျဖင့္ ေဆာက္လုပ္ထားကာ ေနအိမ္အတြင္း အိပ္ခန္း၊ အပိုအိပ္ယာတစ္ခု၊ မီးလင္းဖိုႏွင့္ ေရခ်ဳိးခန္းတို႔ ပါဝင္သည္။

[ဥမင္အိမ္ (Tunnel House) ။ ဓာတ္ပံု-Jam Press/Nikolay Karasabev]

အျခားအိမ္တစ္လံုးမွာ ဥမင္အိမ္ (Tunnel House) ျဖစ္ျပီး ေတာင္တစ္ခု၏ ဆင္ေျခေလွ်ာတစ္ခုတြင္ တူးေဖာ္ေဆာက္လုပ္ထားျခင္း ျဖစ္သည္။ ဤအိမ္၏ အခန္းမ်ားသည္ တစ္ခုမွတစ္ခုသို႔ ဥမင္သဖြယ္ ဆက္သြယ္ထားျပီး ေတာအုပ္ထဲမွ ျမက္ခင္းႏွင့္ ေရကန္တစ္ခုဆီသို႔ ေရာက္သည္။

(ေနအိမ္မ်ားမွာ အမွန္ပင္ တမူထူးလွသည္။ ဓာတ္ပံု-Jam Press/Nikolay Karasabev)

ေနာက္ဆံုးအိမ္တစ္လံုးမွာ ေရကန္အိမ္ (Lake House) ျဖစ္ျပီး ရြာကေလးအတြင္းရွိ ေရကန္မ်ားအနက္ ေရကန္တစ္ခု၏ ကမ္းေျခတြင္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

ေနအိမ္တြင္ အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္းမ်ား ပါဝင္သည္။

(ေရကန္အိမ္၏ ရႈခင္းမွာ အလြန္သာယာလွပသည္။ ဓာတ္ပံု-Jam Press/Nikolay Karasabev)

ေနအိမ္ေရွ႕ရွိ ဝရန္တာမွတဆင့္ လွပေသာ ေရကန္ရႈခင္းႏွင့္ ဝန္းက်င္ေတာင္တန္းမ်ားကို ၾကည့္ရႈခံစားႏိုင္သည္။

(ေရကန္အိမ္မွ ေတြ႔ျမင္ရမည့္ ျမင္ကြင္း။ ဓာတ္ပံု-Jam Press/Nikolay Karasabev)

ရြာကေလးတြင္ ေရကူးျခင္း၊ ငါးမွ်ားျခင္း၊ ျမင္းစီးျခင္းႏွင့္ စက္ဘီးစီးျခင္းမ်ား ျပဳလုပ္ႏိုင္သည္။

(ေရကူးကန္ေနရာ။ ဓာတ္ပံု-Jam Press/Nikolay Karasabev)

ေစ်းကြက္တင္မွတ္တမ္းတြင္ ေရးသားေဖာ္ျပခ်က္အရ ရြာကေလးသည္ နိဗၺာန္ဘံု၏ ေသးငယ္ေသာ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္းႏွင့္ နတ္သမီးပံုျပင္ထဲမွ ျမင္ကြင္းမွ အျပင္ေလာက ေရာက္လာသည့္အလား စိတ္ကူးယဥ္ဆန္လွသည့္ကမၻာေလးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

(ေအးေအးလူလူ အနားယူရန္။ ဓာတ္ပံု-Jam Press/Nikolay Karasabev)

အဆိုပါရြာေလးကို Unique Estates, Luxury Portfolio International အိမ္ျခံေျမကုမၸဏီမွတဆင့္ ယူရို ၃ သန္း (ေပါင္ ၂ ဒသမ ၆ သန္း) ျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Entire eco-village on sale for £2.6m complete with winery, restaurants and shop (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service