လီဗာပူးအသင်းကို ဆော်ဒီအာရေးဗီးယားနှင့် ကာတာကုမ္ပဏီများထံ ပေါင် ၃ ဘီလီယံဖြင့် ရောင်းချရန် ဆွေးနွေးနေသော လီဗာပူးအသင်းပိုင်ရှင် John Henry ၏ Nantucket ကျွန်းပေါ်က စံအိမ်

လီဗာပူးအသင်းကို ဆော်ဒီအာရေးဗီးယားနှင့် ကာတာကုမ္ပဏီများထံ ပေါင် ၃ ဘီလီယံဖြင့် ရောင်းချရန် ဆွေးနွေးနေသော လီဗာပူးအသင်းပိုင်ရှင် John Henry ၏ Nantucket ကျွန်းပေါ်က စံအိမ် - Property News in Myanmar from iMyanmarHouse.com
29 Nov 2022 10:06 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လီဗာပူးအသင်းကို ပိုင်ဆိုင်သည့် Fenway Sports Group (FSG) ကုမ္ပဏီသည် လီဗာပူးကို ပေါင် ၃ ဘီလီယံဖြင့် ရောင်းချရန် အရှေ့အလယ်ပိုင်းအခြေစိုက် ကုမ္ပဏီ ၂ ခုနှင့် ဆွေးနွေးလျက်ရှိကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆော်ဒီအာရေးဗီးယားနှင့် ကာတာတို့မှ ကုမ္ပဏီတို့က လီဗာပူးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း dailymail သတင်းဌာနက စုံစမ်းသိရှိခဲ့သည်။

သတင်းရင်းမြစ်များစွာ၏ ပြောကြားချက်အရ အဆိုပါကုမ္ပဏီများမှ အကြီးအကဲများသည် လီဗာပူးအသင်း ရောင်းချရေးကိစ္စအတွက် တာဝန်ယူထားသော FSG ၏ ဒါရိုက်တာ Mike Gordon ထံသို့ ဆက်သွယ်ခဲ့ကြသည်ဟု ဆိုသည်။

 

 

 

(FSG ၏ ပိုင်ရှင်တို့က အရှေ့အလယ်ပိုင်းအခြေစိုက် ကုမ္ပဏီ ၂ ခုနှင့် ဆွေးနွေးလျက်ရှိသည်)

ယင်းကုမ္ပဏီ ၂ ခုမှာ နိုင်ငံပိုင်မဟုတ်ဘဲ ပုဂ္ဂလိကပိုင်ကုမ္ပဏီများဖြစ်သည်ဟု ဆိုသည်။

သို့သော် ထိုကုမ္ပဏီ ၂ ခုလုံးသည် ၎င်းတို့၏ နိုင်ငံများရှိ အုပ်ချုပ်သူမိသားစုများနှင့် အနီးကပ်ဆက်နွှယ်မှုများ ရှိသည်ဟု ယူဆရသည်။

ဆော်ဒီအာရေးဗီးယား အားကစားဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင် တာကီ အယ်လ်-ဖိုင်ဆယ် (Abdulaziz bin Turki Al-Faisal) က လီဗာပူးနှင့် မန်ချက်စတာယူနိုက်တက် ၂ သင်းလုံးကို ဝယ်ယူရန် အားပေးထောက်ခံ သည်ဟု ဆိုသည်။

အဆိုပါ ၂ သင်းလုံး၏ ပိုင်ရှင်များက အသင်းများကို ရောင်းချရန် ပြီးခဲ့သောလကတည်းက အလားအလာများ ရှာဖွေနေခဲ့ခြင်းလည်း ဖြစ်သည်။

 

(ဆော်ဒီအာရေးဗီးယားနှင့် ကာတာတို့ရှိ ကုမ္ပဏီများက လီဗာပူးကို ဝယ်ယူရန် စိတ်ဝင်စားနေကြသည်)

 

(လီဗာပူးအသင်းကို ရောင်းချရန် FSG က ယခုလအစောပိုင်းကတည်းက ကြေညာခဲ့ခြင်း ဖြစ်သည်)

ဝယ်ယူလိုသည့် ကုမ္ပဏီများမှာ ပုဂ္ဂလိက ကုမ္ပဏီများဖြစ်ကြောင်း မင်းသားဖိုင်ဆယ်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိကကဏ္ဍဝင်လာတာကို တကယ်အားပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက တိုင်းပြည်ရဲ့ အားကစားလောကကို အကျိုးရှိစေလိမ့်မှာဖြစ်တာကြောင့်ပါပဲ”

ဆော်ဒီအာရေးဗီးယား၏ အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီဖြစ်သော Public Investment Fund (PIF) သည် အင်္ဂလန်ပရီးမီးယားလိဂ်မှ နယူးကာဆယ်အသင်းကို ဝယ်ယူထားခဲ့ပြီးလည်း ဖြစ်သည်။

လီဗာပူးအသင်းသည် အရှေ့အလယ်ပိုင်းမှ ကုမ္ပဏီ ၂ ခုနှင့်အပြင် အမေရိကန်မှ ဝယ်လက်တစ်ဦးနှင့်လည်း ဆွေးနွေးနေသည်။ ဗြိတိန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် Sir Jim Ratcliffe နှင့် အမေရိကန်မှ ကမ္ဘာကျော် Apple ကုမ္ပဏီတို့ကမူ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြသည်။

(လီဗာပူးအသင်းသည် မကြာသေးမီနှစ်များအတွင်း ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ရာ ၂၀၁၉ တွင် ချန်ပီယံလိဂ်ဖလား ရရှိခဲ့သည်။)

ပရီးမီးယားလိဂ်၏ ထိပ်သီးအသင်း ၂ ခု တပြိုင်တည်း ရောင်းချနေကြခြင်းဖြစ်ရာ မန်ချက်စတာ ယူနိုက်တက်ကမူ ၎င်းတို့အနေဖြင့် အခွင့်အရေး ပိုရနိုင်သည်ဟု ယုံကြည်ကြသည်။

လီဗာပူးအသင်း၏ တန်ကြေးမှာ ပေါင် ၃ ဒသမ ၈၉ ဘီလီယံခန့်နှင့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပေါင် ၅ ဘီလီယံ ရှိနိုင်ကြောင်း Forbes မဂ္ဂဇင်းကြီးက မေလအတွင်း ခန့်မှန်းခဲ့သည်။

မကြာသေးမီကာလအတွင်း ချယ်လ်ဆီးအသင်းကိုလည်း ပေါင် ၂ ဒသမ ၅ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သေးသည်။ ကလပ်တွင် ပေါင် ၁ ဒသမ ၇၅ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါမည်ဟူသော ကတိကဝတ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

FSG သည် လီဗာပူးအသင်းကို Tom Hicks နှင့် George Gillett တို့ထံမှ ပေါင် သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားနှင့် နှစ် ၃၀ ဝေးကွာနေမှုကို အဆုံးသတ်နိုင်သည့်အပြင် ချန်ပီယံလိဂ်တွင် ဆဌမမြောက်ဖလားရရှိခဲ့ကာ ဗိုလ်လုပွဲသို့လည်း ၂ ကြိမ်တိုင်ရောက်ရှိစေခဲ့ပြီး ကမ္ဘာပေါ်တွင် ထိပ်တန်းကလပ်အသင်းအဖြစ် ပြန်လည်ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

 

(၂၀၂၂ ခုနှစ် မေလအတွင်း Forbes မဂ္ဂဇင်းကြီး၏ တွက်ချက်မှုအရ လီဗာပူးအသင်းမှာ ဒေါ်လာ ၄ ဒသမ ၄၅ ဘီလီယံ တန်ကြေးရှိသည်ဟု ဆိုသည်)

 

 

 

(လီဗာပူးအသင်းပိုင်ရှင် ဂျွန်ဟင်နရီဝယ်ယူခဲ့သော Nantucket ကျွန်း စံအိမ်)

လီဗာပူးအသင်းပိုင်ရှင် သူဌေးကြီး ဂျွန် ဒဗလျူ ဟင်နရီ (John W. Henry ) သည် မက်ဆာချူးဆက်ပြည်နယ်မှ Nantucket အမည်ရှိ ကျွန်းငယ်လေးတစ်ခုပေါ်ရှိ ကမ်းခြေစံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဂျွန်ဟင်နရီသည် လီဗာပူးအသင်းအပြင် Boston Red Sox ဘေ့စ်ဘောအသင်းနှင့် The Boston Globe သတင်းစာတို့၏ ပိုင်ရှင်လည်း ဖြစ်သည်။

ဂျွန်ဟင်နရီက ယခုဝယ်ယူလိုက်သော စံအိမ်နှင့် ကပ်လျက်တည်ရှိသော Shimmo Pond လမ်း၊ အမှတ် ၄၈ စံအိမ်ကိုလည်း ဝယ်ယူရန် စီစဉ်လျက်ရှိရာ စံအိမ် ၂ လုံးအတွက် စုစုပေါင်း ကန်ဒေါ်လာ ၃၅ သန်းမှ ၃၈ သန်းကြား အသုံးပြုရဖွယ်ရှိကြောင်း အဆိုပါကျွန်း၏ အိမ်ခြံမြေသတင်းရင်းမြစ်များက The Current သတင်းဌာနသို့ ပြောသည်။

စံအိမ် ၂ လုံးပေါင်းဈေးနှုန်းသည် Nantucket ကျွန်း၏ အိမ်ခြံမြေသမိုင်းတွင် ဈေးနှုန်းအမြင့်မားဆုံးအဖြစ် စံချိန်တင်မည် ဖြစ်သည်။

ယခင်စံချိန်တင်ထားသည်မှာ ကန်ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းချခဲ့သော စံအိမ်တစ်လုံးဖြစ်ပြီး ဂျွန်ဟင်နရီ၏ ဝယ်ယူမှုမတိုင်မီ ရက်သတ္တ ၂ ပတ်ခန့်ကမှ အရောင်းအဝယ်ဖြစ်ထားခဲ့ခြင်းလည်း ဖြစ်သည်။

ပထမဆုံး ဝယ်ယူခဲ့သည့်စံအိမ်မှာ ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဖြစ်ပြီး အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြချက်အရ ဝယ်လက်မှာ Harbor Hill House LLC ဟု ဖော်ပြထားပြီး အဆိုပါကုမ္ပဏီ၏ ပိုင်ရှင်မှာ ဂျွန်ဟင်နရီဖြစ်ပြီး နေထိုင်သည့်လိပ်စာကို 433 Plaza Real, Boca Raton, Fla. ဟု ဖော်ပြသည်။

ဂျွန်ဟင်နရီဝယ်ယူခဲ့သည့် စံအိမ်မှာ Middle Valley လမ်း၊ အမှတ် ၄ တွင်တည်ရှိပြီး ကမ်းခြေစံအိမ်တစ်လုံး ဖြစ်သည်။

ခြံဝန်းအတွင်း အဆောက်အအုံအများအပြားပါဝင်ပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၈၁၀၀ ရှိကာ အိပ်ခန်း ၁၀ ခန်းနှင့် ရေချိုးခန်း ၁၅ ခန်းရှိသည်။

စံအိမ်၏ ယခင်ပိုင်ရှင်မှာ စီးပွားရေးလုပ်ငန်းရှင် Donald Burns ဖြစ်သည်။

အမှတ် ၄ Middle Valley လမ်းနှင့် အမှတ် ၄၈ Shimmo Pond လမ်း စံအိမ် ၂ ခုလုံးကို Donald Burns ပိုင်ဆိုင်ခြင်းဖြစ်ပြီး စံအိမ် ၂ ခုလုံးကို စုစုပေါင်း ကန်ဒေါ်လာ ၄၂ ဒသမ ၅ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဂျွန်ဟင်နရီနှင့် ဇနီးဖြစ်သူ Linda Pizzuti တို့သည် ယခင်ကလည်း Nantucket ကျွန်းသို့ သွားရောက်လည်ပတ် အပန်းဖြေခဲ့ဖူးသည်။

The Boston Globe သတင်းစာကို ဝယ်ယူရန် အဆိုပါကျွန်းမှ ကမ်းခြေတွင် လမ်းလျှောက်ရင်း အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု ဂျွန်ဟင်နရီက ပြောဖူးသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: REVEALED: Liverpool enter talks with Saudi Arabian and Qatari consortiums over a potential £3BILLION takeover as Fenway Sports Group set the wheels in motion for a sale at Anfield (dailymail)

 

[Zawgyi]

လီဗာပူးအသင္းကို ေဆာ္ဒီအာေရးဗီးယားႏွင့္ ကာတာကုမၸဏီမ်ားထံ ေပါင္ ၃ ဘီလီယံျဖင့္ ေရာင္းခ်ရန္ ေဆြးေႏြးေနေသာ လီဗာပူးအသင္းပိုင္ရွင္ John Henry ၏ Nantucket ကၽြန္းေပၚက စံအိမ္

လီဗာပူးအသင္းကို ပိုင္ဆိုင္သည့္ Fenway Sports Group (FSG) ကုမၸဏီသည္ လီဗာပူးကို ေပါင္ ၃ ဘီလီယံျဖင့္ ေရာင္းခ်ရန္ အေရွ႕အလယ္ပိုင္းအေျခစိုက္ ကုမၸဏီ ၂ ခုႏွင့္ ေဆြးေႏြးလ်က္ရွိေၾကာင္း dailymail သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေဆာ္ဒီအာေရးဗီးယားႏွင့္ ကာတာတို႔မွ ကုမၸဏီတို႔က လီဗာပူးအသင္းကို ဝယ္ယူရန္ စိတ္ဝင္စားေနေၾကာင္း dailymail သတင္းဌာနက စံုစမ္းသိရွိခဲ့သည္။

သတင္းရင္းျမစ္မ်ားစြာ၏ ေျပာၾကားခ်က္အရ အဆိုပါကုမၸဏီမ်ားမွ အၾကီးအကဲမ်ားသည္ လီဗာပူးအသင္း ေရာင္းခ်ေရးကိစၥအတြက္ တာဝန္ယူထားေသာ FSG ၏ ဒါရိုက္တာ Mike Gordon ထံသို႔ ဆက္သြယ္ခဲ့ၾကသည္ဟု ဆိုသည္။

(FSG ၏ ပိုင္ရွင္တို႔က အေရွ႕အလယ္ပိုင္းအေျခစိုက္ ကုမၸဏီ ၂ ခုႏွင့္ ေဆြးေႏြးလ်က္ရွိသည္)

ယင္းကုမၸဏီ ၂ ခုမွာ ႏိုင္ငံပိုင္မဟုတ္ဘဲ ပုဂၢလိကပိုင္ကုမၸဏီမ်ားျဖစ္သည္ဟု ဆိုသည္။

သို႔ေသာ္ ထိုကုမၸဏီ ၂ ခုလံုးသည္ ၎တို႔၏ ႏိုင္ငံမ်ားရွိ အုပ္ခ်ဳပ္သူမိသားစုမ်ားႏွင့္ အနီးကပ္ဆက္ႏႊယ္မႈမ်ား ရွိသည္ဟု ယူဆရသည္။

ေဆာ္ဒီအာေရးဗီးယား အားကစားဝန္ၾကီး မင္းသား အဗၺဒူလာဇစ္ ဘင္ တာကီ အယ္လ္-ဖိုင္ဆယ္ (Abdulaziz bin Turki Al-Faisal) က လီဗာပူးႏွင့္ မန္ခ်က္စတာယူႏိုက္တက္ ၂ သင္းလံုးကို ဝယ္ယူရန္ အားေပးေထာက္ခံ သည္ဟု ဆိုသည္။

အဆိုပါ ၂ သင္းလံုး၏ ပိုင္ရွင္မ်ားက အသင္းမ်ားကို ေရာင္းခ်ရန္ ျပီးခဲ့ေသာလကတည္းက အလားအလာမ်ား ရွာေဖြေနခဲ့ျခင္းလည္း ျဖစ္သည္။

(ေဆာ္ဒီအာေရးဗီးယားႏွင့္ ကာတာတို႔ရွိ ကုမၸဏီမ်ားက လီဗာပူးကို ဝယ္ယူရန္ စိတ္ဝင္စားေနၾကသည္)

(လီဗာပူးအသင္းကို ေရာင္းခ်ရန္ FSG က ယခုလအေစာပိုင္းကတည္းက ေၾကညာခဲ့ျခင္း ျဖစ္သည္)

ဝယ္ယူလိုသည့္ ကုမၸဏီမ်ားမွာ ပုဂၢလိက ကုမၸဏီမ်ားျဖစ္ေၾကာင္း မင္းသားဖိုင္ဆယ္က ေျပာသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ ပုဂၢလိကက႑ဝင္လာတာကို တကယ္အားေပးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက တိုင္းျပည္ရဲ႕ အားကစားေလာကကို အက်ဳိးရွိေစလိမ့္မွာျဖစ္တာေၾကာင့္ပါပဲ”

ေဆာ္ဒီအာေရးဗီးယား၏ အစိုးရေက်ာေထာက္ေနာက္ခံျပဳ ကုမၸဏီျဖစ္ေသာ Public Investment Fund (PIF) သည္ အဂၤလန္ပရီးမီးယားလိဂ္မွ နယူးကာဆယ္အသင္းကို ဝယ္ယူထားခဲ့ျပီးလည္း ျဖစ္သည္။

လီဗာပူးအသင္းသည္ အေရွ႕အလယ္ပိုင္းမွ ကုမၸဏီ ၂ ခုႏွင့္အျပင္ အေမရိကန္မွ ဝယ္လက္တစ္ဦးႏွင့္လည္း ေဆြးေႏြးေနသည္။ ျဗိတိန္၏ အခ်မ္းသာဆံုးပုဂၢိဳလ္ Sir Jim Ratcliffe ႏွင့္ အေမရိကန္မွ ကမၻာေက်ာ္ Apple ကုမၸဏီတို႔ကမူ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို ဝယ္ယူရန္ စိတ္ဝင္စားေနၾကသည္။

(လီဗာပူးအသင္းသည္ မၾကာေသးမီႏွစ္မ်ားအတြင္း ၾကီးမားသည့္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ရာ ၂၀၁၉ တြင္ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့သည္။)

ပရီးမီးယားလိဂ္၏ ထိပ္သီးအသင္း ၂ ခု တျပိဳင္တည္း ေရာင္းခ်ေနၾကျခင္းျဖစ္ရာ မန္ခ်က္စတာ ယူႏိုက္တက္ကမူ ၎တို႔အေနျဖင့္ အခြင့္အေရး ပုိရႏုိင္သည္ဟု ယံုၾကည္ၾကသည္။

လီဗာပူးအသင္း၏ တန္ေၾကးမွာ ေပါင္ ၃ ဒသမ ၈၉ ဘီလီယံခန္႔ႏွင့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ေပါင္ ၅ ဘီလီယံ ရွိႏုိင္ေၾကာင္း Forbes မဂၢဇင္းၾကီးက ေမလအတြင္း ခန္႔မွန္းခဲ့သည္။

မၾကာေသးမီကာလအတြင္း ခ်ယ္လ္ဆီးအသင္းကိုလည္း ေပါင္ ၂ ဒသမ ၅ ဘီလီယံျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ ေသးသည္။ ကလပ္တြင္ ေပါင္ ၁ ဒသမ ၇၅ ဘီလီယံ ထပ္မံရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ပါမည္ဟူေသာ ကတိကဝတ္ျဖင့္ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

FSG သည္ လီဗာပူးအသင္းကို Tom Hicks ႏွင့္ George Gillett တို႔ထံမွ ေပါင္ သန္း ၃၀၀ ျဖင့္ ဝယ္ယူခဲ့ျပီးေနာက္ ပရီးမီးယားလိဂ္ဖလားႏွင့္ ႏွစ္ ၃၀ ေဝးကြာေနမႈကို အဆံုးသတ္ႏိုင္သည့္အျပင္ ခ်န္ပီယံလိဂ္တြင္ ဆဌမေျမာက္ဖလားရရွိခဲ့ကာ ဗိုလ္လုပြဲသုိ႔လည္း ၂ ၾကိမ္တုိင္ေရာက္ရွိေစခဲ့ျပီး ကမၻာေပၚတြင္ ထိပ္တန္းကလပ္အသင္းအျဖစ္ ျပန္လည္ေဆာင္ၾကဥ္းေပးႏိုင္ခဲ့သည္။

(၂၀၂၂ ခုႏွစ္ ေမလအတြင္း Forbes မဂၢဇင္းၾကီး၏ တြက္ခ်က္မႈအရ လီဗာပူးအသင္းမွာ ေဒၚလာ ၄ ဒသမ ၄၅ ဘီလီယံ တန္ေၾကးရွိသည္ဟု ဆိုသည္)

(လီဗာပူးအသင္းပိုင္ရွင္ ဂၽြန္ဟင္နရီဝယ္ယူခဲ့ေသာ Nantucket ကၽြန္း စံအိမ္)

လီဗာပူးအသင္းပိုင္ရွင္ သူေဌးၾကီး ဂၽြန္ ဒဗလ်ဴ ဟင္နရီ (John W. Henry ) သည္ မက္ဆာခ်ဴးဆက္ျပည္နယ္မွ Nantucket အမည္ရွိ ကၽြန္းငယ္ေလးတစ္ခုေပၚရွိ ကမ္းေျခစံအိမ္တစ္လံုးကို ကန္ေဒၚလာ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ဂၽြန္ဟင္နရီသည္ လီဗာပူးအသင္းအျပင္ Boston Red Sox ေဘ့စ္ေဘာအသင္းႏွင့္ The Boston Globe သတင္းစာတို႔၏ ပိုင္ရွင္လည္း ျဖစ္သည္။

ဂၽြန္ဟင္နရီက ယခုဝယ္ယူလိုက္ေသာ စံအိမ္ႏွင့္ ကပ္လ်က္တည္ရွိေသာ Shimmo Pond လမ္း၊ အမွတ္ ၄၈ စံအိမ္ကိုလည္း ဝယ္ယူရန္ စီစဥ္လ်က္ရွိရာ စံအိမ္ ၂ လံုးအတြက္ စုစုေပါင္း ကန္ေဒၚလာ ၃၅ သန္းမွ ၃၈ သန္းၾကား အသံုးျပဳရဖြယ္ရွိေၾကာင္း အဆိုပါကၽြန္း၏ အိမ္ျခံေျမသတင္းရင္းျမစ္မ်ားက The Current သတင္းဌာနသို႔ ေျပာသည္။

စံအိမ္ ၂ လံုးေပါင္းေစ်းႏႈန္းသည္ Nantucket ကၽြန္း၏ အိမ္ျခံေျမသမိုင္းတြင္ ေစ်းႏႈန္းအျမင့္မားဆံုးအျဖစ္ စံခ်ိန္တင္မည္ ျဖစ္သည္။

ယခင္စံခ်ိန္တင္ထားသည္မွာ ကန္ေဒၚလာ ၃၆ သန္းျဖင့္ ေရာင္းခ်ခဲ့ေသာ စံအိမ္တစ္လံုးျဖစ္ျပီး ဂၽြန္ဟင္နရီ၏ ဝယ္ယူမႈမတိုင္မီ ရက္သတၱ ၂ ပတ္ခန္႔ကမွ အေရာင္းအဝယ္ျဖစ္ထားခဲ့ျခင္းလည္း ျဖစ္သည္။

ပထမဆံုး ဝယ္ယူခဲ့သည့္စံအိမ္မွာ ကန္ေဒၚလာ ၂၅ သန္းျဖင့္ ျဖစ္ျပီး အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပခ်က္အရ ဝယ္လက္မွာ Harbor Hill House LLC ဟု ေဖာ္ျပထားျပီး အဆိုပါကုမၸဏီ၏ ပိုင္ရွင္မွာ ဂၽြန္ဟင္နရီျဖစ္ျပီး ေနထိုင္သည့္လိပ္စာကို 433 Plaza Real, Boca Raton, Fla. ဟု ေဖာ္ျပသည္။

ဂၽြန္ဟင္နရီဝယ္ယူခဲ့သည့္ စံအိမ္မွာ Middle Valley လမ္း၊ အမွတ္ ၄ တြင္တည္ရွိျပီး ကမ္းေျခစံအိမ္တစ္လံုး ျဖစ္သည္။

ျခံဝန္းအတြင္း အေဆာက္အအံုအမ်ားအျပားပါဝင္ျပီး စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းေပ ၁၈၁၀၀ ရွိကာ အိပ္ခန္း ၁၀ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၅ ခန္းရွိသည္။

စံအိမ္၏ ယခင္ပိုင္ရွင္မွာ စီးပြားေရးလုပ္ငန္းရွင္ Donald Burns ျဖစ္သည္။

အမွတ္ ၄ Middle Valley လမ္းႏွင့္ အမွတ္ ၄၈ Shimmo Pond လမ္း စံအိမ္ ၂ ခုလံုးကို Donald Burns ပိုင္ဆိုင္ျခင္းျဖစ္ျပီး စံအိမ္ ၂ ခုလံုးကို စုစုေပါင္း ကန္ေဒၚလာ ၄၂ ဒသမ ၅ သန္းျဖင့္ ေစ်းေခၚကာ အေရာင္းေစ်းကြက္တင္ခဲ့ျခင္းလည္း ျဖစ္သည္။

ဂၽြန္ဟင္နရီႏွင့္ ဇနီးျဖစ္သူ Linda Pizzuti တုိ႔သည္ ယခင္ကလည္း Nantucket ကၽြန္းသို႔ သြားေရာက္လည္ပတ္ အပန္းေျဖခဲ့ဖူးသည္။

The Boston Globe သတင္းစာကို ဝယ္ယူရန္ အဆိုပါကၽြန္းမွ ကမ္းေျခတြင္ လမ္းေလွ်ာက္ရင္း အျပီးသတ္ဆံုးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္သည္ဟု ဂၽြန္ဟင္နရီက ေျပာဖူးသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: REVEALED: Liverpool enter talks with Saudi Arabian and Qatari consortiums over a potential £3BILLION takeover as Fenway Sports Group set the wheels in motion for a sale at Anfield (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
Elon Musk က အလုပ်လျှောက်ထားလာသူတိုင်းကို မေးလေ့ရှိသော မေးခွန်းတစ်ခု
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
ဒေါင့်သန်းပိုးထည့်ထားသော ချောကလက်၊ ဒေါက်တာသေမင်းနှင့် ဂျပန်ခေတ် ကြောက်မက်ဖွယ် ငရဲခန်းများ ဖန်တီးခဲ့သည့် ဂျပန်တပ်မတော်၏ U
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
sweet-dream
Pan Swal Taw Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service