မန်ချက်စတာယူနိုက်တက်ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူရန် စိတ်ဝင်စားနေသော Apple ကုမ္ပဏီ၏ CEO ဖြစ်သူ Tim Cook ၏ စံအိမ်

မန်ချက်စတာယူနိုက်တက်ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူရန် စိတ်ဝင်စားနေသော Apple ကုမ္ပဏီ၏ CEO ဖြစ်သူ Tim Cook ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
28 Nov 2022 11:25 am တွင် တင်ခဲ့သည်
1219 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူရန်စိတ်ဝင်စားနေသော Apple ၏ CEO ဖြစ်သူ Tim Cook။ )

STORY HIGHLIGHTS

(နည်းပညာထိပ်သီးကုမ္ပဏီကြီး Apple သည် ပရီးမီးယားလိဂ်ထိပ်သီးကလပ်ဖြစ်သော မန်ချက်စတာ ယူနိုက်တက်ကို ဒေါ်လာ ၇ ဘီလီယံဖြင့် ဝယ်ယူရေး ဆွေးနွေးမှုများပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိသည်။Apple ကုမ္ပဏီသာ ဝယ်ယူဖြစ်ခဲ့ပါက သရဲနီတို့သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးကလပ်အသင်းဖြစ်လာမည် ဖြစ်သည်။)

ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးဘောလုံးကလပ်များတွင် တစ်ခုအပါအဝင်ဖြစ်သော မန်ချက်စတာ ယူနိုက်တက်ကို လက်ရှိပိုင်ရှင်များဖြစ်သော ဂလေဇာမိသားစုက စီရော်နယ်ဒိုနှင့် စာချုပ်ကို သက်တမ်းမကုန်မီ ဖျက်သိမ်းလိုက်ပြီး ရက်ပိုင်းမျှအကြာတွင် ယခုကဲ့သို့ အသင်းကို ရောင်းချရန် အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

Apple ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးဖြစ်ပြီး နှစ်စဉ်ဘဏ္ဍာငွေ ပေါင် ၃၂၆ ဘီလီယံနီးပါးရှိကာ ကုမ္ပဏီတန်ကြေးမှာ ယခုလအချက်အလက်များအရ ပေါင် ၂ ထရီလီယံ တန်ကြေးရှိသည်။

Apple သည် မန်ချက်စတာယူနိုက်တက်ကလပ်အသင်းကြီးကို ပိုင်ဆိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရန် စိတ်အားထက်သန်နေသည်။

Apple သည် မန်ချက်စတာယူနိုက်တက်အား ရောင်းချရာတွင် ကြီးကြပ်ပေးရန် တာဝန်ုလွှဲအပ်ထားသော The Raine Group အပါအဝင် အခြားဘဏ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားရန် စောင့်ဆိုင်းသွားလိမ့်မည် ဖြစ်သည်။

(Apple ၏ CEO ဖြစ်သူ Tim Cook က ကယ်လီဖိုးနီးယားပြည်နယ်ရှိ စံအိမ်တစ်လုံးကို ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ဝယ်ယူထားခဲ့ကြောင်းပေါ်ပေါက်)

ဝယ်ယူသူ- Tim Cook

တည်နေရာ- Madison Club, La Quinta, Calif.

ဈေးနှုန်း- ကန်ဒေါ်လာ ၁၀ ဒသမ ၁ သန်း

စံအိမ်ဆောက်လုပ်သည့်ခုနှစ်- ၂၀၁၈

အသေးစိတ်အချက်အလက်များ- ၉၉၅၆ စတုရန်းပေ၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း

ခြံအကျယ်အဝန်း- ၀ ဒသမ ၈၁ ဧက

စင်စစ်ကား ဤစံအိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ Covid-19 မပေါ်ပေါက်သေးမီကတည်းကဖြစ်၏။

ဝယ်လက်မှာ Apple ၏ CEO ဖြစ်နိုင်ကြောင်း ကာလကြာရှည် သံသယရှိခဲ့ရပြီး အသေအချာမသိခဲ့ရ။

ယခုအခါတွင်ကား နာမည်ကြီးအကျော်အမော်များ အခြေချနေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ်၊ La Quinta မှ Madison Club အရပ်ရှိ စံအိမ်ကို ဒေါ်လာ ၁၀ ဒသမ ၁ သန်းပေးကာ ဝယ်ယူသွားသူမှာ Apple ၏ CEO ဖြစ်သူ Tim Cook ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက Tim Cook သည် Madison Club တွင် နေထိုင်သည့် အိမ်နီးချင်းတစ်ဦး ဖြစ်သူ Lucian Grainge ၏ မွေးနေ့ပါတီပွဲသို့ တက်ရောက်ခဲ့သည်။ ထိုပွဲသို့ တက်ခဲ့သည့် Tim Cook နှင့် အခြားနာမည်ကြီးပုဂ္ဂိုလ်များစွာ Covid-19 ကူးစက်ခံခဲ့ရပြီး မွေးနေ့ရှင် Grainge သည်လည်း ဗိုင်းရပ်စ်ကူးစက်ခံ ရကာ ဆေးရုံတက်ခဲ့ရသည်။

Discovery Land ကုမ္ပဏီက တည်ဆောက်ခဲ့သော ဂိတ်ဝန်းခတ် Madison Club အိမ်ရာဝန်းသည် နေအိမ်များ တန်ဖိုးကြီးမြင့်မှုကြောင့်လည်းကောင်း၊ ကမ္ဘာကျော် အကျော်အမော်များစွာ အခြေချနေထိုင်သည့်နေရာ ဖြစ်ခြင်းကြောင့်လည်းကောင်း နာမည်ကျော်သည်။

Madison Club တွင် နေထိုင်သူများ၌ Lori Loughlin နှင့် Mossimo Giannulli ၊ စင်ဒီကရောဖို့ဒ်၊ ကော့တ်နေး ကာဒါရှီယန်၊ ခရစ္စ ဂျင်းနာ၊ Nike ကုမ္ပဏီပိုင်ရှင် Phil Knight နှင့် စကူတာ ဘရောင်းတို့ အပါအဝင် ဖြစ်သည်။

Tim Cook က ယခုစံအိမ်ကို ဒေါ်လာ ၁၀ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေမှတ်တမ်းများအရမူ ဒေါ်လာ ၉ ဒသမ ၁ သန်းသာ ဖြစ်သည်ဟုဖော်ပြသည်။

မည်သို့ဆိုစေ Tim Cook က ဤစံအိမ်ကို ဝယ်ယူခဲ့သည်ကား အမှန်ပင်။ ခြံအကျယ် ဒသမ ၈ ဧကရှိသော စံအိမ်မှာ ယနေ့အခါ ဒေါ်လာ ၁၂ နီးပါး တန်ကြေးရှိနေပြီ ဖြစ်သည်။

Tim Cook ၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။ အကျယ်အဝန်း စတုရန်းပေ ၁၀၀၀၀ နီးပါးရှိသော စံအိမ်မှာ ဂျာမန်ဟန်များ လွှမ်းနေပြီး အိမ်ခြံမြေ developer တစ်ဦးက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကာ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့သည်။

စံအိမ်အတွင်း နံရံနေရာများစွာတွင် မော်ဒန်ပန်းချီလက်ရာများ ချိတ်ဆွဲထားကာ ဆည်းဆာချိန်မြင်ကွင်းမှာ လည်း ခမ်းနားလှသည်။

စံအိမ်အတွင်းရှိ အိပ်ခန်း ၅ ခန်းလုံးတွင် သီးသန့်ရေချိုးခန်းများ ရှိသည်။ နားနေခန်းတစ်ခု၊ ရုံးခန်း၊ စိတ်ကြိုက်ဒီဇိုင်းဆွဲပြုလုပ်ထားသည့် ဘိလိယက်ခုံပါသော အရက်ဘားတစ်ခုလည်း ပါဝင်သည်။

စံအိမ်တွင် မီးဖိုဆောင် ၂ ခုရှိပြီး စတီးအသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသည်။

နေအိမ်နောက်ဘက် ခြံကွက်လပ်မှာ အနောက်စူးစူးသို့ မျက်နှာမူထားရာ Madison Club ရှိ စံအိမ်တစ်လုံး အနေဖြင့် အကောင်းဆုံးအနေအထားလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုလျှင် ထိုနေရာမှတဆင့် Santa Rosa တောင်တန်းများ၏လှပသော ရှုမျှော်ခင်းများကို တွေ့မြင်ရမည်ဖြစ်သောကြောင့်ပင်။

Tim Cook သည် Apple ၏ CEO အဖြစ် တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ရှိခဲ့ပြီဖြစ်ပြီး Apple ကုမ္ပဏီထံမှ ဒေါ်လာ သန်း ၇၅၀ ရရှိထားသည်။

Tim Cook အများဆုံးနေထိုင်သည့် စံအိမ်မှာ ဆီလီကွန်တောင်ကြား၏ မြောက်ဘက် Palo Alto တွင် တည်ရှိသည်။

Tim Cook ဝယ်ယူလိုက်သော စံအိမ်အတွက် Hideaway Properties Corporation အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Glenn Cassell က ရောင်းသူ၊ ဝယ်သူ နှစ်ဘက်လုံးကို ကိုယ်စားပြုခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Apple planning to make Manchester United richest club in the world in a staggering $7 billion takeover (dirt, wionews,dailystar)

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ကို ေဒၚလာ ၇ ဘီလီယံျဖင့္ ဝယ္ယူရန္ စိတ္ဝင္စားေနေသာ Apple ကုမၸဏီ၏ CEO ျဖစ္သူ Tim Cook ၏ စံအိမ္

(မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူရန္စိတ္ဝင္စားေနေသာ Apple ၏ CEO ျဖစ္သူ Tim Cook။ ဓာတ္ပံု-AFP)

STORY HIGHLIGHTS

(နည္းပညာထိပ္သီးကုမၸဏီၾကီး Apple သည္ ပရီးမီးယားလိဂ္ထိပ္သီးကလပ္ျဖစ္ေသာ မန္ခ်က္စတာ ယူႏိုက္တက္ကို ေဒၚလာ ၇ ဘီလီယံျဖင့္ ဝယ္ယူေရး ေဆြးေႏြးမႈမ်ားျပဳလုပ္ရန္ စိတ္ဝင္စားလ်က္ရွိသည္။ Apple ကုမၸဏီသာ ဝယ္ယူျဖစ္ခဲ့ပါက သရဲနီတို႔သည္ ကမၻာေပၚတြင္ အခ်မ္းသာဆံုးကလပ္အသင္းျဖစ္လာမည္ ျဖစ္သည္။)

ကမၻာေပၚတြင္ အေက်ာ္ၾကားဆံုးေဘာလံုးကလပ္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ မန္ခ်က္စတာ ယူႏိုက္တက္ကို လက္ရွိပိုင္ရွင္မ်ားျဖစ္ေသာ ဂေလဇာမိသားစုက စီေရာ္နယ္ဒိုႏွင့္ စာခ်ဳပ္ကို သက္တမ္းမကုန္မီ ဖ်က္သိမ္းလိုက္ျပီး ရက္ပိုင္းမွ်အၾကာတြင္ ယခုကဲ့သို႔ အသင္းကို ေရာင္းခ်ရန္ အတည္ျပဳလုိက္ျခင္းလည္း ျဖစ္သည္။

Apple ကုမၸဏီသည္ ကမၻာေပၚတြင္ အၾကီးမားဆံုး နည္းပညာကုမၸဏီၾကီးျဖစ္ျပီး ႏွစ္စဥ္ဘ႑ာေငြ ေပါင္ ၃၂၆ ဘီလီယံနီးပါးရွိကာ ကုမၸဏီတန္ေၾကးမွာ ယခုလအခ်က္အလက္မ်ားအရ ေပါင္ ၂ ထရီလီယံ တန္ေၾကးရွိသည္။ Apple သည္ မန္ခ်က္စတာယူႏိုက္တက္ကလပ္အသင္းၾကီးကို ပိုင္ဆိုင္ေရးအတြက္ အခြင့္အလမ္းမ်ား ရွာေဖြရန္ စိတ္အားထက္သန္ေနသည္။

Apple သည္ မန္ခ်က္စတာယူႏိုက္တက္အား ေရာင္းခ်ရာတြင္ ၾကီးၾကပ္ေပးရန္ တာဝန္ုလႊဲအပ္ထားေသာ The Raine Group အပါအဝင္ အျခားဘဏ္မ်ားႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္သြားရန္ ေစာင့္ဆိုင္းသြားလိမ့္မည္ ျဖစ္သည္။

(Apple ၏ CEO ျဖစ္သူ Tim Cook က ကယ္လီဖိုးနီးယားျပည္နယ္ရွိ စံအိမ္တစ္လံုးကို ေဒၚလာ ၁၀ သန္းေက်ာ္ျဖင့္ ဝယ္ယူထားခဲ့ေၾကာင္းေပၚေပါက္) ဝယ္ယူသူ- Tim Cook

တည္ေနရာ- Madison Club, La Quinta, Calif.

ေစ်းႏႈန္း- ကန္ေဒၚလာ ၁၀ ဒသမ ၁ သန္း

စံအိမ္ေဆာက္လုပ္သည့္ခုႏွစ္- ၂၀၁၈

အေသးစိတ္အခ်က္အလက္မ်ား- ၉၉၅၆ စတုရန္းေပ၊ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္း

ျခံအက်ယ္အဝန္း- ၀ ဒသမ ၈၁ ဧက

စင္စစ္ကား ဤစံအိမ္အေရာင္းအဝယ္ျဖစ္ခဲ့သည္မွာ ကာလၾကာျမင့္ခဲ့ျပီ ျဖစ္သည္။ Covid-19 မေပၚေပါက္ေသးမီကတည္းကျဖစ္၏။

ဝယ္လက္မွာ Apple ၏ CEO ျဖစ္ႏိုင္ေၾကာင္း ကာလၾကာရွည္ သံသယရွိခဲ့ရျပီး အေသအခ်ာမသိခဲ့ရ။

ယခုအခါတြင္ကား နာမည္ၾကီးအေက်ာ္အေမာ္မ်ား အေျခခ်ေနထိုင္ရာ ကယ္လီဖုိးနီးယားျပည္နယ္၊ La Quinta မွ Madison Club အရပ္ရွိ စံအိမ္ကို ေဒၚလာ ၁၀ ဒသမ ၁ သန္းေပးကာ ဝယ္ယူသြားသူမွာ Apple ၏ CEO ျဖစ္သူ Tim Cook ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ျပီ ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္၊ မတ္လအတြင္းက Tim Cook သည္ Madison Club တြင္ ေနထုိင္သည့္ အိမ္နီးခ်င္းတစ္ဦး ျဖစ္သူ Lucian Grainge ၏ ေမြးေန႔ပါတီပြဲသို႔ တက္ေရာက္ခဲ့သည္။ ထိုပြဲသို႔ တက္ခဲ့သည့္ Tim Cook ႏွင့္ အျခားနာမည္ၾကီးပုဂၢိဳလ္မ်ားစြာ Covid-19 ကူးစက္ခံခဲ့ရျပီး ေမြးေန႔ရွင္ Grainge သည္လည္း ဗိုင္းရပ္စ္ကူးစက္ခံ ရကာ ေဆးရံုတက္ခဲ့ရသည္။

Discovery Land ကုမၸဏီက တည္ေဆာက္ခဲ့ေသာ ဂိတ္ဝန္းခတ္ Madison Club အိမ္ရာဝန္းသည္ ေနအိမ္မ်ား တန္ဖုိးၾကီးျမင့္မႈေၾကာင့္လည္းေကာင္း၊ ကမၻာေက်ာ္ အေက်ာ္အေမာ္မ်ားစြာ အေျခခ်ေနထုိင္သည့္ေနရာ ျဖစ္ျခင္းေၾကာင့္လည္းေကာင္း နာမည္ေက်ာ္သည္။

Madison Club တြင္ ေနထိုင္သူမ်ား၌ Lori Loughlin ႏွင့္ Mossimo Giannulli ၊ စင္ဒီကေရာဖို႔ဒ္၊ ေကာ့တ္ေနး ကာဒါရွီယန္၊ ခရစၥ ဂ်င္းနာ၊ Nike ကုမၸဏီပိုင္ရွင္ Phil Knight ႏွင့္ စကူတာ ဘေရာင္းတို႔ အပါအဝင္ ျဖစ္သည္။ Tim Cook က ယခုစံအိမ္ကို ေဒၚလာ ၁၀ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရမူ ေဒၚလာ ၉ ဒသမ ၁ သန္းသာ ျဖစ္သည္ဟုေဖာ္ျပသည္။

မည္သို႔ဆိုေစ Tim Cook က ဤစံအိမ္ကို ဝယ္ယူခဲ့သည္ကား အမွန္ပင္။ ျခံအက်ယ္ ဒသမ ၈ ဧကရွိေသာ စံအိမ္မွာ ယေန႔အခါ ေဒၚလာ ၁၂ နီးပါး တန္ေၾကးရွိေနျပီ ျဖစ္သည္။

Tim Cook ၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။ အက်ယ္အဝန္း စတုရန္းေပ ၁၀၀၀၀ နီးပါးရွိေသာ စံအိမ္မွာ ဂ်ာမန္ဟန္မ်ား လႊမ္းေနျပီး အိမ္ျခံေျမ developer တစ္ဦးက ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ကာ ၂၀၁၈ ႏွစ္ကုန္ပိုင္းတြင္ ျပီးစီးခဲ့သည္။

စံအိမ္အတြင္း နံရံေနရာမ်ားစြာတြင္ ေမာ္ဒန္ပန္းခ်ီလက္ရာမ်ား ခ်ိတ္ဆြဲထားကာ ဆည္းဆာခ်ိန္ျမင္ကြင္းမွာ လည္း ခမ္းနားလွသည္။

စံအိမ္အတြင္းရွိ အိပ္ခန္း ၅ ခန္းလံုးတြင္ သီးသန္႔ေရခ်ဳိးခန္းမ်ား ရွိသည္။ နားေနခန္းတစ္ခု၊ ရံုးခန္း၊ စိတ္ၾကိဳက္ဒီဇိုင္းဆြဲျပဳလုပ္ထားသည့္ ဘိလိယက္ခံုပါေသာ အရက္ဘားတစ္ခုလည္း ပါဝင္သည္။

စံအိမ္တြင္ မီးဖိုေဆာင္ ၂ ခုရွိျပီး စတီးအသံုးအေဆာင္ပစၥည္းမ်ား ထည့္သြင္းထားသည္။

ေနအိမ္ေနာက္ဘက္ ျခံကြက္လပ္မွာ အေနာက္စူးစူးသုိ႔ မ်က္ႏွာမူထားရာ Madison Club ရွိ စံအိမ္တစ္လံုး အေနျဖင့္ အေကာင္းဆံုးအေနအထားလည္း ျဖစ္သည္။

အဘယ္ေၾကာင့္ဆိုလွ်င္ ထိုေနရာမွတဆင့္ Santa Rosa ေတာင္တန္းမ်ား၏လွပေသာ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ရမည္ျဖစ္ေသာေၾကာင့္ပင္။

Tim Cook သည္ Apple ၏ CEO အျဖစ္ တာဝန္ယူခဲ့သည္မွာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ ရွိခဲ့ျပီျဖစ္ျပီး Apple ကုမၸဏီထံမွ ေဒၚလာ သန္း ၇၅၀ ရရွိထားသည္။

Tim Cook အမ်ားဆံုးေနထိုင္သည့္ စံအိမ္မွာ ဆီလီကြန္ေတာင္ၾကား၏ ေျမာက္ဘက္ Palo Alto တြင္ တည္ရွိသည္။

Tim Cook ဝယ္ယူလိုက္ေသာ စံအိမ္အတြက္ Hideaway Properties Corporation အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Glenn Cassell က ေရာင္းသူ၊ ဝယ္သူ ႏွစ္ဘက္လံုးကို ကိုယ္စားျပဳခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Apple planning to make Manchester United richest club in the world in a staggering $7 billion takeover (dirt, wionews,dailystar)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...

ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင်
လုပ်ငန်းများအပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် ခင်ပွန်း၊ ခွေး ၄ ကောင်နှင့် အတူနေထိုင်
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
တရုတ်ပြည်တွင် ခေါက်ဆွဲဆိုင်ရှင်၏ အတုယူဖွယ် စိတ်ထားကို လေးစားသွားသော လာရောက် စားသုံးသည့် ဆောက်လုပ်ရေး လုပ်သားက ဆိုင်ရှင်၏
မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁
မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
shwe-wutthmone
sweet-dream

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service