" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ”

" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ” - Property Knowledge in Myanmar from iMyanmarHouse.com
25 Nov 2022 1:50 pm တွင် တင်ခဲ့သည်
424 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

သွားရေးလာရေး လွယ်ကူတဲ့နေရာမှာ လူတိုင်းနေချင်တာပေါ့ ။တန်ရာစဉ်းစားတော့ နေချင်တဲ့နေရာထက် နေသင့်တဲ့နေရာကိုပဲရှာခဲ့ရတယ်။

ရန်ကုန်မြို့ကြီးကို ငွေရှာရေးအတွက် အားကိုးခဲ့ပေမယ့်။နေစရာအရေးအတွက်တော့ အားမကိုးနိုင်ခဲ့ပါဘူး။ ကြီးလိုက်တဲ့ မြေဈေးအိမ်ဈေး။ငှားနေရတဲ့တိုက်ခန်းဈေး။ခြောက်လနေရင်ခြောက်လစာ အပြည့်ပေးထားရတယ်။ စပေါ်နဲ့ဆိုရင် သက်သာပေမယ့် ပေးထားရတဲ့ငွေက တနင့်တပိုးမို့ ခြောက်လစာ ၊ တစ်နှစ်စာ အပြတ်ရှင်းပြီးငှားနေပါတယ်။

အခန်းပိုင်ရှင်က လူကိုအကန့်အသတ်ထားပြီးငှားတယ်။ ခြောက်ယောက်ထက်မပိုရ။ ခွေးမမွေးရ၊ကြောင်မမွေးရ။ ဘာညာသာရကာ အစုံပါပဲ။ထားပါလေ သူပိုင်တဲ့အခန်း မပျက်မစီး ရေရှည်ရှိနေဖို့ ပျက်စီးနိုင်တဲ့ကိစ္စတွေကို သူတားမြစ်မှာပေါ့။ကိုယ်လည်း တိုက်ခန်းပိုင်ရှင်ဆိုရင် ဒီလိုပဲ တားမြစ်ချက်တွေထုတ်မိမှာပါပဲ။

ဒီလိုနဲ့ မြို့ထဲမှာ တိုက်ခန်းငှားနေပြီး တစ်ထမ်းတစ်ရွက်နဲ့ တစ်ပိုင်တစ်နိုင်စီးပွားရေးကို လမ်းဘေးမှာဖန်တီးပြီး ငွေရှာခဲ့တယ်။ဆိုင်နေရာငှားခ မပေးရတော့ ကိုယ့်အတွက်ကျန်တာပေါ့။ဒါပေမဲ့ အနှောင့်အယှက်ဆိုတာ ရှိတာပါပဲ။

လမ်းဘေးမှာ ကိုယ်ဆိုင်ခင်းတဲ့နေရာအနီးက တချို့အိမ်တွေက အမှိုက်ရှုပ်လို့၊ညှော်နံလို့၊မီးခိုးမွန်လို့ဆိုတဲ့ အတိုင်အတောတွေကြောင့်လည်း ရပ်ကွက်ရုံးကို ခဏခဏ သွားပြီး ဖြေရှင်းခဲ့ရပါတယ်။ဒီထက်ဆိုးတာက လမ်းဘေးဈေးသယ် တွေကို အလစ်အငိုက်ဝင်ဖမ်းလို့ ပါသွားတဲ့ ရင်နှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားခြင်းက အဆိုးဆုံးပါပဲ။

ဒီလိုနဲ့ပြန်ပြီး မ,တည်လိုက်၊ ရှာဖွေလိုက်၊စုဆောင်းလိုက်၊ပါသွားလိုက်၊ပြန်တည်လိုက်နဲ့ ရန်ကုန်မြို့ကြီးမှာ သာမန်သူတွေအတွက် အလျဉ်မီမီနေထိုင်နိုင်ဖို့ကို အပူတပြင်းရှာဖွေနေနေရတော့တာပါပဲ။ ဆွေမျိုးညာတကာ၊ မိတ်သဟာတွေအတွက် အချိန်မပေးနိုင်လောက်အောင်ပါပဲ။

ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း အချိန်တွေတိုက်စားရင်း ရလာတဲ့ စုဆောင်းငွေကလေးနဲ့ ကိုယ်ပိုင်အိမ်ရာတစ်ခုဖန်တီးဖို့ ကြိုးစားခဲ့ရတယ်။ကိုယ်နိုင်တဲ့ အနေအထားရှိမယ့် မြေနေရာရှာတော့ ..အားပါးပါး..။ဝေးလှပါလား အစွန်အဖျား။

 

မတတ်နိုင်ပါ။ကိုယ့်ခြံကိုယ့်ဝင်းနဲ့ နေလိုတာကြောင့် ရှိတဲ့ငွေနဲ့ သင့်တဲ့မြေကိုဝယ်ခဲ့ရပါတယ်။ဝယ်တုန်းကတော့ ကိုယ်ဝယ်လိုက်တဲ့မြေဟာ အရှုပ်အရှင်းကင်းပါတယ်ပေါ့။ဒါပေမဲ့ အစိုးတရမရှိတဲ့ခေတ်မှာ နောက်ပိုင်း ဘာဖြစ်မယ်ဆိုတာ ကျိန်းသေတွက်ထားလို့မရ။ကိုယ့်ခြံကွက် အနီးအနားမှာလည်း ကိုယ့်ထက်စောတဲ့ မြေကွက်တွေ အိမ်တွေရှိနေကြတာပေါ့။ယုံကြည်မှုတစ်ခုထားပြီး ဝယ်လိုက်ရတာပါပဲ။

ဒီလိုနဲ့ ကိုယ်ဝယ်ခဲ့တဲ့မြေကွက်ထဲမှာ အိမ်ဖြစ်ဖို့ တဖြည်းဖြည်းဖန်တီးယူခဲ့ပါတယ်။ ငှက်ကလေးတွေ အသိုက်ဆောက်တဲ့အခါ သစ်ကိုင်းခြောက်တွေ၊တုတ်ချောင်းလေးတွေ၊သစ်ရွက်ပျော့လေးတွေနဲ့ တဖြည်းဖြည်း လိုအပ်သလို ပုံဖော်တည်ဆောက်ကြတယ်မို့လား။

 

 

ဒီလိုပါပဲ ကိုယ်လည်း ကိုယ်နိုင်သလောက်လေးနဲ့ ကိုယ့်ဘဝရဲ့နားခိုရာဗိမာန်လေးကို အချိန်အများကြီးပေးပြီး ဖန်တီးခဲ့ရတာပေါ့။ဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတာပေါ့။

ဒီနိုင်ငံအတွင်းမှာရှိတဲ့ တောရောမြို့ပါ ဖြစ်တည်လာတဲ့ အိမ်ရာတွေဟာ။နတ်တို့ဖန်ဆင်းလို့ တခဏအတွင်း ဟုတ်ကနဲ ဘွားဘွားကြီးပေါ်လာတာ မဟုတ်ပါဘူး။နောက်ကြောင်း မမှတ်မိနိုင်လောက်အောင်ရှည်လျားတဲ့ ကိုယ့်အမျိုးအဆွေ၊ဘိုးဘွားတွေရဲ့ ဖန်တီးမှုကြောင့် ဖြစ်တည်လာတဲ့ အိမ်ရာတွေပါ။မြို့ရွာတွေပါ။ ရှည်လျားတဲ့သမိုင်းကြောင်းတွေနဲ့ရှိခဲ့မှာပေါ့။တန်ဖိုးထားဖို့ကောင်းတာပေါ့။

ကိုယ့်မှာလည်း ကိုယ်နေထိုင်ရာလေးအတွက်ကို အချိန်ကာလတွေ ပြောစရာဖြစ်ရပ်တွေနဲ့ ဖန်းတီးယူခဲ့ရသလို ရှေးဘိုးဘေးဘီဘင်တွေရဲ့ သမိုင်းကြောင်းနဲ့အမျှ ဖန်တီးတည်ဆောက်ခဲ့ရတဲ့ မြို့တွေရွာတွေ၊သာသနိက အဆောက်အအုံတွေဟာ လွယ်လွယ်နဲ့ ပျက်စီးဖို့သင့်သလား။မပျက်စီးအောင် ထိန်းသိမ်းသင့်သည် မဟုတ်ပါလား။

 

သဘာဝပယောဂကိုတော့ လူတို့တားဆီးဖို့ခက်ပေမယ့် လူ့ပယောဂနဲ့ပျက်ရလျှင် အလွန်ပင် မချိစရာကောင်းလှပါတယ်။ဘယ်လိုလူတွေဟာ ဒီသမိုင်းကြောင်းရှိတဲ့ လူတို့နေထိုင်ရာတွေကို ပျက်စီးစေသလဲ။ ကိုယ့်ရိုးသားမှုနဲ့ ရှာထား၊ဖွေထား၊အချိန်ပေးဖန်တီးထားရတဲ့ နေရာလေးကို ကိုယ့်မှာတန်ဖိုးထားလိုက်ရတာ။

ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေလည်းပဲ သူတို့ဖန်တီးထားခဲ့ကြတဲ့ အစုအဝေး အသိုက်အမြုံ၊အိမ်ရာ အဆောက်အအုံတွေကိုလည်း တန်ဖိုးထားကြပါလိမ့်မယ်။ကျွန်တော်တို့ကလည်း ဆက်ပြီးတန်ဖိုးထားရပါလိမ့်မယ်။ စာနာတတ်တဲ့ အသိဉာဏ်ရှိသူသာဖြစ်လျှင် တန်ဖိုးထားစရာ သူများအိမ်ရာကို……..။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

" သမိုင္းေၾကာင္းနဲ႔ျဖစ္တည္လာ တို႔ဘိုးဘြားအိမ္ပါ ”

 

သြားေရးလာေရး လြယ္ကူတဲ့ေနရာမွာ လူတိုင္းေနခ်င္တာေပါ့ ။တန္ရာစဥ္းစားေတာ့ ေနခ်င္တဲ့ေနရာထက္ ေနသင့္တဲ့ေနရာကိုပဲရွာခဲ့ရတယ္။

ရန္ကုန္ၿမိဳ႕ႀကီးကို ေငြရွာေရးအတြက္ အားကိုးခဲ့ေပမယ့္။ေနစရာအေရးအတြက္ေတာ့ အားမကိုးႏိုင္ခဲ့ပါဘူး။ ႀကီးလိုက္တဲ့ ေျမေဈးအိမ္ေဈး။ငွားေနရတဲ့တိုက္ခန္းေဈး။ေျခာက္လေနရင္ေျခာက္လစာ အျပည့္ေပးထားရတယ္။ စေပၚနဲ႔ဆိုရင္ သက္သာေပမယ့္ ေပးထားရတဲ့ေငြက တနင့္တပိုးမို႔ ေျခာက္လစာ ၊ တစ္ႏွစ္စာ အျပတ္ရွင္းၿပီးငွားေနပါတယ္။

အခန္းပိုင္ရွင္က လူကိုအကန္႔အသတ္ထားၿပီးငွားတယ္။ ေျခာက္ေယာက္ထက္မပိုရ။ ေခြးမေမြးရ၊ေၾကာင္မေမြးရ။ ဘာညာသာရကာ အစုံပါပဲ။ထားပါေလ သူပိုင္တဲ့အခန္း မပ်က္မစီး ေရရွည္ရွိေနဖို႔ ပ်က္စီးႏိုင္တဲ့ကိစၥေတြကို သူတားျမစ္မွာေပါ့။ကိုယ္လည္း တိုက္ခန္းပိုင္ရွင္ဆိုရင္ ဒီလိုပဲ တားျမစ္ခ်က္ေတြထုတ္မိမွာပါပဲ။

ဒီလိုနဲ႔ ၿမိဳ႕ထဲမွာ တိုက္ခန္းငွားေနၿပီး တစ္ထမ္းတစ္ရြက္နဲ႔ တစ္ပိုင္တစ္ႏိုင္စီးပြားေရးကို လမ္းေဘးမွာဖန္တီးၿပီး ေငြရွာခဲ့တယ္။ဆိုင္ေနရာငွားခ မေပးရေတာ့ ကိုယ့္အတြက္က်န္တာေပါ့။ဒါေပမဲ့ အေႏွာင့္အယွက္ဆိုတာ ရွိတာပါပဲ။

လမ္းေဘးမွာ ကိုယ္ဆိုင္ခင္းတဲ့ေနရာအနီးက တခ်ိဳ႕အိမ္ေတြက အမႈိက္ရႈပ္လို႔၊ေညွာ္နံလို႔၊မီးခိုးမြန္လို႔ဆိုတဲ့ အတိုင္အေတာေတြေၾကာင့္လည္း ရပ္ကြက္ရုံးကို ခဏခဏ သြားၿပီး ေျဖရွင္းခဲ့ရပါတယ္။ဒီထက္ဆိုးတာက လမ္းေဘးေဈးသယ္ ေတြကို အလစ္အငိုက္ဝင္ဖမ္းလို႔ ပါသြားတဲ့ ရင္ႏွီးျမွဳပ္ႏွံမႈေတြ ဆုံးရႈံးသြားျခင္းက အဆိုးဆုံးပါပဲ။

ဒီလိုနဲ႔ျပန္ၿပီး မ,တည္လိုက္၊ ရွာေဖြလိုက္၊စုေဆာင္းလိုက္၊ပါသြားလိုက္၊ျပန္တည္လိုက္နဲ႔ ရန္ကုန္ၿမိဳ႕ႀကီးမွာ သာမန္သူေတြအတြက္ အလ်ဥ္မီမီေနထိုင္ႏိုင္ဖို႔ကို အပူတျပင္းရွာေဖြေနေနရေတာ့တာပါပဲ။ ေဆြမ်ိဳးညာတကာ၊ မိတ္သဟာေတြအတြက္ အခ်ိန္မေပးႏိုင္ေလာက္ေအာင္ပါပဲ။

ဒီလိုနဲ႔ လုပ္ရင္းကိုင္ရင္း အခ်ိန္ေတြတိုက္စားရင္း ရလာတဲ့ စုေဆာင္းေငြကေလးနဲ႔ ကိုယ္ပိုင္အိမ္ရာတစ္ခုဖန္တီးဖို႔ ႀကိဳးစားခဲ့ရတယ္။ကိုယ္ႏိုင္တဲ့ အေနအထားရွိမယ့္ ေျမေနရာရွာေတာ့ ..အားပါးပါး..။ေဝးလွပါလား အစြန္အဖ်ား။

မတတ္ႏိုင္ပါ။ကိုယ့္ျခံကိုယ့္ဝင္းနဲ႔ ေနလိုတာေၾကာင့္ ရွိတဲ့ေငြနဲ႔ သင့္တဲ့ေျမကိုဝယ္ခဲ့ရပါတယ္။ဝယ္တုန္းကေတာ့ ကိုယ္ဝယ္လိုက္တဲ့ေျမဟာ အရႈပ္အရွင္းကင္းပါတယ္ေပါ့။ဒါေပမဲ့ အစိုးတရမရွိတဲ့ေခတ္မွာ ေနာက္ပိုင္း ဘာျဖစ္မယ္ဆိုတာ က်ိန္းေသတြက္ထားလို႔မရ။ကိုယ့္ျခံကြက္ အနီးအနားမွာလည္း ကိုယ့္ထက္ေစာတဲ့ ေျမကြက္ေတြ အိမ္ေတြရွိေနၾကတာေပါ့။ယုံၾကည္မႈတစ္ခုထားၿပီး ဝယ္လိုက္ရတာပါပဲ။

ဒီလိုနဲ႔ ကိုယ္ဝယ္ခဲ့တဲ့ေျမကြက္ထဲမွာ အိမ္ျဖစ္ဖို႔ တျဖည္းျဖည္းဖန္တီးယူခဲ့ပါတယ္။ ငွက္ကေလးေတြ အသိုက္ေဆာက္တဲ့အခါ သစ္ကိုင္းေျခာက္ေတြ၊တုတ္ေခ်ာင္းေလးေတြ၊သစ္ရြက္ေပ်ာ့ေလးေတြနဲ႔ တျဖည္းျဖည္း လိုအပ္သလို ပုံေဖာ္တည္ေဆာက္ၾကတယ္မို႔လား။

ဒီလိုပါပဲ ကိုယ္လည္း ကိုယ္ႏိုင္သေလာက္ေလးနဲ႔ ကိုယ့္ဘဝရဲ႕နားခိုရာဗိမာန္ေလးကို အခ်ိန္အမ်ားႀကီးေပးၿပီး ဖန္တီးခဲ့ရတာေပါ့။ဒီအတြက္လည္း ကိုယ့္ကိုယ္ကိုယ္ ဂုဏ္ယူမိတာေပါ့။

ဒီႏိုင္ငံအတြင္းမွာရွိတဲ့ ေတာေရာၿမိဳ႕ပါ ျဖစ္တည္လာတဲ့ အိမ္ရာေတြဟာ။နတ္တို႔ဖန္ဆင္းလို႔ တခဏအတြင္း ဟုတ္ကနဲ ဘြားဘြားႀကီးေပၚလာတာ မဟုတ္ပါဘူး။ေနာက္ေၾကာင္း မမွတ္မိႏိုင္ေလာက္ေအာင္ရွည္လ်ားတဲ့ ကိုယ့္အမ်ိဳးအေဆြ၊ဘိုးဘြားေတြရဲ႕ ဖန္တီးမႈေၾကာင့္ ျဖစ္တည္လာတဲ့ အိမ္ရာေတြပါ။ၿမိဳ႕ရြာေတြပါ။ ရွည္လ်ားတဲ့သမိုင္းေၾကာင္းေတြနဲ႔ရွိခဲ့မွာေပါ့။တန္ဖိုးထားဖို႔ေကာင္းတာေပါ့။

ကိုယ့္မွာလည္း ကိုယ္ေနထိုင္ရာေလးအတြက္ကို အခ်ိန္ကာလေတြ ေျပာစရာျဖစ္ရပ္ေတြနဲ႔ ဖန္းတီးယူခဲ့ရသလို ေရွးဘိုးေဘးဘီဘင္ေတြရဲ႕ သမိုင္းေၾကာင္းနဲ႔အမွ် ဖန္တီးတည္ေဆာက္ခဲ့ရတဲ့ ၿမိဳ႕ေတြရြာေတြ၊သာသနိက အေဆာက္အအုံေတြဟာ လြယ္လြယ္နဲ႔ ပ်က္စီးဖို႔သင့္သလား။မပ်က္စီးေအာင္ ထိန္းသိမ္းသင့္သည္ မဟုတ္ပါလား။

သဘာဝပေယာဂကိုေတာ့ လူတို႔တားဆီးဖို႔ခက္ေပမယ့္ လူ႔ပေယာဂနဲ႔ပ်က္ရလွ်င္ အလြန္ပင္ မခ်ိစရာေကာင္းလွပါတယ္။ဘယ္လိုလူေတြဟာ ဒီသမိုင္းေၾကာင္းရွိတဲ့ လူတို႔ေနထိုင္ရာေတြကို ပ်က္စီးေစသလဲ။ ကိုယ့္ရိုးသားမႈနဲ႔ ရွာထား၊ေဖြထား၊အခ်ိန္ေပးဖန္တီးထားရတဲ့ ေနရာေလးကို ကိုယ့္မွာတန္ဖိုးထားလိုက္ရတာ။

ကၽြန္ေတာ္တို႔ရဲ႕ ဘိုးဘြားေတြလည္းပဲ သူတို႔ဖန္တီးထားခဲ့ၾကတဲ့ အစုအေဝး အသိုက္အၿမဳံ၊အိမ္ရာ အေဆာက္အအုံေတြကိုလည္း တန္ဖိုးထားၾကပါလိမ့္မယ္။ကၽြန္ေတာ္တို႔ကလည္း ဆက္ၿပီးတန္ဖိုးထားရပါလိမ့္မယ္။ စာနာတတ္တဲ့ အသိဉာဏ္ရွိသူသာျဖစ္လွ်င္ တန္ဖိုးထားစရာ သူမ်ားအိမ္ရာကို……..။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service