ဘရာဇီးနိုင်ငံမှ မဟာဖိုဝါဒကြီးစိုးမှုကို တုံ့ပြန်ရန် မိန်းကလေးများချည်းနေထိုင်သည့်ကျေးရွာ

ဘရာဇီးနိုင်ငံမှ မဟာဖိုဝါဒကြီးစိုးမှုကို တုံ့ပြန်ရန် မိန်းကလေးများချည်းနေထိုင်သည့်ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
21 Nov 2022 11:34 am တွင် တင်ခဲ့သည်
862 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဘရာဇီးနိုင်ငံတွင် မိန်းကလေးများချည်း စုပေါင်းနေထိုင်ကြသည့် နိုအီဗာ ဒို ကိုးဒေရို (Noiva do Cordeiro ) အမည်ရှိ ရွာကလေးတစ်ခုရှိသည်။

အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုကာ အပြစ်ပေးခံရသော Senhorinha de Lima ဆိုသည့် အမျိုးသမီးတစ်ဦးက မဟာဖိုဝါဒကြီးစိုးမှုကို တုံ့ပြန်ရန် ဤရွာကလေးကို ၁၈၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တည်ထောင်ခဲ့ပြီးနောက် မိန်းကလေးများချည်း စုပေါင်းနေထိုင်ခဲ့ကြသည်။

ယနေ့အခါတွင်လည်း ရွာကလေးရှိ အမျိုးသမီးအနည်းစုသာ လက်ထပ်ထားပြီး ခင်ပွန်းများရှိကြသည်။

ရွာတွင် အမျိုးသားလက်တစ်ဆုပ်စာမျှ ရှိသော်လည်း ၎င်းတို့မှာလည်း မြို့ပြများတွင် သွားရောက် အလုပ်လုပ်ကိုင် နေကြပြီး ရုံးပိတ်ရက်များတွင်သာ ရွာသို့ပြန်လာလေ့ရှိကြသည်။

နိုအီဗာကျေးရွာသည် ဘရာဇီးနိုင်ငံ၊ Belo Vale (လှပသောတောင်ကြားဟု အဓိပ္ပာယ်ရ) တောင်ကြားတွင် တည်ရှိသည်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရီယို ဒီ ဂျနေးရိုး၏ မြောက်ဘက် မိုင် ၃၀၀ ခန့်အကွာတွင် တည်ရှိသည်။

ရွာကလေးရှိရာ တောင်ကြားသည် အခေါက်ထူ သစ်ပင်အုပ်များ၊ အခွံပွ လိမ္မော်ချိုများ၊ ငှက်ပျောပင်များ၊ အဝါတောက်တောက်အပွင့်များ ပင်လုံးညွှတ်ဖူးပွင့်သည့် ipe အပင်များဖြင့် လွှမ်းခြုံထားသည်။ (ipe သည် မက္ကဆီကိုနှင့် အာဂျင်တီးနားတို့တွင် ပေါများစွာတွေ့ရပြီး ပါရာဂွေးနိုင်ငံ၏ အမျိုးသားပန်းလည်း ဖြစ်သည်)

 

နိုအီဗာရွာလေးကို လူအများ အာရုံစိုက်ကြသည်မှာ မြေမျက်နှာသွင်ပြင် ရှုခင်းများကြောင့် မဟုတ်။ ရွာကလေးတွင် နေထိုင်သူများ ၊ အထူးသဖြင့် မိန်းကလေးများကို အာရုံစိုက်ကြခြင်း ဖြစ်၏။

ရွာတွင်နေထိုင်သူအများစုမှာ မိန်းကလေးများ ဖြစ်ပြီး ထိုမိန်းကလေးများမှာ တောင်ကြားတွင် ဖူးပွင့်ဝေဆာသော စက္ကူပန်းများသဖွယ် အရောင်သွေးစုံ လှပကြသည်။

ဘရာဇီးမှ ဤနေရာ ဤအရပ်သည် အလှပဂေးများ ထုတ်လုပ်ပေးသည့်နေရာတစ်ခုအဖြစ် နာမည်ကြီးသည်။

 

အများစုမှာ ချစ်သူ ရည်းစားမရှိသော မိန်းကလေးများ ဖြစ်နေကြသည်။ အသက် ၂၃ နှစ်အရွယ်ရှိ Nelma Fernandes အမည်ရှိ မိန်းကလေးက ပြောသည်မှာ “ဒီနေရာမှာ ကျွန်မတို့ ကြုံဆုံရတဲ့ ယောက်ျားဆိုလို့ အိမ်ထောင်ရှိတဲ့သူတွေနဲ့ အမျိုးတွေပဲ ရှိပါတယ်။ ကျွန်မတို့အားလုံး ချစ်သူရှိလာဖို့၊ အိမ်ထောင်ပြုဖို့ စိတ်ကူးအိပ်မက်နေကြပါတယ်” ဟု ပြောသည်။

ဧည့်သည်တစ်ဦး ရောက်လာပါက အမဲသား၊ ကြက်သား၊ ပဲ၊ ဆန်၊ သခွား၊ ဖရုံ၊ ခရမ်းသီး အစရှိသည်တို့ဖြင့် ဧည့်ခံလေ့ရှိသည်။ ထိုအရာအားလုံးကို အမျိုးသမီးများချည်း စိုက်ပျိုးမွေးမြူထားခြင်း ဖြစ်၏။

ထိုသို့ ကျွေးမွေးဧည့်ခံခြင်းမှာ ပုံမှန်ဓလေ့တစ်ခု ဖြစ်သည်။

ယောက်ျားသားများမရှိဘဲ ရွာ၏ သာရေးနာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်ကြရသည့် ဘဝကို ပျော်ရွှင်ကြကြောင်း အများစုက ပြောသည်။ သို့သော် အချစ်ကို ရှာဖွေလိုသူများလည်း ရှိ၏။

အသက် ၄၂ နှစ်အရွယ်ရှိ Noelie Fernandes Pereira သည် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ဆန်စပါးတို့ ထွန်ယက်စိုက်ပျိုး၏။

ရွာကလေး၏ စိုက်ပျိုးရေးမှာ ရွာတွင်နေထိုင်သူများ စားသုံးရန်အတွက်သာမက ဝင်ငွေရရန်လည်း ရည်ရွယ်သည်။

စိုက်ခင်းများတွင် လုပ်ကိုင်သူ ၈၀ ဦးရှိသည့်အနက် Pereira လည်း အပါအဝင် ဖြစ်သည်။

စိုက်ခင်းလုပ်ကိုင်သူ အားလုံးနီးပါးမှာ အမျိုးသမီးများဖြစ်ကြပြီး ပြင်းထန်သော မွန်းတည့်နေကို ကာကွယ်ရန်အတွက် ကောက်ရိုးဦးထုပ်ကြီးများ ကိုယ်စီဆောင်းထားကြသည်။

“လူတိုင်းရဲ့ မေတ္တာတရားတွေကြောင့် ဒီနေရာက ထူးခြားပါတယ်”ဟု သူမက ပြောသည်။

သူ ဘာကြောင့် အိမ်ထောင်မပြုတာလဲ။

“ကျွန်မ သင့်တော်တဲ့သူ ရှာမတွေ့သေးလို့ပါ”ဟု Pereira က ပြောသည်။ ရွာလေးရှိ စွဲမက်ဖွယ်အကောင်းဆုံး မိန်းကလေးများတွင် တစ်ဦးအပါအဝင်ဖြစ်သူ Marcia Fernandes သည် အသက် ၃၃ နှစ်အရွယ်ရှိပြီး အချိန်ပိုင်း ကျေးလက်တေး အဆိုတော်တစ်ဦးလည်း ဖြစ်သည်။

“အမျိုးသမီးတွေပဲ အတူတူ ဒီမှာနေထိုင် စုပေါင်းအလုပ်လုပ်နေကြတာ အံ့သြစရာကောင်းပါတယ်။ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေကြရပေမယ့် အမြဲ ကျွန်မတို့ အတူတူရှိတယ်။ အခုဖြတ်သန်းနေရတဲ့ ဘဝက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ အမြဲတမ်းသူငယ်ချင်းတွေနဲ့ အတူရှိရတယ်။ တစ်ဦးကို တစ်ဦး အမြဲဖေးမကူညီကြတယ်လေ”ဟု Marcia က ပြောသည်။

ရွာကလေး၏ ကျား၊ မ မညီမျှမှု ဇာစ်မြစ်မှာ ၁၉ ရာစုနှောင်းပိုင်းကတည်းက စတင်ခဲ့သည်။

 

သိုးကလေး၏ သတို့သမီးဟု အဓိပ္ပာယ်ရသောအမည်ပေးထားသည့်ရွာလေးကို Maria Senhorinha de Lima အမည်ရှိ အမျိုးသမီးက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အိမ်ထောင်ရေးဖောက်ပြန်သည်ဟူသော စွပ်စွဲချက်ဖြင့် ၁၈၉၁ ခုနှစ်တွင် နေအိမ်မှ နှင်ထုတ်ခံခဲ့ရပြီးနောက်ပိုင်း ဤရွာလေးကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရွာလေး၏ စတုတ္ထမျိုးဆက်တစ်ဦးဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ Rosalee Fernandes က ပြောသည်မှာ ရွာတွင် ကျား၊မ အချိုး မညီမျှသည်မှာ ထင်သလောက် မဆိုးရွားကြောင်း၊ ရွာတွင် နေထိုင်သော အမျိုးသားများလည်းရှိကြောင်း၊ သို့သော် အလုပ်ပိတ်ရက်များတွင်သာ ရွာတွင်နေထိုင်ပြီး သတ္တုတွင်းသားများ အဖြစ် အလုပ်လုပ်ခြင်း (သို့မဟုတ်) အနီးဆုံးမြို့ကြီးဖြစ်သော Belo Horizonte တွင် အလုပ်သွားရောက် လုပ်ကိုင်ခြင်းများ ပြုလုပ်ကြကြောင်း ပြောသည်။

“သူတို့တွေ အလုပ်ပိတ်ပြီး ပြန်လာမယ့်ရက်ကိုပဲ ကျွန်မတို့ အမြဲမျှော်နေကြတယ်”ဟု သူမက ဖြည့်စွက်ပြောကြားသည်။

ဘရာဇီး၏ ကျေးလက်ဒေသများအနက် ၎င်းတို့ရွာလေးမှာ တမူထူးကြောင်းကို နိုအီဗာရွာလေးမှ မိန်းကလေး တို့က ဝန်ခံကြသည်။

သို့စေကာမူ ဘရာဇီးနိုင်ငံကို ကြည့်မည်ဆိုလျှင် အရာရာမှာ လျင်မြန်စွာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဘရာဇီးသမ္မတ Dilma Rousseff မှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။

ဘရာဇီးအစိုးရပိုင် Petrobras ရေနံကုမ္ပဏီကြီး၏ အကြီးအကဲ Maria das Gracas Foster မှာလည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းရေနံကုမ္ပဏီကြီးများအနက် တစ်ဦးတည်းသော အမျိူးသမီးအကြီးအကဲလည်း ဖြစ်သည်။

အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Grant Thornton ၏ ဖော်ပြချက်အရ ဘရာဇီးမှ ထိပ်တန်းကုမ္ပဏီကြီးများ၏ အကြီးတန်းမန်နေဂျာများအနက် ၂၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု ဆိုသည်။ နှိုင်းယှဉ်မှုအနေဖြင့် ကြည့်မည်ဆိုလျှင် ဗြိတိန်မှာ ၂၀ ရာခိုင်နှုန်းသာ ရှိသည်။

နိုအီဗာရွာလေးအကြောင်းမှာ ကမ္ဘာ့သတင်းမီဒီယာများတွင် ပျံ့နှံ့ကျော်ကြားလာခဲ့ပြီးနောက်ပိုင်း ရွာတည်နေရာ ဝေးလံခေါင်သီလှစေကာမူ ကမ္ဘာလှည့်ခရီးသည်များ ရောက်လာကြပြီး အထူးသဖြင့် ပြင်သစ်နိုင်ငံမှ ဖြစ်သည်။ အော်ဒရေဟက်ဘန်းကဲ့သို့ မေးရိုးမျိုးရှိပြီး စိမ်းညှို့ညှို့ မျက်ဝန်းကြီးများ ပိုင်ဆိုင်ထားသူ အသက် ၂၉ နှစ်အရွယ်ရှိ Elida Dayse က ပြောသည်မှာ “လာရောက်လည်ပတ်သူတွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဧည့်ခံဖို့ အသင့်ပါပဲ။ ဒါပေမယ့် ကျွန်မတို့ဆီမှာ ဘယ်သူမှ ပြင်သစ်စကား မတတ်ပါဘူး”ဟု ဆိုသည်။

ယခင်ကလည်း ရွာလေးသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များနှင့် ရွာမှမိန်းကလေးတို့ ချစ်ကြိုက်ကြဖူးသည်။

လွန်ခဲ့သော ၁၀ နှစ်က ချီလီမှ အမျိုးသားတစ်ဦးနှင့် ရွာမှမိန်းကလေးတစ်ဦး လက်ထပ်ခဲ့ကြဖူးသည်။

သို့သော် မိန်းကလေးများသည် ပြင်ပမှ လာမည့် အမျိုးသားများအပေါ် ငမ်းငမ်းတက်ဖြစ်နေခြင်းမျိုး မရှိကြောင်း Elida Dayse က ပြောသည်။

Marcia ၏ ညီမ ၊ အသက် ၂၈ နှစ်အရွယ်ရှိ Kaila Fernandes သည် စိုက်ခင်းအလုပ်အားချိန်များဆိုလျှင် လေဒီဂါဂါကဲ့သို့ဝတ်ဆင်ကာ ဗွီဒီယိုရိုက်နေလေ့ရှိသည်။

“လက်ရှိနေထိုင်မှုဘဝနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာတွေ မရှိပါဘူး။ အိမ်ထောင်ရေးကို ကျွန်မ မတွေးဘူး။ သူ့အချိန်ကျရင် အချစ်က ရောက်လာပါလိမ့်မယ်”ဟု Kaila က ပြောသည်။

 

(နိုအီဗာသို့ ရောက်သည့် ဘတ်စ်ကားလိုင်းများ ▶ 071, 072, 075, 403)

(နိုအီဗာသို့ ရောက်သည့် ရထား ▶ SERVIÇO 710 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Noiva do Cordeiro — a remote Brazilian village where nearly all the residents are women (nationalpost)

 

 

[Zawgyi]

ဘရာဇီးႏိုင္ငံမွ မဟာဖိုဝါဒၾကီးစိုးမႈကို တံု႔ျပန္ရန္ မိန္းကေလးမ်ားခ်ည္းေနထိုင္သည့္ေက်းရြာ

 

ဘရာဇီးႏိုင္ငံတြင္ မိန္းကေလးမ်ားခ်ည္း စုေပါင္းေနထိုင္ၾကသည့္ ႏိုအီဗာ ဒို ကိုးေဒရို (Noiva do Cordeiro ) အမည္ရွိ ရြာကေလးတစ္ခုရွိသည္။

အိမ္ေထာင္ေရးေဖာက္ျပန္သည္ဟုဆိုကာ အျပစ္ေပးခံရေသာ Senhorinha de Lima ဆိုသည့္ အမ်ဳိးသမီးတစ္ဦးက မဟာဖိုဝါဒၾကီးစိုးမႈကို တံု႔ျပန္ရန္ ဤရြာကေလးကို ၁၈၉၁ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ထိုသုိ႔ တည္ေထာင္ခဲ့ျပီးေနာက္ မိန္းကေလးမ်ားခ်ည္း စုေပါင္းေနထိုင္ခဲ့ၾကသည္။

ယေန႔အခါတြင္လည္း ရြာကေလးရွိ အမ်ဳိးသမီးအနည္းစုသာ လက္ထပ္ထားျပီး ခင္ပြန္းမ်ားရွိၾကသည္။

ရြာတြင္ အမ်ဳိးသားလက္တစ္ဆုပ္စာမွ် ရွိေသာ္လည္း ၎တို႔မွာလည္း ျမိဳ႕ျပမ်ားတြင္ သြားေရာက္ အလုပ္လုပ္ကိုင္ ေနၾကျပီး ရံုးပိတ္ရက္မ်ားတြင္သာ ရြာသို႔ျပန္လာေလ့ရွိၾကသည္။

ႏိုအီဗာေက်းရြာသည္ ဘရာဇီးႏိုင္ငံ၊ Belo Vale (လွပေသာေတာင္ၾကားဟု အဓိပၸာယ္ရ) ေတာင္ၾကားတြင္ တည္ရွိသည္။

ဘရာဇီးႏိုင္ငံ အေရွ႕ေတာင္ပိုင္း ရီယို ဒီ ဂ်ေနးရိုး၏ ေျမာက္ဘက္ မိုင္ ၃၀၀ ခန္႔အကြာတြင္ တည္ရွိသည္။

ရြာကေလးရွိရာ ေတာင္ၾကားသည္ အေခါက္ထူ သစ္ပင္အုပ္မ်ား၊ အခြံပြ လိေမၼာ္ခ်ဳိမ်ား၊ ငွက္ေပ်ာပင္မ်ား၊ အဝါေတာက္ေတာက္အပြင့္မ်ား ပင္လံုးညႊတ္ဖူးပြင့္သည့္ ipe အပင္မ်ားျဖင့္ လႊမ္းျခံဳထားသည္။ (ipe သည္ မကၠဆီကိုႏွင့္ အာဂ်င္တီးနားတို႔တြင္ ေပါမ်ားစြာေတြ႔ရျပီး ပါရာေဂြးႏိုင္ငံ၏ အမ်ဳိးသားပန္းလည္း ျဖစ္သည္)

ႏိုအီဗာရြာေလးကို လူအမ်ား အာရံုစိုက္ၾကသည္မွာ ေျမမ်က္ႏွာသြင္ျပင္ ရႈခင္းမ်ားေၾကာင့္ မဟုတ္။ ရြာကေလးတြင္ ေနထုိင္သူမ်ား ၊ အထူးသျဖင့္ မိန္းကေလးမ်ားကို အာရံုစိုက္ၾကျခင္း ျဖစ္၏။

ရြာတြင္ေနထုိင္သူအမ်ားစုမွာ မိန္းကေလးမ်ား ျဖစ္ျပီး ထိုမိန္းကေလးမ်ားမွာ ေတာင္ၾကားတြင္ ဖူးပြင့္ေဝဆာေသာ စကၠဴပန္းမ်ားသဖြယ္ အေရာင္ေသြးစံု လွပၾကသည္။

ဘရာဇီးမွ ဤေနရာ ဤအရပ္သည္ အလွပေဂးမ်ား ထုတ္လုပ္ေပးသည့္ေနရာတစ္ခုအျဖစ္ နာမည္ၾကီးသည္။

အမ်ားစုမွာ ခ်စ္သူ ရည္းစားမရွိေသာ မိန္းကေလးမ်ား ျဖစ္ေနၾကသည္။ အသက္ ၂၃ ႏွစ္အရြယ္ရွိ Nelma Fernandes အမည္ရွိ မိန္းကေလးက ေျပာသည္မွာ “ဒီေနရာမွာ ကၽြန္မတို႔ ၾကံဳဆံုရတဲ့ ေယာက်္ားဆိုလို႔ အိမ္ေထာင္ရွိတဲ့သူေတြနဲ႔ အမ်ဳိးေတြပဲ ရွိပါတယ္။ ကၽြန္မတို႔အားလံုး ခ်စ္သူရွိလာဖို႔၊ အိမ္ေထာင္ျပဳဖို႔ စိတ္ကူးအိပ္မက္ေနၾကပါတယ္” ဟု ေျပာသည္။

ဧည့္သည္တစ္ဦး ေရာက္လာပါက အမဲသား၊ ၾကက္သား၊ ပဲ၊ ဆန္၊ သခြား၊ ဖရံု၊ ခရမ္းသီး အစရွိသည္တို႔ျဖင့္ ဧည့္ခံေလ့ရွိသည္။ ထိုအရာအားလံုးကို အမ်ဳိးသမီးမ်ားခ်ည္း စိုက္ပ်ဳိးေမြးျမဴထားျခင္း ျဖစ္၏။

ထိုသို႔ ေကၽြးေမြးဧည့္ခံျခင္းမွာ ပံုမွန္ဓေလ့တစ္ခု ျဖစ္သည္။

ေယာက်္ားသားမ်ားမရွိဘဲ ရြာ၏ သာေရးနာေရး၊ စိုက္ပ်ဳိးေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ၾကရသည့္ ဘဝကို ေပ်ာ္ရႊင္ၾကေၾကာင္း အမ်ားစုက ေျပာသည္။ သို႔ေသာ္ အခ်စ္ကို ရွာေဖြလိုသူမ်ားလည္း ရွိ၏။

အသက္ ၄၂ ႏွစ္အရြယ္ရွိ Noelie Fernandes Pereira သည္ ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံႏွင့္ ဆန္စပါးတို႔ ထြန္ယက္စိုက္ပ်ဳိး၏။

ရြာကေလး၏ စိုက္ပ်ဳိးေရးမွာ ရြာတြင္ေနထုိင္သူမ်ား စားသံုးရန္အတြက္သာမက ဝင္ေငြရရန္လည္း ရည္ရြယ္သည္။

စိုက္ခင္းမ်ားတြင္ လုပ္ကိုင္သူ ၈၀ ဦးရွိသည့္အနက္ Pereira လည္း အပါအဝင္ ျဖစ္သည္။

စိုက္ခင္းလုပ္ကိုင္သူ အားလံုးနီးပါးမွာ အမ်ဳိးသမီးမ်ားျဖစ္ၾကျပီး ျပင္းထန္ေသာ မြန္းတည့္ေနကို ကာကြယ္ရန္အတြက္ ေကာက္ရိုးဦးထုပ္ၾကီးမ်ား ကိုယ္စီေဆာင္းထားၾကသည္။

“လူတိုင္းရဲ႕ ေမတၱာတရားေတြေၾကာင့္ ဒီေနရာက ထူးျခားပါတယ္”ဟု သူမက ေျပာသည္။

သူ ဘာေၾကာင့္ အိမ္ေထာင္မျပဳတာလဲ။

“ကၽြန္မ သင့္ေတာ္တဲ့သူ ရွာမေတြ႔ေသးလို႔ပါ”ဟု Pereira က ေျပာသည္။ ရြာေလးရွိ စြဲမက္ဖြယ္အေကာင္းဆံုး မိန္းကေလးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ Marcia Fernandes သည္ အသက္ ၃၃ ႏွစ္အရြယ္ရွိျပီး အခ်ိန္ပိုင္း ေက်းလက္ေတး အဆိုေတာ္တစ္ဦးလည္း ျဖစ္သည္။

“အမ်ဳိးသမီးေတြပဲ အတူတူ ဒီမွာေနထုိင္ စုေပါင္းအလုပ္လုပ္ေနၾကတာ အံ့ၾသစရာေကာင္းပါတယ္။ အလုပ္ေတြ ပင္ပင္ပန္းပန္း လုပ္ေနၾကရေပမယ့္ အျမဲ ကၽြန္မတို႔ အတူတူရွိတယ္။ အခုျဖတ္သန္းေနရတဲ့ ဘဝက ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မတို႔ အျမဲတမ္းသူငယ္ခ်င္းေတြနဲ႔ အတူရွိရတယ္။ တစ္ဦးကို တစ္ဦး အျမဲေဖးမကူညီၾကတယ္ေလ”ဟု Marcia က ေျပာသည္။

ရြာကေလး၏ က်ား၊ မ မညီမွ်မႈ ဇာစ္ျမစ္မွာ ၁၉ ရာစုေႏွာင္းပိုင္းကတည္းက စတင္ခဲ့သည္။

သိုးကေလး၏ သတို႔သမီးဟု အဓိပၸာယ္ရေသာအမည္ေပးထားသည့္ရြာေလးကို Maria Senhorinha de Lima အမည္ရွိ အမ်ဳိးသမီးက တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

အိမ္ေထာင္ေရးေဖာက္ျပန္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ၁၈၉၁ ခုႏွစ္တြင္ ေနအိမ္မွ ႏွင္ထုတ္ခံခဲ့ရျပီးေနာက္ပိုင္း ဤရြာေလးကို တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ရြာေလး၏ စတုတၳမ်ဳိးဆက္တစ္ဦးျဖစ္သူ အသက္ ၄၉ ႏွစ္အရြယ္ရွိ Rosalee Fernandes က ေျပာသည္မွာ ရြာတြင္ က်ား၊မ အခ်ဳိး မညီမွ်သည္မွာ ထင္သေလာက္ မဆိုးရြားေၾကာင္း၊ ရြာတြင္ ေနထိုင္ေသာ အမ်ဳိးသားမ်ားလည္းရွိေၾကာင္း၊ သို႔ေသာ္ အလုပ္ပိတ္ရက္မ်ားတြင္သာ ရြာတြင္ေနထိုင္ျပီး သတၱဳတြင္းသားမ်ား အျဖစ္ အလုပ္လုပ္ျခင္း (သို႔မဟုတ္) အနီးဆံုးျမိဳ႕ၾကီးျဖစ္ေသာ Belo Horizonte တြင္ အလုပ္သြားေရာက္ လုပ္ကိုင္ျခင္းမ်ား ျပဳလုပ္ၾကေၾကာင္း ေျပာသည္။

“သူတို႔ေတြ အလုပ္ပိတ္ျပီး ျပန္လာမယ့္ရက္ကိုပဲ ကၽြန္မတို႔ အျမဲေမွ်ာ္ေနၾကတယ္”ဟု သူမက ျဖည့္စြက္ေျပာၾကားသည္။

ဘရာဇီး၏ ေက်းလက္ေဒသမ်ားအနက္ ၎တို႔ရြာေလးမွာ တမူထူးေၾကာင္းကို ႏိုအီဗာရြာေလးမွ မိန္းကေလး တို႔က ဝန္ခံၾကသည္။

သို႔ေစကာမူ ဘရာဇီးႏိုင္ငံကို ၾကည့္မည္ဆိုလွ်င္ အရာရာမွာ လ်င္ျမန္စြာ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေနသည္။

၂၀၁၁ မွ ၂၀၁၆ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဘရာဇီးသမၼတ Dilma Rousseff မွာ အမ်ဳိးသမီးတစ္ဦး ျဖစ္သည္။

ဘရာဇီးအစိုးရပိုင္ Petrobras ေရနံကုမၸဏီၾကီး၏ အၾကီးအကဲ Maria das Gracas Foster မွာလည္း အမ်ဳိးသမီးတစ္ဦးျဖစ္ျပီး ကမၻာ့ထိပ္တန္းေရနံကုမၸဏီၾကီးမ်ားအနက္ တစ္ဦးတည္းေသာ အမ်ဴိးသမီးအၾကီးအကဲလည္း ျဖစ္သည္။

အတိုင္ပင္ခံကုမၸဏီတစ္ခုျဖစ္ေသာ Grant Thornton ၏ ေဖာ္ျပခ်က္အရ ဘရာဇီးမွ ထိပ္တန္းကုမၸဏီၾကီးမ်ား၏ အၾကီးတန္းမန္ေနဂ်ာမ်ားအနက္ ၂၇ ရာခိုင္ႏႈန္းမွာ အမ်ဳိးသမီးမ်ားျဖစ္သည္ဟု ဆိုသည္။ ႏႈိင္းယွဥ္မႈအေနျဖင့္ ၾကည့္မည္ဆိုလွ်င္ ျဗိတိန္မွာ ၂၀ ရာခိုင္ႏႈန္းသာ ရွိသည္။

ႏိုအီဗာရြာေလးအေၾကာင္းမွာ ကမၻာ့သတင္းမီဒီယာမ်ားတြင္ ပ်ံ႕ႏွံ႔ေက်ာ္ၾကားလာခဲ့ျပီးေနာက္ပိုင္း ရြာတည္ေနရာ ေဝးလံေခါင္သီလွေစကာမူ ကမၻာလွည့္ခရီးသည္မ်ား ေရာက္လာၾကျပီး အထူးသျဖင့္ ျပင္သစ္ႏိုင္ငံမွ ျဖစ္သည္။ ေအာ္ဒေရဟက္ဘန္းကဲ့သို႔ ေမးရိုးမ်ဳိးရိွျပီး စိမ္းညႈိ႔ညႈိ႔ မ်က္ဝန္းၾကီးမ်ား ပိုင္ဆိုင္ထားသူ အသက္ ၂၉ ႏွစ္အရြယ္ရွိ Elida Dayse က ေျပာသည္မွာ “လာေရာက္လည္ပတ္သူေတြကို ဝမ္းေျမာက္ဝမ္းသာ ၾကိဳဆိုဧည့္ခံဖို႔ အသင့္ပါပဲ။ ဒါေပမယ့္ ကၽြန္မတို႔ဆီမွာ ဘယ္သူမွ ျပင္သစ္စကား မတတ္ပါဘူး”ဟု ဆိုသည္။

ယခင္ကလည္း ရြာေလးသို႔ လာေရာက္လည္ပတ္သည့္ ကမၻာလွည့္ခရီးသည္မ်ားႏွင့္ ရြာမွမိန္းကေလးတို႔ ခ်စ္ၾကိဳက္ၾကဖူးသည္။

လြန္ခဲ့ေသာ ၁၀ ႏွစ္က ခ်ီလီမွ အမ်ဳိးသားတစ္ဦးႏွင့္ ရြာမွမိန္းကေလးတစ္ဦး လက္ထပ္ခဲ့ၾကဖူးသည္။

သို႔ေသာ္ မိန္းကေလးမ်ားသည္ ျပင္ပမွ လာမည့္ အမ်ဳိးသားမ်ားအေပၚ ငမ္းငမ္းတက္ျဖစ္ေနျခင္းမ်ဳိး မရွိေၾကာင္း Elida Dayse က ေျပာသည္။

Marcia ၏ ညီမ ၊ အသက္ ၂၈ ႏွစ္အရြယ္ရွိ Kaila Fernandes သည္ စိုက္ခင္းအလုပ္အားခ်ိန္မ်ားဆိုလွ်င္ ေလဒီဂါဂါကဲ့သို႔ဝတ္ဆင္ကာ ဗြီဒီယိုရိုက္ေနေလ့ရွိသည္။

“လက္ရွိေနထိုင္မႈဘဝနဲ႔ ပတ္သက္ျပီး စိုးရိမ္ပူပန္တာေတြ မရွိပါဘူး။ အိမ္ေထာင္ေရးကို ကၽြန္မ မေတြးဘူး။ သူ႔အခ်ိန္က်ရင္ အခ်စ္က ေရာက္လာပါလိမ့္မယ္”ဟု Kaila က ေျပာသည္။

 

(ႏိုအီဗာသို႔ ေရာက္သည့္ ဘတ္စ္ကားလိုင္းမ်ား ▶ 071, 072, 075, 403)

(ႏိုအီဗာသို႔ ေရာက္သည့္ ရထား ▶ SERVIÇO 710 )

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit to Photo

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Noiva do Cordeiro — a remote Brazilian village where nearly all the residents are women (nationalpost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service