ရှူဆေးရှူတိုင်း ကောင်းရဲ့လား

ရှူဆေးရှူတိုင်း ကောင်းရဲ့လား - Property Knowledge in Myanmar from iMyanmarHouse.com
20 Nov 2022 10:41 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ရှူဆေးရှူတိုင်း ကောင်းရဲ့လား ….. ယနေ့ခေတ် အပြင်ထွက်လိုက်တာနဲ့ ရှောင်လွှဲလို့မရတမ်း ရင်ဆိုင်နေရတာက ညစ်ညမ်းမှုပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေရယ်၊ ညစ်ညမ်းမှုရယ် ပေါင်းလိုက်တဲ့အခါမှာတော့ အလွယ်တကူဖျားနာလာရပါတော့တယ်။ ဒီလိုဖျားနာတဲ့အခါ အရင်ဆုံးခံစားရတာက နှာခေါင်းပိတ်မယ်၊ ခေါင်းကိုက်မယ်၊ နေရထိုင်ရမအီမသာ ဖြစ်တာတွေပေါ့။

နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အမြဲလိုလို ဖြေရှင်းနေကျ နည်းလမ်းလေးတစ်ခုရှိတယ်နော်။ တော်တော်များများလည်း သုံးကြတယ်လေ။ ရှူဆေးရှူ လိုက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပရုတ်ဆီကို လက်မှာပွတ်ပြီး ရှူလိုက်တာမျိုးပါ။

ဒီလိုရှူလိုက်တဲ့အခါ သက်သာသွားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တကယ်ရောကောင်းရဲ့လားလို့တွေးကြည့်ဖူးလား။ မတွေးကြည့်ဖူးသေးရင်ကောင်း၊ မကောင်းကို ဒီဆောင်းပါးလေးထဲမှာ တူတူဖတ်ကြည့်ရအောင်နော်။

နှာခေါင်းပိတ်ခြင်းနဲ့ ရှူဆေးရှူ ခြင်း

နှာခေါင်းပိတ်ရင် အရင်ဆုံးခံစားရမယ့်လက္ခဏာတစ်ခုက အသက်ရှူရခက်တာပါ။ တစ်နေ့တာလုံး အသက်ရှူရခက်မယ်၊ နေရထိုင်ရမသက်မသာဖြစ်မယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်ရခက်တာမျိုးဖြစ်မယ်။ ဒီလိုဖြစ်တာက နှာခေါင်းအတွင်းပိုင်းနံရံထဲမှာရှိတဲ့သွေးကြောလေးတွေ ရောင်ရမ်းလာတာကြောင့်ပါ။

ဒီလိုမျိုးရောင်ရမ်းလာတဲ့အခါ ချွဲတွေဖြစ်လာပါတယ်။ ဒီလိုဖြစ်တော့ နှာခေါင်းတွင်းမှာ ပိတ်ဆို့ပြီး အသက်ရှူရခက်တော့တာပေါ့။ နှာခေါင်းပိတ်တဲ့အခါ အသက်ရှူရခက်တာအပြင် ပါးတွေ၊ နဖူး နဲ့ မျက်လုံးနှစ်ခုကြားမှာ ရောင်ရမ်းနာကျင်မှုကိုပါခံစားရနိုင်ပါတယ်။

နှာခေါင်းထဲမှာ ချွဲတွေပိုများလာလေလေ၊ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေပိုများလေလေပါ။ ဒီလိုဖြစ်မှုက ရောဂါတွေကူးစက်ခံရနိုင်ခြေကို ပိုများသွားစေနိုင်ပါတယ်။ ဒီလိုအခြေအနေကို ချွဲတွေ အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်ဖြစ်နေတာတွေကနေတဆင့် သိရှိနိုင်ပါတယ်။

ဒီလိုဖြစ်တဲ့အခါ ဆေးခန်းသွားတာမျိုး၊ ဆေးသောက်တာမျိုးမလုပ်ခင် အများစုက အလွယ်တကူဝယ်လို့ရတဲ့ ရှူဆေးကိုရှူလိုက်ကြတာပါပဲ။ အချို့ဆို အိတ်ထဲမှာတောင် အလွယ်တကူဆောင်ထားတတ်ကြပါသေးတယ်။ ရှူဆေးရှူလိုက်တဲ့အခါ ချက်ချင်း နှာခေါင်းပွင့်သွားပြီး အသက်ရှူရချောင်သွားပေမယ့် ဒီသက်သာမှုက ကာလတိုပါပဲ။

ဒီလိုအသက်ရှူရချောင်သွားတာကလည်း ရှူဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြာင့် ရောင်နေတဲ့ သွေးကြောလေးတွေ ကျုံ့သွားတာကြောင့်ပါ။ နောက်ပိုင်းမှာတော့ ရှူဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် နှာခေါင်းပိတ်တာက ပိုဆိုးလာတာမျိုးတောင်ရှိတတ်ပါတယ်။

 

ရှူဆေးရှူတိုင်း ကောင်းရဲ့လား

ရှူဆေးရှူတိုင်း ကောင်းရဲ့လား ….. ဆိုတော့ နှာခေါင်းပိတ်တဲ့အခါ၊ ခေါင်းကိုက်တဲ့အခါ အလွယ်တကူရှူတတ်တဲ့ ရှူဆေးက အချိန်တိုအတွင်းမှာ သက်သာသွားစေတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ရှူဆေးရှူတဲ့အခါ ပါဝင်ပစ္စည်းတွေကြောင့် တစ်ခါတလေမှာ အခုလိုမျိုး ဆိုးကျိုးတွေကို တွေ့ရနိုင်ပါတယ်။

ပူစပ်ပူလောင်ဖြစ်တာမျိုး ခံစားရနိုင်တယ်

မအီမသာဖြစ်ပြီး အော့အန်နိုင်ပါတယ်

သွေးပေါင်ချိန် တက်နိုင်ပါတယ်

ငိုက်မြည်းမယ်၊ ငြီးစီစီခံစားရတာမျိုးဖြစ်နိုင်ပါတယ်

နှာခေါင်းပိတ်တာ ပိုဆိုးသွားနိုင်ပါတယ်

အရေပြားမှာ အဖုအပိမ့်တွေထွက်တာမျိုးဖြစ်နိုင်တယ်

အသက်ရှူရခက်တာမျိုးဖြစ်နိုင်တယ်

မျက်နှာ၊ နှုတ်ခမ်းနဲ့ လျှာတွေ၊ လည်ပင်းတွေမှာရောင်ရမ်းတာမျိုးဖြစ်နိုင်တယ်။

နှာခေါင်းပိတ်တာကို အားနဲ့ ရှူမိတဲ့အခါ နှာခေါင်းသွေးလျှံနိုင်ပါတယ်။

ဒါကြောင့် နှာခေါင်းပိတ်တဲ့အခါ ရှူဆေးမရှူခင် ရေနွေးငွေ့ခံတာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ဘေးကင်းကင်းနဲ့ နှာခေါင်းပိတ်တာကို သက်သာစေတဲ့နည်းလမ်းတစ်ခုပါ။

နောက်တစ်ချက်က တော်ရုံလေးစိတ်ရှုပ်တာကြောင့်ဖြစ်လာတဲ့အခြေအနေလေးတစ်ခုကို ရှူဆေးအနံ့ပြင်းပြင်းတွေ ရှူတာမျိုးမလုပ်ပါနဲ့။ သင့်အနေနဲ့ ရှူဆေးရှူ ရတာကို နှစ်သက်တယ်ဆိုခဲ့ရင်လည်း သဘာဝအဆီတွေဖြစ်ကြတဲ့ စပါးလင်အဆီလိုမျိုး ဓာတုဆေးမပါတာမျိုးကို ရှူပေးပါ။ မကြာခဏ ရှူတာမျိုးကို ရှောင်ကြဉ်ပါ။

 

 

 

ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ကိုယ်တိုင်ပါ။ ကဲ ရှူဆေးက ရှူတိုင်းကောင်းလား၊ မကောင်းဘူးလား ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်…….

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon  

 

 

[Zawgyi]

႐ွဴေဆး႐ွဴတိုင္း ေကာင္းရဲ႕လား

 

႐ွဴေဆး႐ွဴတိုင္း ေကာင္းရဲ႕လား ….. ယေန႔ေခတ္ အျပင္ထြက္လိုက္တာနဲ႔ ေ႐ွာင္လႊဲလို႔မရတမ္း ရင္ဆိုင္ေနရတာက ညစ္ညမ္းမႈပါ။ လ်င္ျမန္စြာေျပာင္းလဲေနတဲ့ ရာသီဥတုအေျခအေနရယ္၊ ညစ္ညမ္းမႈရယ္ ေပါင္းလိုက္တဲ့အခါမွာေတာ့ အလြယ္တကူဖ်ားနာလာရပါေတာ့တယ္။ ဒီလိုဖ်ားနာတဲ့အခါ အရင္ဆုံးခံစားရတာက ႏွာေခါင္းပိတ္မယ္၊ ေခါင္းကိုက္မယ္၊ ေနရထိုင္ရမအီမသာ ျဖစ္တာေတြေပါ့။

ႏွာေခါင္းပိတ္တာနဲ႔ ေခါင္းကိုက္တာက ေရာဂါႀကီးႀကီးမားမားမဟုတ္ေပမယ့္ အလုပ္ထဲမွာ အာ႐ုံစိုက္လို႔မရတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုျဖစ္တဲ့အခါ အၿမဲလိုလို ေျဖ႐ွင္းေနက် နည္းလမ္းေလးတစ္ခု႐ွိတယ္ေနာ္။ ေတာ္ေတာ္မ်ားမ်ားလည္း သုံးၾကတယ္ေလ။ ႐ွဴေဆး႐ွဴ လိုက္တာမ်ိဳးေပါ့။ ဒါမွမဟုတ္လည္း ပ႐ုတ္ဆီကို လက္မွာပြတ္ၿပီး ႐ွဴလိုက္တာမ်ိဳးပါ။

ဒီလို႐ွဴလိုက္တဲ့အခါ သက္သာသြားတယ္ဆိုေပမယ့္ က်န္းမာေရးအတြက္ တကယ္ေရာေကာင္းရဲ႕လားလို႔ေတြးၾကည့္ဖူးလား။ မေတြးၾကည့္ဖူးေသးရင္ေကာင္း၊ မေကာင္းကို ဒီေဆာင္းပါးေလးထဲမွာ တူတူဖတ္ၾကည့္ရေအာင္ေနာ္။

ႏွာေခါင္းပိတ္ျခင္းနဲ႔ ႐ွဴေဆး႐ွဴ ျခင္း

ႏွာေခါင္းပိတ္ရင္ အရင္ဆုံးခံစားရမယ့္လကၡဏာတစ္ခုက အသက္႐ွဴရခက္တာပါ။ တစ္ေန႔တာလုံး အသက္႐ွဴရခက္မယ္၊ ေနရထိုင္ရမသက္မသာျဖစ္မယ္၊ အလုပ္လုပ္တဲ့အခါ အာ႐ုံစူးစိုက္ရခက္တာမ်ိဳးျဖစ္မယ္။ ဒီလိုျဖစ္တာက ႏွာေခါင္းအတြင္းပိုင္းနံရံထဲမွာ႐ွိတဲ့ေသြးေၾကာေလးေတြ ေရာင္ရမ္းလာတာေၾကာင့္ပါ။

ဒီလိုမ်ိဳးေရာင္ရမ္းလာတဲ့အခါ ခြၽဲေတြျဖစ္လာပါတယ္။ ဒီလိုျဖစ္ေတာ့ ႏွာေခါင္းတြင္းမွာ ပိတ္ဆို႔ၿပီး အသက္႐ွဴရခက္ေတာ့တာေပါ့။ ႏွာေခါင္းပိတ္တဲ့အခါ အသက္႐ွဴရခက္တာအျပင္ ပါးေတြ၊ နဖူး နဲ႔ မ်က္လုံးႏွစ္ခုၾကားမွာ ေရာင္ရမ္းနာက်င္မႈကိုပါခံစားရႏိုင္ပါတယ္။

ႏွာေခါင္းထဲမွာ ခြၽဲေတြပိုမ်ားလာေလေလ၊ ဘက္တီးရီးယားေတြ ေပါက္ဖြားႏိုင္ေျခပိုမ်ားေလေလပါ။ ဒီလိုျဖစ္မႈက ေရာဂါေတြကူးစက္ခံရႏိုင္ေျခကို ပိုမ်ားသြားေစႏိုင္ပါတယ္။ ဒီလိုအေျခအေနကို ခြၽဲေတြ အစိမ္းေရာင္ ဒါမွမဟုတ္ အဝါေရာင္ျဖစ္ေနတာေတြကေနတဆင့္ သိ႐ွိႏိုင္ပါတယ္။

ဒီလိုျဖစ္တဲ့အခါ ေဆးခန္းသြားတာမ်ိဳး၊ ေဆးေသာက္တာမ်ိဳးမလုပ္ခင္ အမ်ားစုက အလြယ္တကူဝယ္လို႔ရတဲ့ ႐ွဴေဆးကို႐ွဴလိုက္ၾကတာပါပဲ။ အခ်ိဳ႕ဆို အိတ္ထဲမွာေတာင္ အလြယ္တကူေဆာင္ထားတတ္ၾကပါေသးတယ္။ ႐ွဴေဆး႐ွဴလိုက္တဲ့အခါ ခ်က္ခ်င္း ႏွာေခါင္းပြင့္သြားၿပီး အသက္႐ွဴရေခ်ာင္သြားေပမယ့္ ဒီသက္သာမႈက ကာလတိုပါပဲ။

ဒီလိုအသက္႐ွဴရေခ်ာင္သြားတာကလည္း ႐ွဴေဆးမွာပါတဲ့ ဓာတုပစၥည္းေတြၾကာင့္ ေရာင္ေနတဲ့ ေသြးေၾကာေလးေတြ က်ံဳ႕သြားတာေၾကာင့္ပါ။ ေနာက္ပိုင္းမွာေတာ့ ႐ွဴေဆးမွာပါတဲ့ ဓာတုပစၥည္းေတြေၾကာင့္ ႏွာေခါင္းပိတ္တာက ပိုဆိုးလာတာမ်ိဳးေတာင္႐ွိတတ္ပါတယ္။

႐ွဴေဆး႐ွဴတိုင္း ေကာင္းရဲ႕လား

႐ွဴေဆး႐ွဴတိုင္း ေကာင္းရဲ႕လား ….. ဆိုေတာ့ ႏွာေခါင္းပိတ္တဲ့အခါ၊ ေခါင္းကိုက္တဲ့အခါ အလြယ္တကူ႐ွဴတတ္တဲ့ ႐ွဴေဆးက အခ်ိန္တိုအတြင္းမွာ သက္သာသြားေစတယ္ဆိုေပမယ့္ တန္ေဆး လြန္ေဘးဆိုသလို ေကာင္းက်ိဳး႐ွိသလို ဆိုးက်ိဳးလည္း႐ွိပါတယ္။ ႐ွဴေဆး႐ွဴတဲ့အခါ ပါဝင္ပစၥည္းေတြေၾကာင့္ တစ္ခါတေလမွာ အခုလိုမ်ိဳး ဆိုးက်ိဳးေတြကို ေတြ႕ရႏိုင္ပါတယ္။

ပူစပ္ပူေလာင္ျဖစ္တာမ်ိဳး ခံစားရႏိုင္တယ္

မအီမသာျဖစ္ၿပီး ေအာ့အန္ႏိုင္ပါတယ္

ေသြးေပါင္ခ်ိန္ တက္ႏိုင္ပါတယ္

ငိုက္ျမည္းမယ္၊ ၿငီးစီစီခံစားရတာမ်ိဳးျဖစ္ႏိုင္ပါတယ္

ႏွာေခါင္းပိတ္တာ ပိုဆိုးသြားႏိုင္ပါတယ္

အေရျပားမွာ အဖုအပိမ့္ေတြထြက္တာမ်ိဳးျဖစ္ႏိုင္တယ္

အသက္႐ွဴရခက္တာမ်ိဳးျဖစ္ႏိုင္တယ္

မ်က္ႏွာ၊ ႏႈတ္ခမ္းနဲ႔ လွ်ာေတြ၊ လည္ပင္းေတြမွာေရာင္ရမ္းတာမ်ိဳးျဖစ္ႏိုင္တယ္။

ႏွာေခါင္းပိတ္တာကို အားနဲ႔ ႐ွဴမိတဲ့အခါ ႏွာေခါင္းေသြးလွ်ံႏိုင္ပါတယ္။

ဒါေၾကာင့္ ႏွာေခါင္းပိတ္တဲ့အခါ ႐ွဴေဆးမ႐ွဴခင္ ေရေႏြးေငြ႕ခံတာမ်ိဳး လုပ္ေပးပါ။ ဒီလိုလုပ္ေပးတာက ေဘးကင္းကင္းနဲ႔ ႏွာေခါင္းပိတ္တာကို သက္သာေစတဲ့နည္းလမ္းတစ္ခုပါ။

ေနာက္တစ္ခ်က္က ေတာ္႐ုံေလးစိတ္႐ႈပ္တာေၾကာင့္ျဖစ္လာတဲ့

အေျခအေနေလးတစ္ခုကို ႐ွဴေဆးအနံ႔ျပင္းျပင္းေတြ ႐ွဴတာမ်ိဳးမလုပ္ပါနဲ႔။ သင့္အေနနဲ႔ ႐ွဴေဆး႐ွဴ ရတာကို ႏွစ္သက္တယ္ဆိုခဲ့ရင္လည္း သဘာဝအဆီေတြျဖစ္ၾကတဲ့ စပါးလင္အဆီလိုမ်ိဳး ဓာတုေဆးမပါတာမ်ိဳးကို ႐ွဴေပးပါ။ မၾကာခဏ ႐ွဴတာမ်ိဳးကို ေ႐ွာင္ၾကဥ္ပါ။

ကိုယ့္က်န္းမာေရးကိုေစာင့္ေ႐ွာက္ဖို႔ တာဝန္အ႐ွိဆုံး ကိုယ္တိုင္ပါ။ ကဲ ႐ွဴေဆးက ႐ွဴတိုင္းေကာင္းလား၊ မေကာင္းဘူးလား ကိုယ္တိုင္ဆုံးျဖတ္လိုက္ပါေနာ္…….

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service