သိပ္ပံပညာရှင်များပင် တုန်လှုပ်ခဲ့ကြသော အသက် ၁၂ နှစ်အရွယ်ရောက်လျှင် မိန်းကလေးဘဝမှ ယောက်ျားလေးဖြစ်သွားကြသော ကျေးရွာ
သိပ္ပံပညာရှင်များပင် တုန်လှုပ်ခဲ့ကြသော အသက် ၁၂ နှစ်အရွယ်ရောက်လျှင် မိန်းကလေးဘဝမှ ယောက်ျားလေးဖြစ်သွားကြသော ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
31 Oct 2022 11:07 am တွင် တင်ခဲ့သည်
9891 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ဆန်းကြယ်လှသော ရွာကလေး)
ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီးသည် ဆန်းကြယ်မှုများ ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်သည်။
ထိုသို့ ဆန်းကြယ်မှုများအတိပြီးနေသော ကမ္ဘာကြီး၏တစ်နေရာတွင် မိန်းကလေးများမှာ ယောက်ျားလေးဘဝသို့ ဆန်းကြယ်စွာ ပြောင်းလဲသွားကြသည့် ကျေးရွာတစ်ခုရှိနေသည်။
အဆိုပါရွာကလေးနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာ သုတေသနပြု အဖြေရှာခဲ့ကြသော်လည်း အဖြေတစုံတရာ မရခဲ့။
ရွာကလေး၏ အမည်မှာ La Salinas ဟု အမည်ရပြီး ဒိုမီနီကန်သမ္မတနိုင်ငံတွင် တည်ရှိသည်။
ဒိုမီနီကန်နိုင်ငံမှာ လူဦးရေ ၆၀၀၀ သာရှိသော နိုင်ငံငယ်ကလေးတစ်ခု ဖြစ်သည်။
(အသက် ၁၂ နှစ်အရွယ်သို့ ရောက်လျှင် လိင်ပြောင်းလဲသွားကြသည်)
La Salinas ရွာကလေး၏ အံ့အားသင့်ဖွယ်အကောင်းဆုံးနှင့် တုန်လှုပ်ဖွယ်အကောင်းဆုံးအချက်မှာ ထိုရွာတွင် နေထိုင်သော မိန်းကလေးငယ်များသည် အသက် ၁၂ နှစ်အရွယ်သို့ရောက်သည်နှင့် လိင်ပြောင်းလဲသွားကာ ယောက်ျားလေးများ ဖြစ်သွားကြခြင်း ဖြစ်သည်။
ထိုရွာကလေးအကြောင်းကိုလည်း သတင်းမီဒီယာများစွာက ရေးသားဖော်ပြမှုများ ရှိခဲ့သည်။
ရွာသူရွာသားများမှာလည်း ရွာထဲမှ မိန်းကလေးများ ယောက်ျားလေးဘဝ ပြောင်းသွားခြင်းနှင့် စပ်လျဉ်းပြီး များစွာ စိုးရိမ်မကင်းဖြစ်ခဲ့ကြရသည်။
ထိုရွာကလေးမှာ ကျိန်စာသင့်နေခြင်းဖြစ်သည်ဟု အချို့က သုံးသပ်ကြသည်။
(ဆရာဝန်တွေ ဘာပြောလဲ)
ရွာကလေးတွင် အိမ်တစ်အိမ်၌ သမီးမိန်းကလေးတစ်ဦး မွေးဖွားလာပါက အဆိုပါမိသားစုမှာ များစွာ ဝမ်းနည်းကြေကွဲကြသည်။
အဘယ့်ကြောင့်ဆိုလျှင် အသက် ၁၂ နှစ်အရွယ်သို့ရောက်လျှင် ယောက်ျားလေးဘဝသို့ ပြောင်းလဲသွားမည် ဖြစ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ရွာသားများမှာ သမီးမိန်းကလေး မလိုချင်ကြချေ။
မိန်းကလေးများ လိင်ပြောင်းလဲသည့်ရောဂါကို အဖြေရှာရန် ကမ္ဘာတစ်ဝန်းမှ သုတေသီများက ကြိုးစားခဲ့ကြသော်လည်း အဖြေရှာမရခဲ့။
ဆရာဝန်များ၏ အဆိုအရမူ မျိုးဗီဇဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းဖြစ်ပြီး ‘pseudohormaphrodite’ ဟုခေါ်သည်ဟု ဆိုသည်။
(လိင်ပြောင်းလဲခြင်း)
အဆိုပါကျေးရွာတွင် မိန်းကလေးဘဝမှပြောင်းလဲလာသော ယောက်ျားလေးများက်ို ဂဲ့ဒိုချီ (Guedoche) ဟုခေါ်ကြသည်။ (ဘုရင်ခေတ်က နန်းတွင်းအမျိုးသမီးဆောင်များကို ကြီးကြပ်ရသော၊ သင်းကွပ်ထားသော ယောက်ျားကို ရည်ညွှန်းဖြစ်သည်)
အဆိုပါမိန်းကလေးတို့သည် pseudohermaphrodite ကြောင့် ယောက်ျားလေးဘဝသို့ ဖြေးဖြေးချင်း ပြောင်းလဲသွားကြသည်။ အသံသေးအသံစူးရှိခဲ့ရာမှ အသံသြလာကြသည်။
သို့သော် သုတေသနပညာရှင်များစွာမှာ ယခုဖြစ်ရပ်မျိုးကို ကာကွယ်နိုင်ရန်အတွက် အဆိုပါ ရောဂါနှင့် စပ်လျဉ်းပြီး သုတေသနပြုမှုများ များစွာပြုလုပ်နေကြဆဲဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Is this a curse? In this village, the gender of girls changes as soon as they turn 12, even scientists are shocked (outfable)
[Zawgyi]
(ဆရာဝန်တွေ ဘာပြောလဲ)
(လိင်ပြောင်းလဲခြင်း)
အဆိုပါကျေးရွာတွင် မိန်းကလေးဘဝမှပြောင်းလဲလာသော ယောက်ျားလေးများကို ဂဲ့ဒိုချီ (Guedoche) ဟုခေါ်ကြသည်။ (ဘုရင်ခေတ်က နန်းတွင်းအမျိုးသမီးဆောင်များကို ကြီးကြပ်ရသော၊ သင်းကွပ်ထားသော ယောကျာ်းကို ရည်ညွှန်းဖြစ်သည်)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service