တကိုယ်လုံးတဆတ်ဆတ်တုန်ခဲ့တယ်ဆိုတဲ့ ပေါင် ၂ ဒသမ ၅ သန်းတန် အိမ်မဲပေါက်သည့် အင်္ဂလန်က စုံတွဲ

တကိုယ်လုံးတဆတ်ဆတ်တုန်ခဲ့တယ်ဆိုတဲ့ ပေါင် ၂ ဒသမ ၅ သန်းတန် အိမ်မဲပေါက်သည့် အင်္ဂလန်က စုံတွဲ - Property News in Myanmar from iMyanmarHouse.com
17 Oct 2022 11:19 am တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ချောက်ကမ်းပါးထိပ်တစ်ခုပေါ်တွင် ဆောက်လုပ်ထားသော ပေါင် ၂ ဒသမ ၅သန်း တန်ကြေးရှိ စံအိမ်တစ်လုံးကို စုံတွဲတစ်တွဲ မဲပေါက်ရာ ခန္ဓာကိုယ် တဆတ်ဆတ်တုန်ရီခဲ့သည် အထိ စိတ်လှုပ်ရှားခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။

ဂျိတ်နှင့် သူမ၏ အမည်မဖော်လိုသော ခင်ပွန်းဖြစ်သူတို့သည် အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ကန့်ခရိုင်ရှိ ကမ်းခြေစံအိမ် တစ်လုံးကို ပရဟိတအဖွဲ့တစ်ခုက ပြုလုပ်သည့် အိမ်ခြံမြေကံစမ်းမဲတွင် မဲပေါက်ခဲ့ခြင်းဖြစ်သည်။

 

(ယခုစံအိမ်မဲပေါက်ခြင်းမှာ မိမိတို့၏ ဘဝများကို ပြောင်းလဲပေးခဲ့ကြောင်း ဂျိတ်နှင့်သူမ၏ခင်ပွန်းက ပြောသည်။Credit; Omaze )

 

 

(မဲဖောက်သည့် စံအိမ်အတွင်း ဂျိတ်တို့ဇနီးမောင်နှံအား ပထမဆုံးအကြိမ် လိုက်လံပြသနေပုံ)

 

(စံအိမ်မှတဆင့် အောက်ဘက်ဆီရှိ ပင်လယ်ကမ်းခြေကို အပေါ်စီးမှ ၁၈၀ ဒီဂရီ ရှုမြင်နိုင်သည့် မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။ Credit ; Jam Press)

 

(Omaze ပရဟိတ အဖွဲ့မှပြုလုပ်သော အိမ်ခြံမြေ မဲဖောက်ပွဲတွင် ယခုစံအိမ် မဲပေါက်ခဲ့ခြင်းဖြစ်သည်။ Credit ;Jam Press)

 

ကံကောင်းသော ဂျိတ်တို့စုံတွဲသည် ၎င်းတို့ ပိုင်ဆိုင်သွားပြီဖြစ်သော စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းသည့်စံအိမ်ကို ပရိဘောဂ ထည့်သွင်းနိုင်ရန်အတွက် ပေါင် ၅၀၀၀၀ ငွေသားဆုလည်း ရရှိခဲ့သေးသည်။

ယခုစံအိမ် မဲပေါက်ခြင်းမှာ ၎င်းတို့၏ ဘဝများကို ပြောင်းလဲသွားစေကြောင်း ဂျိတ်တို့စုံတွဲက KentOnline သတင်းဌာနသို့ပြောသည်။

ဂျိတ်ကပြောသည်မှာ “ဒါက ကျွန်မတို့လက်လှမ်းမမီတဲ့ အိပ်မက်တစ်ခုပါပဲ ” ဟု ဆိုသည်။

“ကျွန်မနှင့်ကျွန်မရဲ့မိသားစု တွေ့ကြုံရတဲ့ ဒီအဖြစ်အပျက်က ဘယ်လိုခံစားရတယ်ဆိုတာ ဖော်ပြနိုင်မယ့်စကားလုံး မရှိပါဘူး”

“ကျွန်မဖြင့် ယုံတောင်မယုံနိုင်ခဲ့ဘူး။ မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ရတာကြောင့် တကယ်ကို တကိုယ်လုံးတုန်နေခဲ့ပါတယ်”

ယခုစံအိမ်မှ အောက်ဘက်ဆီရှိ ပင်လယ်ကမ်းခြေကို အပေါ်စီးမှ ၁၈၀ ဒီဂရီ တွေ့မြင်နိုင်ပြီး ရာသီဥတု သာယာသော နေ့များတွင် ပြင်သစ်နိုင်ငံကိုပင် တွေ့မြင်နိုင်သည်။

စံအိမ်ဆီသို့ ချောက်ကမ်းပါးအောက်ခြေမှ တက်ရသည့် မှန်ဓာတ်လှေကား တစ်ခုဖြင့်လည်း ရောက်ရှိနိုင်သည်။

စံအိမ်ကြီးတစ်ခုလုံးတွင် နောက်ဆုံးပေါ်ပစ္စည်းများနှင့် ခေတ်မီနည်းပညာများ တပ်ဆင်ပေးထားသည်။

ရင်သပ်ရှုမောဖွယ် စံအိမ်ကြီးအတွင်း အိပ်ခန်း ၄ ခန်းပါဝင်ပြီး အိပ်ခန်း ၁ ခန်းတွင် ဆိုလျှင် ကိုယ်ပိုင်ဧည့်ခန်းနှင့် Spa အသွင် ရေချိုးခန်း ၁ခုပင် ပါဝင်သေးသည်။

အဆိုပါ နေအိမ်ဆုမဲမှာ Omaze ပရဟိတ အဖွဲ့၏ Million Pound House Draw ကံစမ်းမဲအစီအစဉ်မှ ဖြစ်သည်။

မကြာသေးမီက အခြားမဲပေါက်ခဲ့သူများမှာ မိသားစုဝင် ၃ ဦးရှိသော အိမ်ထောင်စု တစ်စုက Cornwall ရှိ ပေါင် ၃ သန်းတန် နေအိမ် မဲပေါက်ခြင်းနှင့် အဖွားအိုတစ်ဦးက Cotswolds ရှိ ပေါင် ၃ ဒသမ ၅ သန်းတန် စံအိမ် တစ်လုံးမဲပေါက်ခြင်းတို့ဖြစ်သည်။

Omaze ပရဟိတ အဖွဲ့အတွက် ရန်ပုံငွေ စုဆောင်းရာတွင် ကူညီရန် အိမ်ခြံမြေမဲကို တစ်နိုင်ငံလုံးမှ လူထောင်ပေါင်းများစွာ ပါဝင်ကံစမ်းကြရာ ဂျိတ်တို့စုံတွဲလည်း အပါအဝင်ဖြစ်သည်။

(စံအိမ်တွင် အိပ်ခန်း ၄ ခန်းပါသည်။ Credit: Jam Press)

 

(ကမ်းခြေစံအိမ် မဲပေါက်ခြင်းက ဂျိတ်တို့ စုံတွဲကို တုန်လှုပ်စေခဲ့သည်။ Credit: Jam Press)

 

(ငွေသားဆုငွေ ပေါင် ၅၀၀၀၀ လည်း ရရှိသေးသည်။ Credit: Jam Press )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  We were left physically shaking after winning £2.5million clifftop mansion in a raffle – it’s beyond our wildest dreams (thesun)

 

 

[Zawgyi]

တကိုယ္လံုးတဆတ္ဆတ္တုန္ခဲ့တယ္ဆိုတဲ့ ေပါင္ ၂ ဒသမ ၅ သန္းတန္ အိမ္မဲေပါက္သည့္ အဂၤလန္က စံုတြဲ

 

အဂၤလန္ႏိုင္ငံတြင္ ေခ်ာက္ကမ္းပါးထိပ္တစ္ခုေပၚတြင္ ေဆာက္လုပ္ထားေသာ ေပါင္ ၂ ဒသမ ၅သန္း တန္ေၾကးရွိ စံအိမ္တစ္လံုးကို စံုတြဲတစ္တြဲ မဲေပါက္ရာ ခႏၶာကုိယ္ တဆတ္ဆတ္တုန္ရီခဲ့သည္ အထိ စိတ္လႈပ္ရွားခဲ့ၾကေၾကာင္း ၎တို႔က ေျပာသည္။

ဂ်ိတ္ႏွင့္ သူမ၏ အမည္မေဖာ္လိုေသာ ခင္ပြန္းျဖစ္သူတို႔သည္ အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ကန္႔ခရိုင္ရွိ ကမ္းေျခစံအိမ္ တစ္လံုးကို ပရဟိတအဖြဲ႕တစ္ခုက ျပဳလုပ္သည့္ အိမ္ျခံေျမကံစမ္းမဲတြင္ မဲေပါက္ခဲ့ျခင္းျဖစ္သည္။

(ယခုစံအိမ္မဲေပါက္ျခင္းမွာ မိမိတို႔၏ ဘဝမ်ားကို ေျပာင္းလဲေပးခဲ့ေၾကာင္း ဂ်ိတ္ႏွင့္သူမ၏ခင္ပြန္းက ေျပာသည္။Credit; Omaze )

(မဲေဖာက္သည့္ စံအိမ္အတြင္း ဂ်ိတ္တို႔ဇနီးေမာင္ႏွံအား ပထမဆံုးအၾကိမ္ လိုက္လံျပသေနပံု)

(စံအိမ္မွတဆင့္ ေအာက္ဘက္ဆီရွိ ပင္လယ္ကမ္းေျခကုိ အေပၚစီးမွ ၁၈၀ ဒီဂရီ ရႈျမင္ႏိုင္သည့္ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။ Credit ; Jam Press)

(Omaze ပရဟိတ အဖြဲ႔မွျပဳလုပ္ေသာ အိမ္ျခံေျမ မဲေဖာက္ပြဲတြင္ ယခုစံအိမ္ မဲေပါက္ခဲ့ျခင္းျဖစ္သည္။ Credit ;Jam Press)

ကံေကာင္းေသာ ဂ်ိတ္တို႔စံုတြဲသည္ ၎တို႔ ပိုင္ဆိုင္သြားျပီျဖစ္ေသာ စတုရန္းေပ ၉၀၀၀ က်ယ္ဝန္းသည့္စံအိမ္ကို ပရိေဘာဂ ထည့္သြင္းႏိုင္ရန္အတြက္ ေပါင္ ၅၀၀၀၀ ေငြသားဆုလည္း ရရွိခဲ့ေသးသည္။

ယခုစံအိမ္ မဲေပါက္ျခင္းမွာ ၎တို႔၏ ဘဝမ်ားကို ေျပာင္းလဲသြားေစေၾကာင္း ဂ်ိတ္တုိ႔စံုတြဲက KentOnline သတင္းဌာနသို႔ေျပာသည္။

ဂ်ိတ္ကေျပာသည္မွာ “ဒါက ကၽြန္မတို႔လက္လွမ္းမမီတဲ့ အိပ္မက္တစ္ခုပါပဲ ” ဟု ဆိုသည္။

“ကၽြန္မႏွင့္ကၽြန္မရဲ႕မိသားစု ေတြ႔ၾကံဳရတဲ့ ဒီအျဖစ္အပ်က္က ဘယ္လိုခံစားရတယ္ဆိုတာ ေဖာ္ျပႏိုင္မယ့္စကားလံုး မရွိပါဘူး”

“ကၽြန္မျဖင့္ ယံုေတာင္မယံုႏိုင္ခဲ့ဘူး။ မယံုႏိုင္ေလာက္ေအာင္ အံံ့အားသင့္ခဲ့ရတာေၾကာင့္ တကယ္ကို တကိုယ္လံုးတုန္ေနခဲ့ပါတယ္”

ယခုစံအိမ္မွ ေအာက္ဘက္ဆီရွိ ပင္လယ္ကမ္းေျခကို အေပၚစီးမွ ၁၈၀ ဒီဂရီ ေတြ႔ျမင္ႏိုင္ျပီး ရာသီဥတု သာယာေသာ ေန႔မ်ားတြင္ ျပင္သစ္ႏိုင္ငံကုိပင္ ေတြ႔ျမင္ႏိုင္သည္။

စံအိမ္ဆီသို႔ ေခ်ာက္ကမ္းပါးေအာက္ေျခမွ တက္ရသည့္ မွန္ဓာတ္ေလွကား တစ္ခုျဖင့္လည္း ေရာက္ရွိႏိုင္သည္။

စံအိမ္ၾကီးတစ္ခုလံုးတြင္ ေနာက္ဆံုးေပၚပစၥည္းမ်ားႏွင့္ ေခတ္မီနည္းပညာမ်ား တပ္ဆင္ေပးထားသည္။

ရင္သပ္ရႈေမာဖြယ္ စံအိမ္ၾကီးအတြင္း အိပ္ခန္း ၄ ခန္းပါဝင္ျပီး အိပ္ခန္း ၁ ခန္းတြင္ ဆိုလွ်င္ ကိုယ္ပုိင္ဧည့္ခန္းႏွင့္ Spa အသြင္ ေရခ်ိဳးခန္း ၁ခုပင္ ပါဝင္ေသးသည္။

အဆိုပါ ေနအိမ္ဆုမဲမွာ Omaze ပရဟိတ အဖြဲ႔၏ Million Pound House Draw ကံစမ္းမဲအစီအစဥ္မွ ျဖစ္သည္။

မၾကာေသးမီက အျခားမဲေပါက္ခဲ့သူမ်ားမွာ မိသားစုဝင္ ၃ ဦးရွိေသာ အိမ္ေထာင္စု တစ္စုက Cornwall ရွိ ေပါင္ ၃ သန္းတန္ ေနအိမ္ မဲေပါက္ျခင္းႏွင့္ အဖြားအိုတစ္ဦးက Cotswolds ရွိ ေပါင္ ၃ ဒသမ ၅ သန္းတန္ စံအိမ္ တစ္လံုးမဲေပါက္ျခင္းတို႔ျဖစ္သည္။

Omaze ပရဟိတ အဖြဲ႔အတြက္ ရန္ပံုေငြ စုေဆာင္းရာတြင္ ကူညီရန္ အိမ္ျခံေျမမဲကို တစ္နိုင္ငံလံုးမွ လူေထာင္ေပါင္းမ်ားစြာ ပါဝင္ကံစမ္းၾကရာ ဂ်ိတ္တို႔စံုတြဲလည္း အပါအဝင္ျဖစ္သည္။

(စံအိမ္တြင္ အိပ္ခန္း ၄ ခန္းပါသည္။ Credit: Jam Press)

(ကမ္းေျခစံအိမ္ မဲေပါက္ျခင္းက ဂ်ိတ္တို႔ စံုတြဲကုိ တုန္လႈပ္ေစခဲ့သည္။ Credit: Jam Press)

(ေငြသားဆုေငြ ေပါင္ ၅၀၀၀၀ လည္း ရရွိေသးသည္။ Credit: Jam Press )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: We were left physically shaking after winning £2.5million clifftop mansion in a raffle – it’s beyond our wildest dreams (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service