အင်္ဂလန်၏ ဈေးအကြီးဆုံးစံအိမ်ကြီး ဒေါ်လာ ၂၂၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်၏ ဈေးအကြီးဆုံးစံအိမ်ကြီး ဒေါ်လာ ၂၂၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
14 Oct 2022 11:19 am တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(ဗြိတိန်တွင် အရောင်းဈေးကွက်ဝင်ခဲ့ဖူးသမျှတွင် ဈေးအကြီးဆုံးဖြစ်သော စံအိမ်ကြီး၏ မျက်နှာစာ။ ဓာတ်ပုံ-AFP via Getty Images)

ဗြိတိန်တွင် အရောင်းဈေးကွက်ဝင်ခဲ့ဖူးသမျှအနက် ဈေးအကြီးဆုံးစံအိမ်ကြီး ရောင်းချရန် အရောင်းဈေးကွက်ဝင် လာရာ သင့်တွင် လုံလောက်သောငွေရှိပါက ဝယ်ယူပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။

လက်ရှိပိုင်ရှင်၏ ကြွယ်ဝချမ်းသာမှု ထိုးကျသွားအပြီး စံအိမ်ကြီးမှာ ကန်ဒေါ်လာ ၂၂၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။

ဟိုက်ပါ့ခ်ပန်းခြံကြီးကို အပေါ်စီးမှတွေ့မြင်နိုင်သော 2-8 Rutland Gate ဟု အမည်ပေးထားသည့် စံအိမ်ကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၆၂၀၀၀ ကျော်အထိရှိပြီး အခန်းပေါင်း ၄၅ ခန်းပါဝင်ကာ အထပ် ၅ ထပ်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် အဆောက်အအုံကြီး၏ မူလပိုင်ရှင် ဆော်ဒီအာရေးဗီးယားမင်းသား ဆူလ်တန် ဘင် အဗ္ဗဒူလာဇစ်က ဤစံအိမ်ကြီးကို ကန်ဒေါ်လာ ၂၃၂ သန်း စံချိန်တင်ဈေးနှုန်းဖြင့် လျှို့ဝှက်စွာ ရောင်းချခဲ့သည်။

အဆိုပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် ၂ နှစ်အကြာ ယခုအခါတွင် မူလအရောင်းအဝယ်ဈေးနှုန်းအောက် ဒေါ်လာ ၅ သန်းနည်းပါးသည့်ခေါ်ဈေးဖြင့် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

လက်ရှိပိုင်ရှင်မှာ တရုတ်ဘီလျံနာကြီး Cheung Chung Kiu ဖြစ်မည်ဟု မူလက ယူဆခဲ့ကြသည်။

သို့သော် Financial Times သတင်းစာ၏ ဖော်ထုတ်ရေးသားချက်အရ လက်ရှိပိုင်ရှင်မှာ ဘဏ္ဍာရေးအကျပ်ဆိုက်နေသော တရုတ်အိမ်ခြံမြေကုမ္ပဏီ Evergrande ၏ တည်ထောင်သူ Hui Ka Yan ဖြစ်သည်ဟု သိရသည်။

အတွင်းလူများစွာထံမှ ရရှိသောသတင်းများအရ ဆော်ဒီမင်းသားထံမှ အရောင်းအဝယ်တွင် ဘီလျံနာကြီး Cheung က အမည်ခံခဲ့ပြီး အကယ်စင်စစ်တွင် အဆိုပါအရောင်းအဝယ်၏ နောက်ကွယ်တွင် သူ၏ စီးပွားဖက် သူဌေးကြီး Hui က ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သူဌေးကြီး Hui သည် ကြွယ်ဝမှုအလွန်အမင်း ထိုးကျလာနေချိန်တွင် ဧရာမကြီးမားလှသော ယခုစံအိမ်ကြီးကို အရောင်းဈေးကွက်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ Bloomberg Billionaire ညွှန်းကိန်းအရ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနောက်ပိုင်း သူ၏ ကြွယ်ဝမှုမှာ ၈၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Insider က ဖော်ပြသည်။

သူ၏ ကုမ္ပဏီ Evergrande မှာ ကြွေးမြီ ကန်ဒေါ်လာ ၃၀၀ ဘီလီယံအထိ ရှိနေသည်။

တရုတ်အစိုးရက Evergrande ကုမ္ပဏီကို ဘဏ္ဍာရေးကူညီရန် ငြင်းဆန်လိုက်ပြီးနောက်ပိုင်း Hui သည် ကြွေးမြီများကို ဆပ်ရန် ကုမ္ပဏီရှယ်ယာများအပြင် ပန်းချီကားများ၊ အနုပညာလက်ရာများကဲ့သို့ သူ၏ အခြားပိုင်ဆိုင်မှုအချို့ကိုလည်း ရောင်းထုတ်ခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်က Hui ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၁ ဘီလီယံရှိခဲ့သော်လည်း ယခုအခါတွင်မူ ၆ ဘီလီယံသာ ရှိတော့သည်။

 

(အလွန်များပြားသော ဈေးနှုန်းဖြင့် အရောင်းဈေးကွက်တင်လာသည့် 2-8 Rutland Gate အဆောက်အအုံကြီး။ ဓာတ်ပုံ -Getty Images)

 

ယခုခေါ်ဈေးဖြင့် ဝယ်လက်တွေ့ရန်ဆိုလျှင် Hui သည် ဒိတ်ဒိတ်ကြဲချမ်းသာသည့်ပုဂ္ဂိုလ်များထံ ဆက်သွယ်ရမည် ဖြစ်သည်။

သို့သော် အလျင်စလိုရောင်းထုတ်၍ကားမရသေး။ လက်ရှိအားဖြင့် အဆိုပါစံအိမ်ကြီးသည် အတွင်းပိုင်းနှင့် အပြင်ပိုင်းများကို စီမံကိန်းခွင့်ပြုချက်ရယူကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်နေသောကြောင့် ဖြစ်သည်။

“ဒီအဆောက်အအုံကို တန်ဖိုးဖြတ်ဖို့က သိပ်ခက်တယ်။ ဒါက အနုပညာလက်ရာတစ်ခု (ဒါမှမဟုတ်) ကျောက်ကောင်းတစ်ပွင့်ကို ဈေးဖြတ်ရသလိုမျိုးပဲ။ တကယ်ကြိုက်တဲ့သူက ဈေးပေးမှာပဲ”ဟု ၂၀၂၀ ပြည့်က အရောင်းအဝယ်ဖြစ်ခဲ့ရာတွင် ပါဝင်ခဲ့ဖူးသူတစ်ဦးက Financial Times သို့ ပြောသည်။

အချို့သူတို့ကမူ ယခုခေါ်ဈေးအောက် များစွာဈေးကျသွားလိမ့်ဦးမည်ဟု ယူဆကြသည်။

“ဈေးကွက်ထဲမှာက ဝယ်လက်တွေ အများကြီးရှိပါတယ်။ ဒီအဆောက်အအုံကြီးရဲ့ ပိုင်ရှင်ဟာ Evergrande ဆိုတာ လူတိုင်းသိပါတယ်”ဟု ဟောင်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: London’s priciest home lists for $227M after owner’s fortune plunges (nypost)

 

 

 

[Zawgyi]

အဂၤလန္၏ ေစ်းအၾကီးဆံုးစံအိမ္ၾကီး ေဒၚလာ ၂၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

(ျဗိတိန္တြင္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးသမွ်တြင္ ေစ်းအၾကီးဆံုးျဖစ္ေသာ စံအိမ္ၾကီး၏ မ်က္ႏွာစာ။ ဓာတ္ပံု-AFP via Getty Images)

ျဗိတိန္တြင္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးသမွ်အနက္ ေစ်းအၾကီးဆံုးစံအိမ္ၾကီး ေရာင္းခ်ရန္ အေရာင္းေစ်းကြက္ဝင္ လာရာ သင့္တြင္ လံုေလာက္ေသာေငြရွိပါက ဝယ္ယူပိုင္ဆိုင္ႏိုင္ျပီ ျဖစ္သည္။

လက္ရွိပိုင္ရွင္၏ ၾကြယ္ဝခ်မ္းသာမႈ ထုိးက်သြားအျပီး စံအိမ္ၾကီးမွာ ကန္ေဒၚလာ ၂၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္းလည္း ျဖစ္သည္။

ဟိုက္ပါ့ခ္ပန္းျခံၾကီးကို အေပၚစီးမွေတြ႔ျမင္ႏိုင္ေသာ 2-8 Rutland Gate ဟု အမည္ေပးထားသည့္ စံအိမ္ၾကီး၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၆၂၀၀၀ ေက်ာ္အထိရွိျပီး အခန္းေပါင္း ၄၅ ခန္းပါဝင္ကာ အထပ္ ၅ ထပ္ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္တြင္ အေဆာက္အအံုၾကီး၏ မူလပိုင္ရွင္ ေဆာ္ဒီအာေရးဗီးယားမင္းသား ဆူလ္တန္ ဘင္ အဗၺဒူလာဇစ္က ဤစံအိမ္ၾကီးကို ကန္ေဒၚလာ ၂၃၂ သန္း စံခ်ိန္တင္ေစ်းႏႈန္းျဖင့္ လွ်ိဳ႕ဝွက္စြာ ေရာင္းခ်ခဲ့သည္။

အဆိုပါ အေရာင္းအဝယ္ျဖစ္ခဲ့ျပီးေနာက္ ၂ ႏွစ္အၾကာ ယခုအခါတြင္ မူလအေရာင္းအဝယ္ေစ်းႏႈန္းေအာက္ ေဒၚလာ ၅ သန္းနည္းပါးသည့္ေခၚေစ်းျဖင့္ အေရာင္းေစ်းကြက္သို႔ ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္သည္။

လက္ရွိပိုင္ရွင္မွာ တရုတ္ဘီလ်ံနာၾကီး Cheung Chung Kiu ျဖစ္မည္ဟု မူလက ယူဆခဲ့ၾကသည္။

သို႔ေသာ္ Financial Times သတင္းစာ၏ ေဖာ္ထုတ္ေရးသားခ်က္အရ လက္ရွိပိုင္ရွင္မွာ ဘ႑ာေရးအက်ပ္ဆိုက္ေနေသာ တရုတ္အိမ္ျခံေျမကုမၸဏီ Evergrande ၏ တည္ေထာင္သူ Hui Ka Yan ျဖစ္သည္ဟု သိရသည္။

အတြင္းလူမ်ားစြာထံမွ ရရွိေသာသတင္းမ်ားအရ ေဆာ္ဒီမင္းသားထံမွ အေရာင္းအဝယ္တြင္ ဘီလ်ံနာၾကီး Cheung က အမည္ခံခဲ့ျပီး အကယ္စင္စစ္တြင္ အဆိုပါအေရာင္းအဝယ္၏ ေနာက္ကြယ္တြင္ သူ၏ စီးပြားဖက္ သူေဌးၾကီး Hui က ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

သူေဌးၾကီး Hui သည္ ၾကြယ္ဝမႈအလြန္အမင္း ထိုးက်လာေနခ်ိန္တြင္ ဧရာမၾကီးမားလွေသာ ယခုစံအိမ္ၾကီးကို အေရာင္းေစ်းကြက္သို႔ ျပန္လည္ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ Bloomberg Billionaire ညႊန္းကိန္းအရ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လေနာက္ပိုင္း သူ၏ ၾကြယ္ဝမႈမွာ ၈၃ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း Insider က ေဖာ္ျပသည္။

သူ၏ ကုမၸဏီ Evergrande မွာ ေၾကြးျမီ ကန္ေဒၚလာ ၃၀၀ ဘီလီယံအထိ ရွိေနသည္။

တရုတ္အစိုးရက Evergrande ကုမၸဏီကို ဘ႑ာေရးကူညီရန္ ျငင္းဆန္လိုက္ျပီးေနာက္ပိုင္း Hui သည္ ေၾကြးျမီမ်ားကို ဆပ္ရန္ ကုမၸဏီရွယ္ယာမ်ားအျပင္ ပန္းခ်ီကားမ်ား၊ အႏုပညာလက္ရာမ်ားကဲ့သို႔ သူ၏ အျခားပိုင္ဆိုင္မႈအခ်ဳိ႕ကိုလည္း ေရာင္းထုတ္ခဲ့ရသည္။

၂၀၂၀ ျပည့္ႏွစ္က Hui ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၃၁ ဘီလီယံရွိခဲ့ေသာ္လည္း ယခုအခါတြင္မူ ၆ ဘီလီယံသာ ရွိေတာ့သည္။

(အလြန္မ်ားျပားေသာ ေစ်းႏႈန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည့္ 2-8 Rutland Gate အေဆာက္အအံုၾကီး။ ဓာတ္ပံု -Getty Images)

ယခုေခၚေစ်းျဖင့္ ဝယ္လက္ေတြ႔ရန္ဆိုလွ်င္ Hui သည္ ဒိတ္ဒိတ္ၾကဲခ်မ္းသာသည့္ပုဂၢိဳလ္မ်ားထံ ဆက္သြယ္ရမည္ ျဖစ္သည္။

သို႔ေသာ္ အလ်င္စလိုေရာင္းထုတ္၍ကားမရေသး။ လက္ရွိအားျဖင့္ အဆိုပါစံအိမ္ၾကီးသည္ အတြင္းပိုင္းႏွင့္ အျပင္ပိုင္းမ်ားကို စီမံကိန္းခြင့္ျပဳခ်က္ရယူကာ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ေနေသာေၾကာင့္ ျဖစ္သည္။

“ဒီအေဆာက္အအံုကို တန္ဖိုးျဖတ္ဖို႔က သိပ္ခက္တယ္။ ဒါက အႏုပညာလက္ရာတစ္ခု (ဒါမွမဟုတ္) ေက်ာက္ေကာင္းတစ္ပြင့္ကို ေစ်းျဖတ္ရသလိုမ်ဳိးပဲ။ တကယ္ၾကိဳက္တဲ့သူက ေစ်းေပးမွာပဲ”ဟု ၂၀၂၀ ျပည့္က အေရာင္းအဝယ္ျဖစ္ခဲ့ရာတြင္ ပါဝင္ခဲ့ဖူးသူတစ္ဦးက Financial Times သို႔ ေျပာသည္။

အခ်ဳိ႕သူတို႔ကမူ ယခုေခၚေစ်းေအာက္ မ်ားစြာေစ်းက်သြားလိမ့္ဦးမည္ဟု ယူဆၾကသည္။

“ေစ်းကြက္ထဲမွာက ဝယ္လက္ေတြ အမ်ားၾကီးရွိပါတယ္။ ဒီအေဆာက္အအံုၾကီးရဲ႕ ပိုင္ရွင္ဟာ Evergrande ဆိုတာ လူတိုင္းသိပါတယ္”ဟု ေဟာင္ေကာင္ အိမ္ျခံေျမလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: London’s priciest home lists for $227M after owner’s fortune plunges (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service