ဘယ်လိုအရာတွေက လူ့လောကကြီးမှာ ဆက်လက်ရှင်သန်ဖို့ ရပ်တန့်စေခဲ့တာလဲ

ဘယ်လိုအရာတွေက လူ့လောကကြီးမှာ ဆက်လက်ရှင်သန်ဖို့ ရပ်တန့်စေခဲ့တာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
3 Oct 2022 11:17 am တွင် တင်ခဲ့သည်
422 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဆရာဝန်ဆိုတာ ကျွန်တော်တို့လူ့ဘောင်လောကမှာ သာမန်သူတွေထက်ထူးချွန်သူတွေလို့ သတ်မှတ်ထားခဲ့ကြသည်။ လေးလည်း လေးစားသည်။တန်ဖိုးလည်း ထားကြသည်။ရိုးရိုးတန်ဖိုးရှိတာမဟုတ် အများအတွက် အလွန်ကိုတန်ဖိုးရှိလို့ တန်ဖိုးထားကြခြင်းသည်။စေတနာအပြည့်ထားတတ်သော ဆရာဝန်ဆိုလျှင် လူတိုင်း၏ ချစ်ခင်မြတ်နိုး တန်ဖိုးထားခြင်းကိုခံရပါသည်။

ဘယ်လိုဖိအားတွေက ဆရာ့ကို လူ့လောကကြီးမှာ ရှင်သန်ဖို့ရပ်တန့်စေခဲ့တာလဲ။ဘီဘီစီကတတ်လာသည့် သတင်းကိုဖတ်ပြီးတွေးမိခြင်းဖြစ်သည်။

ဒီသတင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာထောင်ချင်းထန်(၄၁)နှစ် သည် စက်တင်ဘာလ ၂၈ ရက် မနက်ပိုင်းက နေအိမ်မှာ ကြိုးဆွဲချပြီး သတ်သေသွားတယ်ဆိုတဲ့ သတင်းဖြစ်သည်။

 

 

ဆေးရုံအုပ်ဒေါက်တာထောင်ချင်းထန်သည် ကိုဗစ်ကာလမှာ ရပ်ရွာအခြေပြုရုပ်သံလိုင်းများတွင် ကိုဗစ် ပညာပေးဟောပြောခြင်းများ၊ ကပ်ဘေးကာလတွင် ဖလမ်းမြို့ရှိ လူနာများအရေး ဆောင်ရွက်ခဲ့သဖြင့် ဖလမ်းမြို့ စံပြပုဂ္ဂိုလ် တစ်ဦးအဖြစ် ၂၀၂၀ ခုနှစ်တွင် ချင်းသံတော်ဆင့်ဌာနမှ ဖော်ပြခြင်းခံခဲ့ရဖူးသူဖြစ်ကြောင်းဖော်ပြ ထားသည်။

ဒီလိုတန်ဖိုးရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် ဘယ်လိုစိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် လူ့လောကကြီးမှာ ဆက်လက်ရှင်သန်ဖို့ ရပ်တန့်စေခဲ့တာလဲ ။ (၄၁)နှစ်သည် လူ့လောကအတွက် အင်မတန်အသုံးဝင်ပြီး အားသွန်ခွန်စိုက် အလုပ်လုပ်နိုင်သည့် အရွယ်ကောင်းဖြစ်သည်။သူ့ရဲ့ ဒီလမ်းကိုရွေးစေသွားသည့် အကြောင်းတော့ရှိမည်။ဒါပေမဲ့ သူဘာမှပြောမသွားနိုင်တော့ပေ။သိခွင့်လည်းမရနိုင်တော့ပေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အဆိုပါဆေးရုံအုပ်ဖြစ်ရပ်နှင့် မရှေးမနှောင်းတွင် ဒီလိုကိစ္စမျိုးကြီးကနေ အံတုကျော်လွှားခဲ့သည့်လူတစ်ယောက်အကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာတက်လာ၍ ဖတ်လိုက်ရပါသည်။

ထိုပုဂ္ဂိုလ်က ဆောက်လုပ်ရေးကုမ္ပဏီထောင်ပြီး တည်ဆောက်ရေးလုပ်ငန်များကိုလုပ်ကိုင်သူဖြစ်သည်။သူက သူ့အကြောင်းကို ပြန်ရေးထားခြင်းဖြစ်သည်။

သူက ၂၀၁၅ ခုနှစ်က ဆောက်လုပ်ရေးကုမ္ပဏီထောင်ပြီး စစ်ကိုင်းတိုင်းထဲက အစိုးရ၏ ပရောဂျက်တစ်ခုကို တင်ဒါဝင်ဆွဲရာ အောင်မြင်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခဲ့ရတွင် ထိုနှစ်က အဆိုပါတိုင်းအတွင်း ရေကြီးမှုဖြစ်ကာ သူ့လုပ်ငန်းတို့ ရေမြုပ်ပြီးပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့သည်။

ထိုဆုံးရှုံးမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဆိုင်များထံမှ အကြွေးယူပြီးချထားသည့် ပစ္စည်းများ အကုန်ရေထဲပါသွားရာက ပျက်စီးဆုံးရှုံးမှုတို့ ဆက်တိုက်ဖြစ်ခဲ့ကာ အကြွေးရှင်တို့ပတ်လည်ဝိုင်းခဲ့သည့် အဖြစ်ရောက်သွားခဲ့သည်။

ရန်ကုန်ရှိ အခန်းပေးအခန်းယူနှင့်ဆောက်နေသည့်ကန်ထရိုက်တိုက်ကလည်း ရပ်သွားသည်။ ကံဆိုးမှုက ဆက်တိုက်လိုက်လာကြောင်း၊လုပ်ငန်းအားလုံးရပ်သွားသည့်နောက် လက်ထဲရှိသည့်ငွေနှင့် ပေးစရာရှိသည့် ငွေတို့က မနှိုင်းသာအောင်များပြားသွားကြောင်း၊အကြွေးရှင်တွေနှင့် မျက်နှာချင်းမဆိုင်ရဲဘဲ ရှောင်ပုန်းရသည့် အခြေအနေရောက်သွားကြောင်း၊တရားစွဲဆိုမှုတွေခံရပြီး ထိုတရားစွဲဆိုသူတွေထံသွားပြီး ဒူးထောက် တောင်းပန် သည့်တိုင် ကြေအေးမပေးနိုင်ခဲ့ကြကြောင်း၊သူကိုယ်တိုင်လည်း ရှေ့နေငှားဖို့တောင်မှ ပိုက်ဆံမရှိတော့ကြောင်း၊ ထိုဖိအားဒဏ်က လောကကြီးထဲ ဆက်နေဖို့ စိတ်ကုန်သွားကြောင်း၊ အဆုံးစီရင်လိုက်လျှင် ကိစ္စတို့ ပြတ်သွား မယ်ဆိုသည့်အတွေးသာ ခေါင်းထဲမှာရှိနေတော့ကြောင်း ၊သေရင်ပြီးပြီဆိုပြီး သက်သေဖို့ တိုက်ခေါင်မိုးပေါ်တက် သွားပြီး နောက်ဆုံးအနေနဲ့ ကိုယ့်အပေါ်ကောင်းခဲ့ဘူးသူအချို့ထံကို ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့ကြောင်း၊တကယ်ခုန်ချခါနီး အတွေးတစ်ခုဝင်ခဲ့ကြောင်း၊ မိမိက ကိုယ်လွတ်ရုန်းသွားပြီး မိသားစုက အကြွေးတွေနှင့်ကျန်ခဲ့မည့်အဖြစ်ကို တွေးမိကြောင်း၊အကြွေးမဆပ်ဘဲ သက်သေတာထက် ထောင်ကျခံတာကမှ ကြားကောင်းသေးကြောင်း၊အကြွေးမဆပ်နိုင်လို့သေသွာတဲ့ကောင်ရဲ့ သားသမီးတွေအဖြစ် မိမိရင်သွေးတွေကို အဖြစ်မခံနိုင်တဲ့ အတွေးတို့ဝင်လာတာကြောင့် သက်သေဖို့ ခုန်မချဖြစ်တော့ကြောင်း၊ အမှောင်မိုက်ဆုံးအချိန် ရောက်နေပြီ ဒီထက်မှောင်စရာမရှိတော့ဘူး၊ရှေ့မှာ ပိုလင်းလာဖို့ပဲရှိတော့ကြောင်း၊ တိုက်အမြင့်ကပြုတ်မကျဖူး တော့ ဘယ်လောက်နာကျင်မယ်ဆိုတာ မသိရပေမဲ့ ဘဝအမြင့်ကပြုတ်ကျသည်က သေလောက်အောင်နာကျင် ကြောင်း၊ကိုယ်ပိုင်ကားစီးရာက လိုင်းကားတိုးစီးရတဲ့ ဘဝ၊တစ်ရက် သိန်းဂဏန်း ငွေကြေးကို သုံးစွဲရာကနေ တစ်ရက်ငါးထောင်ရဖို့ ရုန်းကန်နေရတဲ့ဘဝ၊Ford ကားကြီးစီးနေတဲ့လူက ခဏလေးအတွင်း လမ်းဘေးကော်ဖီ ထုပ်လိုက်ရောင်းလို့ရောင်းရ၊တစ်ရက်၁သောင်းနဲ့ လှည်းတန်းမှာ ကြော်ငြာစာရွက်ဝေရ၊ရုပ်ဖျက်ပြီးလည်း တက်စီမောင်းခဲ့ရကြောင်း၊မိမိကောင်းစားစဉ်က ပေးခဲ့ကြွေးခဲ့ဘူးသည့် သူများကလည်း ရှောင်သွားကြကြောင်း၊ ရင်နာရသော်လည်း ဒါတွေဟာ အဆုံးသတ်မဟုတ်သေးကြောင်း၊ အရှုံးကပြန်ထဖို့အတွက် “စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့ ငါပြန်လာမယ်” စကားလေးကိုလက်ကိုင်ထားပြီး ပြန်ကြိုးစားခဲ့ရကြောင်း၊ ဘဝကိုပြောင်းပြန် လှန်ခံရ၍ သေလောက်အောင်နာကျင်ကြောင်း သူကပြောထားသည်။

အခုလိုသူ့အကြောင်းပြန်ဖော်ပြရတာကလည်း ဒုက္ခတွေကြုံလို့ တနည်းနည်းနဲ့ သက်သေဖို့ လုပ်သူတွေကို တားဆီးနိုင်ကောင်းရဲ့ဆိုသည့် ရည်ရွယ်ချက်လေးကြောင့်ဖြစ်ကြောင်း၊သူများကိုထိုးဖို့ထက် ကိုယ်ဘယ်လောက် အထိုးခံနိုင်လည်းအပေါ်မူတည်ပြီး အောင်မြင်မှုကွာခြားသွားကြကြောင်း မင်းသားကြီးရောကီရဲ့စကားကို လက်ကိုင်ပြုထားကြောင်း၊ရသလောက် ရှေ့ဆက်သွားဖို့ ၊လေးဘက်ထောက်နေရရင်တောင် ရှေ့ဆက်နေဖို့။ ဘယ်သူမှ သင့်ကို အမြဲမကယ်တင်နိုင်ကြောင့်။ ကိုယ့်ဟာကိုယ်ပဲ ပြန်ကယ်ရမှာဖြစ်ကြောင်းပြောထားသည်။ ဘဝကို အရှုံးပေးပြီး သေရဲတာ သတ္တိမဟုတ် ရှင်ရဲတာက သတ္တိဖြစ်ကြောင်းပြောထားသည်။

ရှင်ရဲဖို့အတွက်လည်း ဒီအချက်လေးတွေဖြင့် အားပေးစကားတို့ပြောထားရာ သူ့စာအတိုင်းဖော်ပြ လိုက်ပါရစေဗျာ။

ကိုယ်အတွက်ကိုယ် သတ္တိရှိပါ။

ကိုယ့်မိဘအတွက် ကိုယ် သတ္တိရှိပါ။

ကိုယ့်သားသမီးအတွက်ကိုယ် သတ္တိရှိပါ။

ကိုယ့်အိမ်ထောင်ရေးအတွက် ကိုယ်သတ္တိရှိပါ။

ကိုယ့် စီးပွားရေးအတွက် ကိုယ်သတ္တိရှိပါ။

ကိုယ့် ပတ်ဝန်းကျင်အတွက် သတ္တိရှိပါ။

အရာအားလုံးကို သတ္တိရှိရှိရင်ဆိုင်ပစ်လိုက်ပါ။ အဆင်ပြေပြီး အောင်မြင်လာလိမ့်မယ်။လုံးဝအရှုံးမပေးပါနဲ့။ ဒီစာကို ဖတ်ပြီး အရှုံးပေးတော့မယ့် လူတစ်ယောက် အရှုံးမပေးဖြစ်တော့ရင် အရှက်ကွဲခံ အတိတ်ကို တူးဆွပြီး ရေးရကျိုးနပ်ပါပြီ။

စာကောင်းတစ်ခုမျှဝေမှုပြုရလိုက်ရ၍ ထိုဖြစ်စဉ်မျိုးကြုံနေသူများရှိခဲ့ပါက ပြန်လည်ရုန်းထွက်နိုင်ပါစေကြောင်း။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဘယ္လိုအရာေတြက လူ႔ေလာကႀကီးမွာ ဆက္လက္ရွင္သန္ဖို႔ ရပ္တန္႔ေစခဲ့တာလဲ

 

ဆရာဝန္ဆိုတာ ကၽြန္ေတာ္တို႔လူ႔ေဘာင္ေလာကမွာ သာမန္သူေတြထက္ထူးခၽြန္သူေတြလို႔ သတ္မွတ္ထားခဲ့ၾကသည္။ ေလးလည္း ေလးစားသည္။တန္ဖိုးလည္း ထားၾကသည္။ရိုးရိုးတန္ဖိုးရွိတာမဟုတ္ အမ်ားအတြက္ အလြန္ကိုတန္ဖိုးရွိလို႔ တန္ဖိုးထားၾကျခင္းသည္။ေစတနာအျပည့္ထားတတ္ေသာ ဆရာဝန္ဆိုလွ်င္ လူတိုင္း၏ ခ်စ္ခင္ျမတ္ႏိုး တန္ဖိုးထားျခင္းကိုခံရပါသည္။

ဘယ္လိုဖိအားေတြက ဆရာ့ကို လူ႔ေလာကႀကီးမွာ ရွင္သန္ဖို႔ရပ္တန္႔ေစခဲ့တာလဲ။ဘီဘီစီကတတ္လာသည့္ သတင္းကိုဖတ္ၿပီးေတြးမိျခင္းျဖစ္သည္။

ဒီသတင္းက ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးက ေဆး႐ုံအုပ္ ေဒါက္တာေထာင္ခ်င္းထန္(၄၁)ႏွစ္ သည္ စက္တင္ဘာလ ၂၈ ရက္ မနက္ပိုင္းက ေနအိမ္မွာ ႀကိဳးဆြဲခ်ၿပီး သတ္ေသသြားတယ္ဆိုတဲ့ သတင္းျဖစ္သည္။

ေဆး႐ုံအုပ္ေဒါက္တာေထာင္ခ်င္းထန္သည္ ကိုဗစ္ကာလမွာ ရပ္႐ြာအေျချပဳ႐ုပ္သံလိုင္းမ်ားတြင္ ကိုဗစ္ ပညာေပးေဟာေျပာျခင္းမ်ား၊ ကပ္ေဘးကာလတြင္ ဖလမ္းၿမိဳ႕ရွိ လူနာမ်ားအေရး ေဆာင္႐ြက္ခဲ့သျဖင့္ ဖလမ္းၿမိဳ႕ စံျပပုဂၢိဳလ္ တစ္ဦးအျဖစ္ ၂၀၂၀ ခုႏွစ္တြင္ ခ်င္းသံေတာ္ဆင့္ဌာနမွ ေဖာ္ျပျခင္းခံခဲ့ရဖူးသူျဖစ္ေၾကာင္းေဖာ္ျပ ထားသည္။

ဒီလိုတန္ဖိုးရွိသည့္ ပုဂၢဳိလ္တစ္ဦးသည္ ဘယ္လိုစိတ္ပိုင္းဆိုင္ရာ ဖိစီးမႈမ်ားေၾကာင့္ လူ႔ေလာကႀကီးမွာ ဆက္လက္ရွင္သန္ဖို႔ ရပ္တန္႔ေစခဲ့တာလဲ ။ (၄၁)ႏွစ္သည္ လူ႔ေလာကအတြက္ အင္မတန္အသုံးဝင္ၿပီး အားသြန္ခြန္စိုက္ အလုပ္လုပ္ႏိုင္သည့္ အရြယ္ေကာင္းျဖစ္သည္။သူ႔ရဲ႕ ဒီလမ္းကိုေရြးေစသြားသည့္ အေၾကာင္းေတာ့ရွိမည္။ဒါေပမဲ့ သူဘာမွေျပာမသြားႏိုင္ေတာ့ေပ။သိခြင့္လည္းမရႏိုင္ေတာ့ေပ။

တိုက္တိုက္ဆိုင္ဆိုင္ပဲ အဆိုပါေဆးရုံအုပ္ျဖစ္ရပ္ႏွင့္ မေရွးမေႏွာင္းတြင္ ဒီလိုကိစၥမ်ိဳးႀကီးကေန အံတုေက်ာ္လႊားခဲ့သည့္လူတစ္ေယာက္အေၾကာင္းကိုလည္း လူမႈကြန္ရက္စာမ်က္ႏွာမွာတက္လာ၍ ဖတ္လိုက္ရပါသည္။

ထိုပုဂၢိဳလ္က ေဆာက္လုပ္ေရးကုမၸဏီေထာင္ၿပီး တည္ေဆာက္ေရးလုပ္ငန္မ်ားကိုလုပ္ကိုင္သူျဖစ္သည္။သူက သူ႔အေၾကာင္းကို ျပန္ေရးထားျခင္းျဖစ္သည္။

သူက ၂၀၁၅ ခုႏွစ္က ေဆာက္လုပ္ေရးကုမၸဏီေထာင္ၿပီး စစ္ကိုင္းတိုင္းထဲက အစိုးရ၏ ပေရာဂ်က္တစ္ခုကို တင္ဒါဝင္ဆြဲရာ ေအာင္ျမင္ခဲ့ၿပီး လုပ္ငန္းလုပ္ကိုင္ခဲ့ရတြင္ ထိုႏွစ္က အဆိုပါတိုင္းအတြင္း ေရႀကီးမႈျဖစ္ကာ သူ႔လုပ္ငန္းတို႔ ေရျမဳပ္ၿပီးပ်က္စီးဆုံးရႈံးမႈျဖစ္ခဲ့သည္။

ထိုဆုံးရႈံးမႈေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ဆိုင္မ်ားထံမွ အေႂကြးယူၿပီးခ်ထားသည့္ ပစၥည္းမ်ား အကုန္ေရထဲပါသြားရာက ပ်က္စီးဆုံးရႈံးမႈတို႔ ဆက္တိုက္ျဖစ္ခဲ့ကာ အေၾကြးရွင္တို႔ပတ္လည္ဝိုင္းခဲ့သည့္ အျဖစ္ေရာက္သြားခဲ့သည္။

ရန္ကုန္ရွိ အခန္းေပးအခန္းယူႏွင့္ေဆာက္ေနသည့္ကန္ထ႐ိုက္တိုက္ကလည္း ရပ္သြားသည္။ ကံဆိုးမႈက ဆက္တိုက္လိုက္လာေၾကာင္း၊လုပ္ငန္းအားလုံးရပ္သြားသည့္ေနာက္ လက္ထဲရွိသည့္ေငြႏွင့္ ေပးစရာရွိသည့္ ေငြတို႔က မႏႈိင္းသာေအာင္မ်ားျပားသြားေၾကာင္း၊အေၾကြးရွင္ေတြႏွင့္ မ်က္ႏွာခ်င္းမဆိုင္ရဲဘဲ ေရွာင္ပုန္းရသည့္ အေျခအေနေရာက္သြားေၾကာင္း၊တရားစြဲဆိုမႈေတြခံရၿပီး ထိုတရားစြဲဆိုသူေတြထံသြားၿပီး ဒူးေထာက္ ေတာင္းပန္ သည့္တိုင္ ေၾကေအးမေပးႏိုင္ခဲ့ၾကေၾကာင္း၊သူကိုယ္တုိင္လည္း ေရွ႕ေနငွားဖို႔ေတာင္မွ ပိုက္ဆံမရွိေတာ့ေၾကာင္း၊ ထိုဖိအားဒဏ္က ေလာကႀကီးထဲ ဆက္ေနဖို႔ စိတ္ကုန္သြားေၾကာင္း၊ အဆုံးစီရင္လိုက္လွ်င္ ကိစၥတို႔ ျပတ္သြား မယ္ဆိုသည့္အေတြးသာ ေခါင္းထဲမွာရွိေနေတာ့ေၾကာင္း ၊ေသရင္ၿပီးၿပီဆိုၿပီး သက္ေသဖို႔ တိုက္ေခါင္မိုးေပၚတက္ သြားၿပီး ေနာက္ဆုံးအေနနဲ႔ ကိုယ့္အေပၚေကာင္းခဲ့ဘူးသူအခ်ိဳ႕ထံကို ဖုန္းဆက္ၿပီး ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ေၾကာင္း၊တကယ္ခုန္ခ်ခါနီး အေတြးတစ္ခုဝင္ခဲ့ေၾကာင္း၊ မိမိက ကိုယ္လြတ္ရုန္းသြားၿပီး မိသားစုက အေၾကြးေတြႏွင့္က်န္ခဲ့မည့္အျဖစ္ကို ေတြးမိေၾကာင္း၊အေၾကြးမဆပ္ဘဲ သက္ေသတာထက္ ေထာင္က်ခံတာကမွ ၾကားေကာင္းေသးေၾကာင္း၊အေၾကြးမဆပ္ႏိုင္လို႔ေသသြာတဲ့ေကာင္ရဲ႕ သားသမီးေတြအျဖစ္ မိမိရင္ေသြးေတြကို အျဖစ္မခံႏိုင္တဲ့ အေတြးတို႔ဝင္လာတာေၾကာင့္ သက္ေသဖို႔ ခုန္မခ်ျဖစ္ေတာ့ေၾကာင္း၊ အေမွာင္မိုက္ဆုံးအခ်ိန္ ေရာက္ေနၿပီ ဒီထက္ေမွာင္စရာမရွိေတာ့ဘူး၊ေရွ႕မွာ ပိုလင္းလာဖို႔ပဲရွိေတာ့ေၾကာင္း၊ တိုက္အျမင့္ကျပဳတ္မက်ဖူး ေတာ့ ဘယ္ေလာက္နာက်င္မယ္ဆိုတာ မသိရေပမဲ့ ဘဝအျမင့္ကျပဳတ္က်သည္က ေသေလာက္ေအာင္နာက်င္ ေၾကာင္း၊ကိုယ္ပိုင္ကားစီးရာက လိုင္းကားတိုးစီးရတဲ့ ဘဝ၊တစ္ရက္ သိန္းဂဏန္း ေငြေၾကးကို သုံးစြဲရာကေန တစ္ရက္ငါးေထာင္ရဖို႔ ရုန္းကန္ေနရတဲ့ဘဝ၊Ford ကားႀကီးစီးေနတဲ့လူက ခဏေလးအတြင္း လမ္းေဘးေကာ္ဖီ ထုပ္လိုက္ေရာင္းလို႔ေရာင္းရ၊တစ္ရက္၁ေသာင္းနဲ႔ လွည္းတန္းမွာ ေၾကာ္ျငာစာရြက္ေဝရ၊ရုပ္ဖ်က္ၿပီးလည္း တက္စီေမာင္းခဲ့ရေၾကာင္း၊မိမိေကာင္းစားစဥ္က ေပးခဲ့ေၾကြးခဲ့ဘူးသည့္ သူမ်ားကလည္း ေရွာင္သြားၾကေၾကာင္း၊ ရင္နာရေသာ္လည္း ဒါေတြဟာ အဆုံးသတ္မဟုတ္ေသးေၾကာင္း၊ အရႈံးကျပန္ထဖို႔အတြက္ “စစ္ေတာ္မူျခင္းကို ခံၿပီးမွ ေ႐ႊကဲ့သို႔ ငါျပန္လာမယ္” စကားေလးကိုလက္ကိုင္ထားၿပီး ျပန္ႀကိဳးစားခဲ့ရေၾကာင္း၊ ဘဝကိုေျပာင္းျပန္ လွန္ခံရ၍ ေသေလာက္ေအာင္နာက်င္ေၾကာင္း သူကေျပာထားသည္။

အခုလိုသူ႔အေၾကာင္းျပန္ေဖာ္ျပရတာကလည္း ဒုကၡေတြႀကဳံလို႔ တနည္းနည္းနဲ႕ သက္ေသဖို႔ လုပ္သူေတြကို တားဆီးႏိုင္ေကာင္းရဲ႕ဆိုသည့္ ရည္ရြယ္ခ်က္ေလးေၾကာင့္ျဖစ္ေၾကာင္း၊သူမ်ားကိုထိုးဖို႔ထက္ ကိုယ္ဘယ္ေလာက္ အထိုးခံႏိုင္လည္းအေပၚမူတည္ၿပီး ေအာင္ျမင္မႈကြာျခားသြားၾကေၾကာင္း မင္းသားႀကီးေရာကီရဲ႕စကားကို လက္ကိုင္ျပဳထားေၾကာင္း၊ရသေလာက္ ေရွ႕ဆက္သြားဖို႔ ၊ေလးဘက္ေထာက္ေနရရင္ေတာင္ ေရွ႕ဆက္ေနဖို႔။ ဘယ္သူမွ သင့္ကို အၿမဲမကယ္တင္ႏိုင္ေၾကာင့္။ ကိုယ့္ဟာကိုယ္ပဲ ျပန္ကယ္ရမွာျဖစ္ေၾကာင္းေျပာထားသည္။ ဘဝကို အရႈံးေပးၿပီး ေသရဲတာ သတၱိမဟုတ္ ရွင္ရဲတာက သတၱိျဖစ္ေၾကာင္းေျပာထားသည္။

ရွင္ရဲဖို႔အတြက္လည္း ဒီအခ်က္ေလးေတြျဖင့္ အားေပးစကားတို႔ေျပာထားရာ သူ႔စာအတိုင္းေဖာ္ျပ လိုက္ပါရေစဗ်ာ။

ကိုယ္အတြက္ကိုယ္ သတၱိရွိပါ။

ကိုယ့္မိဘအတြက္ ကိုယ္ သတၱိရွိပါ။

ကိုယ့္သားသမီးအတြက္ကိုယ္ သတၱိရွိပါ။

ကိုယ့္အိမ္ေထာင္ေရးအတြက္ ကိုယ္သတၱိရွိပါ။

ကိုယ့္ စီးပြားေရးအတြက္ ကိုယ္သတၱိရွိပါ။

ကိုယ့္ ပတ္ဝန္းက်င္အတြက္ သတၱိရွိပါ။

အရာအားလုံးကို သတၱိရွိရွိရင္ဆိုင္ပစ္လိုက္ပါ။ အဆင္ေျပၿပီး ေအာင္ျမင္လာလိမ့္မယ္။လုံးဝအရႈံးမေပးပါနဲ႔။ ဒီစာကို ဖတ္ၿပီး အရႈံးေပးေတာ့မယ့္ လူတစ္ေယာက္ အရႈံးမေပးျဖစ္ေတာ့ရင္ အရွက္ကြဲခံ အတိတ္ကို တူးဆြၿပီး ေရးရက်ိဳးနပ္ပါၿပီ။

စာေကာင္းတစ္ခုမွ်ေဝမႈျပဳရလိုက္ရ၍ ထိုျဖစ္စဥ္မ်ိဳးႀကဳံေနသူမ်ားရွိခဲ့ပါက ျပန္လည္ရုန္းထြက္ႏိုင္ပါေစေၾကာင္း။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
mya-villa
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service