ကံကြမ္မာကို စားပွဲပေါ်က ဖိနပ်တွေက ဖြားယောင်းနိုင်သလား (အယူသီးခြင်းများနှင့် နံပါတ် ၁၃)

ကံကြမ္မာကို စားပွဲပေါ်က ဖိနပ်တွေက ဖြားယောင်းနိုင်သလား (အယူသီးခြင်းများနှင့် နံပါတ် ၁၃) - Property News in Myanmar from iMyanmarHouse.com
8 Sep 2022 11:02 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(How No 13's unlucky for some sellers: Househunters can be superstitious but can targeting homes others don't want help you buya bit of a bargain? ကို ဆီလျော်အောင်မြန်မာပြန်သည်)

ပြီးခဲ့တဲ့ ရုံးပိတ်ရက်တုန်းက ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာ မကြာသေးတဲ့ ကျွန်တော့်သူငယ်ချင်း အင်မာတစ်‌ယောက် ကျွန်တော့်ဆီလာပြီး အိမ်ကြည့်ချင်တယ်လို့ လာပြောတယ်။

သူ့ကို အိမ်ပြဖို့ဆိုတာက မဖြစ်နိုင်လောက်တဲ့အလုပ်တစ်ခုပဲ။ ဘာလို့ဆို သူက သိပ်ပြီး အယူသီးတယ်။

အယူသီးတာဟာ အူကြောင်ကြောင်နိုင်တဲ့ကိစ္စပဲ။

ပထမဆုံးကြည့်တဲ့အိမ်က လူတိုင်းကံမကောင်းဘူးပြောတတ်တဲ့ နံပါတ် ၁၃။ အဲ့ဒီအိမ်ကိုတော့ အမ်မာက ကြိုက်နေပြန်ရော။

ဒုတိယပြတဲ့အိမ်ကျတော့ ခြံထဲကမြက်ခင်းမှာ သပိတ်လွယ်ငှက်တစ်ကောင်တွေ့လို့ဆိုပြီး အိမ်ထဲတောင် ဝင်မကြည့်တော့ဘူးဗျ။

တတိယအိမ်ဆို လှလှလေး။ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံတယ်။ ဒါပေမယ့် အိမ်သာခန်းထဲက မှန်တစ်ချပ်အက်နေလို့ဆိုပြီး မကြိုက်ပြန်ဘူး။ ရှာလေ ရူးလေပဲဗျို့။

(အယူဆိုး- အိမ်က သင်္ချိုင်းကို မျက်နှာမူနေရင်၊ စားပွဲပေါ်မှာ ရှူးဖိနပ်တွေရှိနေရင် (ဒါမှမဟုတ်) နံရံကို လှေကားတွေမှီထားရင် အိမ်ရောင်းရတာခက်တယ်လို့ အယူရှိကြတယ်)

Strutt & Parker အိမ်ခြံမြေကုမ္ပဏီက အင်ဒရူး ဟားဝုဒ်က ၁၃ ဂဏန်းကို ကြောက်တာ မဆန်းကြောင်း ၊ အထူးသဖြင့် အိမ်ရာသစ်များ ဆောက်လုပ်ကြတဲ့ developer တွေဟာ ၁၃ ဂဏန်းကို ရှောင်လေ့ရှိကြောင်းပြောပါတယ်။

“သူတို့က အိမ်ခန်းတွေဆောက်တဲ့အခါ ၁၂ ၊ ၁၄ ဆိုပြီးတော့ နံပါတ်တွေ တပ်သွားတယ်။ကြားထဲမှာ ၁၃ ကလုံးလုံးပျောက်သွားတယ်။ ဒီနံပါတ်က ရောင်းဖို့ခက်တယ်ဆိုတာ သူတို့သိတယ်လေ။”

ဒါ့အပြင် ဟားဝုဒ်ကပြောတာက သင်္ချိုင်းနားက နေအိမ်တွေ၊ မျက်လုံးအရောင်မတူတဲ့ မြင်းတစ်ကောင်ရှိနေတဲ့ အိမ်၊ အခန်းထဲမှာ ထီးတစ်လက်ဖွင့်ထားတဲ့အိမ်တွေကိုလည်း ဝယ်လက်တွေက ရှောင်လေ့ရှိတယ်တဲ့ဗျ။

ဟားဝုဒ်က သူကိုယ်တိုင်လည်း အယူသီးတယ်လို့ ဝန်ခံပါတယ်။

“ကျွန်တော်က သပိတ်လွယ်ငှက် တစ်ကောင်မြင်ရင် အမြဲ ဦးညွှတ်တယ်။ ဒါက မကောင်းတဲ့ ကံကြမ္မာဆိုးတွေ ဖယ်ရှားပေးတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်မိဘတွေက အမြဲတမ်းအဲလို လုပ်လို့ ကျွန်တော်လည်း လုပ်တာပါ။”

(ရောင်းရခက်လို့ - အချို့သော developer များသည် အခန်းနံပါတ် တပ်ရာတွင် ၁၃ ကိုချန်ထားပြီး ၁၂ မှ ၁၄ သို့ တန်းသွားသည်။)

၁၃ ဂဏန်းကို ကံမကောင်းဘူးလို့ ယူဆကြတာက အနောက်နိုင်ငံတွေရဲ့ ရှေးအယူတစ်ခုပါ။

၁၃ ဂဏန်းကို ကံမကောင်းဘူးဆိုတဲ့အယူ ဘယ်လိုဖြစ်လာလဲဆိုတဲ့ သမိုင်းကြောင်းပြောဆိုမှု အမျိုးမျိုး ရှိပါတယ်။ အထင်ရှားဆုံးကတော့ ခရစ်ယာန်ဘာသာရေးနဲ့ ပတ်သက်နေသဗျ။

ခရစ်တော်ရဲ့နောက်ဆုံးညစာစားပွဲ (Last Supper) မှာ ယေရှုခရစ်နဲ့ သူ့ရဲ့ သာဝက ၁၂ ဦး၊ ပေါင်း ၁၃ ဦးပါ။ ခရစ်ဝင်ကျမ်းမှတ်တမ်းတွေအရ ယေရှုခရစ်ကို ကားစင်တင်မသတ်မီ သူ့ရဲ့ သာဝကတွေနဲ့ စားသောက်ခဲ့တဲ့ နောက်ဆုံးညစာပါ။

ဗြိတိန်နိုင်ငံတစ်ဝန်းရှိ လမ်းတွေရဲ့ ၂၈ ရာခိုင်နှုန်းမှာ နံပါတ် ၁၃ လမ်းမရှိ။

တကယ်လို့ရှိခဲ့လျှင်လည်း တခြားလမ်းတွေက နေအိမ်တွေလောက် ဈေးကောင်းမရ။ နံပါတ် ၁၃ အိမ်ခြံမြေတွေရဲ့ ရောင်းဈေးဟာ တခြားအိမ်တွေ ရောင်းဈေးနဲ့ယှဉ်ရင် ပျှမ်းမျှ ၂ ရာခိုင်နှုန်း ဈေးနည်းပါတယ်။

အိမ်နံပါတ် ၁၃ မှာ နေထိုင်ကြသူတွေဟာ တခြားအိမ်တွေမှာနေသူတွေထက် ပိုပြီး ကြာကြာနေရလေ့ရှိပါသတဲ့။

မြေယာမှတ်ပုံတင်ဌာနရဲ့ ကိန်းဂဏန်းတွေအရဆိုရင် အိမ်နံပါတ် ၁၃ နေအိမ်တွေရဲ့ အရောင်းအဝယ်ဖြစ်မှု ပမာဏက တခြားအိမ်တွေနဲ့ယှဉ်ရင် ၈ ရာခိုင်နှုန်းလောက် နည်းတယ်လို့ ဆိုပါတယ်။

သောကြာနေ့ဟာ အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်လေ့ရှိတဲ့နေ့အဖြစ် နာမည်ကြီးပေမယ့် ၁၃ ရက် သောကြာနေ့မှာ အရောင်းအဝယ်ဖြစ်မှု ပမာဏက တစ်လတာအတွင်း တခြားသောကြာနေ့တွေနဲ့ ယှဉ်ရင် ၄၃ ရာခိုင်နှုန်း နည်းပါးပါတယ်။

ဝယ်လက်တွေဟာ အိမ်နံပါတ် ၁၁၃ (ဒါမှမဟုတ်) ၂၁၃ နံပါတ်တွေကိုတောင် မကြိုက်ကြဘူးဗျ။

အကြောင်းကတော့ ၁၃ ပါနေလို့။

ဒါကထားပါတော့။ စားပွဲပေါ်မှာဖိနပ်ရှိတာ ဘာဖြစ်လို့လဲ။ ဘယ်လိုများကံမကောင်းသွားရတာလဲ။ သတ္တုတွင်းသမားတွေရဲ့ အယူမှာကျတော့ တွင်းသမားတစ်ယောက်သေရင် သူ့ကို လေးစားတဲ့ အနေနဲ့ စားပွဲပေါ်မှာ သူ့ဖိနပ်တွေ ထားရမယ်တဲ့။ ဒီတော့ ဖိနပ်ကို စားပွဲပေါ်မှာ ထားတာက ကံဆိုးမှာလား၊ လေးစားမှုရဲ့အထိမ်းအမှတ်လား။ ကံကြမ္မာကို စားပွဲပေါ်က ဖိနပ်တွေက ဖြားယောင်းနိုင်သလား။

အယူသီးမှုတွေက အငှားဈေးကွက်ထဲထိ ရောက်တယ်ဗျို့။ အိမ်ခြံမြေအငှားဝန်ဆောင်မှုတွေ နှစ် ၂၀ လောက်ပေးလာတဲ့ Jackson-Stops Canterbury ကုမ္ပဏီက မန်နေဂျာ အမျိုးသမီး Genevieve Masterson ပြောတာက အိမ်ငှားတွေဟာ သင်္ချိုင်းနဲ့နီးတဲ့ အိမ်တွေကို မကြိုက်ကြဘူးတဲ့။

တခါမှာဆို ဂျော်ဂျီယာဗိသုကာဟန်အိမ်တစ်လုံးကို စုံတွဲတစ်တွဲက ငှားတော့မယ်လုပ်ပြီးမှ အိမ်ကြည့်နေတုန်း ကြောင်နက်တစ်ကောင်မြင်လို့ဆိုပြီး ပွဲပျက်သွားသတဲ့။

(ဖိနပ်အစွဲ- စားပွဲတစ်လုံးပေါ်မှာ ဖိနပ်ရှိနေတာဟာ ကံမကောင်းစေဘူးလို့ ယုံကြည်ကြပြီး ဝယ်လက်တွေမြင်ရင် ပွဲပျက်သွားနိုင်ပါတယ်)

Knight Frank ကုမ္ပဏီက Rupert Sweeting ပြောတာက အယူသီးတတ်တာ အများစုက အသက် ၄၀ ကနေ ၅၅ ကြားတွေဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးတွေပါတဲ့။ Rupert ရဲ့ သဘောထားကတော့ အိမ်ခြံမြေဈေးကွက်မှာ အယူသီးတတ်သူတွေအပေါ် ရှုတ်ချတာမျိုး မလုပ်သင့်ဘူးလို့ သဘောထားရှိတယ်။

“ဘာလို့ ရှုတ်ချရမှာလဲ။ အားကစားသမားတွေကိုကြည့်။ သူတို့ဆို မယုံနိုင်လောက်အောင် အယူသီးတယ်။ ဂျော်ကီတွေဆိုရင် ဘယ်ဘက်ခြေကို အရင်တက်ပြီးမှ ညာဘက်ခြေကို တက်တယ်။ ဒါက ဓလေ့တစ်ခုလိုပဲ။ ပြီးတော့ တင်းနစ်သမား ရာဖေး နာဒဲလ်ကို ကြည့်။ သူဆိုလည်း သိပ်အယူသီးတဲ့သူ။ ကစားပွဲမတိုင်ခင်မှာ သူ့ရဲ့ ဆံပင်၊ တီရှပ်နဲ့ အောက်ခံဘောင်းဘီတွေကို တို့ထိပြီးမှ ကစားတတ်တယ်။ ဒီတော့ အိမ်ခြံမြေနယ်ကျမှ ကွက်ပြီး အယူသီးတာတွေကို ဘာလို့ရှောင်ခိုင်းရမှာလဲ”

စကားလမ်းကြောင်းလည်း အတော်လွဲသွားပြီ။ ကျွန်တော့်ရဲ့ အယူသီးတဲ့ သူငယ်ချင်း အင်မာတစ်ယောက် အိမ်ရှာတာ ဘယ်လိုဖြစ်သွားလဲ သိချင်နေရောပေါ့။

အိမ်တွေ တစ်လုံးပြလိုက် အယူသီးလိုက်နဲ့ဆိုတော့ ကျွန်တော်လည်း စိတ်တိုပြီး လေသံမာသွားတာမှာ ကျွန်တော့်ကို လိုက်မပြခိုင်းတော့ဘူးလေ။

သူ့ရဲ့ Spaniel ခွေးကြီး ဘန့်တလေနဲ့ အတူထွက်သွားလေရဲ့။

“ဘန်တလေက ဆတ်ဆတ်ထိမခံဘူး။ သူက မကြိုက်ဘူးဆိုရင် ကျွန်မက အဲ့အိမ်ကို ဝယ်မှာမဟုတ်ဘူး။ ကျွန်မက သူ့ကို ပျော်စေချင်တယ်။ အဲဒါက သိပ်အရေးကြီးတယ်”လို့ အင်မာက ကျွန်တော့်ကို ပြောတယ်။

အင်ဒရူး ဟားဝုဒ်ခန့်မှန်းတာကတော့ လာမယ့် မျိုးဆက်အနည်းငယ်လောက်ဆိုရင် အယူသီးတာတွေ လုံးဝ ပပျောက်သွားမယ်လို့ ခန့်မှန်းပါတယ်။

“ကျွန်တော်မှာက အရွယ်ရောက်နေတဲ့ အမြွှာသမီး ၂ ယောက်ရှိတယ်။ ကျွန်တော်က လက်ကို မြှောက်ပြီး …အလေးပြုပါတယ် ကိုသပိတ်လွယ်လို့ ပြောပြီး အလေးပြုတာမြင်ရင် သူတို့က ရူးကြောင်ကြောင်နိုင်တယ်လို့ ယူဆကြတယ်လေ”လို့ ဟားဝုဒ်က ပြောပါတယ်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How No 13's unlucky for some sellers: Househunters can be superstitious but can targeting homes others don't want help you buya bit of a bargain? (dailymail)

[Zawgyi]

ကံၾကမၼာကို စားပြဲေပၚက ဖိနပ္ေတြက ျဖားေယာင္းႏိုင္သလား (အယူသီးျခင္းမ်ားႏွင့္ နံပါတ္ ၁၃)

(How No 13's unlucky for some sellers: Househunters can be superstitious but can targeting homes others don't want help you buya bit of a bargain? ကို ဆီေလ်ာ္ေအာင္ျမန္မာျပန္သည္)

ျပီးခဲ့တဲ့ ရံုးပိတ္ရက္တုန္းက ေယာက်္ားျဖစ္သူနဲ႔ကြာရွင္းထားတာ မၾကာေသးတဲ့ ကၽြန္ေတာ့္သူငယ္ခ်င္း အင္မာတစ္‌ေယာက္ ကၽြန္ေတာ့္ဆီလာျပီး အိမ္ၾကည့္ခ်င္တယ္လို႔ လာေျပာတယ္။

သူ႔ကို အိမ္ျပဖို႔ဆိုတာက မျဖစ္ႏိုင္ေလာက္တဲ့အလုပ္တစ္ခုပဲ။ ဘာလို႔ဆို သူက သိပ္ျပီး အယူသီးတယ္။

အယူသီးတာဟာ အူေၾကာင္ေၾကာင္ႏိုင္တဲ့ကိစၥပဲ။

ပထမဆံုးၾကည့္တဲ့အိမ္က လူတိုင္းကံမေကာင္းဘူးေျပာတတ္တဲ့ နံပါတ္ ၁၃။ အဲ့ဒီအိမ္ကိုေတာ့ အမ္မာက ၾကိဳက္ေနျပန္ေရာ။

ဒုတိယျပတဲ့အိမ္က်ေတာ့ ျခံထဲကျမက္ခင္းမွာ သပိတ္လြယ္ငွက္တစ္ေကာင္ေတြ႔လို႔ဆိုျပီး အိမ္ထဲေတာင္ ဝင္မၾကည့္ေတာ့ဘူးဗ်။

တတိယအိမ္ဆို လွလွေလး။ ေကာင္းျခင္းအျဖာျဖာနဲ႔ ျပည့္စံုတယ္။ ဒါေပမယ့္ အိမ္သာခန္းထဲက မွန္တစ္ခ်ပ္အက္ေနလို႔ဆိုျပီး မၾကိဳက္ျပန္ဘူး။ ရွာေလ ရူးေလပဲဗ်ိဳ႕။

(အယူဆိုး- အိမ္က သခၤ်ဳိင္းကို မ်က္ႏွာမူေနရင္၊ စားပြဲေပၚမွာ ရွဴးဖိနပ္ေတြရွိေနရင္ (ဒါမွမဟုတ္) နံရံကို ေလွကားေတြမွီထားရင္ အိမ္ေရာင္းရတာခက္တယ္လို႔ အယူရွိၾကတယ္)

Strutt & Parker အိမ္ျခံေျမကုမၸဏီက အင္ဒရူး ဟားဝုဒ္က ၁၃ ဂဏန္းကို ေၾကာက္တာ မဆန္းေၾကာင္း ၊ အထူးသျဖင့္ အိမ္ရာသစ္မ်ား ေဆာက္လုပ္ၾကတဲ့ developer ေတြဟာ ၁၃ ဂဏန္းကို ေရွာင္ေလ့ရွိေၾကာင္းေျပာပါတယ္။

“သူတို႔က အိမ္ခန္းေတြေဆာက္တဲ့အခါ ၁၂ ၊ ၁၄ ဆိုျပီးေတာ့ နံပါတ္ေတြ တပ္သြားတယ္။ၾကားထဲမွာ ၁၃ ကလံုးလံုးေပ်ာက္သြားတယ္။ ဒီနံပါတ္က ေရာင္းဖုိ႔ခက္တယ္ဆိုတာ သူတို႔သိတယ္ေလ။”

ဒါ့အျပင္ ဟားဝုဒ္ကေျပာတာက သခၤ်ဳိင္းနားက ေနအိမ္ေတြ၊ မ်က္လံုးအေရာင္မတူတဲ့ ျမင္းတစ္ေကာင္ရွိေနတဲ့ အိမ္၊ အခန္းထဲမွာ ထီးတစ္လက္ဖြင့္ထားတဲ့အိမ္ေတြကိုလည္း ဝယ္လက္ေတြက ေရွာင္ေလ့ရွိတယ္တဲ့ဗ်။

ဟားဝုဒ္က သူကိုယ္တိုင္လည္း အယူသီးတယ္လို႔ ဝန္ခံပါတယ္။

“ကၽြန္ေတာ္က သပိတ္လြယ္ငွက္ တစ္ေကာင္ျမင္ရင္ အျမဲ ဦးညႊတ္တယ္။ ဒါက မေကာင္းတဲ့ ကံၾကမၼာဆိုးေတြ ဖယ္ရွားေပးတယ္လို႔ ကၽြန္ေတာ္ ယံုၾကည္တယ္။ ကၽြန္ေတာ္မိဘေတြက အျမဲတမ္းအဲလို လုပ္လို႔ ကၽြန္ေတာ္လည္း လုပ္တာပါ။”

(ေရာင္းရခက္လို႔ - အခ်ဳိ ႔ေသာ developer မ်ားသည္ အခန္းနံပါတ္ တပ္ရာတြင္ ၁၃ ကိုခ်န္ထားျပီး ၁၂ မွ ၁၄ သို႔ တန္းသြားသည္။)

၁၃ ဂဏန္းကို ကံမေကာင္းဘူးလို႔ ယူဆၾကတာက အေနာက္ႏိုင္ငံေတြရဲ႕ ေရွးအယူတစ္ခုပါ။

၁၃ ဂဏန္းကို ကံမေကာင္းဘူးဆိုတဲ့အယူ ဘယ္လိုျဖစ္လာလဲဆုိတဲ့ သမိုင္းေၾကာင္းေျပာဆုိမႈ အမ်ဳိးမ်ဳိး ရွိပါတယ္။ အထင္ရွားဆံုးကေတာ့ ခရစ္ယာန္ဘာသာေရးနဲ႔ ပတ္သက္ေနသဗ်။

ခရစ္ေတာ္ရဲ႕ေနာက္ဆံုးညစာစားပြဲ (Last Supper) မွာ ေယရႈခရစ္နဲ႔ သူ႔ရဲ႕ သာဝက ၁၂ ဦး၊ ေပါင္း ၁၃ ဦးပါ။ ခရစ္ဝင္က်မ္းမွတ္တမ္းေတြအရ ေယရႈခရစ္ကို ကားစင္တင္မသတ္မီ သူ႔ရဲ႕ သာဝကေတြနဲ႔ စားေသာက္ခဲ့တဲ့ ေနာက္ဆံုးညစာပါ။

ျဗိတိန္ႏိုင္ငံတစ္ဝန္းရွိ လမ္းေတြရဲ႕ ၂၈ ရာခိုင္ႏႈန္းမွာ နံပါတ္ ၁၃ လမ္းမရွိ။

တကယ္လို႔ရွိခဲ့လွ်င္လည္း တျခားလမ္းေတြက ေနအိမ္ေတြေလာက္ ေစ်းေကာင္းမရ။ နံပါတ္ ၁၃ အိမ္ျခံေျမေတြရဲ႕ ေရာင္းေစ်းဟာ တျခားအိမ္ေတြ ေရာင္းေစ်းနဲ႔ယွဥ္ရင္ ပွ်မ္းမွ် ၂ ရာခုိင္ႏႈန္း ေစ်းနည္းပါတယ္။

အိမ္နံပါတ္ ၁၃ မွာ ေနထိုင္ၾကသူေတြဟာ တျခားအိမ္ေတြမွာေနသူေတြထက္ ပိုျပီး ၾကာၾကာေနရေလ့ရွိပါသတဲ့။

ေျမယာမွတ္ပံုတင္ဌာနရဲ႕ ကိန္းဂဏန္းေတြအရဆိုရင္ အိမ္နံပါတ္ ၁၃ ေနအိမ္ေတြရဲ႕ အေရာင္းအဝယ္ျဖစ္မႈ ပမာဏက တျခားအိမ္ေတြနဲ႔ယွဥ္ရင္ ၈ ရာခုိင္ႏႈန္းေလာက္ နည္းတယ္လို႔ ဆိုပါတယ္။

ေသာၾကာေန႔ဟာ အိမ္ျခံေျမ အေရာင္းအဝယ္ ျဖစ္ေလ့ရွိတဲ့ေန႔အျဖစ္ နာမည္ၾကီးေပမယ့္ ၁၃ ရက္ ေသာၾကာေန႔မွာ အေရာင္းအဝယ္ျဖစ္မႈ ပမာဏက တစ္လတာအတြင္း တျခားေသာၾကာေန႔ေတြနဲ႔ ယွဥ္ရင္ ၄၃ ရာခုိင္ႏႈန္း နည္းပါးပါတယ္။

ဝယ္လက္ေတြဟာ အိမ္နံပါတ္ ၁၁၃ (ဒါမွမဟုတ္) ၂၁၃ နံပါတ္ေတြကိုေတာင္ မၾကိဳက္ၾကဘူးဗ်။

အေၾကာင္းကေတာ့ ၁၃ ပါေနလို႔။

ဒါကထားပါေတာ့။ စားပြဲေပၚမွာဖိနပ္ရွိတာ ဘာျဖစ္လို႔လဲ။ ဘယ္လိုမ်ားကံမေကာင္းသြားရတာလဲ။ သတၱဳတြင္းသမားေတြရဲ ႔ အယူမွာက်ေတာ့ တြင္းသမားတစ္ေယာက္ေသရင္ သူ႔ကို ေလးစားတဲ့ အေနနဲ႔ စားပြဲေပၚမွာ သူ႔ဖိနပ္ေတြ ထားရမယ္တဲ့။ ဒီေတာ့ ဖိနပ္ကို စားပြဲေပၚမွာ ထားတာက ကံဆိုးမွာလား၊ ေလးစားမႈရဲ ႔အထိမ္းအမွတ္လား။ ကံၾကမၼာကို စားပြဲေပၚက ဖိနပ္ေတြက ျဖားေယာင္းႏိုင္သလား။

အယူသီးမႈေတြက အငွားေစ်းကြက္ထဲထိ ေရာက္တယ္ဗ်ဳိ႕။ အိမ္ျခံေျမအငွားဝန္ေဆာင္မႈေတြ ႏွစ္ ၂၀ ေလာက္ေပးလာတဲ့ Jackson-Stops Canterbury ကုမၸဏီက မန္ေနဂ်ာ အမ်ဳိးသမီး Genevieve Masterson ေျပာတာက အိမ္ငွားေတြဟာ သခၤ်ဳိင္းနဲ႔နီးတဲ့ အိမ္ေတြကို မၾကိဳက္ၾကဘူးတဲ့။

တခါမွာဆို ေဂ်ာ္ဂ်ီယာဗိသုကာဟန္အိမ္တစ္လံုးကို စံုတြဲတစ္တြဲက ငွားေတာ့မယ္လုပ္ျပီးမွ အိမ္ၾကည့္ေနတုန္း ေၾကာင္နက္တစ္ေကာင္ျမင္လို႔ဆိုျပီး ပြဲပ်က္သြားသတဲ့။

(ဖိနပ္အစြဲ- စားပြဲတစ္လံုးေပၚမွာ ဖိနပ္ရွိေနတာဟာ ကံမေကာင္းေစဘူးလို႔ ယံုၾကည္ၾကျပီး ဝယ္လက္ေတြျမင္ရင္ ပြဲပ်က္သြားႏိုင္ပါတယ္)

Knight Frank ကုမၸဏီက Rupert Sweeting ေျပာတာက အယူသီးတတ္တာ အမ်ားစုက အသက္ ၄၀ ကေန ၅၅ ၾကားေတြျဖစ္ျပီး အထူးသျဖင့္ အမ်ဳိးသမီးေတြပါတဲ့။ Rupert ရဲ႕ သေဘာထားကေတာ့ အိမ္ျခံေျမေစ်းကြက္မွာ အယူသီးတတ္သူေတြအေပၚ ရႈတ္ခ်တာမ်ဳိး မလုပ္သင့္ဘူးလို႔ သေဘာထားရွိတယ္။

“ဘာလို႔ ရႈတ္ခ်ရမွာလဲ။ အားကစားသမားေတြကိုၾကည့္။ သူတို႔ဆို မယံုႏိုင္ေလာက္ေအာင္ အယူသီးတယ္။ ေဂ်ာ္ကီေတြဆိုရင္ ဘယ္ဘက္ေျခကို အရင္တက္ျပီးမွ ညာဘက္ေျခကို တက္တယ္။ ဒါက ဓေလ့တစ္ခုလိုပဲ။ ျပီးေတာ့ တင္းနစ္သမား ရာေဖး နာဒဲလ္ကို ၾကည့္။ သူဆိုလည္း သိပ္အယူသီးတဲ့သူ။ ကစားပြဲမတိုင္ခင္မွာ သူ႔ရဲ႕ ဆံပင္၊ တီရွပ္နဲ႔ ေအာက္ခံေဘာင္းဘီေတြကို တို႔ထိျပီးမွ ကစားတတ္တယ္။ ဒီေတာ့ အိမ္ျခံေျမနယ္က်မွ ကြက္ျပီး အယူသီးတာေတြကို ဘာလို႔ေရွာင္ခိုင္းရမွာလဲ”

စကားလမ္းေၾကာင္းလည္း အေတာ္လြဲသြားျပီ။ ကၽြန္ေတာ့္ရဲ႕ အယူသီးတဲ့ သူငယ္ခ်င္း အင္မာတစ္ေယာက္ အိမ္ရွာတာ ဘယ္လိုျဖစ္သြားလဲ သိခ်င္ေနေရာေပါ့။

အိမ္ေတြ တစ္လံုးျပလိုက္ အယူသီးလိုက္နဲ႔ဆိုေတာ့ ကၽြန္ေတာ္လည္း စိတ္တိုျပီး ေလသံမာသြားတာမွာ ကၽြန္ေတာ့္ကို လိုက္မျပခိုင္းေတာ့ဘူးေလ။

သူ႔ရဲ႕ Spaniel ေခြးၾကီး ဘန္႔တေလနဲ႔ အတူထြက္သြားေလရဲ႕။

“ဘန္တေလက ဆတ္ဆတ္ထိမခံဘူး။ သူက မၾကိဳက္ဘူးဆိုရင္ ကၽြန္္မက အဲ့အိမ္ကို ဝယ္မွာမဟုတ္ဘူး။ ကၽြန္မက သူ႔ကို ေပ်ာ္ေစခ်င္တယ္။ အဲဒါက သိပ္အေရးၾကီးတယ္”လို႔ အင္မာက ကၽြန္ေတာ့္ကို ေျပာတယ္။

အင္ဒရူး ဟားဝုဒ္ခန္႔မွန္းတာကေတာ့ လာမယ့္ မ်ဳိးဆက္အနည္းငယ္ေလာက္ဆိုရင္ အယူသီးတာေတြ လံုးဝ ပေပ်ာက္သြားမယ္လို႔ ခန္႔မွန္းပါတယ္။

“ကၽြန္ေတာ္မွာက အရြယ္ေရာက္ေနတဲ့ အျမႊာသမီး ၂ ေယာက္ရွိတယ္။ ကၽြန္ေတာ္က လက္ကို ေျမွာက္ျပီး …အေလးျပဳပါတယ္ ကိုသပိတ္လြယ္လို႔ ေျပာျပီး အေလးျပဳတာျမင္ရင္ သူတို႔က ရူးေၾကာင္ေၾကာင္ႏိုင္တယ္လို႔ ယူဆၾကတယ္ေလ”လို႔ ဟားဝုဒ္က ေျပာပါတယ္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How No 13's unlucky for some sellers: Househunters can be superstitious but can targeting homes others don't want help you buya bit of a bargain? (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
area-one-business-complex
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service