စကော့တလန်တွင် အိပ်ခန်း ၂ ခန်းပါအိမ်ကို ပေါင် ၁၅၀၀၀(မြန်မာငွေ သိန်း ၃၃၀) မျှဖြင့် ရောင်းချမည်

စကော့တလန်တွင် အိပ်ခန်း ၂ ခန်းပါအိမ်ကို ပေါင် ၁၅၀၀၀(မြန်မာငွေ သိန်း ၃၃၀) မျှဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
15 Jul 2022 11:53 am တွင် တင်ခဲ့သည်
1034 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စကော့တလန်နိုင်ငံရှိ လှပသာယာသော ကျေးရွာကလေးတစ်ခုတွင် အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံးကို ပေါင် ၁၅၀၀၀ (မြန်မာငွေ ကျပ် သိန်း ၃၃၀) (၂၀၂၂ ၊ ဇူလိုင်လ ၁၄ ရက်ငွေလဲနှုန်းအရ) မျှဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းတစ်ခုပေါ်ပေါက်လာသည်။ သို့သော် သတိပြုရမည့် အချက်တစ်ခု ရှိနေသည်။

စကော့တလန်နိုင်ငံ၊ Ayeshire ခရိုင်၊ Barr ကျေးရွာကလေးရှိ ရောင်းချမည့် လုံးချင်းအိမ်သည် မီးဘေးသင့်ခဲ့ဖူးပြီး ၂ ထပ်အဆောက်အအုံ၏ အမိုးတွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်နေသည်။

(ရောင်းချမည့်အိမ်၏ တချိန်က မြင်ကွင်း)

(စကော့တလန်ရှိ အိပ်ခန်း ၂ ခန်းပါ ၂ ထပ်အိမ်တွင် သတိပြုရမည့်အချက်တစ်ခုရှိနေသည်)

(နေအိမ်ကို မီးသင့်ခဲ့ဖူးပြီး ယခုအခါ အမိုးမရှိချေ)

မီးဘေးကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သဖြင့် ယခုအိမ်တွင် နေမည့်သူအတွက် ကြယ်မြင်လမြင် မိုးကောင်းကင်ကို ခံစားရမည် ဖြစ်သည်။

၂ ထပ်အိမ်၏ အပေါ်ထပ်ကို မီးသင့်ခဲ့ခြင်းဖြစ်ပြီး အမိုးကို မီးစွဲလောင်ခဲ့သော်လည်း ဒိုင်းမြားများမှာမူ မထိမခိုက် ကျန်ရှိနေသေးသည်။

ပြတင်းပေါက်များ ကွဲနေပြီး အပျက်အစီးများမှာ နေရာအနှံ့ ပျံ့ကြဲလျက်ရှိသည်။

ဝယ်ယူရန် စုံစမ်းလိုသူများအနေဖြင့် နေအိမ်အတွင်း ပါဝင်သော ရေချိုးခန်း ၂ ခန်း (သို့မဟုတ်) ဧည့်ခန်း အစရှိသည်တို့ကို ဝင်ရောက်ကြည့်ရှုခွင့်ရမည်ကား မဟုတ်။ နေအိမ်အတွင်းသို့ ဝင်ရောက်သွားလာရန်မှာ ဘေးအန္တရာယ်မကင်းနိုင်သောကြောင့် ဖြစ်သည်။

Barr ကျေးရွာကလေးသည် ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်မှုပေးထားသည့် ကျေးရွာကလေးတစ်ခုဖြစ်ပြီး Stinchar နှင့် Greg မြစ်တို့အကြား Carrick တောင်ကုန်းများအလယ်တွင် တည်ရှိသည်။

နေအိမ်၏ ဝဲဘက်တွင် ကိုယ်ပိုင်ယာဉ်မောင်းလမ်းတစ်ခုရှိပြီး ဂိုဒေါင်ဆီသို့ ဦးတည်သွားသည်။

နေအိမ်ရှေ့တွင် ပန်းဥယျာဉ်ရှိပြီး နေအိမ်နောက်ဘက်တွင်မူ ခြံခတ်ကာရံထားသော ကွက်လပ်တစ်ခု တည်ရှိသည်။

နေအိမ်ရှာဖွေနေသူ ဝယ်လက်တစ်ဦးက အရွှန်းဖောက်ပြောကြားခဲ့သည်မှာ “ကျွန်တော်တတ်နိုင်တဲ့ ငွေကြေးပမာဏဘောင်အတွင်းမှာရှိတဲ့ အိမ်တစ်လုံးကို Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်က အသိပေးလာတယ်။ ပြင်စရာကတော့ မဆိုစလောက်လေးပါပဲ” ဟု အရွှန်းဖောက်ပြောကြားသည်။

ယင်းနေအိမ်ကို Slater Hogg and Howison ကုမ္ပဏီမှတဆင့် လေလံတင်ရောင်းချသွားရန် စီစဉ်ထားသည်။

Rightmove တွင်ဖော်ပြထားသော ဈေးကွက်တင်မှတ်တမ်းတွင် ရေးသားထားပုံမှာ “ကျေးဇူးပြု၍ သတိပြုရမည်မှာ ယခုနေအိမ်ကို မျက်မြင်အခြေအနေအတိုင်းသာ ရောင်းချမည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းစေရန် အပြင်ဘက်မြင်ကွင်းကိုသာ ကြည့်ခွင့်ရမည်ဖြစ်သည်”ဟု ဖော်ပြထားသည်။

ပေါင် ၁၃၅၀၀ (မြန်မာကျပ်ငွေ ၂၉၇ သိန်း) မှစတင်ကာ လေလံဆွဲနိုင်သော်လည်း ကြမ်းခင်းဈေးကို ပေါင် ၁၅၀၀၀ (မြန်မာကျပ်ငွေ သိန်း ၃၃၀) သတ်မှတ်ထားသည်။

(မီးသင့်ခဲ့သော်လည်း ဒိုင်းမြားများမှာ အကောင်းအတိုင်းရှိနေဆဲ ဖြစ်သည်)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Two-bedroom home in picturesque village could be yours for just £15,000 – but it comes with a catch (thesun)

[Zawgyi]

စေကာ့တလန္တြင္ အိပ္ခန္း ၂ ခန္းပါအိမ္ကို ေပါင္ ၁၅၀၀၀(ျမန္မာေငြ သိန္း ၃၃၀) မွ်ျဖင့္ ေရာင္းခ်မည္

စေကာ့တလန္ႏိုင္ငံရွိ လွပသာယာေသာ ေက်းရြာကေလးတစ္ခုတြင္ အိပ္ခန္း ၂ ခန္းပါ ေနအိမ္တစ္လံုးကို ေပါင္ ၁၅၀၀၀ (ျမန္မာေငြ က်ပ္ သိန္း ၃၃၀) (၂၀၂၂ ၊ ဇူလိုင္လ ၁၄ ရက္ေငြလဲႏႈန္းအရ) မွ်ျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည့္ အခြင့္အလမ္းတစ္ခုေပၚေပါက္လာသည္။ သို႔ေသာ္ သတိျပဳရမည့္ အခ်က္တစ္ခု ရွိေနသည္။

စေကာ့တလန္ႏိုင္ငံ၊ Ayeshire ခရိုင္၊ Barr ေက်းရြာကေလးရွိ ေရာင္းခ်မည့္ လံုးခ်င္းအိမ္သည္ မီးေဘးသင့္ခဲ့ဖူးျပီး ၂ ထပ္အေဆာက္အအံု၏ အမိုးတြင္ ၾကီးမားသည့္ အေပါက္ၾကီးတစ္ခု ျဖစ္ေနသည္။

(ေရာင္းခ်မည့္အိမ္၏ တခ်ိန္က ျမင္ကြင္း)

(စေကာ့တလန္ရွိ အိပ္ခန္း ၂ ခန္းပါ ၂ ထပ္အိမ္တြင္ သတိျပဳရမည့္အခ်က္တစ္ခုရွိေနသည္)

(ေနအိမ္ကို မီးသင့္ခဲ့ဖူးျပီး ယခုအခါ အမိုးမရွိေခ်)

မီးေဘးေၾကာင့္ ဆိုးဆိုးရြားရြား ပ်က္စီးခဲ့သျဖင့္ ယခုအိမ္တြင္ ေနမည့္သူအတြက္ ၾကယ္ျမင္လျမင္ မိုးေကာင္းကင္ကို ခံစားရမည္ ျဖစ္သည္။

၂ ထပ္အိမ္၏ အေပၚထပ္ကို မီးသင့္ခဲ့ျခင္းျဖစ္ျပီး အမုိးကို မီးစြဲေလာင္ခဲ့ေသာ္လည္း ဒိုင္းျမားမ်ားမွာမူ မထိမခိုက္ က်န္ရွိေနေသးသည္။

ျပတင္းေပါက္မ်ား ကြဲေနျပီး အပ်က္အစီးမ်ားမွာ ေနရာအႏွံ႔ ပ်ံ႕ၾကဲလ်က္ရွိသည္။

ဝယ္ယူရန္ စံုစမ္းလိုသူမ်ားအေနျဖင့္ ေနအိမ္အတြင္း ပါဝင္ေသာ ေရခ်ဳိးခန္း ၂ ခန္း (သို႔မဟုတ္) ဧည့္ခန္း အစရွိသည္တို႔ကို ဝင္ေရာက္ၾကည့္ရႈခြင့္ရမည္ကား မဟုတ္။ ေနအိမ္အတြင္းသို႔ ဝင္ေရာက္သြားလာရန္မွာ ေဘးအႏၱရာယ္မကင္းႏိုင္ေသာေၾကာင့္ ျဖစ္သည္။

Barr ေက်းရြာကေလးသည္ ဥပေဒျဖင့္ ထိန္းသိမ္းကာကြယ္မႈေပးထားသည့္ ေက်းရြာကေလးတစ္ခုျဖစ္ျပီး Stinchar ႏွင့္ Greg ျမစ္တို႔အၾကား Carrick ေတာင္ကုန္းမ်ားအလယ္တြင္ တည္ရွိသည္။

ေနအိမ္၏ ဝဲဘက္တြင္ ကိုယ္ပိုင္ယာဥ္ေမာင္းလမ္းတစ္ခုရွိျပီး ဂိုေဒါင္ဆီသို႔ ဦးတည္သြားသည္။

ေနအိမ္ေရွ႕တြင္ ပန္းဥယ်ာဥ္ရွိျပီး ေနအိမ္ေနာက္ဘက္တြင္မူ ျခံခတ္ကာရံထားေသာ ကြက္လပ္တစ္ခု တည္ရွိသည္။

ေနအိမ္ရွာေဖြေနသူ ဝယ္လက္တစ္ဦးက အရႊန္းေဖာက္ေျပာၾကားခဲ့သည္မွာ “ကၽြန္ေတာ္တတ္ႏိုင္တဲ့ ေငြေၾကးပမာဏေဘာင္အတြင္းမွာရွိတဲ့ အိမ္တစ္လံုးကို Rightmove အိမ္ျခံေျမဝက္ဘ္ဆိုက္က အသိေပးလာတယ္။ ျပင္စရာကေတာ့ မဆိုစေလာက္ေလးပါပဲ” ဟု အရႊန္းေဖာက္ေျပာၾကားသည္။

ယင္းေနအိမ္ကို Slater Hogg and Howison ကုမၸဏီမွတဆင့္ ေလလံတင္ေရာင္းခ်သြားရန္ စီစဥ္ထားသည္။

Rightmove တြင္ေဖာ္ျပထားေသာ ေစ်းကြက္တင္မွတ္တမ္းတြင္ ေရးသားထားပံုမွာ “ေက်းဇူးျပဳ၍ သတိျပဳရမည္မွာ ယခုေနအိမ္ကို မ်က္ျမင္အေျခအေနအတိုင္းသာ ေရာင္းခ်မည္ျဖစ္ျပီး ေဘးအႏၱရာယ္ကင္းေစရန္ အျပင္ဘက္ျမင္ကြင္းကိုသာ ၾကည့္ခြင့္ရမည္ျဖစ္သည္”ဟု ေဖာ္ျပထားသည္။

ေပါင္ ၁၃၅၀၀ (ျမန္မာက်ပ္ေငြ ၂၉၇ သိန္း) မွစတင္ကာ ေလလံဆြဲႏိုင္ေသာ္လည္း ၾကမ္းခင္းေစ်းကို ေပါင္ ၁၅၀၀၀ (ျမန္မာက်ပ္ေငြ သိန္း ၃၃၀) သတ္မွတ္ထားသည္။

(မီးသင့္ခဲ့ေသာ္လည္း ဒိုင္းျမားမ်ားမွာ အေကာင္းအတိုင္းရွိေနဆဲ ျဖစ္သည္)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Two-bedroom home in picturesque village could be yours for just £15,000 – but it comes with a catch (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
119-mdy
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service