နေအိမ်တွင် ပြတင်းပေါက်အသစ်များတပ်သည့် အိမ်ရှင် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံရ

နေအိမ်တွင် ပြတင်းပေါက်အသစ်များတပ်သည့် အိမ်ရှင် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံရ - Property News in Myanmar from iMyanmarHouse.com
4 Jul 2022 10:52 am တွင် တင်ခဲ့သည်
906 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် နေအိမ်၌ ပြတင်းပေါက်အသစ်များတပ်ဆင်သည့် အိမ်ရှင်တစ်ဦး ပေါင် ၅၀၀၀၀ ဒဏ်ကြေးငွေ ချမှတ်ခံလိုက်ရသည်။

အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း Kent ခရိုင်တွင် Grade II စာရင်းဝင် စံအိမ်တစ်လုံးကို အိမ်ရှင် မာလာဝီ နီးဂျာ (Malawi Nijar) က အထက်အောက်လျှောပြတင်းများကို ဖြုတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ များပြားသည့် ဒဏ်ကြေးငွေ ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

Grade II စာရင်းဝင်ဟူသည်ကား သမိုင်းဝင် (သို့မဟုတ်) ဗိသုကာဆိုင်ရာ အထင်ကရဖြစ်သော အဆောက်အအုံမျိုးဖြစ်ပြီး ဥပဒေအရ အကာအကွယ်ပေးထားသည့် အဆောက်အအုံများစာရင်းတွင် ထည့်သွင်းခံရခြင်း ဖြစ်သည်။

(မာလာဝီ နီးဂျာသည် သမိုင်းဝင် Summerland စံအိမ်၏ ပြတင်းများ အသစ်လဲမှုအတွက် ဒဏ်ငွေချမှတ်ခြင်းခံရ)

သမိုင်းဝင် ဤအဆောက်အအုံသည် မူလက ပုဂ္ဂလိကကျောင်းတစ်ကျောင်းအဖြစ် ၁၉၀၆ ခုနှစ်တွင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ၏ မူလအမည်မှာ Doon House ဖြစ်သည်။

Kent ခရိုင်၊ Westgate-on-Sea အမည်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးမှ ထိုစံအိမ်အိမ်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း Kent ခရိုင်ရှိ ဗြိတိသျှ တော်ဝင်လေတပ်အခြေစိုက်စခန်းမှ အရာရှိများ အခြေစိုက်တပ်စွဲခဲ့ကြပြီး ၂၀၁၂ ခုနှစ်တွင် Grade II စာရင်းထည့်သွင်းခံရခြင်း ဖြစ်သည်။

အဆောက်အအုံပြတင်းအသစ်လဲမှုအပေါ် ကာလကြာရှည်အမှုရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် မြို့ကောင်စီက မာလာဝီကို အရေးယူမှု ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

ဥပဒေအရ အကာအကွယ်ပေးထားသည့် အဆောက်အအုံတစ်လုံးကို ခွင့်ပြုချက်မရဘဲ အတွင်းအပြင် မွမ်းမံမှုများ ပြုလုပ်ခွင့် မရှိချေ။

မာလာဝီသည် သတိပေးမှုကို မလိုက်နာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဇွန်လ ၆ ရက်တွင် ဒဏ်ငွေ ပေါင် ၄၀၀၀၀ ချမှတ်ခဲ့သည်။

တရားစရိတ် ပေါင် ၇၅၆၀ နှင့် နစ်နာကြေး ပေါင် ၇၀ တို့လည်း မြို့ကောင်စီအား ပေးဆောင်ရသည်။

မာလာဝီသည် ဒီဇင်ဘာလအတွင်းက ရုံးချိန်းမတက်ခဲ့သည့်အတွက်လည်း ပေါင် ၂၅၀၀ ဒဏ်ငွေချမှတ်ခံရသေးသည်။

မြို့ကောင်စီမှ အကြီးအကဲများသည် ထိုအဆောက်အအုံကို လာမည့်သြဂုတ်လတွင် ထပ်မံစစ်ဆေးဦးမည်ဖြစ်ပြီး မူလအတိုင်း မွမ်းမံမှု မပြုလုပ်ရသေးပါက မာလာဝီအနေဖြင့် ထပ်မံတရားစွဲခံရဖွယ် ရှိသည်။

ဥပဒေဖြင့်အကာအကွယ်ပေးထားသော သတ်မှတ်စာရင်းဝင် အဆောက်အအုံတစ်လုံးကို ခွင့်မပြုဘဲ ပြင်ဆင်မှုများ လုပ်ဆောင်မည့်သူတိုင်းအတွက် ခိုင်မာသည့်ရပ်တည်ချဉ်းကပ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း မြို့ကောင်စီက ထုတ်ပြန်သည်။

“စာရင်းဝင် အဆောက်အအုံတစ်လုံးတွင် ပြင်ဆင်မှုများ လုပ်ဆောင်မည့် မည်သူမဆို ကျွန်ုပ်တို့၏ စီမံကိန်းဌာနမှ အကြံဉာဏ်ရယူရန် ကျွန်ုပ်တို့ အကြံပေးပါသည်”ဟု ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် ထိုအဆောက်အအုံကို Royal British Legion က ဝယ်ယူခဲ့ပြီး Maurice Lodge ဟု ပြောင်းလဲအမည်ပေးခဲ့ကာ ဘိုးဘွားရိပ်သာနှင့် ပြန်လည်ထူထောင်ရေးဂေဟာအဖြစ် အသုံးပြုခဲ့သည်။

နောက်ပိုင်းတွင်မူ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ရုံးချုပ်ဖြစ်သွားခဲ့ပြီး ၁၉၈၀ ပြည့်လွန်ကာလများတွင်မူ ဘိုးဘွားရိပ်သာအဖြစ် တဖန်ပြန်လည်အသုံးပြုခဲ့ကာ Summerlands Lodge ဟု ထပ်မံအမည်ပြောင်းခဲ့သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Homeowner fined £50,000 for fitting new windows to his old house (thesun)

 

 

[Zawgyi]

ေနအိမ္တြင္ ျပတင္းေပါက္အသစ္မ်ားတပ္သည့္ အိမ္ရွင္ ေပါင္ ၅၀၀၀၀ ဒဏ္ရိုက္ခံရ

အဂၤလန္ႏိုင္ငံတြင္ ေနအိမ္၌ ျပတင္းေပါက္အသစ္မ်ားတပ္ဆင္သည့္ အိမ္ရွင္တစ္ဦး ေပါင္ ၅၀၀၀၀ ဒဏ္ေၾကးေငြ ခ်မွတ္ခံလိုက္ရသည္။

အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း Kent ခရိုင္တြင္ Grade II စာရင္းဝင္ စံအိမ္တစ္လံုးကို အိမ္ရွင္ မာလာဝီ နီးဂ်ာ (Malawi Nijar) က အထက္ေအာက္ေလွ်ာျပတင္းမ်ားကို ျဖဳတ္လိုက္ျခင္းေၾကာင့္ ယခုကဲ့သို႔ မ်ားျပားသည့္ ဒဏ္ေၾကးေငြ ခ်မွတ္ခံလိုက္ရျခင္း ျဖစ္သည္။

Grade II စာရင္းဝင္ဟူသည္ကား သမိုင္းဝင္ (သို႔မဟုတ္) ဗိသုကာဆိုင္ရာ အထင္ကရျဖစ္ေသာ အေဆာက္အအံုမ်ဳိးျဖစ္ျပီး ဥပေဒအရ အကာအကြယ္ေပးထားသည့္ အေဆာက္အအံုမ်ားစာရင္းတြင္ ထည့္သြင္းခံရျခင္း ျဖစ္သည္။

(မာလာဝီ နီးဂ်ာသည္ သမိုင္းဝင္ Summerland စံအိမ္၏ ျပတင္းမ်ား အသစ္လဲမႈအတြက္ ဒဏ္ေငြခ်မွတ္ျခင္းခံရ)

သမိုင္းဝင္ ဤအေဆာက္အအံုသည္ မူလက ပုဂၢလိကေက်ာင္းတစ္ေက်ာင္းအျဖစ္ ၁၉၀၆ ခုႏွစ္တြင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အေဆာက္အအံု၏ မူလအမည္မွာ Doon House ျဖစ္သည္။

Kent ခရိုင္၊ Westgate-on-Sea အမည္ရွိ ပင္လယ္ကမ္းေျချမိဳ႕ကေလးမွ ထိုစံအိမ္အိမ္တြင္ ဒုတိယကမၻာစစ္ၾကီးအတြင္း Kent ခရိုင္ရွိ ျဗိတိသွ် ေတာ္ဝင္ေလတပ္အေျခစိုက္စခန္းမွ အရာရွိမ်ား အေျခစိုက္တပ္စြဲခဲ့ၾကျပီး ၂၀၁၂ ခုႏွစ္တြင္ Grade II စာရင္းထည့္သြင္းခံရျခင္း ျဖစ္သည္။

အေဆာက္အအံုျပတင္းအသစ္လဲမႈအေပၚ ကာလၾကာရွည္အမႈရင္ဆုိင္ခဲ့ရျပီး ေနာက္ဆံုးတြင္ ျမိဳ႕ေကာင္စီက မာလာဝီကို အေရးယူမႈ ျပဳလုပ္လိုက္ျခင္းလည္း ျဖစ္သည္။

ဥပေဒအရ အကာအကြယ္ေပးထားသည့္ အေဆာက္အအံုတစ္လံုးကို ခြင့္ျပဳခ်က္မရဘဲ အတြင္းအျပင္ မြမ္းမံမႈမ်ား ျပဳလုပ္ခြင့္ မရွိေခ်။ မာလာဝီသည္ သတိေပးမႈကို မလိုက္နာေၾကာင္း စစ္ေဆးေတြ႔ရွိသျဖင့္ ဇြန္လ ၆ ရက္တြင္ ဒဏ္ေငြ ေပါင္ ၄၀၀၀၀ ခ်မွတ္ခဲ့သည္။

တရားစရိတ္ ေပါင္ ၇၅၆၀ ႏွင့္ နစ္နာေၾကး ေပါင္ ၇၀ တို႔လည္း ျမိဳ႕ေကာင္စီအား ေပးေဆာင္ရသည္။

မာလာဝီသည္ ဒီဇင္ဘာလအတြင္းက ရံုးခ်ိန္းမတက္ခဲ့သည့္အတြက္လည္း ေပါင္ ၂၅၀၀ ဒဏ္ေငြခ်မွတ္ခံရေသးသည္။

ျမိဳ႕ေကာင္စီမွ အၾကီးအကဲမ်ားသည္ ထိုအေဆာက္အအံုကို လာမည့္ၾသဂုတ္လတြင္ ထပ္မံစစ္ေဆးဦးမည္ျဖစ္ျပီး မူလအတိုင္း မြမ္းမံမႈ မျပဳလုပ္ရေသးပါက မာလာဝီအေနျဖင့္ ထပ္မံတရားစြဲခံရဖြယ္ ရွိသည္။

ဥပေဒျဖင့္အကာအကြယ္ေပးထားေသာ သတ္မွတ္စာရင္းဝင္ အေဆာက္အအံုတစ္လံုးကို ခြင့္မျပဳဘဲ ျပင္ဆင္မႈမ်ား လုပ္ေဆာင္မည့္သူတိုင္းအတြက္ ခိုင္မာသည့္ရပ္တည္ခ်ဥ္းကပ္မႈတစ္ခု ျပဳလုပ္ခဲ့ေၾကာင္း ျမိဳ႕ေကာင္စီက ထုတ္ျပန္သည္။

“စာရင္းဝင္ အေဆာက္အအံုတစ္လံုးတြင္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္မည့္ မည္သူမဆို ကၽြႏု္ပ္တို႔၏ စီမံကိန္းဌာနမွ အၾကံဥာဏ္ရယူရန္ ကၽြႏ္ုပ္တို႔ အၾကံေပးပါသည္”ဟု ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ဒုတိယကမၻာစစ္ၾကီးျပီးဆံုးခ်ိန္တြင္ ထိုအေဆာက္အအံုကို Royal British Legion က ဝယ္ယူခဲ့ျပီး Maurice Lodge ဟု ေျပာင္းလဲအမည္ေပးခဲ့ကာ ဘိုးဘြားရိပ္သာႏွင့္ ျပန္လည္ထူေထာင္ေရးေဂဟာအျဖစ္ အသံုးျပဳခဲ့သည္။

ေနာက္ပိုင္းတြင္မူ ေဆာက္လုပ္ေရးကုမၸဏီတစ္ခု၏ ရံုးခ်ဳပ္ျဖစ္သြားခဲ့ျပီး ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္မူ ဘိုးဘြားရိပ္သာအျဖစ္ တဖန္ျပန္လည္အသံုးျပဳခဲ့ကာ Summerlands Lodge ဟု ထပ္မံအမည္ေျပာင္းခဲ့သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Homeowner fined £50,000 for fitting new windows to his old house (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service