ရော့ခ်ကြယ်ပွင့်ကြီး Bon Jovi ၏ နယူးယောက်ကွန်ဒိုခန်း ဝေါ့ဒစ္စနေ၏ဥက္ကဌက ဝယ်ယူသွား

ရော့ခ်ကြယ်ပွင့်ကြီး Bon Jovi ၏ နယူးယောက်ကွန်ဒိုခန်း ဝေါ့ဒစ္စနေ၏ဥက္ကဌက ဝယ်ယူသွား - Property News in Myanmar from iMyanmarHouse.com
30 Jun 2022 11:14 am တွင် တင်ခဲ့သည်
1020 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့်ကြီး ဘွန်ဂျိုဗီ (Bon Jovi) သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ West Village ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထွက်သွားခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

နယူးဂျာစီပြည်နယ်ဇာတိ ဘွန်ဂျိုဗီသည် နယူးယောက်မြို့ အနောက် ၁၁ လမ်း၊ အမှတ် ၁၅၅ ရှိ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။

ဘွန်ဂျိုဗီက ထိုအခန်းအား အရောင်းဈေးကွက်တင်ခဲ့သည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ဘွန်ဂျိုဗီသည် အရောင်းဈေးကွက်တင်ပြီး ၆ ရက်အကြာတွင် အရောင်းအဝယ်ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း ယခုအချိန်တွင်မှ သိလာရသည်။

သတင်းများအရ ဝယ်ယူသွားသူမှာ ဝေါ့ဒစ္စနေ ကုမ္ပဏီ၏ ဥက္ကဌဟောင်း၊ Creative Artists Agency ပူးတွဲ တည်ထောင်သူ Michael Ovitz ဖြစ်သည်ဟု သိရသည်။

စတုရန်းပေ ၃၉၅၁ ကျယ်ဝန်းသော ကွန်ဒိုခန်းတွင် ကိုယ်ပိုင်ဓာတ်လှေကားပါဝင်သည်။

လသာဆောင်တစ်ခုပါသည့် မီးဖိုဆောင်၊ အလျား ပေ ၄၀ ခန့်ရှိ ဧည့်ခန်းနှင့် ဝက်သစ်ချသား ကြမ်းခင်းများ ပါရှိသည်။

အိပ်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသည့် ပြတင်းများ၊ လမ်းလျှောက်ဝင်နိုင်သည့် အဝတ်အစား ထားသိုခန်း၊ စကျင်ကျောက်ပြားခင်း ရေချိုးခန်းတို့ ပါဝင်သည်။

ဘွန်ဂျိုဗီက ၁၄ လွှာရှိ ထိုအခန်းကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၈ ဒသမ ၉၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကွန်ဒိုအဆောက်အအုံတွင် အားကစားလေ့ကျင့်ခန်းမ၊ အလျား ၇၅ ပေရှိ ရေကူးကန်၊ ရေပူဝဲကတော့ကန်၊ ချွေးထုတ်ခန်းများနှင့် ဂေါက်ကွင်းတုတစ်ခုတို့ ထည့်သွင်းပေးထားသည်။

 

(စတုရန်းပေ ၃၉၅၁ ကျယ်ဝန်းသောကွန်ဒိုခန်းတွင် ပန်းဥယျာဉ်တစ်ခုလည်း ရှိသည်)

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း Bon Jovi သည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ စံအိမ်ကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းထုတ်ခဲ့ပြီး ပိုမိုကျယ်ဝန်းသည့် ကမ်းခြေစံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄၃ သန်းဖြင့် ဝယ်ယူခဲ့သည်။

Bon Jovi သည် နယူးယောက်မြို့၊ Hamptons တွင်လည်း စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။

ယခုကွန်ဒိုခန်းကို အရောင်းဈေးကွက်တင်ပေးခဲ့သည့် အကျိုးဆောင်များမှာ Compass အိမ်ခြံမြေကုမ္ပဏီမှ Leonard Steinberg, Herve Senequier, Amy Mendizabal, Calli Sarkesh နှင့် Niklas Hackstein တို့ ဖြစ်ကြသည်။

(Bon Jovi ဘာလဲ)

Bon Jovi သည် အမေရိကန် ရော့ခ်ဂီတဝိုင်းကြီးဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် နယူးဂျာစီပြည်နယ်၊ Sayreville မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။

Bon Jovi တွင် လက်ရှိပါဝင်သူများကား အဆိုတော်- ဂျွန် ဘွန်ဂျိုဗီ (Jon Bon Jovi)၊ ကီးဘုတ်- ဒေးဗစ် ဘရိုင်ယန် (David Bryan )၊ ဒရမ်- တီကို တောရက်စ် (Tico Torres )၊ ဂစ်တာ- ဖီးလ် အိက်စ် (Phil X )နှင့် ဘေ့စ်ဂစ်တာ- ဟုချ် မက်ခ်ဒေါ်နယ် (Hugh McDonald )တို့ ဖြစ်သည်။

မူရင်းဘေ့စ်ဂစ်တာသမား အဲလက်ခ် ဂျွန် ဆာ့ချ် (Alec John Such) မှ ၁၉၉၄ ခုနှစ်တွင် အဖွဲ့မှ နှုတ်ထွက်သွားခဲ့သည်။

ထို့အပြင် Bon Jovi တွင် စတင်ဖွဲ့စည်းချိန်မှစကာ ကာလကြာရှည်ပါဝင်ခဲ့သည့်အပြင် တေးသီချင်းများလည်း ကိုယ်တိုင်ရေးစပ်ပေးခဲ့သူ ဂစ်တာသမား Richie Sambora မှာလည်း ၂၀၁၃ ခုနှစ်တွင် နှုတ်ထွက်သွားခဲ့သည်။

Bon Jovi အဖွဲ့ကြီးသည် စတူဒီယိုအယ်လ်ဘမ် ၁၆ ချပ်၊ စုပေါင်း ၅ ချပ်နှင့် စင်မြင့်ဖျော်ဖြေပွဲ တေးအယ်လ်ဘမ် ၃ ချပ် ထုတ်လုပ်ခဲ့သည်။

Bon Jovi အဖွဲ့ကြီး၏ တေးအယ်လ်ဘမ်များသည် ကမ္ဘာတစ်ဝန်းတွင် ချပ်ရေစုစုပေါင်း သန်း ၁၃၀ ကျော် ရောင်းချထားရပြီး ဖြစ်ကာ အရောင်းရဆုံး အမေရိကန် ရော့ခ်ဂီတဝိုင်းများတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်လျက်ရှိသည်။

Bon Jovi အဖွဲ့ကြီးသည် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်တွင် စင်မြင့်ဖျော်ဖြေပွဲပေါင်း ၂၇၀၀ ကျော်၌ ပရိသတ်ပေါင်း ၃၄ သန်းကျော်ကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖြစ်သည်။

[ဘွန်ဂျိုဗီ (Jon Bon Jovi) ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ]

Blaze of glory (ဇော်ဝင်းထွဋ်-ကန္တာရခရီးသည်)၊

Lay your hands on me ( ထူးအိမ်သင်-အချစ်ရဲ့လက်များနဲ့)

Never say goodbye (ဇော်ဝင်းထွဋ်-အသည်းကွဲအနမ်း)၊

Santafe (ဖရန်ကို-ချိုမြိန်တဲ့ရက်စက်ခြင်း/ ထွဏ်းထွဏ်း -ထွက်ပြေးသူ )၊

Thank you for loving me (အာဇာနည်-အနမ်းတစ်ခုရဲ့ဒိုင်ယာရီ )၊

Billy get your gun(ကော်နီ- ရင်ကိုဖွင့်လိုက်စမ်း)၊

You give love a bad name (ဖြူဖြူကျော်သိန်း-အတွင်းကြေ )၊

Runaway (လေးဖြူ - လှမ်း...အဝေး)၊

Always (ထွဏ်းထွဏ်း -ရင်တွင်းစကား / စည်သူလွင်- ပြောလေ)၊

Blood money (ဟယ်ရီလင်း-အဆိပ်ငွေကြေး/ ဇော်ထက်-လှည့်စားခြင်း )၊

Ugly (သျှီ-အမှားမရှိ)၊

Miracle(လေးဖြူ- အတောင်ပံများနှင့်)၊

This ain't a love song (သျှီ-အိပ်မက်များ/ထွဏ်းထွဏ်း-ချစ်ပြီးရင်/ ဖိုးကျော်-အချစ်သီချင်းလေး လက်ဆောင်)၊

I want you (သျှီ-လိုအပ်ချက်များ/ဟယ်ရီလင်း- ဂြိုလ်သားတစ်ယောက်)၊

I'd die for you (ခရစ္စတိုဖာ-အဆိပ်ည)

Silent Night (ခရစ္စတိုဖာ-ရက်စက်လိုက်)

In These Arms (မျိုးကြီး-ရင်ခုန်သံအရင်းနှီးဆုံး/ဇော်ထက်- မျှော်လင့်ခြင်းမီးလျှံများ)

Keep the Faith (ဘရိတ်ကီ-ယုံကြည်စိတ်/ ရင်ဂို-အသက်ကယ်ဆေး)

Living in Sin (မျိုးကြီး- အပြစ်တခုဖန်ဆင်း)

Born to be my Baby (မျိုးကြီး -ဖန်ဆင်းရှင်/ ခရစ္စတိုဖာ- ကမ္ဘာကြီးအကြောင်းသိချင်တယ်)

Heartbreaking events (မျိုးကြီး- နေမဝင်အချစ်)

Stick to your Gun (ထွဏ်းထွဏ်း-နားလည်ပါချစ်သူ)

I'll be there for you (ထွဏ်းထွဏ်း-မရှိတော့ဘူး)

Burning (ထွဏ်းထွဏ်း-ခံနိုင်ရည်မှတ်တိုင် )

Bad Medicine (ထွဏ်းထွဏ်း-လင်းယုန်ခွန်အား)

Janie Don't Take Your Love In Town (ထွဏ်းထွဏ်း-ဆုတောင်း)

In and Out of Love (ထွဏ်းထွဏ်း-ပြန်ရှာပေးပါဦး)

Diamond Ring (ဖိုးကျော်-ပန်ဆင်ပါ/ထွဏ်းထွဏ်း- မပြောင်းလဲဘူး)

Someday I'll be Saturday Night (ထွဏ်းထွဏ်း-အလှဆုံးမနက်ဖြန်)

Wanted Dead Or Alive (သူရိန်စိုး -ငါလိုအပ်တယ်)

Lie to me (ထွဏ်းထွဏ်း-မင်းလိမ်ပါ/ဖိုးကျော်- ခိုဝင်လှည့်မယ်)

Prayer 94 (ထွဏ်းထွဏ်း-ပုံပြင်ဆန်ဆန်)

If I was your mother(လေးဖြူ- အတောင်ပံတစ်စုံရဲ့စွမ်းအား)

Dying Ain't Much of a Living (ဖိုးကျော်-တံတိုင်းကြီးခြား)

Hey God (ရင်ဂို-စိတ်နယ်လွန်ည)

Bed of Roses( ဖိုးကျော်-ပေးအပ်ထားခဲ့)

Woman in Love(ဟယ်ရီလင်း-မိန်းကလေးမဟုတ်ဘူး)

Living on a Prayer( ဘီလီထွန်း-အေးစက်သွားတော့မှာလား)

It's all about loving you (စည်သူလွင်- မင်းအတွက်အသက်ရှင်သူ) အစရှိသည်တို့ ဖြစ်သည်။

 

(ဆက်စပ်သတင်း)

ရော့ခ်ကြယ်ပွင့်ကြီး ဘွန်ဂျိုဗီ နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1003610

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bon Jovi sells $22M NYC condo to former Disney prez Michael Ovitz (nypost)

 

 

[Zawgyi]

ေရာ့ခ္ၾကယ္ပြင့္ၾကီး Bon Jovi ၏ နယူးေယာက္ကြန္ဒိုခန္း ေဝါ့ဒစၥေန၏ဥကၠဌက ဝယ္ယူသြား

ကမၻာေက်ာ္ ေရာ့ခ္ၾကယ္ပြင့္ၾကီး ဘြန္ဂ်ဳိဗီ (Bon Jovi) သည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၊ West Village ရွိ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၂၂ သန္းျဖင့္ ေရာင္းထြက္သြားခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

နယူးဂ်ာစီျပည္နယ္ဇာတိ ဘြန္ဂ်ဳိဗီသည္ နယူးေယာက္ျမိဳ႕ အေနာက္ ၁၁ လမ္း၊ အမွတ္ ၁၅၅ ရွိ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္းပါ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၂၂ သန္းျဖင့္ ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ျခင္းျဖစ္သည္။

ဘြန္ဂ်ဳိဗီက ထုိအခန္းအား အေရာင္းေစ်းကြက္တင္ခဲ့သည့္သတင္းကို iMyanmarHouse.com  ဝက္ဘ္ဆိုက္ၾကီးတြင္ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။

ဘြန္ဂ်ဳိဗီသည္ အေရာင္းေစ်းကြက္တင္ျပီး ၆ ရက္အၾကာတြင္ အေရာင္းအဝယ္ျဖစ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ယခုအခ်ိန္တြင္မွ သိလာရသည္။

သတင္းမ်ားအရ ဝယ္ယူသြားသူမွာ ေဝါ့ဒစၥေန ကုမၸဏီ၏ ဥကၠဌေဟာင္း၊ Creative Artists Agency ပူးတြဲ တည္ေထာင္သူ Michael Ovitz ျဖစ္သည္ဟု သိရသည္။

စတုရန္းေပ ၃၉၅၁ က်ယ္ဝန္းေသာ ကြန္ဒိုခန္းတြင္ ကိုယ္ပိုင္ဓာတ္ေလွကားပါဝင္သည္။

လသာေဆာင္တစ္ခုပါသည့္ မီးဖိုေဆာင္၊ အလ်ား ေပ ၄၀ ခန္႔ရွိ ဧည့္ခန္းႏွင့္ ဝက္သစ္ခ်သား ၾကမ္းခင္းမ်ား ပါရွိသည္။

အိပ္ခန္းတြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားသည့္ ျပတင္းမ်ား၊ လမ္းေလွ်ာက္ဝင္ႏိုင္သည့္ အဝတ္အစား ထားသိုခန္း၊ စက်င္ေက်ာက္ျပားခင္း ေရခ်ဳိးခန္းတို႔ ပါဝင္သည္။

ဘြန္ဂ်ဳိဗီက ၁၄ လႊာရွိ ထိုအခန္းကို ၂၀၁၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၈ ဒသမ ၉၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ကြန္ဒိုအေဆာက္အအံုတြင္ အားကစားေလ့က်င့္ခန္းမ၊ အလ်ား ၇၅ ေပရွိ ေရကူးကန္၊ ေရပူဝဲကေတာ့ကန္၊ ေခၽြးထုတ္ခန္းမ်ားႏွင့္ ေဂါက္ကြင္းတုတစ္ခုတို႔ ထည့္သြင္းေပးထားသည္။

(စတုရန္းေပ ၃၉၅၁ က်ယ္ဝန္းေသာကြန္ဒိုခန္းတြင္ ပန္းဥယ်ာဥ္တစ္ခုလည္း ရွိသည္)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလအတြင္း Bon Jovi သည္ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ရွိ စံအိမ္ကို ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ေရာင္းထုတ္ခဲ့ျပီး ပိုမိုက်ယ္ဝန္းသည့္ ကမ္းေျခစံအိမ္တစ္လံုးကို ကန္ေဒၚလာ ၄၃ သန္းျဖင့္ ဝယ္ယူခဲ့သည္။

Bon Jovi သည္ နယူးေယာက္ျမိဳ႕၊ Hamptons တြင္လည္း စံအိမ္တစ္လံုး ပိုင္ဆိုင္ထားေသးသည္။

ယခုကြန္ဒိုခန္းကို အေရာင္းေစ်းကြက္တင္ေပးခဲ့သည့္ အက်ဳိးေဆာင္မ်ားမွာ Compass အိမ္ျခံေျမကုမၸဏီမွ Leonard Steinberg, Herve Senequier, Amy Mendizabal, Calli Sarkesh ႏွင့္ Niklas Hackstein တို႔ ျဖစ္ၾကသည္။

(Bon Jovi ဘာလဲ)

Bon Jovi သည္ အေမရိကန္ ေရာ့ခ္ဂီတဝိုင္းၾကီးျဖစ္ျပီး ၁၉၈၃ ခုႏွစ္တြင္ နယူးဂ်ာစီျပည္နယ္၊ Sayreville ျမိဳ႕တြင္ စတင္ဖြဲ႔စည္းခဲ့သည္။

Bon Jovi တြင္ လက္ရွိပါဝင္သူမ်ားကား အဆိုေတာ္- ဂၽြန္ ဘြန္ဂ်ဳိဗီ (Jon Bon Jovi)၊ ကီးဘုတ္- ေဒးဗစ္ ဘရိုင္ယန္ (David Bryan )၊ ဒရမ္- တီကို ေတာရက္စ္ (Tico Torres )၊ ဂစ္တာ- ဖီးလ္ အိက္စ္ (Phil X )ႏွင့္ ေဘ့စ္ဂစ္တာ- ဟုခ်္ မက္ခ္ေဒၚနယ္ (Hugh McDonald )တို႔ ျဖစ္သည္။

မူရင္းေဘ့စ္ဂစ္တာသမား အဲလက္ခ္ ဂၽြန္ ဆာ့ခ်္ (Alec John Such) မွ ၁၉၉၄ ခုႏွစ္တြင္ အဖြဲ႔မွ ႏႈတ္ထြက္သြားခဲ့သည္။ ထို႔အျပင္ Bon Jovi တြင္ စတင္ဖြဲ႔စည္းခ်ိန္မွစကာ ကာလၾကာရွည္ပါဝင္ခဲ့သည့္အျပင္ ေတးသီခ်င္းမ်ားလည္း ကိုယ္တုိင္ေရးစပ္ေပးခဲ့သူ ဂစ္တာသမား Richie Sambora မွာလည္း ၂၀၁၃ ခုႏွစ္တြင္ ႏႈတ္ထြက္သြားခဲ့သည္။

Bon Jovi အဖြဲ႔ၾကီးသည္ စတူဒီယိုအယ္လ္ဘမ္ ၁၆ ခ်ပ္၊ စုေပါင္း ၅ ခ်ပ္ႏွင့္ စင္ျမင့္ေဖ်ာ္ေျဖပြဲ ေတးအယ္လ္ဘမ္ ၃ ခ်ပ္ ထုတ္လုပ္ခဲ့သည္။

Bon Jovi အဖြဲ႔ၾကီး၏ ေတးအယ္လ္ဘမ္မ်ားသည္ ကမၻာတစ္ဝန္းတြင္ ခ်ပ္ေရစုစုေပါင္း သန္း ၁၃၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္ကာ အေရာင္းရဆံုး အေမရိကန္ ေရာ့ခ္ဂီတဝိုင္းမ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ ရပ္တည္လ်က္ရွိသည္။

Bon Jovi အဖြဲ႔ၾကီးသည္ ကမၻာ့ႏိုင္ငံေပါင္း ၅၀ ေက်ာ္တြင္ စင္ျမင့္ေဖ်ာ္ေျဖပြဲေပါင္း ၂၇၀၀ ေက်ာ္၌ ပရိသတ္ေပါင္း ၃၄ သန္းေက်ာ္ကို ေဖ်ာ္ေျဖတင္ဆက္ခဲ့ျပီး ျဖစ္သည္။

[ဘြန္ဂ်ဳိဗီ (Jon Bon Jovi) ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား]

 

Blaze of glory (ေဇာ္ဝင္းထြဋ္-ကႏၲာရခရီးသည္)၊

Lay your hands on me ( ထူးအိမ္သင္-အခ်စ္ရဲ႕လက္မ်ားနဲ႔)

Never say goodbye (ေဇာ္ဝင္းထြဋ္-အသည္းကြဲအနမ္း)၊

Santafe (ဖရန္ကို-ခ်ိဳၿမိန္တဲ့ရက္စက္ျခင္း/ ထြဏ္းထြဏ္း -ထြက္ေျပးသူ )၊

Thank you for loving me (အာဇာနည္-အနမ္းတစ္ခုရဲ႕ဒိုင္ယာရီ )၊

Billy get your gun(ေကာ္နီ- ရင္ကိုဖြင့္လိုက္စမ္း)၊

You give love a bad name (ျဖဴျဖဴေက်ာ္သိန္း-အတြင္းေၾက )၊

Runaway (ေလးျဖဴ - လွမ္း...အေဝး)၊

Always (ထြဏ္းထြဏ္း -ရင္တြင္းစကား / စည္သူလြင္- ေျပာေလ)၊

Blood money (ဟယ္ရီလင္း-အဆိပ္ေငြေၾကး/ ေဇာ္ထက္-လွည့္စားျခင္း )၊

Ugly (သွ်ီ-အမွားမ႐ွိ)၊

Miracle(ေလးျဖဴ- အေတာင္ပံမ်ားႏွင့္)၊

This ain't a love song (သွ်ီ-အိပ္မက္မ်ား/ထြဏ္းထြဏ္း-ခ်စ္ၿပီးရင္/ ဖိုးေက်ာ္-အခ်စ္သီခ်င္းေလး လက္ေဆာင္)၊

I want you (သွ်ီ-လိုအပ္ခ်က္မ်ား/ဟယ္ရီလင္း- ၿဂိဳလ္သားတစ္ေယာက္)၊

I'd die for you (ခရစၥတိုဖာ-အဆိပ္ည)

Silent Night (ခရစၥတိုဖာ-ရက္စက္လိုက္)

In These Arms (မ်ိဳးႀကီး-ရင္ခုန္သံအရင္းႏွီးဆုံး/ေဇာ္ထက္- ေမွ်ာ္လင့္ျခင္းမီးလွ်ံမ်ား)

Keep the Faith (ဘရိတ္ကီ-ယုံၾကည္စိတ္/ ရင္ဂို-အသက္ကယ္ေဆး)

Living in Sin (မ်ိဳးႀကီး- အျပစ္တခုဖန္ဆင္း)

Born to be my Baby (မ်ိဳးႀကီး -ဖန္ဆင္း႐ွင္/ ခရစၥတိုဖာ- ကမ႓ာႀကီးအေၾကာင္းသိခ်င္တယ္)

Heartbreaking events (မ်ိဳးႀကီး- ေနမဝင္အခ်စ္)

Stick to your Gun (ထြဏ္းထြဏ္း-နားလည္ပါခ်စ္သူ)

I'll be there for you (ထြဏ္းထြဏ္း-မ႐ွိေတာ့ဘူး)

Burning (ထြဏ္းထြဏ္း-ခံႏိုင္ရည္မွတ္တိုင္ )

Bad Medicine (ထြဏ္းထြဏ္း-လင္းယုန္ခြန္အား)

Janie Don't Take Your Love In Town (ထြဏ္းထြဏ္း-ဆုေတာင္း)

In and Out of Love (ထြဏ္းထြဏ္း-ျပန္႐ွာေပးပါဦး)

Diamond Ring (ဖိုးေက်ာ္-ပန္ဆင္ပါ/ထြဏ္းထြဏ္း- မေျပာင္းလဲဘူး)

Someday I'll be Saturday Night (ထြဏ္းထြဏ္း-အလွဆုံးမနက္ျဖန္)

Wanted Dead Or Alive (သူရိန္စိုး -ငါလိုအပ္တယ္)

Lie to me (ထြဏ္းထြဏ္း-မင္းလိမ္ပါ/ဖိုးေက်ာ္- ခိုဝင္လွည့္မယ္)

Prayer 94 (ထြဏ္းထြဏ္း-ပုံျပင္ဆန္ဆန္)

If I was your mother(ေလးျဖဴ- အေတာင္ပံတစ္စုံရဲ႕စြမ္းအား)

Dying Ain't Much of a Living (ဖိုးေက်ာ္-တံတိုင္းႀကီးျခား)

Hey God (ရင္ဂို-စိတ္နယ္လြန္ည)

Bed of Roses( ဖိုးေက်ာ္-ေပးအပ္ထားခဲ့)

Woman in Love(ဟယ္ရီလင္း-မိန္းကေလးမဟုတ္ဘူး)

Living on a Prayer( ဘီလီထြန္း-ေအးစက္သြားေတာ့မွာလား)

It's all about loving you (စည္သူလြင္- မင္းအတြက္အသက္႐ွင္သူ) အစ႐ွိသည္တို႔ ျဖစ္သည္။

 

 

(ဆက္စပ္သတင္း)

ေရာ့ခ္ၾကယ္ပြင့္ၾကီး ဘြန္ဂ်ဳိဗီ နယူးေယာက္ကြန္ဒိုခန္းကို ေဒၚလာ ၂၂ သန္းျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1003610

 

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bon Jovi sells $22M NYC condo to former Disney prez Michael Ovitz (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service