ဒေးဗစ်ဘက်ခမ်း စံအိမ် ထင်းဂိုဒေါင်ဆောက်ရန်လျှောက်ထားမှု ကန့်ကွက်သူရှိသော်လည်း ခွင့်ပြုချက်ရရှိ

ဒေးဗစ်ဘက်ခမ်း စံအိမ် ထင်းဂိုဒေါင်ဆောက်ရန်လျှောက်ထားမှု ကန့်ကွက်သူရှိသော်လည်း ခွင့်ပြုချက်ရရှိ - Property News in Myanmar from iMyanmarHouse.com
22 Jun 2022 10:48 am တွင် တင်ခဲ့သည်
936 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့စုံတွဲသည် အင်္ဂလန်နိုင်ငံ၊ Cotswolds ရှိ ပေါင် ၆ သန်းတန် စံအိမ်တွင် ထင်းဂိုဒေါင်တစ်ခုဆောက်လုပ်ရန် လျှောက်ထားခဲ့ရာ ထင်းမီးလောင်ကျွမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဟု ကန့်ကွက်သူရှိခဲ့သော်လည်း မြို့ကောင်စီအဖွဲ့က ဆောက်လုပ်ရန် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်သည်။

သို့အတွက် အသက် ၄၇ နှစ်ရှိပြီဖြစ်သော ဘက်ခမ်းအနေဖြင့် အောက်စ်ဖို့ဒ်ရှိုင်းယားရှိ သူ၏စံအိမ်တွင် ထင်းဂိုဒေါင် ဆောက်လုပ်နိုင်တော့မည် ဖြစ်သည်။

ဘက်ခမ်း၏ လုပ်ဆောင်မှုအပေါ် ကန့်ကွက်သူတစ်ဦးရှိခဲ့ပြီး ထင်းမီးသုံးခြင်းမှာ ဂေဟစနစ်နှင့် သဟဇာတမရှိကြောင်း ပြောကြားခဲ့သည်။

ဒေးဗစ်ဘက်ခမ်းတို့ စုံတွဲက ဒေသတွင်း သဘာဝတောရိုင်း wildlife ကို ကာကွယ်ပေးမည်ဟု ဒေသတွင်းကောင်စီထံ သဘောတူထားသည်။

အေးစက်လှသောညများတွင် ထင်းမီးဖိုရှေ့တွင်ထိုင်ကာ အအေးဓာတ်ကို အံတုရန်အတွက် ဘက်ခမ်းတို့ စုံတွဲက အောက်စ်ဖို့ဒ်ရှိုင်းယားစံအိမ်တွင် ထင်းခြောက်ဂိုဒေါင်ဆောက်လုပ်လိုခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ လေထုသန့်စင်ရေး မဟာဗျူဟာအပေါ် မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာကြီးကို ကယ်တင်ကြပါဟု ပြောဆိုကာ စွပ်စွဲသူရှိသော်လည်း ထင်းဂိုဒေါင်ဆောက်လုပ်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

အဆိုပါ စွပ်စွဲသူက ပြောသည်မှာ ဘက်ခမ်းတို့စုံတွဲအနေဖြင့် ဂေဟစနစ်နှင့် သဟဇာတပိုဖြစ်သည့်နည်းလမ်း ဖြစ်သော လျှပ်စစ်အပူပေး pump မျိုးကို သုံးသင့်ကြောင်း ပြောဆိုခဲ့သည်။

ဘက်ခမ်းတို့ စုံတွဲ၏ လျှောက်ထားမှုကို အောက်စ်ဖို့ဒ်ရှိုင်းယားအနောက်ပိုင်းခရိုင်ကောင်စီက ပြီးခဲ့သော သောကြာနေ့တွင် ခွင့်ပြုချက်ပေးလိုက်ခြင်း ဖြစ်သည်။

(ပို့ရှ်စပိုက်ဟု လူသိများသော ဗစ်တိုးရီးယားဘက်ခမ်း (ယာ) နှင့် ဘက်ခမ်း (ဝဲ) တို့ ဇနီးမောင်နှံကို ၂၀၁၈ ခုနှစ် Fashion Awards ဆုပေးပွဲတွင် တွေ့ရပုံ။ ဘက်ခမ်းတို့ စုံတွဲသည် Cotswolds စံအိမ်၊ ပေါင် ၃၁ သန်းတန် လန်ဒန်စံအိမ်နှင့် ပေါင် ၁၉ သန်းတန် ဖလော်ရီဒါမှ penthouse ခန်းတို့အကြား ကူးသန်းနေထိုင်လျက်ရှိသည်။ ဖလော်ရီဒါတွင် ဘက်ခမ်းသည် Inter Miami ဘောလုံးကလပ်ကို ပူးတွဲပိုင်ဆိုင်ထားသည်)

ကန့်ကွက်စာနှင့် စပ်လျဉ်းပြီး စီမံကိန်းအရာရှိတစ်ဦးက တုံ့ပြန်ခဲ့သည်မှာ ယခုလျှောက်ထားသည့် ထင်းဂိုဒေါင် အရွယ်အစားပမာဏမျှဖြင့် ကာဗွန်ထုတ်လွှတ်မှု မြင့်တက်လာလိမ့်မည်ဟု မယူဆကြောင်း၊ အဆိုပြုထားသည့် တိုးချဲ့ဆောက်လုပ်မှုကြောင့် အနီးဝန်းကျင်၏ amenities များ၊ အဝေးပြေးလမ်းများ၊ ဂေဟစနစ် (သို့မဟုတ်) ရေထုတ်စနစ်တို့ကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။

ဘက်ခမ်းတို့ဇနီးမောင်နှံ၏ အခြားကျေးလက်စံအိမ်တစ်လုံး ဆောက်လုပ်ရန် လျှောက်ထားမှုတစ်ခုမှာလည်း ခွင့်ပြုချက် ရရှိထားသည်။

(ဘက်ခမ်းတို့စုံတွဲသည် ပုံတွင်တွေ့ရသော စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ကာ ပေါင် ၂ သန်း သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်)

(အသက် ၄၇ နှစ်ရှိပြီဖြစ်သော ဒေးဗစ်ဘက်ခမ်းကို သူ၏ ခွေး ၃ ကောင်နှင့်အတူ တွေ့ရပုံ)

(ပေါင် ၆ သန်းတန် အောက်စ်ဖို့ဒ်ရှိုင်းယားစံအိမ်တွင် တင်းနစ်ကွင်းနှင့် sauna တို့ ပါဝင်ပြီးဖြစ်ကာ ယခု ထင်းဂိုဒေါင်မှာ နောက်ဆုံးတိုးချဲ့ဆောက်လုပ်မည့်အရာ ဖြစ်သည်။ ဖော်ပြပါပုံမှာ အောက်စ်ဖို့ဒ်ရှိုင်းယား အနောက်ပိုင်း ကောင်စီသို့ ဘက်ခမ်းတို့စုံတွဲ တင်ပြခဲ့သော စီမံကိန်းပုံ ဖြစ်သည်။)

အဆောက်အအုံဆောက်လုပ်ခဲ့စဉ်က ခွင့်ပြုခဲ့မှုမှာ အဆိုပါအဆောက်အအုံသည် ငှက်များနှင့် လင်းနို့များ အသိုက်ဖွဲ့ရန် ဆွဲဆောင်နိုင်သည့်ဝန်းကျင်ဖန်တီးပေးရန် ရည်ရွယ်ထားခြင်းကြောင့် ဖြစ်သည်။ ထိုအဆောက်အအုံမှာ ရုံးတစ်ခုအဖြစ်အပြင် နည်းပညာမြင့် ယာဉ်ထားရှိရာနေရာအဖြစ် အသုံးပြုမည် ဖြစ်သည်။

အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းနှင့် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားတို့သည် သက်ရှိမျိုးစိတ်များထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ထုံးလုပ်နည်း ၂၀၁၇ နှင့် တောရိုင်းနှင့်ကျေးလက် အက်ဥပဒေ ၁၉၈၁ တို့အရ လင်းနို့များ၊ ငှက်များ၊ ခွေးတူဝက်တူများ၊ ဖြူများ၊ တွားသွားသတ္တဝါများနှင့် ကုန်းတစ်ပိုင်း ရေတစ်ပိုင်းသတ္တဝါများကို အကာအကွယ်ပေးရမည် ဖြစ်သည်။

(ထင်းဂိုဒေါင်ဆောက်ရန် ဘက်ခမ်းတို့စုံတွဲတင်ပြခဲ့သော စာရွက်စာတမ်းများ။ စိုထိုင်းသောထင်းထက် ထင်းခြောက်က သဘာဝပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်မည်ဟု ဆိုသည်)

ဘက်ခမ်းတို့စုံတွဲ၏ ခြံတွင်းအဆောက်အအုံနံရံများတွင် လင်းနို့အိမ်များ၊ ငှက်အိမ်များ ထည့်သွင်းဆောက်လုပ် ရခြင်းဖြစ်ရာ ခြံဝန်းအတွင်း မီးများထွန်းခြင်းကို တားမြစ်ခြင်း ခံရသည်။ အဆိုပါ မီးများကြောင့် လင်းနို့သိုက်များအပေါ် တိုက်ရိုက်မီးအလင်းကျစေကာ အိပ်တန်းတက်ခြင်း၊ အစာရှာခြင်းအတွက် အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

ဘက်ခမ်းတို့ စုံတွဲသည် အဆောက်အအုံဆောက်လုပ်ပြီး ၅ နှစ်တာအတွင်း ထိန်းသိမ်းစောင့်ရှောက်မှု ဆက်လက်ပြုလုပ်ပေးရမည်ဖြစ်ပြီး တောရိုင်းတိရ စ္ဆာန်များကို အနှောင့်အယှက်ဖြစ်စေမည့် ခြံတွင်းမီးထွန်းခြင်းများ ရှောင်ကြဉ်ရမည်လည်း ဖြစ်သည်။

Cotswolds စံအိမ်သည် ပေါင် ၆ ဒသမ ၁၅ သန်း တန်ကြေးရှိပြီး လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အကြိမ်ကြိမ်ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ စံအိမ်ဝန်းအတွင်း ကြီးမားသည့်ဘောလုံးကွင်း၊ ဝိုင်သိုလှောင်ခန်း၊ ရေကူးကန်၊ ကြီးမားသည့်ဂိုဒေါင်၊ တောက်ပြောင်သောကားများနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့လည်း ရှိသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: David and Victoria Beckham are given green light to build log store at their £6m Cotswolds retreat despite objections over fears of environmental impact of burning wood (dailymail)

 

 

 

[Zawgyi]

ေဒးဗစ္ဘက္ခမ္း စံအိမ္ ထင္းဂိုေဒါင္ေဆာက္ရန္ေလွ်ာက္ထားမႈ ကန္႔ကြက္သူရွိေသာ္လည္း ခြင့္ျပဳခ်က္ရရွိ

 

ေဒးဗစ္ဘက္ခမ္းႏွင့္ ဗစ္တိုးရီးယားဘက္ခမ္းတို႔စံုတြဲသည္ အဂၤလန္ႏိုင္ငံ၊ Cotswolds ရွိ ေပါင္ ၆ သန္းတန္ စံအိမ္တြင္ ထင္းဂိုေဒါင္တစ္ခုေဆာက္လုပ္ရန္ ေလွ်ာက္ထားခဲ့ရာ ထင္းမီးေလာင္ကၽြမ္းမႈေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ႏိုင္သည္ဟု ကန္႔ကြက္သူရွိခဲ့ေသာ္လည္း ျမိဳ႕ေကာင္စီအဖြဲ႔က ေဆာက္လုပ္ရန္ ခြင့္ျပဳခ်က္ေပးလိုက္ျပီ ျဖစ္သည္။

သို႔အတြက္ အသက္ ၄၇ ႏွစ္ရွိျပီျဖစ္ေသာ ဘက္ခမ္းအေနျဖင့္ ေအာက္စ္ဖို႔ဒ္ရႈိင္းယားရွိ သူ၏စံအိမ္တြင္ ထင္းဂိုေဒါင္ ေဆာက္လုပ္ႏိုင္ေတာ့မည္ ျဖစ္သည္။

ဘက္ခမ္း၏ လုပ္ေဆာင္မႈအေပၚ ကန္႔ကြက္သူတစ္ဦးရွိခဲ့ျပီး ထင္းမီးသံုးျခင္းမွာ ေဂဟစနစ္ႏွင့္ သဟဇာတမရွိေၾကာင္း ေျပာၾကားခဲ့သည္။

ေဒးဗစ္ဘက္ခမ္းတို႔ စံုတြဲက ေဒသတြင္း သဘာဝေတာရိုင္း wildlife ကို ကာကြယ္ေပးမည္ဟု ေဒသတြင္းေကာင္စီထံ သေဘာတူထားသည္။

ေအးစက္လွေသာညမ်ားတြင္ ထင္းမီးဖိုေရွ႕တြင္ထုိင္ကာ အေအးဓာတ္ကို အံတုရန္အတြက္ ဘက္ခမ္းတို႔ စံုတြဲက ေအာက္စ္ဖို႔ဒ္ရႈိင္းယားစံအိမ္တြင္ ထင္းေျခာက္ဂိုေဒါင္ေဆာက္လုပ္လိုခဲ့ျခင္း ျဖစ္သည္။

အစိုးရ၏ ေလထုသန္႔စင္ေရး မဟာဗ်ဴဟာအေပၚ မထီမဲ့ျမင္ျပဳျခင္းျဖစ္ေၾကာင္းႏွင့္ ကမၻာၾကီးကို ကယ္တင္ၾကပါဟု ေျပာဆိုကာ စြပ္စြဲသူရွိေသာ္လည္း ထင္းဂိုေဒါင္ေဆာက္လုပ္ခြင့္ ရရွိခဲ့ျပီ ျဖစ္သည္။

အဆိုပါ စြပ္စြဲသူက ေျပာသည္မွာ ဘက္ခမ္းတို႔စံုတြဲအေနျဖင့္ ေဂဟစနစ္ႏွင့္ သဟဇာတပိုျဖစ္သည့္နည္းလမ္း ျဖစ္ေသာ လွ်ပ္စစ္အပူေပး pump မ်ဳိးကို သံုးသင့္ေၾကာင္း ေျပာဆိုခဲ့သည္။

ဘက္ခမ္းတို႔ စံုတြဲ၏ ေလွ်ာက္ထားမႈကို ေအာက္စ္ဖို႔ဒ္ရႈိင္းယားအေနာက္ပုိင္းခရိုင္ေကာင္စီက ျပီးခဲ့ေသာ ေသာၾကာေန႔တြင္ ခြင့္ျပဳခ်က္ေပးလိုက္ျခင္း ျဖစ္သည္။

(ပို႔ရွ္စပိုက္ဟု လူသိမ်ားေသာ ဗစ္တိုးရီးယားဘက္ခမ္း (ယာ) ႏွင့္ ဘက္ခမ္း (ဝဲ) တို႔ ဇနီးေမာင္ႏွံကို ၂၀၁၈ ခုႏွစ္ Fashion Awards ဆုေပးပြဲတြင္ ေတြ႔ရပံု။ ဘက္ခမ္းတို႔ စံုတြဲသည္ Cotswolds စံအိမ္၊ ေပါင္ ၃၁ သန္းတန္ လန္ဒန္စံအိမ္ႏွင့္ ေပါင္ ၁၉ သန္းတန္ ဖေလာ္ရီဒါမွ penthouse ခန္းတို႔အၾကား ကူးသန္းေနထိုင္လ်က္ရွိသည္။ ဖေလာ္ရီဒါတြင္ ဘက္ခမ္းသည္ Inter Miami ေဘာလံုးကလပ္ကို ပူးတြဲပိုင္ဆိုင္ထားသည္)

ကန္႔ကြက္စာႏွင့္ စပ္လ်ဥ္းျပီး စီမံကိန္းအရာရွိတစ္ဦးက တံု႔ျပန္ခဲ့သည္မွာ ယခုေလွ်ာက္ထားသည့္ ထင္းဂိုေဒါင္ အရြယ္အစားပမာဏမွ်ျဖင့္ ကာဗြန္ထုတ္လႊတ္မႈ ျမင့္တက္လာလိမ့္မည္ဟု မယူဆေၾကာင္း၊ အဆိုျပဳထားသည့္ တိုးခ်ဲ႕ေဆာက္လုပ္မႈေၾကာင့္ အနီးဝန္းက်င္၏ amenities မ်ား၊ အေဝးေျပးလမ္းမ်ား၊ ေဂဟစနစ္ (သို႔မဟုတ္) ေရထုတ္စနစ္တို႔ကို ထိခိုက္ေစလိမ့္မည္မဟုတ္ေၾကာင္း တံု႔ျပန္ထားသည္။

ဘက္ခမ္းတို႔ဇနီးေမာင္ႏွံ၏ အျခားေက်းလက္စံအိမ္တစ္လံုး ေဆာက္လုပ္ရန္ ေလွ်ာက္ထားမႈတစ္ခုမွာလည္း ခြင့္ျပဳခ်က္ ရရွိထားသည္။

(ဘက္ခမ္းတို႔စံုတြဲသည္ ပံုတြင္ေတြ႔ရေသာ စတုရန္းေပ ၉၀၀၀ က်ယ္ဝန္းသည့္ စံအိမ္ကို ၂၀၁၇ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္ကာ ေပါင္ ၂ သန္း သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္)

(အသက္ ၄၇ ႏွစ္ရွိျပီျဖစ္ေသာ ေဒးဗစ္ဘက္ခမ္းကို သူ၏ ေခြး ၃ ေကာင္ႏွင့္အတူ ေတြ႔ရပံု)

(ေပါင္ ၆ သန္းတန္ ေအာက္စ္ဖို႔ဒ္ရႈိင္းယားစံအိမ္တြင္ တင္းနစ္ကြင္းႏွင့္ sauna တို႔ ပါဝင္ျပီးျဖစ္ကာ ယခု ထင္းဂိုေဒါင္မွာ ေနာက္ဆံုးတိုးခ်ဲ႕ေဆာက္လုပ္မည့္အရာ ျဖစ္သည္။ ေဖာ္ျပပါပံုမွာ ေအာက္စ္ဖုိ႔ဒ္ရႈိင္းယား အေနာက္ပိုင္း ေကာင္စီသု႔ိ ဘက္ခမ္းတို႔စံုတြဲ တင္ျပခဲ့ေသာ စီမံကိန္းပံု ျဖစ္သည္။)

အေဆာက္အအံုေဆာက္လုပ္ခဲ့စဥ္က ခြင့္ျပဳခဲ့မႈမွာ အဆိုပါအေဆာက္အအံုသည္ ငွက္မ်ားႏွင့္ လင္းႏို႔မ်ား အသိုက္ဖြဲ႔ရန္ ဆြဲေဆာင္ႏိုင္သည့္ဝန္းက်င္ဖန္တီးေပးရန္ ရည္ရြယ္ထားျခင္းေၾကာင့္ ျဖစ္သည္။ ထိုအေဆာက္အအံုမွာ ရံုးတစ္ခုအျဖစ္အျပင္ နည္းပညာျမင့္ ယာဥ္ထားရွိရာေနရာအျဖစ္ အသံုးျပဳမည္ ျဖစ္သည္။

အဂၤလန္ေဘာလံုးၾကယ္ပြင့္ေဟာင္း ေဒးဗစ္ဘက္ခမ္းႏွင့္ ဖက္ရွင္ဒီဇိုင္နာ ဗစ္တုိးရီးယားတို႔သည္ သက္ရွိမ်ဳိးစိတ္မ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးလုပ္ထံုးလုပ္နည္း ၂၀၁၇ ႏွင့္ ေတာရိုင္းႏွင့္ေက်းလက္ အက္ဥပေဒ ၁၉၈၁ တို႔အရ လင္းႏို႔မ်ား၊ ငွက္မ်ား၊ ေခြးတူဝက္တူမ်ား၊ ျဖဴမ်ား၊ တြားသြားသတၱဝါမ်ားႏွင့္ ကုန္းတစ္ပိုင္း ေရတစ္ပိုင္းသတၱဝါမ်ားကို အကာအကြယ္ေပးရမည္ ျဖစ္သည္။

(ထင္းဂိုေဒါင္ေဆာက္ရန္ ဘက္ခမ္းတို႔စံုတြဲတင္ျပခဲ့ေသာ စာရြက္စာတမ္းမ်ား။ စိုထိုင္းေသာထင္းထက္ ထင္းေျခာက္က သဘာဝပတ္ဝန္းက်င္အတြက္ ပိုမိုေကာင္းမြန္မည္ဟု ဆိုသည္)

ဘက္ခမ္းတို႔စံုတြဲ၏ ျခံတြင္းအေဆာက္အအံုနံရံမ်ားတြင္ လင္းႏို႔အိမ္မ်ား၊ ငွက္အိမ္မ်ား ထည့္သြင္းေဆာက္လုပ္ ရျခင္းျဖစ္ရာ ျခံဝန္းအတြင္း မီးမ်ားထြန္းျခင္းကို တားျမစ္ျခင္း ခံရသည္။ အဆိုပါ မီးမ်ားေၾကာင့္ လင္းႏို႔သိုက္မ်ားအေပၚ တိုက္ရိုက္မီးအလင္းက်ေစကာ အိပ္တန္းတက္ျခင္း၊ အစာရွာျခင္းအတြက္ အေႏွာင့္အယွက္ျဖစ္ေစႏိုင္ေသာေၾကာင့္ ျဖစ္သည္။

ဘက္ခမ္းတို႔ စံုတြဲသည္ အေဆာက္အအံုေဆာက္လုပ္ျပီး ၅ ႏွစ္တာအတြင္း ထိန္းသိမ္းေစာင့္ေရွာက္မႈ ဆက္လက္ျပဳလုပ္ေပးရမည္ျဖစ္ျပီး ေတာရိုင္းတိရ စၦာန္မ်ားကို အေႏွာင့္အယွက္ျဖစ္ေစမည့္ ျခံတြင္းမီးထြန္းျခင္းမ်ား ေရွာင္ၾကဥ္ရမည္လည္း ျဖစ္သည္။

Cotswolds စံအိမ္သည္ ေပါင္ ၆ ဒသမ ၁၅ သန္း တန္ေၾကးရွိျပီး လြန္ခဲ့ေသာႏွစ္အနည္းငယ္အတြင္း အၾကိမ္ၾကိမ္ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

စံအိမ္ဝန္းအတြင္း ၾကီးမားသည့္ေဘာလံုးကြင္း၊ ဝိုင္သိုေလွာင္ခန္း၊ ေရကူးကန္၊ ၾကီးမားသည့္ဂိုေဒါင္၊ ေတာက္ေျပာင္ေသာကားမ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးတို႔လည္း ရွိသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: David and Victoria Beckham are given green light to build log store at their £6m Cotswolds retreat despite objections over fears of environmental impact of burning wood (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service