အမေရိကန်တွင် လျှော့ဈေးရလျှင် သရဲခြောက်သည့်နေအိမ်များ ဝယ်လိုသူများပြားလာ

အမေရိကန်တွင် လျှော့ဈေးရလျှင် သရဲခြောက်သည့်နေအိမ်များ ဝယ်လိုသူများပြားလာ - Property News in Myanmar from iMyanmarHouse.com
20 Jun 2022 10:32 am တွင် တင်ခဲ့သည်
1432 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(အမေရိကန်လူမျိုး ၃၀ ရာခိုင်နှုန်းသည် ၎င်းတို့မျှော်လင့်အိပ်မက်သည့်အိမ်ခြံမြေများရရှိရန် သရဲခြောက်သော နေအိမ်များတွင် နေထိုင်လိုလာလျက်ရှိသည်)

ယနေ့ကာလတွင် အမေရိကန်နိုင်ငံသားတို့သည် ၎င်းတို့လိုလားတောင့်တသည့်နေအိမ်များတွင် နေထိုင်နိုင်ရေးအတွက် သရဲခြောက်သောနေအိမ်များတွင် နေထိုင်လိုသူ များပြားလာသည်။

မိမိနေထိုင်လိုသည့် နေအိမ်မျိုးတွင်သာနေရမည်ဆိုပါက သရဲများနှင့်အတူနေရမည်ကို မကြောက်သူများလည်း ရှိကြောင်း ပြသနေသည်။

Realtor.com မှ ရရှိသည့်အချက်အလက်များအရ အမေရိကန်နိုင်ငံသား ၃၀ ရာခိုင်နှုန်းသည် မိမိတို့နှစ်သက်သော နေအိမ်မျိုးကို ဈေးသက်သက်သာသာဖြင့် ရရှိမည်ဆိုပါက ပရလောကသားများနှင့်လည်း အတူနေနိုင်ကြသည်ဟု ဆိုသည်။

ထို့အပြင် Realtor.com ၏ စစ်တမ်းအရ လူသတ်မှုဖြစ်ပွားခဲ့သည့်နေအိမ်မျိုးတွင် နေထိုင်ရမည်ကို မကြောက်သူ ၂၀ ရာခိုင်နှုန်းရှိသည်။

တစ္ဆေသရဲများခြောက်လှန့်သည့်နေအိမ်မျိုးတွင် နေထိုင်မည်ဟုဖြေကြားသူ ၁၇ ရာခိုင်နှုန်းသာ မူလကရှိခဲ့သော်လည်း ဈေးအများအပြားသာလျှော့ပေးမည်ဆိုပါက သရဲခြောက်သည့်နေအိမ်တွင် နေထိုင်မည့်သူ ရာခိုင်နှုန်းမှာ ၄၆ ရာခိုင်နှုန်းအထိ ရှိလာသည်။

ဥပမာအားဖြင့် လူသတ်မှုဖြစ်ပွားခဲ့သော Charles Manson စံအိမ်သည် ဇွန်လအတွင်း လျှော့ဈေး ကန်ဒေါ်လာ ၁ ဒသမ ၈၇၅ သန်းဖြင့် ရောင်းထွက်သွားသည်ကို ကြည့်ပါ။

ကျောချမ်းဖွယ်ရာတို့နှင့် အိမ်နီးချင်းအဖြစ် နေထိုင်ကြမည့် နောက်ထပ်အချက်အလက်ကား သုဿာန်ဘေးတွင် နေထိုင်ရန် မကြောက်လန့်သူ ၃၀ ရာခိုင်နှုန်းရှိပြီး သရဲခြောက်သောအိမ်ဘေးတွင် ကပ်လျက်နေထိုင်ရန် မကြောက်သူ ၂၅ ရာခိုင်နှုန်း ရှိသည်။

“ယနေ့ကာလ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်တဲ့ အိမ်ခြံမြေဈေးကွက်မှာ ဝယ်လက်တွေဟာ အထူးအခွင့်အလမ်းရမယ့်ဟာမျိုးကို ရှာဖွေလာကြတယ်”ဟု Realtor.com ၏ လက်ထောက်သတင်းအယ်ဒီတာ Clare Trapasso က ပြောသည်။

“လျှော့ဈေးနဲ့သာရမယ်ဆိုရင် သရဲခြောက်တယ်လို့ သတင်းကြီးတဲ့အိမ်မျိုးကိုလည်း အများစုက စဉ်းစားလာကြတယ်။ လျှော့ဈေးများများနဲ့သာ ဝယ်လို့ရမယ်ဆိုရင် သရဲခြောက်တဲ့အိမ်မှာလည်း နေမယ်လို့ စစ်တမ်းကောက်ယူခဲ့သူတွေထဲက ထက်ဝက်နီးပါးက ဖြေခဲ့ကြပါတယ်”

စစ်တမ်းဖြေဆိုခဲ့သူ ၃ ပုံ ၁ ပုံခန့်က ၎င်းတို့၏ ဘဝသက်တမ်းတွင် သရဲခြောက်သည့်အိမ်မျိုး၌ နေခဲ့ဖူးကြောင်း ဖြေကြသည်။

“အိမ်တစ်လုံးရဲ့ အတိတ်အကြောင်း သတိထားတဲ့ ဝယ်လက်တွေအနေနဲ့ မဝယ်မီမှာ မေးမြန်းစုံစမ်းတာတွေ အရင်လုပ်သင့်ပါတယ်။ အမေရိကမှာ ပြည်နယ်တချို့မှာပဲ ရောင်းသူအနေနဲ့ ရောင်းမယ့်အိမ်မှာ လူသေဆုံးမှု ဖြစ်ခဲ့တာရှိ၊ မရှိ ဝယ်လက်ကို အသိပေးရမယ့် သတ်မှတ်ချက်ရှိပါတယ်။ ကိုယ်နေတဲ့အိမ်မှာ သရဲခြောက်တယ်လို့ ထင်ကြသူတွေကတော့ ပရလောကသုတေသီတွေ၊ အထက်လမ်းဆရာတွေ၊ ဘာသာရေးဆရာတွေကို ပင့်ဖိတ်ကြလေ့ရှိတယ်”ဟု Trapasso က ပြောသည်။

အမေရိကတွင် လူ ၅ ဦးလျှင် ၂ ဦးသာ တစ္ဆေသရဲရှိကြောင်း ယုံကြည်ကြသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Americans would live in haunted houses to afford their dream homes (nypost )

 

 

[Zawgyi]

အေမရိကန္တြင္ ေလွ်ာ့ေစ်းရလွ်င္ သရဲေျခာက္သည့္ေနအိမ္မ်ား ဝယ္လိုသူမ်ားျပားလာ

 

(အေမရိကန္လူမ်ဳိး ၃၀ ရာခိုင္ႏႈန္းသည္ ၎တို႔ေမွ်ာ္လင့္အိပ္မက္သည့္အိမ္ျခံေျမမ်ားရရွိရန္ သရဲေျခာက္ေသာ ေနအိမ္္မ်ားတြင္ ေနထိုင္လိုလာလ်က္ရွိသည္)

ယေန႔ကာလတြင္ အေမရိကန္ႏိုင္ငံသားတို႔သည္ ၎တို႔လိုလားေတာင့္တသည့္ေနအိမ္မ်ားတြင္ ေနထုိင္ႏိုင္ေရးအတြက္ သရဲေျခာက္ေသာေနအိမ္မ်ားတြင္ ေနထိုင္လိုသူ မ်ားျပားလာသည္။

မိမိေနထိုင္လိုသည့္ ေနအိမ္မ်ဳိးတြင္သာေနရမည္ဆိုပါက သရဲမ်ားႏွင့္အတူေနရမည္ကို မေၾကာက္သူမ်ားလည္း ရွိေၾကာင္း ျပသေနသည္။

Realtor.com မွ ရရွိသည့္အခ်က္အလက္မ်ားအရ အေမရိကန္ႏိုင္ငံသား ၃၀ ရာခိုင္ႏႈန္းသည္ မိမိတို႔ႏွစ္သက္ေသာ ေနအိမ္မ်ဳိးကို ေစ်းသက္သက္သာသာျဖင့္ ရရွိမည္ဆိုပါက ပရေလာကသားမ်ားႏွင့္လည္း အတူေနႏိုင္ၾကသည္ဟု ဆိုသည္။

ထို႔အျပင္ Realtor.com ၏ စစ္တမ္းအရ လူသတ္မႈျဖစ္ပြားခဲ့သည့္ေနအိမ္မ်ဳိးတြင္ ေနထုိင္ရမည္ကို မေၾကာက္သူ ၂၀ ရာခိုင္ႏႈန္းရွိသည္။

တေစၦသရဲမ်ားေျခာက္လွန္႔သည့္ေနအိမ္မ်ဳိးတြင္ ေနထိုင္မည္ဟုေျဖၾကားသူ ၁၇ ရာခိုင္ႏႈန္းသာ မူလကရွိခဲ့ေသာ္လည္း ေစ်းအမ်ားအျပားသာေလွ်ာ့ေပးမည္ဆိုပါက သရဲေျခာက္သည့္ေနအိမ္တြင္ ေနထုိင္မည့္သူ ရာခိုင္ႏႈန္းမွာ ၄၆ ရာခိုင္ႏႈန္းအထိ ရွိလာသည္။

ဥပမာအားျဖင့္ လူသတ္မႈျဖစ္ပြားခဲ့ေသာ Charles Manson စံအိမ္သည္ ဇြန္လအတြင္း ေလွ်ာ့ေစ်း ကန္ေဒၚလာ ၁ ဒသမ ၈၇၅ သန္းျဖင့္ ေရာင္းထြက္သြားသည္ကို ၾကည့္ပါ။

ေက်ာခ်မ္းဖြယ္ရာတို႔ႏွင့္ အိမ္နီးခ်င္းအျဖစ္ ေနထိုင္ၾကမည့္ ေနာက္ထပ္အခ်က္အလက္ကား သုႆာန္ေဘးတြင္ ေနထိုင္ရန္ မေၾကာက္လန္႔သူ ၃၀ ရာခိုင္ႏႈန္းရွိျပီး သရဲေျခာက္ေသာအိမ္ေဘးတြင္ ကပ္လ်က္ေနထုိင္ရန္ မေၾကာက္သူ ၂၅ ရာခုိင္ႏႈန္း ရွိသည္။

“ယေန႔ကာလ ျပိဳင္ဆိုင္မႈအလြန္ျပင္းထန္တဲ့ အိမ္ျခံေျမေစ်းကြက္မွာ ဝယ္လက္ေတြဟာ အထူးအခြင့္အလမ္းရမယ့္ဟာမ်ဳိးကို ရွာေဖြလာၾကတယ္”ဟု Realtor.com ၏ လက္ေထာက္သတင္းအယ္ဒီတာ Clare Trapasso က ေျပာသည္။

“ေလွ်ာ့ေစ်းနဲ႔သာရမယ္ဆိုရင္ သရဲေျခာက္တယ္လို႔ သတင္းၾကီးတဲ့အိမ္မ်ဳိးကိုလည္း အမ်ားစုက စဥ္းစားလာၾကတယ္။ ေလွ်ာ့ေစ်းမ်ားမ်ားနဲ႔သာ ဝယ္လို႔ရမယ္ဆိုရင္ သရဲေျခာက္တဲ့အိမ္မွာလည္း ေနမယ္လို႔ စစ္တမ္းေကာက္ယူခဲ့သူေတြထဲက ထက္ဝက္နီးပါးက ေျဖခဲ့ၾကပါတယ္”

စစ္တမ္းေျဖဆိုခဲ့သူ ၃ ပံု ၁ ပံုခန္႔က ၎တို႔၏ ဘဝသက္တမ္းတြင္ သရဲေျခာက္သည့္အိမ္မ်ဳိး၌ ေနခဲ့ဖူးေၾကာင္း ေျဖၾကသည္။

“အိမ္တစ္လံုးရဲ႕ အတိတ္အေၾကာင္း သတိထားတဲ့ ဝယ္လက္ေတြအေနနဲ႔ မဝယ္မီမွာ ေမးျမန္းစံုစမ္းတာေတြ အရင္လုပ္သင့္ပါတယ္။ အေမရိကမွာ ျပည္နယ္တခ်ဳိ႕မွာပဲ ေရာင္းသူအေနနဲ႔ ေရာင္းမယ့္အိမ္မွာ လူေသဆံုးမႈ ျဖစ္ခဲ့တာရွိ၊ မရွိ ဝယ္လက္ကို အသိေပးရမယ့္ သတ္မွတ္ခ်က္ရွိပါတယ္။ ကိုယ္ေနတဲ့အိမ္မွာ သရဲေျခာက္တယ္လို႔ ထင္ၾကသူေတြကေတာ့ ပရေလာကသုေတသီေတြ၊ အထက္လမ္းဆရာေတြ၊ ဘာသာေရးဆရာေတြကို ပင့္ဖိတ္ၾကေလ့ရွိတယ္”ဟု Trapasso က ေျပာသည္။

အေမရိကတြင္ လူ ၅ ဦးလွ်င္ ၂ ဦးသာ တေစၦသရဲရွိေၾကာင္း ယံုၾကည္ၾကသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Americans would live in haunted houses to afford their dream homes (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service