ငွေကုန်သက်သာစေရန် လှေတစ်စင်းဝယ်ကာ ချစ်သူနှင့်အတူနေသည့် မိန်းကလေး

ငွေကုန်သက်သာစေရန် လှေတစ်စင်းဝယ်ကာ ချစ်သူနှင့်အတူနေသည့် မိန်းကလေး - Property News in Myanmar from iMyanmarHouse.com
17 Jun 2022 10:26 am တွင် တင်ခဲ့သည်
1403 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒေါ့တီအမည်ရှိ မိန်းကလေးသည် ငွေကုန်သက်သာစေရန်အတွက် အိမ်မငှားတော့ဘဲ လှေတစ်စင်းဝယ်ကာ ချစ်သူ Tristan ၊ ၉ လသား ခွေးကလေး Teddy တို့နှင့်အတူ ရေပြင်ပေါ်တွင်သာ နေထိုင်သွားရန် ဆုံးဖြတ်စဉ်က အသက် ၂၀ အရွယ်သာရှိသေးသည်။

ယခင်က ဒေါ့တီသည် သူမ၏ချစ်သူနှင့်အတူ အိပ်ခန်း ၁ ခန်းပါ အိမ်အိုဟောင်းတစ်လုံးတွင် နေထိုင်ခဲ့သည်။

အိမ်ရှင်က နောက်ပိုင်းတွင် အဆိုပါအိမ်ကို ပြန်လည်မွမ်းမံပြီးနောက် ရောင်းချလိုသဖြင့် ဒေါ့တီတို့အား ၃ လအတွင်း အိမ်ပြောင်းပေးရန် အကြောင်းကြားခဲ့သည်။

မျှော်လင့်မထားဘဲ နေအိမ်မှ အနှင်ခံရမှုကြောင့် တုန်လှုပ်သွားကြသော Dottie နှင့် ချစ်သူ Tristan တို့သည် မျက်မှောက်ခေတ် လူနေမှုဘဝအား သမားရိုးကျမဟုတ်သော ချဉ်းကပ်မှုမျိုး ပြုလုပ်ရန်နှင့် အိမ်ငှားမနေတော့ရန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဆုံးဖြတ်ခဲ့ကြသည်။

ထွက်ပေါ်လာသည့်ရလဒ်ကား ၎င်းတို့မှန်းဆထားသည်ထက်ပင် အကျိုးများလှသည်။

ယခုအခါ အသက် ၂၁ နှစ်ရှိပြီဖြစ်သူ Dottie သည် TikTok နှင့် အင်စတာဂရမ်တို့တွင် @tanglewoodandtwo အမည်ဖြင့် အကောင့်များဖွင့်ထားပြီး သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်သော လှေပေါ်တွင် နေထိုင်ရသည့် ဘဝကို ချပြခဲ့သည်။

Dottie ဝယ်ယူခဲ့သော ကျဉ်းမြောင်းသော လှေကလေး၏ အမည်မှာ Tanglewood ဟု အမည်ရသည်။

Tanglewood လှေကလေးပေါ်တွင် နေထိုင်ရသည့်ကုန်ကျစရိတ်မှာ အိမ်ငှားနေထိုင်မှုနှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းခန့်အထိ လစဉ်သက်သာနေသည်။

(Dottie နှင့် ချစ်သူကောင်လေး Tristan တို့ နေထိုင်သော Tanglewood အမည်ရှိလှေကလေး)

(ကုန်ကျစရိတ်သက်သာသွားသောကြောင့် Dottie တို့စုံတွဲ ငွေများစွာစုမိကြသည်)

ပြီးခဲ့သောနှစ် နွေရာသီက Dottie နှင့် သူ့ကောင်လေးသည် Cambridgeshire အရပ်တွင် အိပ်ခန်းတစ်ခန်းပါ နေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်ခဲ့ကြသည်။

“ကျွန်မတို့ အဲဒီအိမ်ကို စပြောင်းတုန်းက နေအိမ်ဟာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အိမ်တစ်လုံးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ၆ လအတွင်းမှာ ကျွန်မတို့ဟာ ပြုပြင်မွမ်းမံမှုတွေလုပ်ခဲ့တာကြောင့် အိမ်က အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်”

နေအိမ်မှာ သားသားနားနားဖြင့် အသွင်သစ်ဖြစ်သွားရာ ပိုင်ရှင်က ဈေးကောင်းဖြင့် ရောင်းထုတ်ရန် ဆုံးဖြတ်ပြီး Dottie တို့စုံတွဲကို ၃ လအတွင်းပြောင်းရွှေ့ရန် အကြောင်းကြားခဲ့သည်။

Dottie တို့တွင် နေအိမ်ဝယ်ရန်အတွက်လည်း လက်ငင်းပေးချေရမည့်ငွေမှာ မပြည့်မီချေ။

“အဲ့ဒီအိမ်မှာနေတုန်းက ငါတော့ လှေပေါ်မှာ နေရတာမျိုး သဘောကျတယ်လို့ တွေးခဲ့ဖူးတယ်။ ဒါပေမယ့် နောက် ၄ လအကြာမှာ လှေပေါ်ကို တကယ်ရောက်မယ်လို့ မတွေးမိခဲ့ဘူး”

(Dottie သည် ဤလှေကို ဝယ်ယူခဲ့ချိန်တွင် အသက် ၂၀ အရွယ်သာရှိသေးသည်။)

 

(လှေတိုင်းတွင် ခွေးကလေးတစ်ကောင် လိုအပ်သည်)

Dottie သည် လှေကလေးပေါ်တွင် နေထိုင်ပုံအကြောင်းကို လူမှုကွန်ရက်တွင် တင်လေ့ရှိရာ မကြာခဏ မေးမြန်းခံရသည့် မေးခွန်းတစ်ခုရှိသည်။

ယင်းကား လှေပေါ်တွင်နေထိုင်ရသည့် ကုန်ကျစရိတ်ကို မေးမြန်းကြပြီး အိမ်ငှားနေရခြင်းအောက် သက်သာသလားဟု မေးကြသည်။

“ဒါက ပိုသက်သာပါတယ်။ အထူးသဖြင့် နေထိုင်မှုစရိတ်ပေါ့။ ဒါပေမယ့် အိမ်တစ်လုံးနဲ့ နှိုင်းယှဉ်ရင် လှေကတော့ ပြင်ဆင်ရမှုစရိတ် ပိုကုန်ပါတယ်။ ကျွန်မတို့က လှေကို ဝယ်ပြီးတဲ့နောက် ပြန်ပြီး ပြုပြင်မွမ်းမံတာတွေလုပ်ခဲ့တာအတွက် ငွေသုံးရပါတယ်။ ”

 

(လှေတစ်စင်းဝယ်ယူမှု ကုန်ကျစရိတ်)

လှေတန်ဖိုး- ပေါင် ၃၀၀၀၀ (ပေါင် ၂၀၀၀၀ မှ ၄၀၀၀၀ အကြားသုံးရဖွယ်ရှိ)

စူးစမ်းလေ့လာမှု- ပေါင် ၁၀၀၀ (လေ့လာမှုကြိုလုပ်ဖို့တော့ အားပေးပါတယ်။ ဒါက ရေရှည်အတွက် အကျိုးများပါတယ်။

“ကျွန်မတို့က ချက်ပြုတ် Cooker၊ ရေခဲသေတ္တာ၊ မွေ့ယာနဲ့ ဆိုဖာတွေ ပြန်လဲခဲ့တော့ အဲဒါက ပေါင် ၁၅၀၀ ကုန်ပါတယ်”

(Dottie က သူ၏လှေကို အိမ်တစ်လုံးအသွင်မွမ်းမံထားသည်)

 

((လှေပေါ်တွင် နေထိုင်မှု ကုန်ကျစရိတ်)

လှေဆိပ်- ပေါင် ၄၀၀ - ဒါကတော့ တော်တော်စရိတ်ကြီးပါတယ်။ ဒါပေမယ့် အိမ်သာ၊ ရေချိုးခန်း၊ လုံခြုံရေးနဲ့ အရက်ဘားတစ်ခုလည်း ရှိပါတယ်။

အာမခံ- ၁၆ ပေါင်မှ ၂၀၀ ကြား

လိုင်စင်ကြေး- ၈၄ ပေါင် (တစ်နှစ်လျှင် ပေါင် ၁၀၀၀ ခန့်) “ဒါကတော့ လှေကို ဘယ်နေရာသွားမလဲ။ မြစ်၊ တူးမြောင်းတွေလား မြစ်ထဲပဲလားဆိုတဲ့အပေါ် မူတည်ပါတယ်”

Wifi- ပေါင် ၂၀ “ကျွန်မတို့က 4G Router ကို သုံးပါတယ်။ ဒါက အိမ်ကနေအလုပ်လုပ်ဖို့၊ ရုပ်မြင်သံကြားကြည့်ဖို့၊ သီချင်းနားထောင်ဖို့အတွက် ကောင်းကောင်းရပါတယ်”

ဂက်စ် (for cooker)- ၆ ပေါင်

လျှပ်စစ်- ၁၀ ပေါင်

အပူပေးမှု (ဆောင်းတွင်းအတွက်)- ပေါင် ၅၀။

ဒီဇယ် (လှေမောင်းရန်)= ပေါင် ၃၀

စုစုပေါင်းကုန်ကျစရိတ်= တစ်လလျှင် ပေါင် ၆၁၀

(ပေါင် ၃၀၀၀၀ တန်ကြေးရှိလှေ)

အိမ်ငှားနေထိုင်ရမှု ကုန်ကျစရိတ်မှာ တစ်လလျှင် ပျှမ်းမျှ ပေါင် ၁၂၃၀ ခန့်ကုန်ရာ ထက်ဝက်ခန့် သက်သာသည်ဟု ဆိုနိုင်သည်။

((အိမ်ငှားနေခဲ့စဉ်က ကုန်ကျစရိတ်))

အိမ်ငှားခ- ပေါင် ၈၀၀

ဂက်စ်နှင့်လျှပ်စစ်- ပေါင် ၁၀၀

ရေ- ပေါင် ၆၀

အခွန်- ပေါင် ၁၈၀

ရုပ်သံ- ပေါင် ၆၀

ဝိုင်ဖိုင်- ပေါင် ၃၀

စုစုပေါင်းတစ်လကုန်ကျစရိတ်- ပေါင် ၁၂၃၀

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Woman, 21, ditches renting to live on a narrowboat – and it’s 50% cheaper (metro)

 

 

 

[Zawgyi]

ေငြကုန္သက္သာေစရန္ ေလွတစ္စင္းဝယ္ကာ ခ်စ္သူႏွင့္အတူေနသည့္ မိန္းကေလး

ေဒါ့တီအမည္ရွိ မိန္းကေလးသည္ ေငြကုန္သက္သာေစရန္အတြက္ အိမ္မငွားေတာ့ဘဲ ေလွတစ္စင္းဝယ္ကာ ခ်စ္သူ Tristan ၊ ၉ လသား ေခြးကေလး Teddy တို႔ႏွင့္အတူ ေရျပင္ေပၚတြင္သာ ေနထုိင္သြားရန္ ဆံုးျဖတ္စဥ္က အသက္ ၂၀ အရြယ္သာရွိေသးသည္။

ယခင္က ေဒါ့တီသည္ သူမ၏ခ်စ္သူႏွင့္အတူ အိပ္ခန္း ၁ ခန္းပါ အိမ္အိုေဟာင္းတစ္လံုးတြင္ ေနထုိင္ခဲ့သည္။

အိမ္ရွင္က ေနာက္ပိုင္းတြင္ အဆိုပါအိမ္ကို ျပန္လည္မြမ္းမံျပီးေနာက္ ေရာင္းခ်လိုသျဖင့္ ေဒါ့တီတို႔အား ၃ လအတြင္း အိမ္ေျပာင္းေပးရန္ အေၾကာင္းၾကားခဲ့သည္။

ေမွ်ာ္လင့္မထားဘဲ ေနအိမ္မွ အႏွင္ခံရမႈေၾကာင့္ တုန္လႈပ္သြားၾကေသာ Dottie ႏွင့္ ခ်စ္သူ Tristan တုိ႔သည္ မ်က္ေမွာက္ေခတ္ လူေနမႈဘဝအား သမားရိုးက်မဟုတ္ေသာ ခ်ဥ္းကပ္မႈမ်ဳိး ျပဳလုပ္ရန္ႏွင့္ အိမ္ငွားမေနေတာ့ရန္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလတြင္ ဆံုးျဖတ္ခဲ့ၾကသည္။

ထြက္ေပၚလာသည့္ရလဒ္ကား ၎တို႔မွန္းဆထားသည္ထက္ပင္ အက်ဳိးမ်ားလွသည္။

ယခုအခါ အသက္ ၂၁ ႏွစ္ရွိျပီျဖစ္သူ Dottie သည္ TikTok ႏွင့္ အင္စတာဂရမ္တို႔တြင္ @tanglewoodandtwo အမည္ျဖင့္ အေကာင့္မ်ားဖြင့္ထားျပီး သက္တမ္း ၂၅ ႏွစ္ရွိျပီျဖစ္ေသာ ေလွေပၚတြင္ ေနထိုင္ရသည့္ ဘဝကို ခ်ျပခဲ့သည္။

Dottie ဝယ္ယူခဲ့ေသာ က်ဥ္းေျမာင္းေသာ ေလွကေလး၏ အမည္မွာ Tanglewood ဟု အမည္ရသည္။

Tanglewood ေလွကေလးေပၚတြင္ ေနထုိင္ရသည့္ကုန္က်စရိတ္မွာ အိမ္ငွားေနထိုင္မႈႏွင့္ ႏႈိင္းယွဥ္လွ်င္ ၅၀ ရာခိုင္ႏႈန္းခန္႔အထိ လစဥ္သက္သာေနသည္။

(Dottie ႏွင့္ ခ်စ္သူေကာင္ေလး Tristan တို႔ ေနထုိင္ေသာ Tanglewood အမည္ရွိေလွကေလး)

(ကုန္က်စရိတ္သက္သာသြားေသာေၾကာင့္ Dottie တို႔စံုတြဲ ေငြမ်ားစြာစုမိၾကသည္)

ျပီးခဲ့ေသာႏွစ္ ေႏြရာသီက Dottie ႏွင့္ သူ႔ေကာင္ေလးသည္ Cambridgeshire အရပ္တြင္ အိပ္ခန္းတစ္ခန္းပါ ေနအိမ္တစ္လံုးကို ငွားရမ္းေနထုိင္ခဲ့ၾကသည္။

“ကၽြန္မတို႔ အဲဒီအိမ္ကို စေျပာင္းတုန္းက ေနအိမ္ဟာ ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ့ အိမ္တစ္လံုးသာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၆ လအတြင္းမွာ ကၽြန္မတို႔ဟာ ျပဳျပင္မြမ္းမံမႈေတြလုပ္ခဲ့တာေၾကာင့္ အိမ္က အၾကီးအက်ယ္ ေျပာင္းလဲသြားခဲ့တယ္”

ေနအိမ္မွာ သားသားနားနားျဖင့္ အသြင္သစ္ျဖစ္သြားရာ ပိုင္ရွင္က ေစ်းေကာင္းျဖင့္ ေရာင္းထုတ္ရန္ ဆံုးျဖတ္ျပီး Dottie တို႔စံုတြဲကို ၃ လအတြင္းေျပာင္းေရႊ႕ရန္ အေၾကာင္းၾကားခဲ့သည္။

Dottie တို႔တြင္ ေနအိမ္ဝယ္ရန္အတြက္လည္း လက္ငင္းေပးေခ်ရမည့္ေငြမွာ မျပည့္မီေခ်။

“အဲ့ဒီအိမ္မွာေနတုန္းက ငါေတာ့ ေလွေပၚမွာ ေနရတာမ်ဳိး သေဘာက်တယ္လို႔ ေတြးခဲ့ဖူးတယ္။ ဒါေပမယ့္ ေနာက္ ၄ လအၾကာမွာ ေလွေပၚကို တကယ္ေရာက္မယ္လို႔ မေတြးမိခဲ့ဘူး”

(Dottie သည္ ဤေလွကို ဝယ္ယူခဲ့ခ်ိန္တြင္ အသက္ ၂၀ အရြယ္သာရွိေသးသည္။)

(ေလွတိုင္းတြင္ ေခြးကေလးတစ္ေကာင္ လိုအပ္သည္)

Dottie သည္ ေလွကေလးေပၚတြင္ ေနထိုင္ပံုအေၾကာင္းကို လူမႈကြန္ရက္တြင္ တင္ေလ့ရွိရာ မၾကာခဏ ေမးျမန္းခံရသည့္ ေမးခြန္းတစ္ခုရွိသည္။

ယင္းကား ေလွေပၚတြင္ေနထိုင္ရသည့္ ကုန္က်စရိတ္ကို ေမးျမန္းၾကျပီး အိမ္ငွားေနရျခင္းေအာက္ သက္သာသလားဟု ေမးၾကသည္။

“ဒါက ပိုသက္သာပါတယ္။ အထူးသျဖင့္ ေနထိုင္မႈစရိတ္ေပါ့။ ဒါေပမယ့္ အိမ္တစ္လံုးနဲ႔ ႏႈိင္းယွဥ္ရင္ ေလွကေတာ့ ျပင္ဆင္ရမႈစရိတ္ ပိုကုန္ပါတယ္။ ကၽြန္မတို႔က ေလွကို ဝယ္ျပီးတဲ့ေနာက္ ျပန္ျပီး ျပဳျပင္မြမ္းမံတာေတြလုပ္ခဲ့တာအတြက္ ေငြသံုးရပါတယ္။ ”

(ေလွတစ္စင္းဝယ္ယူမႈ ကုန္က်စရိတ္)

ေလွတန္ဖုိး- ေပါင္ ၃၀၀၀၀ (ေပါင္ ၂၀၀၀၀ မွ ၄၀၀၀၀ အၾကားသံုးရဖြယ္ရွိ)

စူးစမ္းေလ့လာမႈ- ေပါင္ ၁၀၀၀ (ေလ့လာမႈၾကိဳလုပ္ဖို႔ေတာ့ အားေပးပါတယ္။ ဒါက ေရရွည္အတြက္ အက်ဳိးမ်ားပါတယ္။

“ကၽြန္မတို႔က ခ်က္ျပဳတ္ Cooker၊ ေရခဲေသတၱာ၊ ေမြ႔ယာနဲ႔ ဆိုဖာေတြ ျပန္လဲခဲ့ေတာ့ အဲဒါက ေပါင္ ၁၅၀၀ ကုန္ပါတယ္”

(Dottie က သူ၏ေလွကို အိမ္တစ္လံုးအသြင္မြမ္းမံထားသည္)

((ေလွေပၚတြင္ ေနထုိင္မႈ ကုန္က်စရိတ္)

ေလွဆိပ္- ေပါင္ ၄၀၀ - ဒါကေတာ့ ေတာ္ေတာ္စရိတ္ၾကီးပါတယ္။ ဒါေပမယ့္ အိမ္သာ၊ ေရခ်ဳိးခန္း၊ လံုျခံဳေရးနဲ႔ အရက္ဘားတစ္ခုလည္း ရွိပါတယ္။

အာမခံ- ၁၆ ေပါင္မွ ၂၀၀ ၾကား

လိုင္စင္ေၾကး- ၈၄ ေပါင္ (တစ္ႏွစ္လွ်င္ ေပါင္ ၁၀၀၀ ခန္႔) “ဒါကေတာ့ ေလွကို ဘယ္ေနရာသြားမလဲ။ ျမစ္၊ တူးေျမာင္းေတြလား ျမစ္ထဲပဲလားဆိုတဲ့အေပၚ မူတည္ပါတယ္”

Wifi- ေပါင္ ၂၀ “ကၽြန္မတို႔က 4G Router ကို သံုးပါတယ္။ ဒါက အိမ္ကေနအလုပ္လုပ္ဖို႔၊ ရုပ္ျမင္သံၾကားၾကည့္ဖို႔၊ သီခ်င္းနားေထာင္ဖုိ႔အတြက္ ေကာင္းေကာင္းရပါတယ္”

ဂက္စ္ (for cooker)- ၆ ေပါင္

လွ်ပ္စစ္- ၁၀ ေပါင္

အပူေပးမႈ (ေဆာင္းတြင္းအတြက္)- ေပါင္ ၅၀။

ဒီဇယ္ (ေလွေမာင္းရန္)= ေပါင္ ၃၀

စုစုေပါင္းကုန္က်စရိတ္= တစ္လလွ်င္ ေပါင္ ၆၁၀

(ေပါင္ ၃၀၀၀၀ တန္ေၾကးရွိေလွ)

အိမ္ငွားေနထုိင္ရမႈ ကုန္က်စရိတ္မွာ တစ္လလွ်င္ ပွ်မ္းမွ် ေပါင္ ၁၂၃၀ ခန္႔ကုန္ရာ ထက္ဝက္ခန္႔ သက္သာသည္ဟု ဆိုႏိုင္သည္။

((အိမ္ငွားေနခဲ့စဥ္က ကုန္က်စရိတ္))

အိမ္ငွားခ- ေပါင္ ၈၀၀

ဂက္စ္ႏွင့္လွ်ပ္စစ္- ေပါင္ ၁၀၀

ေရ- ေပါင္ ၆၀

အခြန္- ေပါင္ ၁၈၀

ရုပ္သံ- ေပါင္ ၆၀

ဝိုင္ဖိုင္- ေပါင္ ၃၀

စုစုေပါင္းတစ္လကုန္က်စရိတ္- ေပါင္ ၁၂၃၀

 

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Woman, 21, ditches renting to live on a narrowboat – and it’s 50% cheaper (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service