အိမ်ခြံမြေ(ဂရန်အမည်ပေါက်) ကို အရပ်စာချုပ်ဖြင့်ဝယ်ယူပြီးနောက်၊ ဂရန်အမည်ပေါက် ကွယ်လွန် သွားသောအခါတွင် ဆောင်ရွက်ရန်လုပ်ငန်းစဉ်များ

အိမ်ခြံမြေ(ဂရန်အမည်ပေါက်) ကို အရပ်စာချုပ်ဖြင့်ဝယ်ယူပြီးနောက်၊ ဂရန်အမည်ပေါက် ကွယ်လွန် သွားသောအခါတွင် ဆောင်ရွက်ရန်လုပ်ငန်းစဉ်များ - Property Knowledge in Myanmar from iMyanmarHouse.com
25 Apr 2022 11:24 am တွင် တင်ခဲ့သည်
2512 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အိမ်ခြံမြေအဆောက်အအုံကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင် ရန်အတွက် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ပထမဆုံးသွားရောက်၍ ကာလ တန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရန် ဆောင်ရွက်ရပါမည်။

ထိုအခါတင်ပြရမည့် စာရွက်စာတမ်းများမှာ-

(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း နေထိုင်သူများဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူ။

(၂) အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပါက သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက တစ်နှစ်အတွင်းထုတ်ပေးထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူကိုလည်း ကောင်းပူးတွဲတင်ပြရမည်။ (၃) အကယ်၍ မိမိဝယ်ယူသည့် မြေဂရန်ပေါက်သူ ကွယ်လွန်သွားပါက အမွေဆက်ခံ ထိုက်သူများ၏ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် မူရင်း/ မိတ္တူ တို့ကို တင်ပြရန် (လိုအပ်ပါက အမွေဆက်ခံခွင့်လက်မှတ် တင်ပြနိုင်ရပါမည်)

(၄) မူလအမည်ပေါက်ပိုင်ဆိုင်သူကိုယ်စား ကိုယ်စားလှယ်လွှဲစာ SP / GP မူရင်း/ မိတ္တူ။

(၅) ဝယ်ယူထားသည့် မြေ (သို့မဟုတ်) မြေနှင့်အဆောက်အဦအတွက် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)

(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ၊

အရောင်းအဝယ်ကတိစာချုပ် မူရင်း/မိတ္တူ (ဥပဒေနှင့် ညီညွှတ်ရန်မှာ လျှောက်ထားတဲ့ရက် မတိုင်မီ ရက်ပေါင်း(၃၀)အတွင်း ချုပ်ဆိုထားတဲ့ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်ဖြစ်ရန် လိုအပ်ပါသည်။ ပိုင်ရှင်နှင့် အဆင်ပြေပါက စာချုပ်ကို ရက်စွဲပြောင်း၍ ပြန်ချုပ်တင်ပြရပါမည်။) ဂရန်အမည်ပေါက်ကွယ်လွန်သွားသည့်အတွက် အထက်အပိုဒ်(၃) တွင် ဖော်ပြထားသည့် “အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်” ချုပ်ဆိုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန (သို့မဟုတ်) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့တွင် မြေပုံရေးကူးရန် အရင် လျှောက်ထားရပါဦးမည်။

တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများမှာ -

(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊

(ခ) မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်ကုန်မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ၊

(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်တမ်းကုန်မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်) မိတ္တူ၊

(ဃ) ကွယ်လွန်သူ၏ သေစာရင်း၊ သချိုင်းလက်မှတ်နှင့် သေစာရင်းတင်ပြနိုင်ခြင်းမရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ သေဆုံး ကြောင်းထောက်ခံချက်မိတ္တူ၊ အမွေဆက်ခံခွင့်ရှိသူက တရားရုံးတွင်ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာမူရင်း၊

(င) အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်မူရင်း၊

(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက အမည်ပေါက်စာချုပ် (သို့မဟုတ်) မှတ်ပုံတင်ထားသောစာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးမှ ချမှတ် ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ၊၊

(ဆ) ၁၉၈ရခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေ ဆိုင်ရာ စိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ တို့ဖြစ်ပါသည်။

ထို့ကြောင့် ဂရန်အမည်ပေါက် ကွယ်လွန်၍ ၎င်းကိုယ်စားလျှောက်ထားခြင်းဖြစ်၍ အထက် အပိုဒ်(ဃ)နှင့် (င) တို့တွင် ဖော်ပြထားသော ကွယ်လွန်သူ၏ သေစာရင်းအစရှိသည်တို့ကို တင်ပြနိုင် ခြင်းမရှိပါက သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ အမွေဆက်ခံခွင့်ရှိသူဆိုပါက တရားရုံး ကျမ်းကျိန်လွှာမူရင်း/ မိတ္တူ။ အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင် မူရင်း တို့ကို ရှေးဦးစွာဆောင်ရွက်ထားရပါမည်။

ထိုကြောင့် လုပ်ငန်းစဉ်ကို ပြန်လည်ပြောပြရပါလျှင် ကွယ်လွန်သူ၏ သေစာရင်းအထောက် အထားနှင့် အမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်ဆိုချက်၊ အဆိုပါ အမွေဆက်ခံခွင့်ရှိသူ ဦး/ ဒေါ်ကို သိရှိသူ လူပုဂ္ဂိုလ်နှစ်ဦးက သိရှိကြောင်း၊ မှန်ကန်ပါကြောင်း တရားရုံးတွင် ကျမ်းကျိန်ချက်ကို တစ်ခုစီပြုလုပ်ရန်လိုအပ်ပါသည်။

အဆိုပါအချက်များနှင့်ပြည့်စုံပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်ရပါမည်။

ထိုသို့ဆိုလျှင် ယခုစာစုတွင် ပထမဆုံးဖော်ပြထားသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် အဆင့်ကို ပြန်လည်သွားရောက်နိုင်ပြီ ဖြစ်ပါ သည်။ ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီးပါက နှစ်အလိုက်ပြဌာန်းထားသော ပြည်ထောင်စု၏အခွန် အကောက်ဥပဒေအရ သတ်မှတ်ထားသော အခွန်အခများကို ပေးဆောင်ရန် လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အိမ္ျခံေျမ(ဂရန္အမည္ေပါက္) ကို အရပ္စာခ်ဳပ္ျဖင့္ဝယ္ယူၿပီးေနာက္၊ ဂရန္အမည္ေပါက္ ကြယ္လြန္ သြားေသာအခါတြင္ ေဆာင္႐ြက္ရန္လုပ္ငန္းစဥ္မ်ား

အိမ္ျခံေျမအေဆာက္အအုံကို အရပ္စာခ်ဳပ္ျဖင့္ ဝယ္ထားပါက မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ ရန္အတြက္ အိမ္ျခံေျမတည္႐ွိရာ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးသို႔ ပထမဆုံးသြားေရာက္၍ ကာလ တန္ဖိုးစိစစ္သတ္မွတ္မႈ ခံယူရန္ ေဆာင္႐ြက္ရပါမည္။

ထိုအခါတင္ျပရမည့္ စာ႐ြက္စာတမ္းမ်ားမွာ-

(၁) ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ေနျပည္ေတာ္ ျပည္ေထာင္စု နယ္ေျမအတြင္း ေနထိုင္သူမ်ားျဖစ္ပါက ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွ တစ္ႏွစ္အတြင္း ထုတ္ယူထားေသာ ေျမပုံႏွင့္ေျမရာဇဝင္ မူရင္း/ မိတၱဴ။

(၂) အျခားတိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားျဖစ္ပါက သက္ဆိုင္ရာၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနက တစ္ႏွစ္အတြင္းထုတ္ေပးထားေသာ ေျမပုံႏွင့္ေျမရာဇဝင္ မူရင္း/ မိတၱဴကိုလည္း ေကာင္းပူးတြဲတင္ျပရမည္။ (၃) အကယ္၍ မိမိဝယ္ယူသည့္ ေျမဂရန္ေပါက္သူ ကြယ္လြန္သြားပါက အေမြဆက္ခံ ထိုက္သူမ်ား၏ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ အေမြဆက္ခံ ပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ မူရင္း/ မိတၱဴ တို႔ကို တင္ျပရန္ (လိုအပ္ပါက အေမြဆက္ခံခြင့္လက္မွတ္ တင္ျပႏိုင္ရပါမည္)

(၄) မူလအမည္ေပါက္ပိုင္ဆိုင္သူကိုယ္စား ကိုယ္စားလွယ္လႊဲစာ SP / GP မူရင္း/ မိတၱဴ။

(၅) ဝယ္ယူထားသည့္ ေျမ (သို႔မဟုတ္) ေျမႏွင့္အေဆာက္အဦအတြက္ ဓာတ္ပုံ (ေ႐ွ႕၊ ေနာက္၊ ေဘးႏွစ္ဖက္)

(၆) ေျမငွားစာခ်ဳပ္ (ဂရန္) မူရင္း/ မိတၱဴ၊

အေရာင္းအဝယ္ကတိစာခ်ဳပ္ မူရင္း/မိတၱဴ (ဥပေဒႏွင့္ ညီၫႊတ္ရန္မွာ ေလွ်ာက္ထားတဲ့ရက္ မတိုင္မီ ရက္ေပါင္း(၃၀)အတြင္း ခ်ဳပ္ဆိုထားတဲ့ အိမ္ျခံေျမအေရာင္းအဝယ္ကတိစာခ်ဳပ္ျဖစ္ရန္ လိုအပ္ပါသည္။ ပိုင္႐ွင္ႏွင့္ အဆင္ေျပပါက စာခ်ဳပ္ကို ရက္စြဲေျပာင္း၍ ျပန္ခ်ဳပ္တင္ျပရပါမည္။) ဂရန္အမည္ေပါက္ကြယ္လြန္သြားသည့္အတြက္ အထက္အပိုဒ္(၃) တြင္ ေဖာ္ျပထားသည့္ “အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္” ခ်ဳပ္ဆိုႏိုင္ရန္အတြက္ သက္ဆိုင္ရာၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံ ခန္႔ခြဲမႈဌာန (သို႔မဟုတ္) လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနတို႔တြင္ ေျမပုံေရးကူးရန္ အရင္ ေလွ်ာက္ထားရပါဦးမည္။

တင္ျပရန္လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ားမွာ -

(က) ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပား သို႔မဟုတ္ အမ်ိဳးသားမွတ္ပုံတင္ ကတ္ျပား မိတၱဴ၊

(ခ) ေျမငွားစာခ်ဳပ္(ဂရန္)၊ စကြာတာေျမႏွင့္ သက္ကုန္ေျမျဖစ္ပါက ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္းေထာက္ခံခ်က္ (သို႔မဟုတ္) ေျမငွားခေနာက္ဆုံးေပးေဆာင္ၿပီးေၾကာင္း ေျပစာ၊

(ဂ) ေျမငွားစာခ်ဳပ္(ဂရန္)ေျမႏွင့္ ဂရန္သက္တမ္းကုန္ေျမျဖစ္ပါက ေျမငွားစာခ်ဳပ္ (ဂရန္) မိတၱဴ၊

(ဃ) ကြယ္လြန္သူ၏ ေသစာရင္း၊ သခ်ိဳင္းလက္မွတ္ႏွင့္ ေသစာရင္းတင္ျပႏိုင္ျခင္းမ႐ွိပါက ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနႏွင့္ ရပ္ကြက္ႏွင့္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔မွ ေသဆုံး ေၾကာင္းေထာက္ခံခ်က္မိတၱဴ၊ အေမြဆက္ခံခြင့္႐ွိသူက တရား႐ုံးတြင္ျပဳလုပ္ခဲ့သည့္ က်မ္းက်ိန္လႊာ (သို႔မဟုတ္) ကတိသစၥာျပဳလႊာမူရင္း၊

(င) အထက္အပိုဒ္(ဃ)ပါ အေမြဆက္ခံခြင့္႐ွိသူကို သိ႐ွိသူလူပုဂၢိဳလ္(၂)ဦး သိ႐ွိေၾကာင္းႏွင့္ မွန္ကန္ေၾကာင္းကို တရား႐ုံးတြင္ျပဳလုပ္ခဲ့သည့္ ေထာက္ခံက်မ္းက်ိန္လႊာ(၂)ေစာင္မူရင္း၊

(စ) ေျမပိုင္ေျမ၊ ဘိုးဘပိုင္ေျမႏွင့္ ဂရန္႐ွိေျမပိုင္ေျမမ်ားျဖစ္ပါက အမည္ေပါက္စာခ်ဳပ္ (သို႔မဟုတ္) မွတ္ပုံတင္ထားေသာစာခ်ဳပ္စာတမ္းႏွင့္ ပိုင္ဆိုင္မႈႏွင့္ပတ္သက္သည့္ တရား႐ုံးမွ ခ်မွတ္ ထားသည့္ အမိန္႔ဒီကရီ တစ္ရပ္ရပ္ မိတၱဴ၊၊

(ဆ) ၁၉၈ရခုႏွစ္၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းလႊဲေျပာင္းျခင္းကိုကန္႔သတ္သည့္ဥပေဒ ဆိုင္ရာ စိစစ္ေရးအဖြဲ႕၏ေဆာင္႐ြက္မႈအေပၚ ျပည္ထဲေရးဝန္ႀကီးဌာန အမိန္႔မိတၱဴ တို႔ျဖစ္ပါသည္။

ထို႔ေၾကာင့္ ဂရန္အမည္ေပါက္ ကြယ္လြန္၍ ၎ကိုယ္စားေလွ်ာက္ထားျခင္းျဖစ္၍ အထက္ အပိုဒ္(ဃ)ႏွင့္ (င) တို႔တြင္ ေဖာ္ျပထားေသာ ကြယ္လြန္သူ၏ ေသစာရင္းအစ႐ွိသည္တို႔ကို တင္ျပႏိုင္ ျခင္းမ႐ွိပါက သက္ဆိုင္ရာဌာနမ်ားမွ ေထာက္ခံခ်က္မ်ား၊ အေမြဆက္ခံခြင့္႐ွိသူဆိုပါက တရား႐ုံး က်မ္းက်ိန္လႊာမူရင္း/ မိတၱဴ။ အထက္အပိုဒ္(ဃ)ပါ အေမြဆက္ခံခြင့္႐ွိသူကို သိ႐ွိသူလူပုဂၢိဳလ္(၂)ဦး သိ႐ွိေၾကာင္းႏွင့္ မွန္ကန္ေၾကာင္းကို တရား႐ုံးတြင္ျပဳလုပ္ခဲ့သည့္ ေထာက္ခံက်မ္းက်ိန္လႊာ(၂)ေစာင္ မူရင္း တို႔ကို ေ႐ွးဦးစြာေဆာင္႐ြက္ထားရပါမည္။

ထိုေၾကာင့္ လုပ္ငန္းစဥ္ကို ျပန္လည္ေျပာျပရပါလွ်င္ ကြယ္လြန္သူ၏ ေသစာရင္းအေထာက္ အထားႏွင့္ အေမြဆက္ခံခြင့္႐ွိေၾကာင္း တရား႐ုံးက်မ္းက်ိန္ဆိုခ်က္၊ အဆိုပါ အေမြဆက္ခံခြင့္႐ွိသူ ဦး/ ေဒၚကို သိ႐ွိသူ လူပုဂၢိဳလ္ႏွစ္ဦးက သိ႐ွိေၾကာင္း၊ မွန္ကန္ပါေၾကာင္း တရား႐ုံးတြင္ က်မ္းက်ိန္ခ်က္ကို တစ္ခုစီျပဳလုပ္ရန္လိုအပ္ပါသည္။

အဆိုပါအခ်က္မ်ားႏွင့္ျပည့္စုံပါက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ကို စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးတြင္ ျပဳလုပ္ရပါမည္။

ထိုသို႔ဆိုလွ်င္ ယခုစာစုတြင္ ပထမဆုံးေဖာ္ျပထားသည့္ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးသို႔ သြားေရာက္၍ ကာလတန္ဖိုးစိစစ္သတ္မွတ္ေပးရန္ အဆင့္ကို ျပန္လည္သြားေရာက္ႏိုင္ၿပီ ျဖစ္ပါ သည္။ ကာလတန္ဖိုးစိစစ္သတ္မွတ္ၿပီးပါက ႏွစ္အလိုက္ျပဌာန္းထားေသာ ျပည္ေထာင္စု၏အခြန္ အေကာက္ဥပေဒအရ သတ္မွတ္ထားေသာ အခြန္အခမ်ားကို ေပးေဆာင္ရန္ လိုအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

kt
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service