ရတနာပုံ ဥယျာဉ်အတွင်း အပန်းဖြေအနားယူနိုင် - Property News in Myanmar from iMyanmarHouse.com
2360 Views

ရတနာပုံ ဥယျာဉ်အတွင်း အပန်းဖြေအနားယူနိုင်

[Unicode]

မန္တလေးမြို့၊နန်းမြို့ရိုးအပြင်ဘက်ရှိ ရတနာပုံ ဥယျာဉ်အတွင်း အပန်းဖြေအနားယူနိုင်ကြောင်း MCDCက ဧပြီလ၂၁ ရက်က အသိပေးထားသည်။

အဆိုပါ ရတနာပုံဥယျာဉ်ကို အများ ပြည်သူများအနေဖြင့် လာရောက် အပန်းဖြေအနားယူနိုင်ရန် ဧပြီ ၁၃ ရက်က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံဥယျာဉ်ကို မန္တလေးနန်းမြို့ရိုးအရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် နံနက် ၅ နာရီ ခွဲမှ ည ၇ နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ကာ လာရောက်လည်ပတ်သူများအနေဖြင့် အစစ်ဆေးခံပြီးမှ ဝင်ရောက်ကြရမည်ဖြစ်ကြောင်းလည်း သိရသည်။

အပန်းဖြေခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်လိုသူများ အနေနှင့် ရတနာပုံဥယျာဉ်အတွင်းသို့ (၂၆ လမ်း နှင့် ၇၃ လမ်း)၊ ကျော်မိုးတံခါး မင်္ဂလာတံတား ဝင်ပေါက်၊ (၆၆ လမ်းနှင့် ၁၉ လမ်း)ဦးထိပ် တံခါးဝင်ပေါက် နှင့် (လမ်း ၈၀ နှင့် ၂၂ လမ်း) ကြေးမုံတံခါး ဝင်ပေါက်များမှ ဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။

ဥယျာဉ်အတွင်း အမြန် လျှောက်လမ်း၊ ပြေးလမ်းများနှင့် မိသားစု ပျော်ရွှင်စွာလမ်းလျှောက်နိုင်ရန် တည်ဆောက်ပေးထားသော လမ်းကြောင်းတစ်လျှောက် ပုံမှန် လမ်းလျှောက်ခြင်းနှင့် ပန်းအလှပင်များအကြား နားနေနိုင်ရန် ထိုင်ခုံများ တည်ဆောက်ပေးထားကြောင်း၊၎င်းအပြင် မင်္ဂလာအကြို အလှပုံရိုက်ကူးခြင်း၊ မွေးနေ့ မင်္ဂလာဧည့်ခံပွဲများ၊ အထိမ်းအမှတ် ပွဲများကိုလည်း ကျင်းပနိုင်ရန် ကျုံးနှင့် မြို့ရိုးအကြား ပေ (၃၀၀) အရှည်၊ ပေ (၄၀)အကျယ်ရှိသည့် ရင်ပြင်များ တည်ဆောက်ထားပါကြောင်း၊ကျန်းမာရေးအတွက် သန့်စင်ခန်း (၂)ခန်းအား တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းများတွင်ရှိပြီး မကြာမီ ကာလတွင် စက်ဘီးငယ်များအား သတ်မှတ်နာရီနှုန်းထားဖြင့် စီးနင်းနိုင်ရန် အစီးရေ (၁၀၀) စီစဉ်ထားကြောင်း၊ နိုင်လွန်ကတ္တရာလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုနိုင်ရန် Buggy ကားငယ် (၁၅)စီး ကိုလည်းတောင်ဘက်၊ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် စီးနင်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် (Tour) များအတွက် (၆၆ လမ်း နှင့် ၁၉ လမ်း)ဘက် ဝင်ပေါက်တွင် ကားကြီး၊ ကားငယ်များ ဝင်ရောက် ရပ်နားနိုင်ပြီး ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု၍ အနားယူ စားသုံးနိုင်ရန် ကော်ဖီ၊ အအေးဆိုင် (၅)ဆိုင်အား ခေတ်မီ Container Box Coffee Shop များဖြင့် ဖွင့်လှစ်ထားရှိပြီးကြောင်း MCDC ကအသိပေးထားသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ရတနာပုံ ဥယ်ာဥ္အတြင္း အပန္းေျဖအနားယူနိုင္

မႏၲေလးၿမိဳ့၊နန္းၿမိဳ႕ရိုးအျပင္ဘက္ရွိ ရတနာပုံ ဥယ်ာဥ္အတြင္း အပန္းေျဖအနားယူနိုင္ေၾကာင္း MCDCက ဧၿပီလ၂၁ ရက္က အသိေပးထားသည္။

အဆိုပါ ရတနာပုံဥယ်ာဥ္ကို အမ်ား ျပည္သူမ်ားအေနျဖင့္ လာေရာက္ အပန္းေျဖအနားယူနိုင္ရန္ ဧၿပီ ၁၃ ရက္က ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရတနာပုံဥယ်ာဥ္ကို မႏၲေလးနန္းၿမိဳ႕ရိုးအေရွ႕ဘက္ျခမ္းႏွင့္ ေတာင္ဘက္ျခမ္းတို႔တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ေန႔စဥ္ နံနက္ ၅ နာရီ ခြဲမွ ည ၇ နာရီအထိ ဖြင့္လွစ္ေပးမည္ျဖစ္ကာ လာေရာက္လည္ပတ္သူမ်ားအေနျဖင့္ အစစ္ေဆးခံၿပီးမွ ဝင္ေရာက္ၾကရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

အပန္းေျဖျခင္း၊ ကိုယ္လက္လႈပ္ရွား အားကစားျပဳလုပ္လိုသူမ်ား အေနႏွင့္ ရတနာပုံဥယ်ာဥ္အတြင္းသို႔ (၂၆ လမ္း ႏွင့္ ၇၃ လမ္း)၊ ေက်ာ္မိုးတံခါး မဂၤလာတံတား ဝင္ေပါက္၊ (၆၆ လမ္းႏွင့္ ၁၉ လမ္း)ဦးထိပ္ တံခါးဝင္ေပါက္ ႏွင့္ (လမ္း ၈၀ ႏွင့္ ၂၂ လမ္း) ေၾကးမုံတံခါး ဝင္ေပါက္မ်ားမွ ဝင္ေရာက္ႏိုင္ေၾကာင္း အသိေပးထားသည္။

ဥယ်ာဥ္အတြင္း အျမန္ ေလၽွာက္လမ္း၊ ေျပးလမ္းမ်ားႏွင့္ မိသားစု ေပ်ာ္ရႊင္စြာလမ္းေလၽွာက္နိုင္ရန္ တည္ေဆာက္ေပးထားေသာ လမ္းေၾကာင္းတစ္ေလၽွာက္ ပုံမွန္ လမ္းေလၽွာက္ျခင္းႏွင့္ ပန္းအလွပင္မ်ားအၾကား နားေနနိုင္ရန္ ထိုင္ခုံမ်ား တည္ေဆာက္ေပးထားေၾကာင္း၊၎အျပင္ မဂၤလာအႀကိဳ အလွပုံရိုက္ကူးျခင္း၊ ေမြးေန႔ မဂၤလာဧည့္ခံပြဲမ်ား၊ အထိမ္းအမွတ္ ပြဲမ်ားကိုလည္း က်င္းပနိုင္ရန္ က်ဳံးႏွင့္ ၿမိဳ႕ရိုးအၾကား ေပ (၃၀၀) အရွည္၊ ေပ (၄၀)အက်ယ္ရွိသည့္ ရင္ျပင္မ်ား တည္ေဆာက္ထားပါေၾကာင္း၊က်န္းမာေရးအတြက္ သန႔္စင္ခန္း (၂)ခန္းအား ေတာင္ဘက္ျခမ္းႏွင့္ အေရွ႕ဘက္ျခမ္းမ်ားတြင္ရွိၿပီး မၾကာမီ ကာလတြင္ စက္ဘီးငယ္မ်ားအား သတ္မွတ္နာရီႏႈန္းထားျဖင့္ စီးနင္းနိုင္ရန္ အစီးေရ (၁၀၀) စီစဥ္ထားေၾကာင္း၊ နိုင္လြန္ကတၱရာလမ္းတစ္ေလၽွာက္ လွည့္လည္ၾကည့္ရႈနိုင္ရန္ Buggy ကားငယ္ (၁၅)စီး ကိုလည္းေတာင္ဘက္၊ အေရွ႕ဘက္ႏွင့္ ေျမာက္ဘက္တို႔တြင္ စီးနင္းနိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ နိုင္ငံျခားခရီးသြား ဧည့္သည္ (Tour) မ်ားအတြက္ (၆၆ လမ္း ႏွင့္ ၁၉ လမ္း)ဘက္ ဝင္ေပါက္တြင္ ကားႀကီး၊ ကားငယ္မ်ား ဝင္ေရာက္ ရပ္နားနိုင္ၿပီး ဥယ်ာဥ္အတြင္း လွည့္လည္ၾကည့္ရႈ၍ အနားယူ စားသုံးနိုင္ရန္ ေကာ္ဖီ၊ အေအးဆိုင္ (၅)ဆိုင္အား ေခတ္မီ Container Box Coffee Shop မ်ားျဖင့္ ဖြင့္လွစ္ထားရွိၿပီးေၾကာင္း MCDC ကအသိေပးထားသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service