အက်ရှင်စူပါကြယ်ပွင့် ဂျက်လီ၏ ရှန်ဟိုင်းမြို့မှ စံအိမ်

အက်ရှင်စူပါကြယ်ပွင့် ဂျက်လီ၏ ရှန်ဟိုင်းမြို့မှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
23 Mar 2022 11:50 am တွင် တင်ခဲ့သည်
4040 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော အက်ရှင် စူပါကြယ်ပွင့် ဂျက်လီနှင့် ဇနီးဖြစ်သူ၏ စံအိမ်ကြီးမှာ စတုရန်းပေ ၅၃၇၀ ခန့်အထိ အကျယ်အဝန်းရှိသည်။

စံအိမ်အကျယ်အဝန်းမှာ အလယ်လတ်စား ဈေးဝယ်စင်တာတစ်ခုခန့်ရှိပြီး တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် တည်ရှိသည်။

ဂျက်လီ၏ စံအိမ်မှာ အခြားမည်သည့်တရုတ်အကျော်အမော်များ၏ စံအိမ်ထက်မဆို ပိုမိုတန်ဖိုးကြီး ခမ်းနားသည်ဟု မှတ်ချက်ပြုကြသည်။

ဂျက်လီ၏ စံအိမ်တည်နေရာမှာ ရှန်ဟိုင်းမြို့၊ Pudong အရပ်၊ Huamu လမ်းမပေါ်တွင် တည်ရှိသည်။

ဂျက်လီက အဆိုပါမြေနေရာကို ရင်းနှီးမြှုပ်နှံရန်အတွက် ရည်ရွယ်ကာ လွန်ခဲ့သော ၁၀ နှစ်ခန့်က ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြေကွက်၏ပေါက်ဈေးမှာ ဝယ်ဈေးထက် အဆ ၁၀၀ ကျော် မြင့်တက်သွားပြီ ဖြစ်သည်။

ရှန်ဟိုင်းမြို့သည် ဂျက်လီ၏ ဇနီး နီနာလီ၏ ဇာတိမြို့ဖြစ်၏။

သို့အတွက်ကြောင့်ပင် ဂျက်လီက နီနာနှင့် ကလေး ၂ ဦးအတွက် ယခုမြေနေရာတွင် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီး ၃ လုံးကို ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

စံအိမ်များကို ဥရောပ ဂန္ထဝင်ဗိသုကာဟန်ဖြင့် ဒီဇိုင်းရေးဆွဲထားသည်။ ပတ်ဝန်းကျင်မှ ဆူညံသံများကို ကာကွယ်ရန်အတွက် ဂျက်လီက ပရုတ်ပင်နှင့် အခြားသော အပင်ကြီးများ များစွာကို စိုက်ပျိုးခဲ့ရာ ငွေကြေးများစွာ ကုန်ကျခဲ့သည်။

ဂျက်လီ၏ ရှန်ဟိုင်းစံအိမ်မှာ ဝင့်ကြွားခန့်ထည်လှကာ “တရုတ်ပြည်၏ နံပါတ် ၁ အကျော်အမော်စံအိမ်” အဖြစ် ရည်ညွှန်းကြသည်။

စံအိမ်တန်ကြေးမှာ ယွမ်ငွေ သန်း ၂၀၀ အထိ တန်ကြေးရှိသည်ဟု ဆိုသည်။ ဂျက်လီသည် ရှန်ဟိုင်းစံအိမ်ကို ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ၎င်းကိုယ်တိုင် နေထိုင်ခဲ့ဖူးခြင်း မရှိသေးချေ။

ဂျက်လီက သမီးတစ်ဦးအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်သွားရန် ရည်ရွယ်ကာ ဝယ်ယူထားခြင်းဖြစ်သည် ဟု၍လည်း ကောလာဟလများ ရှိသည်။

ဂျက်လီက စံအိမ်ကြီးကို ဝယ်ယူခဲ့သည်မှာ ၁၂ နှစ်ခန့်ရှိခဲ့ပြီဖြစ်ရာ စံအိမ်ကြီး၏ ပြင်ပနံရံများမှာ ရာသီဥတု၏ တိုက်စားမှု အစွန်းအထင်းများပင် ရှိလာနေပြီဖြစ်သည်။

စံအိမ်တည်ရှိပုံအနေအထားမှာ ပင်မစံအိမ် ၁ လုံးနှင့် တွဲဖက် အဆောက်အအုံ ၂ လုံးတို့ ဖြစ်ကြသည်။

စံအိမ်ကြီးကို ၆ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ်ခဲ့သည်။

(ဂျက်လီ ဘာလဲ)

ဂျက်လီ၏ အမည်ရင်းမှာ လီလျန်းကြယ် (Li Lianjie) ဖြစ်ပြီး ဂျက်လီဟုသာ လူသိများသည်။

ဂျက်လီသည် တရုတ် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ကိုယ်ခံပညာရှင်၊ ဝူရှူးချန်ပီယံတစ်ဦး ဖြစ်သည်။

ဂျက်လီသည် ၁၉၆၃ မှ ၂၀၀၃ ခုနှစ်ထိ တရုတ်နိုင်ငံသား၊ ၂၀၀၃ မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန်နိုင်ငံသား ဖြစ်ခဲ့ကာ ၂၀၀၉ ခုနှစ်မှ လက်ရှိအချိန်ထိ စင်္ကာပူနိုင်ငံသား ဖြစ်သည်။

ဂျက်လီ ငယ်စဉ်က ဝူရှူးဆရာ ဝူပီးန် (Wu Bin) ထံတွင် ၃ နှစ်ကြာ သင်ယူလေ့ကျင့်ပြီးနောက် ပေကျင်းဝူရှူးအသင်းနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆုံး အမျိုးသားဝူရှူးချန်ပီယံဆု ရရှိခဲ့သည်။

အသက် ၁၉ နှစ်အရွယ်တွင် ဝူရှူးအသင်းမှ အနားယူခဲ့ပြီး ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၈၂ ခုနှစ်တွင် သူ၏ ပထမဆုံးရုပ်ရှင်ကား “ရှောင်လင်ကျောင်းတော်” (Shaolin Temple) တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

တရုတ်ရုပ်ရှင်မဟုတ်သော နိုင်ငံတကာရုပ်ရှင်များတွင် ဂျက်လီ၏ ပါဝင်သရုပ်ဆောင်ခဲ့မှုများမှာ ၁၉၉၈ ခုနှစ်တွင် Lethal Weapon 4 ၊ ဟောလိဝုဒ်ရုပ်ရှင်တွင် ပထမဆုံးခေါင်းဆောင်နေရာမှ ပါဝင်ခဲ့သော Romeo Must Die (၂၀၀၀ ပြည့်နှစ်) အစရှိသော ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။

ထို့အပြင် Kiss of the Dragon (၂၀၀၁) တွင်လည်းကောင်း၊ The One (၂၀၀၁) နှင့် War (၂၀၀၇) တို့တွင် ဂျေဆင် စတာသမ်နှင့် တွဲဖက်၍ လည်းကောင်း၊ The Forbidden Kingdom (၂၀၀၈) တွင် ဂျက်ကီချန်းနှင့် တွဲဖက်၍ လည်းကောင်း၊ The Expendables ဇာတ်ကား ၃ ခုလုံးတွင် ဆီဗက်စတာ စတားလုံးနှင့် တွဲဖက်၍ လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

(ဂျက်လီ၏ အိမ်ထောင်ရေး)

ဂျက်လီသည် ၁၉၈၇ ခုနှစ်တွင် ပေကျင်း ဝူရှူးအသင်းဖော်၊ Kids from Shaolin ဇာတ်ကားတွင် တွဲဖက် သရုပ်ဆောင်ခဲ့သူ ဟွမ်ချူးယန် (Huang Qiuyan) နှင့် လက်ထပ်ခဲ့ပြီး သမီး ၂ ဦး ထွန်းကားသည်။

၁၉၉၀ ပြည့်နှစ်တွင် ကွာရှင်းပြတ်စဲသည်။

၁၉၉၉ ခုနှစ်တွင် ဟောင်ကောင်ရုပ်ရှင်မင်းသမီး နီန လီချီနှင့် လက်ထပ်ခဲ့ကာ သမီး ၂ ဦး ထွန်းကားသည်။

(ဂျက်လီ၏ ဝါသနာ)

ဂျက်လီသည် အားလပ်ချိန်များတွင် ကြက်တောင်ရိုက်၊ စားပွဲတင် တင်းနစ်၊ စက်ဘီးစီး၊ စာဖတ်၊ တရားထိုင်ခြင်းများ ပြုလုပ်လေ့ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A LOOK INSIDE JET LI’S HOUSE (wingchunnews)

 

[Zawgyi]

အက္ရွင္စူပါၾကယ္ပြင့္ ဂ်က္လီ၏ ရွန္ဟိုင္းျမိဳ႕မွ စံအိမ္

ႏိုင္ငံတကာတြင္ ထင္ရွားေက်ာ္ၾကားေသာ အက္ရွင္ စူပါၾကယ္ပြင့္ ဂ်က္လီႏွင့္ ဇနီးျဖစ္သူ၏ စံအိမ္ၾကီးမွာ စတုရန္းေပ ၅၃၇၀ ခန္႔အထိ အက်ယ္အဝန္းရွိသည္။

စံအိမ္အက်ယ္အဝန္းမွာ အလယ္လတ္စား ေစ်းဝယ္စင္တာတစ္ခုခန္႔ရွိျပီး တရုတ္ျပည္၊ ရွန္ဟိုင္းျမိဳ႕တြင္ တည္ရွိသည္။

ဂ်က္လီ၏ စံအိမ္မွာ အျခားမည္သည့္တရုတ္အေက်ာ္အေမာ္မ်ား၏ စံအိမ္ထက္မဆို ပိုမိုတန္ဖိုးၾကီး ခမ္းနားသည္ဟု မွတ္ခ်က္ျပဳၾကသည္။

ဂ်က္လီ၏ စံအိမ္တည္ေနရာမွာ ရွန္ဟိုင္းျမိဳ႕၊ Pudong အရပ္၊ Huamu လမ္းမေပၚတြင္ တည္ရွိသည္။

ဂ်က္လီက အဆိုပါေျမေနရာကို ရင္းႏွီးျမွဳပ္ႏွံရန္အတြက္ ရည္ရြယ္ကာ လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔က ဝယ္ယူထားခဲ့ျခင္းျဖစ္ျပီး ယခုအခါ ေျမကြက္၏ေပါက္ေစ်းမွာ ဝယ္ေစ်းထက္ အဆ ၁၀၀ ေက်ာ္ ျမင့္တက္သြားျပီ ျဖစ္သည္။

ရွန္ဟိုင္းျမိဳ႕သည္ ဂ်က္လီ၏ ဇနီး နီနာလီ၏ ဇာတိျမိဳ႕ျဖစ္၏။

သို႔အတြက္ေၾကာင့္ပင္ ဂ်က္လီက နီနာႏွင့္ ကေလး ၂ ဦးအတြက္ ယခုေျမေနရာတြင္ နန္းေတာ္တမွ် ခမ္းနားေသာ စံအိမ္ၾကီး ၃ လံုးကို ေဆာက္လုပ္ရန္ ရည္ရြယ္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္မ်ားကို ဥေရာပ ဂႏၳဝင္ဗိသုကာဟန္ျဖင့္ ဒီဇိုင္းေရးဆြဲထားသည္။ ပတ္ဝန္းက်င္မွ ဆူညံသံမ်ားကို ကာကြယ္ရန္အတြက္ ဂ်က္လီက ပရုတ္ပင္ႏွင့္ အျခားေသာ အပင္ၾကီးမ်ား မ်ားစြာကို စိုက္ပ်ဳိးခဲ့ရာ ေငြေၾကးမ်ားစြာ ကုန္က်ခဲ့သည္။

ဂ်က္လီ၏ ရွန္ဟိုင္းစံအိမ္မွာ ဝင့္ၾကြားခန္႔ထည္လွကာ “တရုတ္ျပည္၏ နံပါတ္ ၁ အေက်ာ္အေမာ္စံအိမ္” အျဖစ္ ရည္ညႊန္းၾကသည္။

စံအိမ္တန္ေၾကးမွာ ယြမ္ေငြ သန္း ၂၀၀ အထိ တန္ေၾကးရွိသည္ဟု ဆိုသည္။ ဂ်က္လီသည္ ရွန္ဟိုင္းစံအိမ္ကို ၂၀၀၈ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ကာ ၎ကိုယ္တိုင္ ေနထိုင္ခဲ့ဖူးျခင္း မရွိေသးေခ်။

ဂ်က္လီက သမီးတစ္ဦးအတြက္ မဂၤလာလက္ဖြဲ႔အျဖစ္ ေပးအပ္သြားရန္ ရည္ရြယ္ကာ ဝယ္ယူထားျခင္းျဖစ္သည္ ဟု၍လည္း ေကာလာဟလမ်ား ရွိသည္။

ဂ်က္လီက စံအိမ္ၾကီးကို ဝယ္ယူခဲ့သည္မွာ ၁၂ ႏွစ္ခန္႔ရွိခဲ့ျပီျဖစ္ရာ စံအိမ္ၾကီး၏ ျပင္ပနံရံမ်ားမွာ ရာသီဥတု၏ တိုက္စားမႈ အစြန္းအထင္းမ်ားပင္ ရွိလာေနျပီျဖစ္သည္။

စံအိမ္တည္ရွိပံုအေနအထားမွာ ပင္မစံအိမ္ ၁ လံုးႏွင့္ တြဲဖက္ အေဆာက္အအံု ၂ လံုးတို႔ ျဖစ္ၾကသည္။

စံအိမ္ၾကီးကို ၆ ႏွစ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ျပီး ၂၀၁၀ ျပည့္ႏွစ္တြင္ အျပီးသတ္ခဲ့သည္။

(ဂ်က္လီ ဘာလဲ)

ဂ်က္လီ၏ အမည္ရင္းမွာ လီလ်န္းၾကယ္ (Li Lianjie) ျဖစ္ျပီး ဂ်က္လီဟုသာ လူသိမ်ားသည္။

ဂ်က္လီသည္ တရုတ္ ရုပ္ရွင္သရုပ္ေဆာင္၊ ရုပ္ရွင္ထုတ္လုပ္သူ၊ ကိုယ္ခံပညာရွင္၊ ဝူရွဴးခ်န္ပီယံတစ္ဦး ျဖစ္သည္။

ဂ်က္လီသည္ ၁၉၆၃ မွ ၂၀၀၃ ခုႏွစ္ထိ တရုတ္ႏိုင္ငံသား၊ ၂၀၀၃ မွ ၂၀၀၉ ခုႏွစ္အထိ အေမရိကန္ႏိုင္ငံသား ျဖစ္ခဲ့ကာ ၂၀၀၉ ခုႏွစ္မွ လက္ရွိအခ်ိန္ထိ စကၤာပူႏိုင္ငံသား ျဖစ္သည္။

ဂ်က္လီ ငယ္စဥ္က ဝူရွဴးဆရာ ဝူပီးန္ (Wu Bin) ထံတြင္ ၃ ႏွစ္ၾကာ သင္ယူေလ့က်င့္ျပီးေနာက္ ေပက်င္းဝူရွဴးအသင္းႏွင့္အတူ ဝင္ေရာက္ယွဥ္ျပိဳင္ရာ ပထမဆံုး အမ်ဳိးသားဝူရွဴးခ်န္ပီယံဆု ရရွိခဲ့သည္။

အသက္ ၁၉ ႏွစ္အရြယ္တြင္ ဝူရွဴးအသင္းမွ အနားယူခဲ့ျပီး ရုပ္ရွင္ေလာကသို႔ ဝင္ေရာက္ခဲ့ကာ ၁၉၈၂ ခုႏွစ္တြင္ သူ၏ ပထမဆံုးရုပ္ရွင္ကား “ေရွာင္လင္ေက်ာင္းေတာ္” (Shaolin Temple) တြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

တရုတ္ရုပ္ရွင္မဟုတ္ေသာ ႏိုင္ငံတကာရုပ္ရွင္မ်ားတြင္ ဂ်က္လီ၏ ပါဝင္သရုပ္ေဆာင္ခဲ့မႈမ်ားမွာ ၁၉၉၈ ခုႏွစ္တြင္ Lethal Weapon 4 ၊ ေဟာလိဝုဒ္ရုပ္ရွင္တြင္ ပထမဆံုးေခါင္းေဆာင္ေနရာမွ ပါဝင္ခဲ့ေသာ Romeo Must Die (၂၀၀၀ ျပည့္ႏွစ္) အစရွိေသာ ဇာတ္ကားးမ်ားတြင္ ပါဝင္ခဲ့သည္။

ထို႔အျပင္ Kiss of the Dragon (၂၀၀၁) တြင္လည္းေကာင္း၊ The One (၂၀၀၁) ႏွင့္ War (၂၀၀၇) တို႔တြင္ ေဂ်ဆင္ စတာသမ္ႏွင့္ တြဲဖက္၍ လည္းေကာင္း၊ The Forbidden Kingdom (၂၀၀၈) တြင္ ဂ်က္ကီခ်န္းႏွင့္ တြဲဖက္၍ လည္းေကာင္း၊ The Expendables ဇာတ္ကား ၃ ခုလံုးတြင္ ဆီဗက္စတာ စတားလံုးႏွင့္ တြဲဖက္၍ လည္းေကာင္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

(ဂ်က္လီ၏ အိမ္ေထာင္ေရး)

ဂ်က္လီသည္ ၁၉၈၇ ခုႏွစ္တြင္ ေပက်င္း ဝူရွဴးအသင္းေဖာ္၊ Kids from Shaolin ဇာတ္ကားတြင္ တြဲဖက္ သရုပ္ေဆာင္ခဲ့သူ ဟြမ္ခ်ဴးယန္ (Huang Qiuyan) ႏွင့္ လက္ထပ္ခဲ့ျပီး သမီး ၂ ဦး ထြန္းကားသည္။

၁၉၉၀ ျပည့္ႏွစ္တြင္ ကြာရွင္းျပတ္စဲသည္။

၁၉၉၉ ခုႏွစ္တြင္ ေဟာင္ေကာင္ရုပ္ရွင္မင္းသမီး နီန လီခ်ီႏွင့္ လက္ထပ္ခဲ့ကာ သမီး ၂ ဦး ထြန္းကားသည္။

(ဂ်က္လီ၏ ဝါသနာ)

ဂ်က္လီသည္ အားလပ္ခ်ိန္မ်ားတြင္ ၾကက္ေတာင္ရိုက္၊ စားပြဲတင္ တင္းနစ္၊ စက္ဘီးစီး၊ စာဖတ္၊ တရားထိုင္ျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A LOOK INSIDE JET LI’S HOUSE (wingchunnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service