စပိုက်ဒါမန်းသရုပ်ဆောင်နှင့် ဇန်ဒါယာတို့စုံတွဲ အတူနေရန် လန်ဒန်မှစံအိမ်ကို ဒေါ်လာ ၆ သန်းနီးပါးဖြင့် ဝယ်ယူ

စပိုက်ဒါမန်းသရုပ်ဆောင်နှင့် ဇန်ဒါယာတို့စုံတွဲ အတူနေရန် လန်ဒန်မှစံအိမ်ကို ဒေါ်လာ ၆ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
11 Feb 2022 10:41 am တွင် တင်ခဲ့သည်
1951 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ် ထိပ်သီး စပိုက်ဒါမန်းသရုပ်ဆောင် တွမ် ဟော်လန်နှင့် ဇန်ဒါယာတို့စုံတွဲသည် ၎င်းတို့နှစ်ဦး၏ ပထမဆုံးအိမ်ကို ကန်ဒေါ်လာ ၆ သန်းနီးပါးဖြင့် ဝယ်ယူလိုက်သည်။

Spider-man: Homecoming ဇာတ်ကားတွင် အတူတွဲဖက်သရုပ်ဆောင်ခဲ့သူများဖြစ်သော တွမ်ဟော်လန်နှင့် ဇန်ဒါယာတို့သည် ပြီးခဲ့သောနှစ်အတွင်း လော့စ်အိန်ဂျလိတွင် ကားလမ်းပိတ်နေစဉ် ရမ္မက်ပြင်းပြင်းဖြင့် ပွေ့ဖက်နမ်းရှုံ့နေကြသည်ကို ခိုးရိုက်ထားသည့် ဗွီဒီယိုဖိုင်တစ်ခုကြောင့် အင်တာနက်တွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။

ယင်းနောက် လအနည်းငယ်အကြာတွင် ဟော်လန်က British GQ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဇန်ဒါယာနှင့် ချစ်ကြိုက်နေကြောင်း အတည်ပြုခဲ့သည်။

ယခုအချိန်တွင်ကား တွမ်ဟော်လန်တို့သည် ၎င်းတို့၏ အချစ်ရေးကို နောက်တစ်ဆင့်သို့ အဆင့်တက်ရန် လုပ်ဆောင်ခဲ့ကြဟန်ရသည်။

The Mirror တွင် ဖော်ပြချက်အရ အသက် ၂၅ နှစ်ကိုယ်စီသာ ရှိကြသေးသော သရုပ်ဆောင်နှစ်ဦး နှစ်ယောက်အတူ ပထမဆုံးနေအိမ်တစ်လုံး ဝယ်ယူခဲ့ကြသော နေအိမ်မှာ လန်ဒန်မြို့၏ အနောက်တောင်ဘက် သိမ်းမြစ်ကမ်းဘေး Kingston upon Thames မြို့ကလေးတွင် တည်ရှိပြီး ဟော်လန်၏ ကလေးဘဝဒေသမှ မိနစ်ပိုင်းခရီးသာ ဝေးကွာသောနေရာတွင် တည်ရှိသည်ဟု ဆိုသည်။

၎င်းတို့ စုံတွဲဝယ်ယူလိုက်သော နေအိမ်၏တန်ဖိုးမှာ ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းခန့် ကျသင့်ခဲ့သည်ဟူသော ကောလာဟလများ ရှိသည်။

အဆိုပါအိမ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးချေ။

Mirror နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းတို့စုံတွဲနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ပြောပြသည်မှာ ဟော်လန်သည် သူအခြေချမည့်နေရာသစ်ကို လုံခြုံမှုအကောင်းဆုံးဖြစ်စေလိုသည်ဟု ဆိုသည်။

ခန့်မှန်းရချက်အရ တွမ်ဟော်လန်သည် Iron Man ဇာတ်ကားထဲမှ တိုနီ စတာ့ခ်၏ မြေအောက် ကားဂိုဒေါင် ပုံစံတူမျိုး ဆောက်လုပ်ချင်နေဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

“တွမ်က သူ့အိမ်ဝန်းပတ်ပတ်လည်တစ်ခုလုံးကို နည်းပညာမြင့်တဲ့ လုံခြုံရေးစနစ်တွေ တပ်ဆင်ချင်နေပါတယ်”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ထိုသို့ ပြင်ဆင်မွမ်းမံမှုများ ပြီးစီးချိန်တွင် ယခုနေအိမ်သို့ နှစ်ဦးသား ပြောင်းရွှေ့ဖွယ်ရှိကြောင်း၊ ပြင်ဆင်စရိတ်မှာ ကန်ဒေါ်လာ ၅၀၀၀၀၀ ဝန်းကျင်ကုန်ကျဖွယ်ရာရှိပြီး ယခုနှစ်လယ်ပိုင်းတွင် ပြီးစီးဖွယ်ရှိသည်ဟု ထိုသတင်းရင်းမြစ်က ဖြည့်စွက်ပြောပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tom Holland and Zendaya spend nearly $6 million on their first home together (nine)

 

 

 

[Zawgyi]

စပိုက္ဒါမန္းသရုပ္ေဆာင္ႏွင့္ ဇန္ဒါယာတို႔စံုတြဲ အတူေနရန္ လန္ဒန္မွစံအိမ္ကို ေဒၚလာ ၆ သန္းနီးပါးျဖင့္ ဝယ္ယူ

ေဟာလိဝုဒ္ ထိပ္သီး စပိုက္ဒါမန္းသရုပ္ေဆာင္ တြမ္ ေဟာ္လန္ႏွင့္ ဇန္ဒါယာတို႔စံုတြဲသည္ ၎တို႔ႏွစ္ဦး၏ ပထမဆံုးအိမ္ကို ကန္ေဒၚလာ ၆ သန္းနီးပါးျဖင့္ ဝယ္ယူလိုက္သည္။

Spider-man: Homecoming ဇာတ္ကားတြင္ အတူတြဲဖက္သရုပ္ေဆာင္ခဲ့သူမ်ားျဖစ္ေသာ တြမ္ေဟာ္လန္ႏွင့္ ဇန္ဒါယာတို႔သည္ ျပီးခဲ့ေသာႏွစ္အတြင္း ေလာ့စ္အိန္ဂ်လိတြင္ ကားလမ္းပိတ္ေနစဥ္ ရမၼက္ျပင္းျပင္းျဖင့္ ေပြ႔ဖက္နမ္းရႈံ႕ေနၾကသည္ကို ခိုးရိုက္ထားသည့္ ဗီြဒီယိုဖိုင္တစ္ခုေၾကာင့္ အင္တာနက္တြင္ ဟိုးေလးတေက်ာ္ ျဖစ္သြားခဲ့သည္။

ယင္းေနာက္ လအနည္းငယ္အၾကာတြင္ ေဟာ္လန္က British GQ ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ဇန္ဒါယာႏွင့္ ခ်စ္ၾကိဳက္ေနေၾကာင္း အတည္ျပဳခဲ့သည္။

ယခုအခ်ိန္တြင္ကား တြမ္ေဟာ္လန္တို႔သည္ ၎တို႔၏ အခ်စ္ေရးကို ေနာက္တစ္ဆင့္သို႔ အဆင့္တက္ရန္ လုပ္ေဆာင္ခဲ့ၾကဟန္ရသည္။

The Mirror တြင္ ေဖာ္ျပခ်က္အရ အသက္ ၂၅ ႏွစ္ကိုယ္စီသာ ရွိၾကေသးေသာ သရုပ္ေဆာင္ႏွစ္ဦး ႏွစ္ေယာက္အတူ ပထမဆံုးေနအိမ္တစ္လံုး ဝယ္ယူခဲ့ၾကေသာ ေနအိမ္မွာ လန္ဒန္ျမိဳ႕၏ အေနာက္ေတာင္ဘက္ သိမ္းျမစ္ကမ္းေဘး Kingston upon Thames ျမိဳ႕ကေလးတြင္ တည္ရွိျပီး ေဟာ္လန္၏ ကေလးဘဝေဒသမွ မိနစ္ပိုင္းခရီးသာ ေဝးကြာေသာေနရာတြင္ တည္ရွိသည္ဟု ဆိုသည္။

၎တို႔ စံုတြဲဝယ္ယူလိုက္ေသာ ေနအိမ္၏တန္ဖိုးမွာ ကန္ေဒၚလာ ၅ ဒသမ ၇ သန္းခန္႔ က်သင့္ခဲ့သည္ဟူေသာ ေကာလာဟလမ်ား ရွိသည္။

အဆိုပါအိမ္ႏွင့္ ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကိုမူ မသိရေသးေခ်။

Mirror ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ၎တို႔စံုတြဲႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္တစ္ခုက ေျပာျပသည္မွာ ေဟာ္လန္သည္ သူအေျခခ်မည့္ေနရာသစ္ကို လံုျခံဳမႈအေကာင္းဆံုးျဖစ္ေစလိုသည္ဟု ဆိုသည္။

ခန္႔မွန္းရခ်က္အရ တြမ္ေဟာ္လန္သည္ Iron Man ဇာတ္ကားထဲမွ တိုနီ စတာ့ခ္၏ ေျမေအာက္ ကားဂိုေဒါင္ ပံုစံတူမ်ဳိး ေဆာက္လုပ္ခ်င္ေနဖြယ္ရွိသည္ဟု ခန္႔မွန္းရသည္။

“တြမ္က သူ႔အိမ္ဝန္းပတ္ပတ္လည္တစ္ခုလံုးကို နည္းပညာျမင့္တဲ့ လံုျခံဳေရးစနစ္ေတြ တပ္ဆင္ခ်င္ေနပါတယ္”ဟု အဆိုပါသတင္းရင္းျမစ္က ေျပာသည္။

ထိုသို႔ ျပင္ဆင္မြမ္းမံမႈမ်ား ျပီးစီးခ်ိန္တြင္ ယခုေနအိမ္သို႔ ႏွစ္ဦးသား ေျပာင္းေရႊ႕ဖြယ္ရွိေၾကာင္း၊ ျပင္ဆင္စရိတ္မွာ ကန္ေဒၚလာ ၅၀၀၀၀၀ ဝန္းက်င္ကုန္က်ဖြယ္ရာရွိျပီး ယခုႏွစ္လယ္ပိုင္းတြင္ ျပီးစီးဖြယ္ရွိသည္ဟု ထိုသတင္းရင္းျမစ္က ျဖည့္စြက္ေျပာျပသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tom Holland and Zendaya spend nearly $6 million on their first home together (nine)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service