အိမ် (သို့) ကွန်ဒိုခန်းပိုင်ဆိုင်လိုသည့် နိုင်ငံခြားသားများအား အင်ဒိုအစိုးရ မီးစိမ်းပြ

အိမ် (သို့) ကွန်ဒိုခန်းပိုင်ဆိုင်လိုသည့် နိုင်ငံခြားသားများအား အင်ဒိုအစိုးရ မီးစိမ်းပြ - Property News in Myanmar from iMyanmarHouse.com
22 Jan 2022 12:15 pm တွင် တင်ခဲ့သည်
816 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သမ္မတဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) သည် နိုင်ငံခြားသားများ သို့မဟုတ် ပြည်ပနိုင်ငံသားများအား အင်ဒိုနီးရှားနိုင်ငံရှိ အခန်းများနှင့် နေအိမ်များ ပိုင်ဆိုင်ခွင့်ပေးသည့် စည်းမျဥ်းသစ်တစ်ခုကို ကြေညာလိုက်ပြီဖြစ်ကြောင်း Indonesia Expat ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် အစိုးရစည်းမျဥ်းအမှတ် ၁၈ တွင် တိုက်ခန်းများ၊ မြေပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် မြေစာရင်းမှတ်ပုံတင်ဌာနတို့နှင့်သက်ဆိုင်သော စည်းမျဥ်းများအား ပြင်ဆင်ချက်များ ပါဝင်သည်။ ဤအမိန့်သစ်သည် Omnibus ဥပဒေဟု ပြည်သူလူထုက သိကြသည့် အလုပ်အကိုင်နေရာဖန်တီးမှုနှင့်စပ်လျဥ်းသော ၂၀၂၀ ခုနှစ် ဥပဒေအမှတ် ၁၁ ၏ အပိုဒ် ၁၄၂ နှင့် ၁၈၂ ပါ ပြဋ္ဌာန်းချက်များ၏ ရလဒ်ဖြစ်သည်။

အပိုဒ် ၆၇ တွင် “အင်ဒိုနီးရှားနိုင်ငံသားများ၊ အင်ဒိုနီးရှားဥပဒေအရရပိုင်ခွင့်ရှိသူများ၊ စည်းမျဥ်းဥပဒေများ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုချက်ရှိသည့် နိုင်ငံခြားသားများ၊ အင်ဒိုနီးရှားတွင် ကိုယ်စားလှယ်ရှိသည့် နိုင်ငံခြားဥပဒေအရရပိုင်ခွင့်ရှိသူများနှင့် အင်ဒိုနီးရှားတွင် ကိုယ်စားလှယ်ဖြစ်သည့် သို့မဟုတ် ကိုယ်စားလှယ်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများ၏ ကိုယ်စားလှယ်များအား တိုက်ခန်းများ ပိုင်ဆိုင်ရန် ခွင့်ပြုသည်။” ဟု ဖော်ပြထားသည်။

သို့ရာတွင် နိုင်ငံခြားသားအားလုံးက တိုက်ခန်းပိုင်ဆိုင်နေထိုင်နိုင်မည်မဟုတ်ဘဲ တရားဝင်လူဝင်မှုခွင့်ပြုချက်ရှိသူများကိုသာလျှင် နေအိမ် သို့မဟုတ် ကွန်ဒိုခန်းတစ်ခန်း ပိုင်ဆိုင်ခွင့်ပြုကြောင်းလည်း အပိုဒ် ၆၉ တွင် ဖော်ပြခဲ့သည်။

အခန်းများ သို့မဟုတ် နေအိမ်များကို နိုင်ငံခြားသားတစ်ဦးမှ ဝယ်ယူမှုတွင် ဆောက်လုပ်ဖော်ဆောင်မှု၌ မြေကွက် (သို့) အခန်းအရေအတွက်၊ အနိမ့်ဆုံးဈေးနှုန်း၊ မြေကွက်အရွယ်အစား စသည့် ကန့်သတ်ချက်များလည်း ရှိပေသည်။

နိုင်ငံခြားသားပိုင်ဆိုင်မှုခွင့်ပြုချက်သည် အိမ်ခြံမြေလောကတွင် အထူးသဖြင့် အင်ဒိုနီးရှားရူပီယာ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၄၉,၀၀၀) (ဇန်နဝါရီ ၂၁ ငွေလဲနှုန်းအရ မြန်မာကျပ်ငွေအားဖြင့် ၆၂၀.၆ သန်းကျော်) ကျော်တန်ကြေးရှိ အထက်တန်း-အလယ်တန်းကြား အတန်းစားအဆင့် တိုက်ခန်းများအတွက် တိုးတက်ရန် ဦးတည်နိုင်ကြောင်း အင်ဒိုနီးရှားအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Real Estate Indonesia (REI) ၏ လက်ထောက်အထွေထွေသဘာပတိ Bambang Eka Jaya က ပြောကြားခဲ့သည်။

အလယ်အလတ်တန်းစား နေအိမ်များအတွက် လက်ရှိဝယ်လိုအားသည် ဖင့်နှေးလာကြောင်း၊ ယခုစည်းမျဥ်းသစ်အရမူ ရောင်းအားများမြင့်တက်လာနိုင်ကြောင်းလည်း သူက သုံးသပ်ခဲ့သည်။

အဆိုပါစည်းမျဥ်းသစ်အရ နေအိမ် သို့မဟုတ် အခန်းတစ်ခန်းကို ပိုင်ဆိုင်ရန် မျှော်လင့်သည့် နိုင်ငံခြားသားများအတွက် လူဝင်မှုစာရွက်စာတမ်းအထောက်အထားများ လိုအပ်ကြောင်း၊ နေအိမ် သို့မဟုတ် ကွန်ဒိုခန်းအား နိုင်ငံခြားသားပိုင်ဆိုင်မှုသည် Usufructuary rights (အခြားသူတစ်ဦးပိုင်ဆိုင်သည့် မြေနှင့်အိမ်ရာအဆောက်အအုံမှ အခွင့်အရေးတစ်ရပ်ကို သာမန်အားဖြင့် အချိန်အကန့်အသတ်အတွက်ဖြစ်စေ သေသည့်တိုင်ဖြစ်စေ ရရှိသည့်အခွင့်အရေးဖြစ်ပါသည်။

ယင်းအခွင့်အရေးမှာ လက်ရှိပိုင်ရှင်ကို ဖယ်ထုတ်၍ မြေနှင့်အိမ်ရာအဆောက်အအုံကို အသုံးပြုခွင့်၊ မြေနှင့်အိမ်ရာအဆောက်အအုံအသုံးပြုခွင့်ရရှိသူသည် မြေနှင့်အိမ်ရာအဆောက်အအုံကို အသုံးပြုခွင့် အပြည့်အဝရှိသော်လည်း ထုခွဲရောင်းချခြင်း ဖျက်ဆီးခြင်း မပြုလုပ်နိုင်။) အခြေအနေဖြင့်သာလျှင်ဖြစ်မည်ဖြစ်ကြောင်းလည်း ဂရုပြုစေခဲ့ပါသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: Indonesia gives green light to foreigners looking to own homes or condo units (property report)

 

[Zawgyi]

အိမ္ (သို႔) ကြန္ဒိုခန္းပိုင္ဆိုင္လိုသည့္ ႏိုင္ငံျခားသားမ်ားအား အင္ဒိုအစိုးရ မီးစိမ္းျပ

သမၼတဂ်ိဳကိုဝီဒိုဒို (ဂ်ိဳကိုဝီ) သည္ ႏိုင္ငံျခားသားမ်ား သို႔မဟုတ္ ျပည္ပႏိုင္ငံသားမ်ားအား အင္ဒိုနီး႐ွားႏိုင္ငံ႐ွိ အခန္းမ်ားႏွင့္ ေနအိမ္မ်ား ပိုင္ဆိုင္ခြင့္ေပးသည့္ စည္းမ်ဥ္းသစ္တစ္ခုကို ေၾကညာလိုက္ၿပီျဖစ္ေၾကာင္း Indonesia Expat ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့သည္။

၂၀၂၁ ခုႏွစ္ အစိုးရစည္းမ်ဥ္းအမွတ္ ၁၈ တြင္ တိုက္ခန္းမ်ား၊ ေျမပိုင္ဆိုင္ခြင့္၊ စီမံခန္႔ခြဲပိုင္ခြင့္ႏွင့္ ေျမစာရင္းမွတ္ပုံတင္ဌာနတို႔ႏွင့္သက္ဆိုင္ေသာ စည္းမ်ဥ္းမ်ားအား ျပင္ဆင္ခ်က္မ်ား ပါဝင္သည္။ ဤအမိန္႔သစ္သည္ Omnibus ဥပေဒဟု ျပည္သူလူထုက သိၾကသည့္ အလုပ္အကိုင္ေနရာဖန္တီးမႈႏွင့္စပ္လ်ဥ္းေသာ ၂၀၂၀ ခုႏွစ္ ဥပေဒအမွတ္ ၁၁ ၏ အပိုဒ္ ၁၄၂ ႏွင့္ ၁၈၂ ပါ ျပ႒ာန္းခ်က္မ်ား၏ ရလဒ္ျဖစ္သည္။

အပိုဒ္ ၆၇ တြင္ “အင္ဒိုနီး႐ွားႏိုင္ငံသားမ်ား၊ အင္ဒိုနီး႐ွားဥပေဒအရရပိုင္ခြင့္႐ွိသူမ်ား၊ စည္းမ်ဥ္းဥပေဒမ်ား၏ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ခြင့္ျပဳခ်က္႐ွိသည့္ ႏိုင္ငံျခားသားမ်ား၊ အင္ဒိုနီး႐ွားတြင္ ကိုယ္စားလွယ္႐ွိသည့္ ႏိုင္ငံျခားဥပေဒအရရပိုင္ခြင့္႐ွိသူမ်ားႏွင့္ အင္ဒိုနီး႐ွားတြင္ ကိုယ္စားလွယ္ျဖစ္သည့္ သို႔မဟုတ္ ကိုယ္စားလွယ္႐ွိသည့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ျပည္ပႏိုင္ငံမ်ား၏ ကိုယ္စားလွယ္မ်ားအား တိုက္ခန္းမ်ား ပိုင္ဆိုင္ရန္ ခြင့္ျပဳသည္။” ဟု ေဖာ္ျပထားသည္။

သို႔ရာတြင္ ႏိုင္ငံျခားသားအားလုံးက တိုက္ခန္းပိုင္ဆိုင္ေနထိုင္ႏိုင္မည္မဟုတ္ဘဲ တရားဝင္လူဝင္မႈခြင့္ျပဳခ်က္႐ွိသူမ်ားကိုသာလွ်င္ ေနအိမ္ သို႔မဟုတ္ ကြန္ဒိုခန္းတစ္ခန္း ပိုင္ဆိုင္ခြင့္ျပဳေၾကာင္းလည္း အပိုဒ္ ၆၉ တြင္ ေဖာ္ျပခဲ့သည္။

အခန္းမ်ား သို႔မဟုတ္ ေနအိမ္မ်ားကို ႏိုင္ငံျခားသားတစ္ဦးမွ ဝယ္ယူမႈတြင္ ေဆာက္လုပ္ေဖာ္ေဆာင္မႈ၌ ေျမကြက္ (သို႔) အခန္းအေရအတြက္၊ အနိမ့္ဆုံးေဈးႏႈန္း၊ ေျမကြက္အ႐ြယ္အစား စသည့္ ကန္႔သတ္ခ်က္မ်ားလည္း ႐ွိေပသည္။

ႏိုင္ငံျခားသားပိုင္ဆိုင္မႈခြင့္ျပဳခ်က္သည္ အိမ္ျခံေျမေလာကတြင္ အထူးသျဖင့္ အင္ဒိုနီး႐ွား႐ူပီယာ ၅ ဘီလ်ံ (အေမရိကန္ေဒၚလာ ၃၄၉,၀၀၀) (ဇန္နဝါရီ ၂၁ ေငြလဲႏႈန္းအရ ျမန္မာက်ပ္ေငြအားျဖင့္ ၆၂၀.၆ သန္းေက်ာ္) ေက်ာ္တန္ေၾကး႐ွိ အထက္တန္း-အလယ္တန္းၾကား အတန္းစားအဆင့္ တိုက္ခန္းမ်ားအတြက္ တိုးတက္ရန္ ဦးတည္ႏိုင္ေၾကာင္း အင္ဒိုနီး႐ွားအိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း Real Estate Indonesia (REI) ၏ လက္ေထာက္အေထြေထြသဘာပတိ Bambang Eka Jaya က ေျပာၾကားခဲ့သည္။

အလယ္အလတ္တန္းစား ေနအိမ္မ်ားအတြက္ လက္႐ွိဝယ္လိုအားသည္ ဖင့္ေႏွးလာေၾကာင္း၊ ယခုစည္းမ်ဥ္းသစ္အရမူ ေရာင္းအားမ်ားျမင့္တက္လာႏိုင္ေၾကာင္းလည္း သူက သုံးသပ္ခဲ့သည္။

အဆိုပါစည္းမ်ဥ္းသစ္အရ ေနအိမ္ သို႔မဟုတ္ အခန္းတစ္ခန္းကို ပိုင္ဆိုင္ရန္ ေမွ်ာ္လင့္သည့္ ႏိုင္ငံျခားသားမ်ားအတြက္ လူဝင္မႈစာ႐ြက္စာတမ္းအေထာက္အထားမ်ား လိုအပ္ေၾကာင္း၊ ေနအိမ္ သို႔မဟုတ္ ကြန္ဒိုခန္းအား ႏိုင္ငံျခားသားပိုင္ဆိုင္မႈသည္ Usufructuary rights (အျခားသူတစ္ဦးပိုင္ဆိုင္သည့္ ေျမႏွင့္အိမ္ရာအေဆာက္အအုံမွ အခြင့္အေရးတစ္ရပ္ကို သာမန္အားျဖင့္ အခ်ိန္အကန္႔အသတ္အတြက္ျဖစ္ေစ ေသသည့္တိုင္ျဖစ္ေစ ရ႐ွိသည့္အခြင့္အေရးျဖစ္ပါသည္။ ယင္းအခြင့္အေရးမွာ လက္႐ွိပိုင္႐ွင္ကို ဖယ္ထုတ္၍ ေျမႏွင့္အိမ္ရာအေဆာက္အအုံကို အသုံးျပဳခြင့္၊ ေျမႏွင့္အိမ္ရာအေဆာက္အအုံအသုံးျပဳခြင့္ရ႐ွိသူသည္ ေျမႏွင့္အိမ္ရာအေဆာက္အအုံကို အသုံးျပဳခြင့္ အျပည့္အဝ႐ွိေသာ္လည္း ထုခြဲေရာင္းခ်ျခင္း ဖ်က္ဆီးျခင္း မျပဳလုပ္ႏိုင္။) အေျခအေနျဖင့္သာလွ်င္ျဖစ္မည္ျဖစ္ေၾကာင္းလည္း ဂ႐ုျပဳေစခဲ့ပါသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indonesia gives green light to foreigners looking to own homes or condo units (property report)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service