Paragon Residence မှ ဒါရိုက်တာ ဦးကျော်မြင့်ဦး နှင့် Resources Group Global Co ., Ltd. အကြောင်း အင်တာဗျူး အပိုင်း - (၂) - Property Interview from iMyanmarHouse.com
8103 ကြိမ် ကြည့်ရှု့ ပြီး

Paragon Residence မှ ဒါရိုက်တာ ဦးကျော်မြင့်ဦး နှင့် Resources Group Global Co ., Ltd. အကြောင်း အင်တာဗျူး အပိုင်း - (၂)

Posted by နုညက်သိမ်မွေ့လှိုင် (iMyanmarHouse.com)

Resources Group Global Co ., Ltd. ကို (၂၀၁၄) ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အရည်အသွေးပြည့်မှီတဲ့ အဆောက်အဦးတွေကို ၀ယ်ယူ သူတွေဆီ ချပြနိုင်မည့် ရည်ရွှယ်ချက် ဖြင့်တည်ထောင်ခဲ့တာ ဖြစ်ကြောင်း သိရပါသည်။ ယခုလက်ရှိအချိန်တွင် အလုံ ကမ်းနားလမ်းပေါ်မှာရှိတဲ့ Paragon Residence ကိုတည်ဆောက်နေတယ် လို့ သိရပါသည်။

ကွန်ဒိုကို ဆောက်လုပ်တဲ့အခါ Safety အပိုင်းကို အဓိကထား ပြီး ဆောက်လုပ်နေတာ ဖြစ်တဲ့အတွက် Paragon Residence ကို ၀ယ်ယူမဲ့ Customer တွေအနေနဲ့ စိတ်တိုင်းကျစေမဲ့ ကွန်ဒိုဝန်ဆောင်မှုများရရှိမည် ဖြစ်ကြောင်း သိရပါသည်။Resources Group Global Co ., Ltd. မှာ အရစ်ကျ ကြိုပွိုင့်ရောင်းချပေးနေကြောင်း သိရှိရပြီး Decoration ပိုင်းတွင်လည်း customer များ စိတ်ကျေနပ်မှု ရရှိအောင် ဆောင်ရွက်ပေးကြောင်း သိရပါ သည်။

အိမ်ခြံမြေဈေးကွက်အနေအထားကို သုံးသပ်ရာတွင် “တကယ်နေထိုင်မဲ့ လူတွေဝယ်ယူမှု အားနည်းသွားပြီး ပြန်လည်ဌားရမ်း အသုံးပြုသူတွေသာ ၀ယ်ယူမှုများလာတာ တွေ့ ရတယ်” ဟု ပြောကြားသွားပါသည်။ Condo Law ပေါ်ထွက်လာမဲ့ အပေါ်လည်း တကယ်သာ ထိထိရောက်ရောက် အသုံး ချမယ်ဆိုရင် ပြည်သူတွေအတွက် ပိုမိုကောင်းမွန်မဲ့ ဥပဒေတစ်ခုဖြစ်တဲ့ အတွက်လည်း ကြိုဆိုပါတယ်လို့ ပြောကြားခဲ့ပါသည်။

အိမ်ခြံမြေဈေးကွက်ဟာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်တည်ရှိနေမှာ ဖြစ်ပြီး နိုင်ငံရဲ့စီးပွားရေး နဲ့ ပြည်သူ တွေဝယ်ယူအသုံးပြုမှု အပေါ်မှုတည် ပြီး ပြောင်းလဲသွားနိုင်ကြောင်း အကြံပြုစကား ပြောကြားပေးသွားခြင်းဖြစ် ပါတယ်။
Resources Group Globel Co ., Ltd. ကို ဆက်သွယ်မေးမြန်းလိုပါက အမှတ် - (2A) ကမ်းနားလမ်း အလုံမြို့နယ်တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

ကျေးဇူးတင်ပါသည်။
iMyanmarHouse.com အဖွဲ့သူ အဖွဲ့သားများ
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက်
.

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)