Hanwha Group Co.,Ltd မှ တည်ဆောက်လျှက်ရှိသော TRITONE Project မိတ်ဆက်ပွဲ အခမ်းအနား (အပိုင်း- ၂) - Property Interview from iMyanmarHouse.com
4839 ကြိမ် ကြည့်ရှု့ ပြီး

Hanwha Group Co.,Ltd မှ တည်ဆောက်လျှက်ရှိသော TRITONE Project မိတ်ဆက်ပွဲ အခမ်းအနား (အပိုင်း- ၂)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

Hanwha Group Co.,Ltd မှ တည်ဆောက် လျှက်ရှိသော TRITONE Project မိတ်ဆက်ပွဲ အခမ်းအနား ကို၂၀၁၅ခုနှစ် ဒီဇင်ဘာ၂ရက်နေ့ ညနေ ၆နာရီမှစတင်ကာ Novotel Hotel တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား ဖွင့်လှစ် ပြီးနောက် Hanwha Group ၏တာဝန်ရှိသူများမှ အဖွင့်အမှာစကား များပြောကြားကာ TRITONE Project နှင့် ပတ်သတ်ပြီး မိတ်ဆက်ပေးခဲ့ ပါသည်။

ဧည်သည်များအား အစားအသောက် များဖြင့်တည်ခင်း ဧည့်ခံပြီးနောက် Lucky Draw အစီအစဉ်များဖြင့်ပါ ကျင်းပပေးခဲ့ပါသည်။ ထို့နောက်TRITONE Project မှတာဝန်ရှိသူ Mr.Joo Han Kim နှင့်လည်း TRITONE Project နှင့်ပတ်သတ်ပြီး သိလိုသမျှကို မေးမြန်း ဖြစ်ခဲ့ပါသည်။

သြဂုတ်လကတည်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကနေ ရင်းနှီးမြှုပ်နှံ ခွင့်ပြုလိုက်ပြီးနောက် ကိုးရီးယားနိုင်ငံရဲ့ Hanwha Group Co.,Ltd က ရန်ကုန်ရှစ်မိုင်နေရာမှာ လူနေအိမ်ယာဆောက်လုပ်မှု လုပ်ငန်းစတင်ခဲ့ ပြီး နိုဝင်ဘာလမှာ အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

ရှစ်မိုင်ရဲ့ မြေနှစ် ဧကကျယ်ဝန်းတဲ့နေရာမှာ ဆောက်လုပ်တဲ့ Tritone အိမ်ရာဆောက်လုပ်မှု စီမံကိန်းမှာဆိုရင် အထပ်ပေါင်း ၃၀ ပါဝင်တဲ့ အဆင့်မြင့် လူနေတိုက်ခန်း အိမ်ရာ နှစ်ခုနဲ့ ၂၂ ထပ်ပါဝင်တဲ့ အထပ် မြင့်လူနေ တိုက်ခန်း စုစုပေါင်း အဆောက်အအုံသုံးခုကို ဆောက် လုပ်ထားတာဖြစ်ပါတယ်။

အဆင့်မြင့်လူနေတိုက်ခန်းအဆောက်အအုံတွင်း ခြောက်ထပ် မြောက်အထပ်မှာ ဈေးဝယ်စင်တာအပြင်အခြားအပန်းဖြေ၊ဖျော် ဖြေနိုင်တဲ့ နေရာတွေများစွာထည့်သွင်းတည်ဆောက်ထားပြီး အ ဆောက်အအုံရဲ့ ၅ ထပ်မြောက်မှာ ကျယ်ဝန်းတဲ့ကားပါကင်ပါဝင်တယ်။

Tritone ရဲ့ အိမ်ရာမှာ နေထိုင်တဲ့ မိသားစုဝင်တွေအတွက် အဆင့် အတန်း မြင့်တဲ့ လူနေထိုင်မှုပုံစံ၊ အဆင့်မြင့် အပန်းဖြေနိုင်မှု၊ လုံခြုံ စိတ်ချရမှု၊ အရည်အသွေးကောင်းတဲ့ အိမ်ခန်းတည်ေ ဆာက် မှုပုံစံ၊ ပရိဘောဂ ထည့်သွင်းမှု၊ နည်းပညာ စနစ်ကောင်းတွေနဲ့ စိတ်ချမ်း သာပျော်ရွှင်မှု ရရှိနိုင်မှာဖြစ်ပြီး ရန်ကုန်မြို့တော်ရဲ့အချက်အချာ နေရာကောင်းမှာ နေထိုင်ရ တာကြောင့် သွားရေးလာရေး အဆင်ပြေပြီးအထပ်မြင့်အခန်းတွေ ကနေ မြို့တော်ရဲ့ လှပတဲ့ရှုမြင်ကွင်း ကောင်းတွေကိုလည်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါ တယ်။

ဆောက်လုပ်မှုအတွက် အတွင်းခန်းဒီဇိုင်းအပြင်အဆင်တွေကိုတော့ ဟွမ်ဟာ ကုမ္ပဏီရဲ့ လုပ်ငန်းတွဲဖက်ဖော် ကီဟန်ဒီဇိုင်းနဲ့ဗိသုကာအ ဖွဲ့အစည်းက တာဝန်ယူတည်ဆောက်ပေးထားတာဖြစ်ကာ ခေတ်မီ လှပသေသပ်တဲ့ တစ်ခု တည်းသော ဒီဇိုင်းပုံစံကို ရွေးချယ်ပေးထား တာဖြစ်ကာ အပြင်ပိုင်းတည်ေ ဆာက်မှုအနေနဲ့ အိမ်ခန်းတစ်ခုစီတိုင်း မှာလသာဆောင် လေသာခန်းသုံးခုကို လည်း ထည့်သွင်းပေးထား တာဖြစ်ကြောင်း TRITONEProject နှင့်ပတ် သတ်ပြီး ပြည့်ပြည့်စုံစုံ ပြောပြပေးသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)