Beaver Group Property Development Co.,Ltd မှ တာဝန်ရှိသူ ကိုဟန်ဝင်းအောင် နှင့် iMyamarHouse.com မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” အကြောင်း အင်တာဗျူး
Posted by မေသက်နှင်း (iMyanmarHouse.com)
ပြီးခဲ့သည့် မေလ (၁)ရက်နေ့ မှ (၃)ရက်နေ့ အထိ တပ်မတော်ခန်းမတွင် iMyamarHouse.com မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” မှာ ဝင်ရောက်ပြသရသည့် ရည်ရွယ်ချက်မှာ ယခုလက်ရှိတည်ဆောက်နေသော ‘The Dawn Condo’နှင့် ပတ်သက်၍ ပြသခဲ့ပြီး Beaver Group ကို Customer များ သိရှိစေလိုခြင်း ဖြစ်သည်။
ထိုပွဲမှာ မျှော်မှန်ထားသည့်ရလဒ်နှင့်ကိုက်ညီကြောင်း၊ အဆင်မပြေမှုမှာ မရှိသလောက်နည်းပါးကြောင်း၊ Future Project များ ထပ်မံလုပ်ဆောင်မည် ဖြစ်သောကြောင့် နောက်တကြိမ်ပြပွဲတွင်လည်း ပါဝင်ပြသမည်ဖြစ်ကြောင်း ပြောသွားပါသည်။
ယခုထက် လာရောက်လေ့လာသူ ပိုများစေလိုကြောင်း၊ ပြပွဲကို ရန်ကုန်တွင်သာ ကျင်းပစေလိုကြောင်း၊ ပို၍ ကျယ်ဝန်းသော
နေရာဖြစ်လိုကြောင်း အကြံပြုပြောကြား သွားပါသည်။
ဟောပြောပွဲအစီအစဉ်များ ထညိ့သွင်းပေးခြင်းမှာ ကောင်းမွန်ပြီး ကျင်းပသောရက်များမှာ အားလပ်ရက်များဖြစ်၍ လာရောက်ကြည့်ရှုသူ များသောကြောင့် ကျေနပ်ကြောင်း သိရပါသည်။