CHD Bank ၏ Managing Director ဦးဝင်းဇော် နှင့် iMyamarHouse.com မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” အကြောင်း အင်တာဗျူး - Property Interview from iMyanmarHouse.com
5080 ကြိမ် ကြည့်ရှု့ ပြီး

CHD Bank ၏ Managing Director ဦးဝင်းဇော် နှင့် iMyamarHouse.com မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” အကြောင်း အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

ပြီးခဲ့သည့် မေလ (၁)ရက်နေ့ မှ (၃)ရက်နေ့ အထိ တပ်မတော်ခန်းမတွင် iMyamarHouse.com မှ ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်၊ ခြံ၊ မြေ အရောင်းပြပွဲကြီး” မှာ ဝင်ရောက်ပြသရသည့် ရည်ရွယ်ချက်မှာ ပြည်သူအများ အိမ်ရာ ဝယ်ယူနိုင်ရေးနှင့် CHD Bank မှ ပြုလုပ်ပေးနေသော ဝန်ဆောင်မှုများကို သိရှိစေရန် ဖြစ်ကြောင်း သိရသည်။

ထိုပွဲတွင် ဝင်ရောက်ပြသခဲ့ရာတွင် ပြည်သူတို့၏ စိတ်ဝင်စားမှုမှာ မျှော်မှန်းထားသည်ထက် ပိုများကြောင်း၊ ပြပွဲအတွင်းတွင် သာမက ပြပွဲပြီးသည့်နောက်တွင် ဘဏ်သို့ စိတ်ပါဝင်စားစွာ လာရောက်၍ စာရင်းဖွင့်လာသူများရှိကြောင်း ပြောသွားပါသည်။

ယခုကဲ့သို့ ပြပွဲများပြုလုပ်ပေး၍ ဟောပြောပွဲအစီအစဉ်များ ထည့်သွင်းပေးထားခြင်းမှာ လူအများအတွက် အသိပညာ ဗဟုသုတများစွာ ရရှိစေကြောင်း၊ နောက်ထပ် အိမ်ရာပြပွဲများတွင် ထပ်မံဝင်ရောက် ပြသသွားမည် ဖြစ်ကြောင်း သိရပါသည်။ ပြပွဲများတွင် ဝင်ရောက်ပြသခြင်းမှာ မိမိတို့ဘဏ်အတွက် များစွာ အကျိုးရှိကြောင်း၊ ပြီးခဲ့သောပြပွဲတွင် အဆင်မပြေမှု မရှိသလောက် နည်းပါးကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)