Sky View Condominium (Shan Star, New Generation Engineering Group) မှ General Manager ဦးမြတ်ဇော်စိုး နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
5615 ကြိမ် ကြည့်ရှု့ ပြီး

Sky View Condominium (Shan Star, New Generation Engineering Group) မှ General Manager ဦးမြတ်ဇော်စိုး နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

Sky View Condominium ကို အမှတ်(၂၈)၊ ကျောက်ကုန်းလမ်း၊ ၁၄ ရပ်ကွက်၊ ရန်ကင်း မြို့နယ်တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ Sky View Condominium တွင် အသုံးပြုထားသော နည်းပညာများမှာ Singapore Standard အတိုင်း ထည့်သွင်းအသုံးပြုထားကြောင်း သိရပါသည်။

Sky View Condominium သည် အထပ်ပေါင်း(၁၄)ထပ်၊ အခန်း စုစုပေါင်း(၃၅) ခန်း ပါဝင်ပါသည်။အခန်းများကို Unit (၃)မျိုးခွဲခြားထားကြောင်း သိရပါသည်။အခန်းများ၏ အကျယ်အဝန်းမှာ Unit(A)_1869 Spft, Unit(B)_1430 Spft နှင့် Unit(C)_1672 Spft တို့ဖြစ်ပြီး ကားပါကင် အနေဖြင့် ကား(၄၂)စီး ရပ်နားနိုင်မည် ဖြစ်ကြောင်း သိရပါသည်။
အပေါ်ဆုံးထပ် (Roof Top Level) တစ်ခုလုံးအား အခန်းနေသူများ အသုံးပြုနိုင်မည့် ထူးခြားကျယ်ပြန်ပသော အများသုံး Function Hall, Gym, Sky swimming Pool ပါရှိသောကြောင့် လှပသော ရှုခင်းများကို ကြည့်ရှုခံစား အပန်းဖြေနိုင်ပါသည်။

Sky View Condominium ကို စတင် အကောင်အထည်ဖော်ချိန်မှ စ၍ ရောင်းချမှုပြုလုပ်ခဲ့ပြီး ယခုအခါတွင် (၉၀)% ခန့် ရောင်းချပြီးဖြစ်ပါသည်။ ဝယ်ယူသူများအနေဖြင့် စိတ်ကျေနပ်မှုရရှိအောင် အတတ်နိုင်ဆုံး တိကျသေချာစွာ ဆောင်ရွက်ပေးကြောင်း၊ Maintenance Funds အနေဖြင့်လည်း သိန်း(၁၀၀၀) ထည့်သွင်းထားကြောင်း လည်းပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)