Shogun အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ကိုအောင်ဖြိုးနှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
Shogun အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို ၁လပိုင်း ၁ရက်နေ့မှ စ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အိမ်၊ခြံ၊မြေ လုပ်ငန်းကို စိတ်ဝင်စားပြီး ရောင်းသူ
ဝယ်သူများကြား ရောင်းမှားဝယ်မှား မဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း
ဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၏ လက်ရှိ အိမ်၊ခြံ၊မြေ ဈေးကွက်အခြေအနေမှာ အငှားဈေးကွက်ပိုဖြစ်နေကြောင်းသိရသည်။လာရောက် အပ်နှံကြသော
လုပ်ငန်းများမှာလည်း တိုက်ခန်း၊လုံးချင်း၊မြေကွက် အစရှိသော လုပ်ငန်း
မျိုးစုံကို အကျိုးဆောင်အပ်ကြကြောင်းသိရသည်။၂၀၁၅ ခုနှစ်၏ အိမ်၊ခြံ၊မြေ
ဈေးကွက်မှာ အေးလျက်ရှိနေကြောင်းနှင့် ရွေးကောက်ပိုင်းနောက်ပိုင်း
မှသာလျှင် အိမ်၊ခြံ၊မြေ ဈေးကွက် အပြောင်းအလဲဖြစ်လာနိုင်ကြောင်း
ပြောကြားသည်။
နိုင်ငံခြားသားများကိုလည်း ၀န်ဆောင်မှု့ပေးနေကြောင်းနှင့်အကြိုက်များသော
မြို့နယ်မှာလည်း Downtown မြို့နယ်များကို ရွေးချယ်ကြကြောင်း သိရသည်။
စာချုပ်စာတမ်းများဆောင်ရွက်ပေးရာတွင်လည်း တတ်ကျွမ်းသော ပညာရှင်
များနှင့် ပူးပေါင်းကာအမှားအယွင်းမရှိအောင် ဆောင်ရွက်ပေးနေကြောင်း
ပြောကြားသွားခဲ့ပါသည်။