Yadanar Myaing construction & Home decoration Co.,Ltd ၏ ရုံးခန်းအသစ် ဖွင့်လှစ်ခြင်း နှင့် အိမ်ရာ အရောင်းပွဲ အခမ်းအနား - Property Interview from iMyanmarHouse.com
4158 ကြိမ် ကြည့်ရှု့ ပြီး

Yadanar Myaing construction & Home decoration Co.,Ltd ၏ ရုံးခန်းအသစ် ဖွင့်လှစ်ခြင်း နှင့် အိမ်ရာ အရောင်းပွဲ အခမ်းအနား

Posted by မေသက်နှင်း (iMyanmarHouse.com)

ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက် (၁၀)နာရီ အချိန်က Yadanar Myaing construction & Home decoration Co.,Ltd မှ ရုံးခန်းအသစ်ဖွင့်ပွဲကို အမှတ်(၁၇၈) အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါသည်။ ရုံးခန်းအသစ်ဖွင့်ပွဲ နှင့်အတူ အိမ်ယာအရောင်းပြပွဲ ကို ဖေဖော်ဝါရီလ 20 ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ထိုပွဲကို ရုပ်ရှင်သရုပ်ဆောင် အောင်ရဲလင်း၊ ဖွေးဖွေး၊ ရုပ်ရှင်ဒါရိုက်တာ ဦးဇင်ယော်မောင်မောင် နှင့် ရတနာမြိုင် Construction မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုကဲ့သို့ပွဲပြုလုပ်ရခြင်းမှာ ရုံးခန်းအသစ် ဖွင့်လှစ်ခြင်း နှင့် Show Room ဖွင့်ပွဲ အပြင် လက်ရှိတွင် တည်ဆောက်နေပြီ ဖြစ်သော Project အသစ်များကို မိတ်ဆက်လိုသောရည်ရွယ်ချက် ဖြစ်ကြောင်း ပြောသွားပါသည်။

ယခုပွဲတွင် ကြိုပွိုင့် အနေဖြင့် Project ခုကို မိတ်ဆက်ထားပါသည်။သိန်း (၃၀၀၀)အထက် အခန်းဝယ်ယူသူတိုင်းကို သိန်(၃၀၀)မှ သိန်း(၇၀၀)ထိ အထူးအနေဖြင့် လျော့ပေးထားသည့် အပြင် Hoda Fit ကား(၃)စီး ကံစမ်းမဲဖောက်ပေးမည် ဖြစ်ပါသည်။ပွဲတတ်ရောက်လာသူများကို နံနက်စာမုန့်များနှင့် တည်ခင်းဧည့်ခံခဲ့ပြီး white & black တေးဂီတအဖွဲ့မှလည်း တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)