Green Home အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မစိမ်းနှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1180 ကြိမ် ကြည့်ရှု့ ပြီး

Green Home အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မစိမ်းနှင့်အင်တာဗျုး

Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)

Green Home အကျိုးဆောင်လုပ်ငန်းသည် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သော လုပ်ငန်းတစ်ခု ဖြစ်သည်။အများဆုံးအကျိုးဆောင်ပေးနေသော မြို့ နယ်များအနေဖြင့် ကျောက်တံတားမြို့ နယ် ၊ပုစွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့ နယ်၊ မရမ်းကုန်းမြို့ နယ်နှင့် လှိုင်မြို့ နယ်တို့ ဖြစ်ကြောင်း သိရပါသည်။

အိမ်ခြံမြေများကို မရမ်းကုန်းမြို့ နယ်တွင်အများဆုံး အကျိုးဆောင် ပေးနေရပြီး၊ တိုက်ခန်းများအနေဖြင့် မဟာဗန္ဓုလတံတား အဆင်းတွင်ရှိသောဒေါပုံ၊ဝါဆို တို့တွင်ရှိသော တိုက်ခန်းများကို အများဆုံး အကျိုးဆောင် ပေးနေရကြောင်း သိရပါသည်။ယခုလက်ရှိအရောင်းနှင့်အငှားတွင် အငှားကိုပိုပြီး အကျိုးဆောင် ပေးနေရကြောင်း သိရသည်။တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းအပေါ် ၄င်းတို့ အကျိုးဆောင်များ အနေဖြင့် ဝမ်းသာကြိုဆိုကြောင်း ပြောပြခဲ့သည်။

တန်ဖိုးသင့်တင့်သော အိမ်ရာများ ပေါ်ထွက်လာမှသာ လူလတ်တန်းစားမရွေး အိုးပိုင်အိမ်ပိုင်နှင့် နေထိုင်နိုင်မည်ဖြစ်ပြီး၊ နိုင်ငံတော်အနေဖြင့်လည်း ဂုဏ်တက်လာမည်ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။အိမ်ခြံမြေဈေးနှုန်းများ မြှင့်တက်လာခြင်းသည် လက်ရှိပေါက်ဈေးထက် ရောင်းသူနှင့် ၀ယ်သူတို့အကြား ကြိုက်ရောင်းကြိုဝယ် ပုံစံမျိုးဖြင့် အရောင်းအဝယ်ပြုလုပ်နေမှုကြောင့်ဖြစ်ကြောင်း ပြောပြခဲ့သည်။

အကျိုးဆောင်များဖြင့် ဆက်သွယ် ဆောင်ရွက်ခြင်းသည် သာမန်အရပ်စာချုပ်များထက် ယုံကြည်စိတ်ချရပြီး ရောင်းသူနှင့်ဝယ်သူတို့ အကြား တိကျခိုင်မာမှုကို ရရှိစေမည်ဖြစ်ကြောင်း လည်းပြောပြခဲ့သည်။ နောက်ဆုံးအကြုံပြုချက်ကို အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်ကြသူများအနေဖြင့် မှန်ကန်သည့်စေတနာဖြင့် မိမိလုပ်ငန်းကို မှန်မှန်ကန်ကန်ပြီးဆုံးသည်ထိ တာဝန်ယူလုပ်ကိုင်ပေးကြရင်း အဆင်ပြေနိုင်ကြပါစေဟု ပြောသွားပါသည်။

No.1 Property Website in Myanmar
www.iMyanmarHouse.com
Green Home အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မစိမ်းနှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)