ERC Codominium Project (Naing Group Capital Co.,Ltd)မှ တာဝန်ရှိသူ ဧပရယ်မေတိုးဦး၊ ဒီဇိုင်းပိုင်းတာဝန်ခံ မပွင့်ပွင့်သူ တို့နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
2689 ကြိမ် ကြည့်ရှု့ ပြီး

ERC Codominium Project (Naing Group Capital Co.,Ltd)မှ တာဝန်ရှိသူ ဧပရယ်မေတိုးဦး၊ ဒီဇိုင်းပိုင်းတာဝန်ခံ မပွင့်ပွင့်သူ တို့နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ERC Codominium ကို မြန်မာနိုင်ငံတွင် တိုးပွားလာသည့်လူဦးရေများ အတွက် အဆင့်မြင့် codo တိုက်ခန်းများ ဖြည့်ဆည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ERC Codominium သည် အဆင့်မြင့် နည်းပညာပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါသည်။

ERC Codominium တွင် စုစုပေါင်း(၁၆)ထပ် ပါဝင်ကြောင်း သိရသည်။
Under ground တွင် ကားပါကင် (၃)ထပ်၊ Ground Floor ၊Office Floor (၂)ထပ်၊Relax Area၊များအပြင် (၃)လွှာမှ(၁၄)လွှာထိ လူနေအိမ်ခန်းအဖြစ် တစ်လွှာတွင် (၇)ခန်းနှုန်းပါဝင် ဖွဲ့စည်းထားပါသည်။ (၁၅)ထပ်နှင့် (၁၆)ထပ်များတွင် တစ်လွှာတွင် (၄)ခန်း နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

အခန်းအမျိုးအစားပေါင်း(၇)မျိုးခန့်ရှိပြီး အနည်းဆုံး Sqft-1300ကျော် မှ 1700 အကျယ်အ၀န်းရှိကြောင်း၊ Relax Area တွင် ရေကူးကန်, Gym, ကလေးကစားကွင်း, မိသားစုအားလပ်၇က် BBQ ပါတီလုပ်ရန်
နေရာများပါဝင်ကြောင်း သိရပါသည်။လူနေအိမ်ခန်းများတွင် Master Bedroom (1)ခန်း၊Double Bedroom(1)ခန်း၊ Single Bedroom(1)ခန်း အပြင် အခြားအခန်းပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားပါသည်။

ERC Codominium ၏ကြိုတင်ရောင်းချမှုမှာ 50%ခန့် ရောင်းချပြီးကြောင်း၊
ငွေပေးချေမှုကို လည်း အဆင်ပြေစေရန်ဆောင်ရွက်ပေးကြောင်း သိရပါသည်။လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ ၂၄နာရီထားရှိခြင်း၊ ဧည့်သည် ရောက်ရှိပါက Reception မှ တဆင့် သက်ဆိုင်ရာအခန်းသို့ အကြောင်းကြားပေးခြင်း တို့ဖြင့် စနစ်တကျဖွဲ့စည်းထားပါသည်။


iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)