Golden Link Condo Project(ထိုက်စင် ကုမ္ပဏီ) မှ တာဝန်ရှိသူ ကိုဖြိုးဝေဟိန်းနှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
5409 ကြိမ် ကြည့်ရှု့ ပြီး

Golden Link Condo Project(ထိုက်စင် ကုမ္ပဏီ) မှ တာဝန်ရှိသူ ကိုဖြိုးဝေဟိန်းနှင့် အင်တာဗျုး

Posted by မေသက်နှင်း (iMyanmarHouse.com)

Golden Link Condo ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြိုရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန၊ ထိုက်စင် ကုမ္ပဏီ နှင့် မြန်မာ့စေတနာ ကုမ္ပဏီ တို့ ပူးပေါင်းတည်ဆောက်ထားကြောင်း သိရသည်။ နည်းပညာပိုင်းနှင့် ပတ်သက်၍
ကမ္ဘာ့အကောင်းဆုံးနည်းပညာများကိုသာအသုံးပြုထားကြောင်း၊အခန်းအတွင်းပိုင်း ပြင်ဆင်မှုများကို အကောင်းဆုံးပစ္စည်းများကို သာ အသုံးပြုထားကြောင်း သိရသည်။

Golden Link Condo ကို Building A, B, C (3)ခု ခွဲ၍ တည်ဆောက်ထား ပါသည်။ ထိုက်စင် ကုမ္ပဏီ သည် Building C ကို တည်ဆောက်ခြင်း ဖြစ်ကြောင်း၊လူနေအိမ်ခန်းအဖြစ် (၅)ထပ် တည်ဆောက်မည်ဖြစ်ပြီး
(၁)ထပ်ကို (၈)ခန်းနှုန်းဖြင့် စုစုပေါင်းအခန်း(၄၀) ရရှိကြောင်း ပြောသွားပါသည်။

အခန်းအမျိုးအစားအနေဖြင့် Square ft ဖြင့်သာ ကွာခြားမည်ဖြစ်ပြီး အခန်းအားလုံးကို Dual Key System ဖြင့် သုံးထားကြောင်း သိရသည်။
လူနေတိုက်ခန်းများအပြင် Ground Floor တွင် Shopping Mall ပါဝင်မည်ဖြစ်ကြောင်း၊ကားပါကင် အနေဖြင့် ၂ထပ်ထားရှိကြောင်းလည်း သိရပါသည်။

ရောင်းချမှုအပိုင်းတွင် ၈၅% ခန့်ရောင်းချပြီးကြောင်း၊အထူးရောင်းချမှုအနေဖြင့် ၉လပိုင်း ၂၁ ရက်နေ့တွင် Sedona Hotel တွင် Golden Link Condo မိတ်ဆက်ပွဲကိုပြုလုပ်မည်ဖြစ်ပြီး ထိုနေ့တွင် ၀ယ်ယူမည့် customer များကို Special Promotion အစီအစဉ်ဖြင့် ၀န်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရပါသည်။ အဆောက်အဦးနှင့် ပတ်သက်၍ နှစ်ပေါင်း၁၀၀ အာမခံချက် ပေးထားကြောင်း သိရပါသည်။


iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App