အစစ်အမှန် အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ မကေကေခိုင်မင်း နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
1713 ကြိမ် ကြည့်ရှု့ ပြီး

အစစ်အမှန် အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ မကေကေခိုင်မင်း နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

အစစ်အမှန် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း ကို ၂၀၁၂ ခုနှစ် မှ စတင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။စမ်းချောင်း မြို့နယ်၊ မရန်းကုန်းမြို့နယ်များမှာ အများဆုံးအကျိုးဆောင်ပေးရသော မြို့နယ်များဖြစ်ပြီး ကွန်ဒိုများကို အများဆုံးအကျိုးဆောင်ပေးရကြောင်းသိရသည်။

အရောင်း နှင့် အငှားတွင် အငှားမှာ ပိုသွက်ကြောင်း၊ အရောင်းပိုင်းတွင် မြေကွက်များ စက်မှုဇုန်များ ပိုများကြောင်း သိရသည်။customer များအပေါ် စိတ်ကျေနပ်အောင် ၀န်ဆောင်မှုပေးပြီး
အိမ်ရှင် နှင့် အိမ်ငှား၊ရောင်းသူ နှင့်ဝယ်သူအကြားတွင် စာချုပ်ချုပ်ဆိုရာတွင် နစ်နာမှုမရှိစေရန် ချုပ်ဆိုပေးကြောင်းသိရပါသည်။

ယခုချိန်မှာ ၀ါတွင်းကာလဖြစ်ပါသော်လည်း အိမ်ခြံမြေ ဈေးကွက်မှာ ပုံမှန်အတိုင်းသာ ဖြစ်နေကြောင်းသိရပါသည်။August လမှစတင် ၍ အခွန်ဆောင်ရမည်ဖြစ်ကြောင်း၊လိုင်စင်မရှိပါက အရေးယူမည်ဖြစ်ကြောင်း၊ စသည့်သတင်းများထွက်နေသည် ဟုပြောကြားသွားခဲ့ပါသည်။

ထိုသို့ပြုလုပ်ပါက အရပ်ပွဲစားများ ပပျောက် သွားမည်ဖြစ်သော်လည်း တခါတရံတွင် အရပ်ပွဲစားမပါ၍ မရသည် များလည်း ရှိသည်ဟု သိရသည်။ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ များကို အခြေခံလူတန်းစားများ ၀ယ်ယူနိုင်သော ဈေးနှုန်းဖြစ်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဟု
ပြောသွားပါသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)