142 ကြိမ် ကြည့်ရှု့ ပြီး

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

 

နေအိမ်တိုင်းတွင် ဧည့်ခန်းသည် အလွန်အရေးပါသည့်နေရာတစ်ခုဖြစ်၏။

ဧည့်ခန်းသည် အပန်းဖြေရာနေရာ၊ မိသားစုများ ဆုံစည်းရာနေရာ၊ မိတ်ဆွေ များနှင့် စကားစမြည်ပြောဆိုရာနေရာ ဖြစ်သည်။

ဧည့်ခန်းဆောင်၏ အလှတရားများ အပြည့်အဝရရှိ နိုင်ရန်အတွက် မွမ်းမံမှုကို အထူးဂရုပြုရန် လိုအပ်လေသည်။

ထို့ကြောင့် နေအိမ်ဆောက်လုပ်ပြီးနောက် ဧည့်ခန်းဆောင်ကို မွမ်းမံပြင်ဆင်ခြင်းမပြုမီ သက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂ်ိုလ်များထံ မှ အကြံဉာဏ်များရယူသင့်၏။

သို့မှသာ ဧည့်ခန်းဆောင်သည် သင့်အတွက် အပန်းဖြေရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမည်လည်း ဖြစ်သည်။

အိမ်တွင်းအလှဆင် ကျွမ်းကျင်ပညာရှင်များက လမ်းညွှန်ထားသည့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါသည်။

(၁) အလင်းနှင့်အမှောင်ရောစပ်ပေးပါ


ဧည့်ခန်းဆောင်အတွင်း ပရိဘောဂနှင့် အခြား အသုံးအဆောင်ပစ္စည်းအားလုံးကို အဖြူရောင်ချည်းသာ အသုံးပြုမည်ဆိုပါက လင်းအားများလွန်းနေမည်ဖြစ်ပြီး မျက်စိစူးစေမည်ဖြစ်သည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ
ထို့အတူ အနက်ရောင်များသာ အများစုအသုံးပြုထားပါကလည်း ခြောက်ခြားဖွယ်ရာ နေရာ တစ်ခုသဖွယ် ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် အရောင်အတွဲအစပ်မျှခြေညီစေရန် အတွက် အလင်းနှင့် အမှောင်အရောင်များကို ရောစပ်အသုံးပြု ပေးရန် လိုအပ်၏။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

အရောင်များ မျှခြေညီမှသာလျှင် ဧည့်ခန်းတွင် အပန်းဖြေမည့် သင့်အတွက် စိတ်အေးချမ်းတည်ငြိမ်မှု ပေးစွမ်း နိုင်မည် ဖြစ်သည်။

 

(၂)နှစ်သက်စဖွယ်ဖြစ်အောင် ဖွဲ့စည်းထားသိုပုံကို အလေးပေးပါ။


သင်၏ ဧည့်ခန်းကို လှပထည်ဝါရုံမျှကပဲ ငြိမ်းချမ်းခြင်း စွဲဆောင်မှုရှိသည့်နေရာလေးတစ်ခုဖြစ်လိုပါက လူအများဂရု မထားတတ်ကြသည့် အပြင်အဆင်၊အထားအသို ဖွဲ့စည်းပုံကို ဂရုထားပေးရမည် ဖြစ်ပါသည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ


အဖြူရောင်နံရံသက်သက်မထားရှိဘဲ သစ်သားနံရံအသွင် ထည့်သွင်းပေးခြင်း၊ ခေါင်းအုံးများ အခြားအလှဆင်ပစ္စည်းများထည့်သွင်းကာ စိတ်ဝင်စားဖွယ် ဧည့်ခန်းအသွင်ဖြစ်အောင် ပြင်ဆင်ထားသိုပေးခြင်းများ ပြုလုပ်ပါ။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

 

(၃) သစ်သားပရိဘောဂအချို့ ထည့်သွင်းပေးပါ

သစ်သားပရိဘောဂများ ထည့်သွင်းပေးခြင်းအားဖြင့် သင်၏ ဧည့်ခန်းကို သဘာဝတရားနှင့် နီးစပ်သည့်ခံစားချက်မျိုး ရရှိစေမည်ဖြစ်သည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

သစ်သားထည်တို့သည် ဂန္ထဝင်မြောက်သွင်ပြင်ပိုင်ဆိုင် ထားကြပြီး မည်သည့်အခန်းတွင်ထားရှိသည်ဖြစ်စေ ဂန္ထဝင်ဆန်ဆန် လှပခမ်းနားမှုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

ထို့ကြောင့် ဧည့်ခန်းအတွင်း သစ်ဖြင့်ပြုလုပ်ထားသော ပရိဘောဂများထားရှိခြင်း၊ အခြားအနုပညာလက်ရာပစ္စည်းများ ထည့်သွင်းပေးခြင်း၊ မျက်နှာကျက် ဂျပ်ဆင်ဘုတ်ကို သစ်ဖြင့် ပြုလုပ်ခြင်းများအားဖြင့် သဘာဝတရားနှင့် နီးစပ်သည့်ခံစား ချက်၊ ဂန္ထဝင်မြောက်အလှတရားတို့ကို ရရှိစေမည် ဖြစ်သည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ


(၄) အခင်းထည် ရောယှက်ပေးခြင်း


ဧည့်ခန်းအတွင်းရှိ ဆိုဖာဆက်တီနှင့် ထိုင်ခုံများတွင် ခင်းကျင်းပေးပုံ အမျိုးမျိုးရှိသည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

အထည်စဖြင့် ခင်းကျင်းထားသည့် ဆိုဖာများနှင့် လည်သာဖြင့်ပြုလုပ်ထားသည့်ခုံများ ၊ ကော်ခုံ၊ စတီးခုံ၊ သစ်သားခုံ အစရှိသဖြင့် မျိုးစုံပေါင်းစပ်အသုံးပြုကြည့်ပါ။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

ထိုအခါ သင်၏ ဧည့်ခန်းမှာ သမားရိုးကျမြင်ကွင်းမှ ကွဲထွက်ကာ စိတ်ဝင်စားစရာ သွင်ပြင်ရရှိလာမည် ဖြစ်ပါသည်။

ဧည့်ခန်းဆောင် မွမ်းမံပုံ ဥပဒေသများ

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App