၁။ ဂန္ဓ၀င်ရှေးဟောင်းပန်းချီကားများနှင့် အလှဆင်ခြင်း
ပန်းချီကားများနှင့် လှေကားတက်လမ်းနံရံတစ်လျှောက် အလှဆင်ခြင်းဖြင့် လှပသော အသွင်ကို ဖော်ဆောင်နိုင်သည်။ ထိုကဲ့သို့သော တမူထူးခြားသော အဆင်အယင်သည် ကြီးကြယ်မြင့်မြတ်သော ပုံအသွင်လည်းဆောင်စေသည်။
၂။ လှေကားဝန်းကျင် တစ်ပြင်လုံးကို မတူညီသောပုံစံဒီဇိုင်းများဖြင့် အလှဆင်ခြင်း
အဆိုပါပုံတွင် မျက်စိအေးစေသော နံရံကပ်စက္ကူများဖြင့် လှေကားဝန်းကျင်ကို မတူညီစွာအလှဆင်ယင်ထားသည်။
၎င်းပြင်ဆင်မှုသည် ပင်လယ်ကမ်းခြေရောက်ရှိနေသကဲ့သို့ ခံစားမှုကို ပေးစွမ်းနိုင်သည်။ အပျော်သဘာဆောင်သကဲ့သို့ သပ်ရပ်ကြော့ရှင်းမှုကိုပါ ဖန်တီးနိုင်စွမ်းရှိသည်။
၃။ လှေကားခုံများပေါ်တွင် အဆင်ဒီဇိုင်းမျိုးစုံဖြင့် အလှဆင်ခြင်း
လှေကားခုံများကို လှပသော အဆင်ဒီဇိုင်းမျိုးစုံဖြင့် အလှဆင်နိုင်သည်။
၎။ လှေကားနံရံတစ်လျှောက် အနုပညာလက်ရာများဖြင့် အလှဆင်ခြင်း
အဖြူရောင် နှင့် မှိုပွင့်ရောင် နံရံများပေါ်တွင် ခေတ်ပေါ်အရောင်စုံ အနုပညာလက်ရာများကို ချိတ်ဆွဲထားရှိခြင်းဖြင့် ကျက်သရေရှိစွာ လှပတင့်တယ်စေရန် ဖန်တီးဆင်ယင်နိုင်သည်။
၅။ လှေကားတက်လမ်းတစ်လျှောက် နံရံကပ်စက္ကူများဖြင့် အလှဆင်ခြင်း
ဖော်ပါပြပုံတွင် လှေကားတစ်လမ်းတစ်လျှောက်မှ အိပ်ခန်းအထိ ပွင့်ရိပ်ချယ် နံရံကပ်စက္ကူများဖြင့်ကပ်၍ လှပဖွယ် ဆင်ယင်ထားသည်။
၆။ ပျဉ်ချပ်နံရံများအသွင် ဖန်တီးအလှဆင်ခြင်း
ပျဉ်ချပ်နံရံများအသွင်ဖြစ်စေရန် အဆိုပါပုံပါ အိမ်ပိုင်ရှင်သည် ကုန်ကျမှုလည်းမရှိဘဲ ခဲတံကို အသုံးပြု၍ လှေကားခွင်နံရံများပေါ်တွင် အလျားလိုက်မျဉ်းများ ရေးဆွဲပြီး ပျဉ်ချပ်နံရံများအသွင် ဖန်တီးအလှဆင်ခဲ့သည်။
၇။ လှေကားထစ်များကို နံပါတ်စဉ်များရေးခြယ်၍ အလှဆင်ခြင်း
လှေကားထစ် အထပ်သားပေါ်တွင် နံပါတ်များကို ဆေးရိုက်ပုံဖော်၍ အလှဆင်ထားသကဲ့သို့ သင့်အိမ်လှေကားတွင်လည်း လွယ်ကူစွာ အလှဆင်နိုင်သည်။
၈။ လှေကားထောက်တိုင်များတွင် အနုပညာလက်ရာများဖြင့် အလှဆင်ခြင်း
လှေကားအုံထောက်တိုင်များတွင် မိမိကြိုက်နှစ်သက်ရာ အလှဓါတ်ပုံများ နေရာတကျ ချိတ်ဆွဲဆင်ယင်ခြင်းဖြင့်လည်း အလှဆင်နိုင်သည်။
၉။ လက်ရာမြောက်သော ပန်းချီကားချပ်တစ်ချပ်ဖြင့် အလှဆင်ခြင်း
Painter Kolene Spicher သည် သူမ၏ လှေကားခွင်တွင် တန်ဆာဆင်ရန် သူမ၏သူငယ်ချင်းတစ်ယောက်ထံတွင် အဆိုပါပုံပါ အမျိုးသမီးပုံပန်းချီကားချပ်ကို ဖန်တီးရန် အပ်နှံခဲ့သည်။ ထိုကဲ့သို့ လည်း အလှဆင်နိုင်သည်။
၁၀။ ရောင်စုံလှေကားခုံများဖြင့် အလှဆင်ခြင်း
၎င်းပုံပါ အိမ်ပိုင်ရှင်သည် လှေကားခုံများကို သက်တန့်ရောင်ပုံစံအရောင်စပ်များဖြင့် ဆေးသုတ်ကာ ဖန်းတီးအလှဆင်ခဲ့သည်။
လှေကားခုံသည် အိမ်တစ်အိမ်သို့ ၀င်လိုက်သောအခါ ပထမဦးစွာမြင်တွေ့ရသော အရာဖြစ်သောကြောင့် ဆွဲဆောင်မှုရှိပြီး သေသပ်လှပရန်လိုအပ်လှသည်။ ထို့ကြောင့် အထက်ပါဖော်ပြထားသော နည်းလမ်းများကို အသုံးပြုပြီး မိမိအိမ်ရှိ လှေကားအဆောက်အအုံများကို ဖန်တီးအလှဆင်ခြင်းဖြင့် သပ်ရပ်လှပသော အိမ်တစ်အိမ်အသွင် ဖန်တီးဆောင်ယူနိုင်မည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)