[Zawgyi]
ခ်စ္စရာေကာင္းၿပီး သင့္စိတ္ကုိစြဲေဆာင္ေစတဲ့ ပန္းၿခံဝင္းေလးေတြ ကုိ အိမ္ရဲ႕အျပင္ဘက္ ၿခံဝင္းေလးထဲမွာတင္ ဖန္တီးျပင္ဆင္တာမဟုတ္ပဲ သင့္အိမ္တြင္းေလးထဲမွာလည္း ပန္းၿခံလွလွကေလးကုိ တည္ေဆာက္ျပင္ဆင္ႏုိင္ပါတယ္။
ကုိယ္ပုိင္သီးသန္႔ အိမ္လံုးခ်င္း၊ ၿခံဝင္းေလးနဲ႔ ေနထုိင္တဲ့ မိသားစုဝင္ ေတြမဟုတ္ပဲ တုိက္ခန္းေတြ၊ အထပ္ျမင့္ေတြမွာ ေနထုိင္တဲ့ မိသားစု ဝင္ေတြအတြက္ကုိ ရည္ရြယ္ၿပီးေတာ့ ၿခံဝင္းလွလွကေလးေတြ ျပင္ဆင္တည္ေဆာက္တတ္ဖုိ႔အတြက္ နည္းလမ္းကေလးေတြနဲ႔ ဒီဇိုင္း ျပင္ဆင္မႈကေလးေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။
၁။ အိမ္တြင္းမွာတည္ေဆာက္မယ့္ ပန္းၿခံအေသးစားေလးအတြက္အဓိကလုိအပ္တဲ့ ပစၥည္းေလးေတြကေတာ့အစိမ္းေရာင္သစ္ပင္အ ေသးစားေလးေတြရယ္၊ ေက်ာက္စရစ္တံုးေလးေတြ၊ ပန္းအိုးေသး ေသးေလးေတြနဲ႔ ေနာက္မိမိအိမ္တြင္းျပဳလုပ္မယ့္ ပန္းၿခံေလးမွာ ထည့္သြင္းတည္ေဆာက္မယ့္ အရြယ္အစားကုိက္ညီတဲ့ အလွဆင္ ပစၥည္းေလးေတြစသျဖင့္ ခ်ိန္ၿပီးေတာ့ ထည့္သြင္းျပင္ဆင္ပါ။
၂။ ပန္းၿခံေနရာအတြက္ မိမိအိမ္တြင္းေနရာမွာ ပံုေဖာ္ထားတာ ျဖစ္ ျဖစ္၊ ေနရာအကြက္ငယ္၊ ေက်ာက္စရစ္ေလးေတြ၊ ေက်ာက္သားနံရံ ေလးေတြ တပ္ဆင္တည္ေဆာက္ေပးထားတဲ့ ေနရာကေလးေတြ ဖန္တီးပါ။
ေလွကားေခ်ာင္ေအာက္ကေလးေတြ၊ ဧည့္ခန္းျပတင္း ေပါက္ေနရာေလးေတြ၊ ထမင္းစားခန္း၊ မီးဖုိေခ်ာင္၊ ေရခ်ိဳးခန္းေနရာ၊
ဒါမွမဟုတ္ နားေနေဆာင္၊ ဧည့္ခန္း အစရွိသျဖင့္ေနရာေလးေတြမွာ
ေနရာလြတ္ကေလးေတြခ်န္ၿပီး စြဲေဆာင္မႈရွိၿပီး စိတ္ကုိပသာဒအပန္းေျဖေစေပးႏုိင္တဲ့ ပန္းၿခံလွလွကေလးေတြ တည္ေဆာက္လုိက္ပါ။
၃။ ပန္းၿခံျဖစ္တာေၾကာင့္ စိမ္းစိုၿပီးေတာ့ စိတ္ကုိၾကည္လင္လန္းဆန္း ေစတဲ့ သစ္ပင္ေလးေတြကုိ အသားေပးၿပီး စိုက္ပ်ိဳးပါ။ ပန္းအုိးလွလွ ကေလးေတြ၊ ေက်ာက္စရစ္ခင္း ၾကမ္းခင္းျပင္လွလွကေလးေတြ၊ စိမ္းစုိစုိသစ္ပင္ေလးေတြ၊ ေရာင္စံုပန္းပြင့္ကေလးေတြ ဖူးပြင့္ေနတဲ့ သစ္ပင္ငယ္ေလးေတြ၊ ေနာက္ၿပီး တျခားေရတံခြန္ငယ္ေလးေတြ၊ အရုပ္ကေလးေတြ၊ လာဘ္ေခၚ အေဆာင္အေယာင္ေလးေတြ၊ အိမ္ တြင္း အလွဆင္ ပစၥည္းလွလွကေလးေတြကုိလည္း ထည့္သြင္းအလွဆင္ ျပင္ဆင္ႏုိင္ပါတယ္။
၄။ စြဲေဆာင္မႈရွိၿပီး ႏွစ္သက္စရာေကာင္းတဲ့ ဒီဇုိင္းအျပင္အဆင္ေလး ေတြနဲ႔ ျပင္ဆင္ၾကည့္ပါ။ အိမ္ရဲ႕တကယ့္ကုိ ေနရာေကာင္းေကာင္း ျဖစ္ေစမယ့္ အိမ္တြင္းေနရာမွာ ျပင္ဆင္ဖုိ႔ေရြးခ်ယ္ပါ။ ေလွကားရင္းနဲ႔ ဧည့္ခန္းကေန လွမ္းၾကည့္လုိက္ရင္ ျမင္သာၾကည့္ရႈလုိ႔ရမယ့္ ေနရာကြက္ကြင္းေလးေတြက ပန္းၿခံငယ္ေလးေတြ တည္ေဆာက္ဖုိ႔ တ ကယ့္ကုိ သင့္ေတာ္တဲ့ ေနရာျဖစ္ပါတယ္။
ေနာက္ဒီဇုိင္းေလးေတြကုိ လွလွကေလးနဲ႔ ဆန္းဆန္းကေလး ျပင္ဆင္ၾကည့္ပါ။ ေခတ္ဆန္ၿပီး ထူးျခားတဲ့ ဒီဇုိင္းအျပင္အဆင္ေလးေတြ၊ ပန္းအုိးဆန္းဆန္းကေလး ေတြျဖစ္ျဖစ္၊ ထူးထူးဆန္းဆန္း သစ္ပင္ေလးေတြပဲ ျဖစ္ျဖစ္၊ ပန္းၿခံ ဝင္းေလးရဲ႕ အေရာင္နဲ႔ မီးအလင္းေရာင္အသံုးျပဳေလးေတြကို ထူးထူးျခားျခား ျပင္ဆင္ထားတာေလးျဖစ္ျဖစ္ ဒီဇုိင္းဆန္းဆန္းေလးေတြ ျပင္ဆင္လုိက္တာက ပုိၿပီးေတာ့ စြဲေဆာင္မႈ ရွိေစႏုိင္ပါတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
[Unicode]
အိမ်တွင်းထဲမှာ ချစ်စရာကောင်းပြီး စိတ်ကိုစွဲဆောင်စေမယ့် ပန်းခြံ၊ ခြံဝင်းအသေးစားလေးတွေ တည်ဆောက်ကြမယ်….
ချစ်စရာကောင်းပြီး သင့်စိတ်ကိုစွဲဆောင်စေတဲ့ ပန်းခြံဝင်းလေးတွေ ကို အိမ်ရဲ့အပြင်ဘက် ခြံဝင်းလေးထဲမှာတင် ဖန်တီးပြင်ဆင်တာမဟုတ်ပဲ သင့်အိမ်တွင်းလေးထဲမှာလည်း ပန်းခြံလှလှကလေးကို တည်ဆောက်ပြင်ဆင်နိုင်ပါတယ်။
ကိုယ်ပိုင်သီးသန့် အိမ်လုံးချင်း၊ ခြံဝင်းလေးနဲ့ နေထိုင်တဲ့ မိသားစုဝင် တွေမဟုတ်ပဲ တိုက်ခန်းတွေ၊ အထပ်မြင့်တွေမှာ နေထိုင်တဲ့ မိသားစု ဝင်တွေအတွက်ကို ရည်ရွယ်ပြီးတော့ ခြံဝင်းလှလှကလေးတွေ ပြင်ဆင်တည်ဆောက်တတ်ဖို့အတွက် နည်းလမ်းကလေးတွေနဲ့ ဒီဇိုင်း ပြင်ဆင်မှုကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိမ်တွင်းမှာတည်ဆောက်မယ့် ပန်းခြံအသေးစားလေးအတွက်အဓိကလိုအပ်တဲ့ ပစ္စည်းလေးတွေကတော့အစိမ်းရောင်သစ်ပင်အ သေးစားလေးတွေရယ်၊ ကျောက်စရစ်တုံးလေးတွေ၊ ပန်းအိုးသေး သေးလေးတွေနဲ့ နောက်မိမိအိမ်တွင်းပြုလုပ်မယ့် ပန်းခြံလေးမှာ ထည့်သွင်းတည်ဆောက်မယ့် အရွယ်အစားကိုက်ညီတဲ့ အလှဆင် ပစ္စည်းလေးတွေစသဖြင့် ချိန်ပြီးတော့ ထည့်သွင်းပြင်ဆင်ပါ။
၂။ ပန်းခြံနေရာအတွက် မိမိအိမ်တွင်းနေရာမှာ ပုံဖော်ထားတာ ဖြစ် ဖြစ်၊ နေရာအကွက်ငယ်၊ ကျောက်စရစ်လေးတွေ၊ ကျောက်သားနံရံ လေးတွေ တပ်ဆင်တည်ဆောက်ပေးထားတဲ့ နေရာကလေးတွေ ဖန်တီးပါ။
လှေကားချောင်အောက်ကလေးတွေ၊ ဧည့်ခန်းပြတင်း ပေါက်နေရာလေးတွေ၊ ထမင်းစားခန်း၊ မီးဖိုချောင်၊ ရေချိုးခန်းနေရာ၊
ဒါမှမဟုတ် နားနေဆောင်၊ ဧည့်ခန်း အစရှိသဖြင့်နေရာလေးတွေမှာ
နေရာလွတ်ကလေးတွေချန်ပြီး စွဲဆောင်မှုရှိပြီး စိတ်ကိုပသာဒအပန်းဖြေစေပေးနိုင်တဲ့ ပန်းခြံလှလှကလေးတွေ တည်ဆောက်လိုက်ပါ။
၃။ ပန်းခြံဖြစ်တာကြောင့် စိမ်းစိုပြီးတော့ စိတ်ကိုကြည်လင်လန်းဆန်း စေတဲ့ သစ်ပင်လေးတွေကို အသားပေးပြီး စိုက်ပျိုးပါ။ ပန်းအိုးလှလှ ကလေးတွေ၊ ကျောက်စရစ်ခင်း ကြမ်းခင်းပြင်လှလှကလေးတွေ၊ စိမ်းစိုစိုသစ်ပင်လေးတွေ၊ ရောင်စုံပန်းပွင့်ကလေးတွေ ဖူးပွင့်နေတဲ့ သစ်ပင်ငယ်လေးတွေ၊ နောက်ပြီး တခြားရေတံခွန်ငယ်လေးတွေ၊ အရုပ်ကလေးတွေ၊ လာဘ်ခေါ် အဆောင်အယောင်လေးတွေ၊ အိမ် တွင်း အလှဆင် ပစ္စည်းလှလှကလေးတွေကိုလည်း ထည့်သွင်းအလှဆင် ပြင်ဆင်နိုင်ပါတယ်။
၄။ စွဲဆောင်မှုရှိပြီး နှစ်သက်စရာကောင်းတဲ့ ဒီဇိုင်းအပြင်အဆင်လေး တွေနဲ့ ပြင်ဆင်ကြည့်ပါ။ အိမ်ရဲ့တကယ့်ကို နေရာကောင်းကောင်း ဖြစ်စေမယ့် အိမ်တွင်းနေရာမှာ ပြင်ဆင်ဖို့ရွေးချယ်ပါ။ လှေကားရင်းနဲ့ ဧည့်ခန်းကနေ လှမ်းကြည့်လိုက်ရင် မြင်သာကြည့်ရှုလို့ရမယ့် နေရာကွက်ကွင်းလေးတွေက ပန်းခြံငယ်လေးတွေ တည်ဆောက်ဖို့ တ ကယ့်ကို သင့်တော်တဲ့ နေရာဖြစ်ပါတယ်။
နောက်ဒီဇိုင်းလေးတွေကို လှလှကလေးနဲ့ ဆန်းဆန်းကလေး ပြင်ဆင်ကြည့်ပါ။ ခေတ်ဆန်ပြီး ထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်လေးတွေ၊ ပန်းအိုးဆန်းဆန်းကလေး တွေဖြစ်ဖြစ်၊ ထူးထူးဆန်းဆန်း သစ်ပင်လေးတွေပဲ ဖြစ်ဖြစ်၊ ပန်းခြံ ဝင်းလေးရဲ့ အရောင်နဲ့ မီးအလင်းရောင်အသုံးပြုလေးတွေကို ထူးထူးခြားခြား ပြင်ဆင်ထားတာလေးဖြစ်ဖြစ် ဒီဇိုင်းဆန်းဆန်းလေးတွေ ပြင်ဆင်လိုက်တာက ပိုပြီးတော့ စွဲဆောင်မှု ရှိစေနိုင်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com