5593 ကြိမ် ကြည့်ရှု့ ပြီး

ဖုန်းရွှေရဲ့ အကောင်းဆုံးနေရာထိုင်ခင်း ရွေးချယ်နိုင်မယ့် အစီအရင်

 

သင့်တစ်ဘ၀လုံးစာအတွက် ကောင်းတဲ့ အရာတွေချည်းပဲ ကြုံဆုံရဖို့ဆိုတာ သင့်အပေါ်မှာပဲမူတည်ပါတယ်။ သင်ဘာလုပ် ချင်သလဲ။ သင်ဘာဖြစ်ချင်သလဲဆိုတာက အစပေါ့။ သင်ဘာလုပ်လုပ် အကောင်း တွေဖြစ်လာမယ်။ သင့်ကို ကံကောင်းခြင်း တွေပေးမယ်။ သင့်အတွက် လုံခြုံစိတ်ချရ မယ်။ သင့်ကို စွမ်းအင်တွေပေးမယ်။ အောင်မြင်မှု၊ ကြီးပွားမှုတွေ ရလာနိုင်မယ်။ ဒီလိုသင့်အတွက် အရာရာအဆင်ပြေပြေ နေနိုင်တဲ့ နေရာကောင်းတစ်ခုကို ရွေးချယ် နိုင်ဖို့ဆိုတာ သိပ်ကို လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီအတွက်ဖုန်းရွှေရဲ့အကောင်း ဆုံးနေရာရွေးချယ်နိုင်မယ့် အစီအရင်က သင့်ကို ကူညီပေးပါလိမ့်မယ်။

 

ဖုန်းရွှေရဲ့ အကောင်းဆုံးနေရာထိုင်ခင်း ရွေးချယ်နိုင်မယ့် အစီအရင်

 

ဖုန်းရွှေရဲ့ စွမ်းအင်အစီအရင်ကောင်း တွေက မှန်ကန်တဲ့နေရာထိုင်ခင်းကောင်း ကောင်းတွေကို ရွေးချယ်နိုင်ဖို့ ကူညီပေး မှာပါ။ ရိုးရှင်းလွယ်ကူတဲ့ အဓိကနည်းလမ်း ကတော့ နှစ်မျိုးရှိပါတယ်။
ပထမတစ်မျိုးကတော့ ဘာဂွါဖုန်းရွှေ တည်နေရာပါ။ ဖုန်းရွှေအစီအရင်ရဲ့အစွမ်း ထက်ဆုံးစွမ်းအင်တွေကို လိုချင်ရင် တော့ တိကျသေချာတဲ့ ဘာဂွာတည်နေရာ ကို ရှာဖွေတတ်ဖို့ လိုပါတယ်။ အဲဒီနေရာ က ဖုန်းရွှေရဲ့ တကယ့်စွမ်းအားတွေ အကောင်းဆုံးပေးနိုင်မယ့် နေရာပါပဲ။ ဥပမာ သင်က ဖုန်းရွှေအစီအရင်ရဲ့ ရေစီး ရေတံခွန်ကို ရှာဖွေနေတယ်ဆိုပါတော့။ အဲဒီနေရာက ဖုန်းရွှေရဲ့ ရေဓာတ်၊ အေးမြ ခြင်းစွမ်းအားဓာတ်တွေပေးမယ့် နေရာပါ။ ဒီနေရာဟာ ဖုန်းရွှေဘာဂွာတည်နေရာတွေ ဖြစ်တဲ့ မြောက်အရပ်၊ အရှေ့အရပ်၊ အရှေ့ တောင်အရပ် စသဖြင့် အစားထိုးလိုက်မယ် ဆိုရင် ရေဓာတ် အေးမြခြင်းစွမ်းအင်တွေ ရလာနိုင်မယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

ဖုန်းရွှေရဲ့ အကောင်းဆုံးနေရာထိုင်ခင်း ရွေးချယ်နိုင်မယ့် အစီအရင်

 

ဒုတိယတစ်မျိုးကတော့ ဖုန်းရွှေရဲ့ အကောင်းဆုံးဦးတည်လားရာနဲ့ ရင်ဆိုင် ခြင်းပဲဖြစ်ပါတယ်။ဖုန်းရွှေအစီအရင်ရဲ့ အသင့်တော်ဆုံး နေရာထိုင်ခင်းကို ရွေး ချယ်နိုင်ခဲ့မယ်ဆိုရင်တော့ သင့်အတွက် အကောင်းဆုံးဆိုတဲ့ အရာတွေချည်းပဲ ရရှိလာရမယ်ဆိုတာ မလွဲသေချာပါပဲ။ ဒါကတော့ ဖုန်းရွှေရဲ့ ဦးတည်ချက်လားရာ ရွေးချယ်ခြင်းလို့ ခေါ်ဆိုပါတယ်။ ဖုန်းရွှေ ရဲ့ အစီအရင်ထဲမှာ လူတစ်ဦးတစ်ယောက် ချင်းစီမှာ သူ့ရဲ့ ကိုယ်ပိုင်အကောင်းဆုံးဆို တဲ့ နေရာထိုင်ခင်းတွေဆိုတာရှိကြပါတယ်။ ဒီလိုမျိုးအကောင်းဆုံးဆိုတဲ့ နေရာထိုင်ခင်း ကို ရွေးချယ်နိုင်ဖို့အတွက် ဖုန်းရွှေဦးတည် လားရာမှာ တွက်ချက်ရမယ့် ကူအာ ကိန်း ဂဏန်းတွေဆိုတာလည်း ရှိပါတယ်။ ဒီနည်းနဲ့ တွက်ချက်လိုက်ခြင်းဖြင့် ဖုန်းရွှေ အစီအရင်ရဲ့ စွမ်းအင်တွေကနေ လာဘ် ကြီးတစ်ပါးဖြစ်တဲ့ ကျန်းမာခြင်းကို ရရှိနိုင် ပြီး အလုပ်အကိုင်ကံတွေ ကောင်းလာနိုင် မယ်။ နောက်ပြီး ချစ်ခြင်းဓာတ်၊ ချစ်ခြင်း မေတ္တာစိတ်တွေလည်း ခံစားဖြစ်ပေါ်လာ မှာဖြစ်ပါတယ်။

 

ဖုန်းရွှေရဲ့ အကောင်းဆုံးနေရာထိုင်ခင်း ရွေးချယ်နိုင်မယ့် အစီအရင်

 

ဒီလိုကိန်းဂဏန်းရွေးချယ်ခြင်းကို ပိုပြီးလွယ်ကူနိုင်စေဖို့ဆိုရင်တော့ အခုနက ဘာဂွါတည်နေရာရွေးချယ်ခြင်းနဲ့ နှစ်ခု ပေါင်းစပ်လိုက်မှ ပိုပြီးကောင်းမွန်တဲ့ ရလဒ်အကျိုးကို ရရှိလာနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းက လွယ်လည်းလွယ်ကူတယ်။ နားလည်ဖို့လည်း လွယ်ကူတဲ့အတွက် အဆင်ပြေနိုင်မှာပါ။ သင့်ရဲ့ အချစ်ရေး၊ နှလုံးသားရေးရာနဲ့ အိမ်ထောင်ရေးရာ တို့မှာလည်း ပိုပြီးတော့စန်းပွင့်ကံကောင်း လာစေမှာပါ။ ဖုန်းရွှေရဲ့ ချစ်ခြင်းသင်္ကေတ လားရာကောင်းကောင်းကိုသာ နှစ်ဦးသား ရွေးချယ်ထားမိမယ်ဆိုရင်တော့ ကြီးမားတဲ့ ချစ်ခြင်းစွမ်းအင်ရဲ့ အနှစ်သာရတန်ခိုးတွေ ကို အပြည့်အ၀ကြီး ခံစားကြရပါလိမ့် မယ်။
ဖုန်းရွှေရဲ့ ချစ်ခြင်းသင်္ကေတ လားရာ နဲ့ မျက်နှာမူထားချင်တယ်ဆိုရင်တော့ အနောက်တောင်အရပ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အနောက်တောင်ဘက် အရပ်ဆိုတာ ဖုန်းရွှေအစီအရင်နဲ့ တွက်ချက် မယ်ဆိုရင် ချစ်ခြင်းမေတ္တာဓာတ်တွေ အားကောင်းကောင်းနဲ့ ပေါက်ဖွားနိုင်တဲ့ အရပ်မို့လို့ပါပဲ။ ဥပမာ သင်က ဖုန်းရွှေ အစီအရင် ကိန်းဂဏန်းရွေးချယ်မှုနဲ့ ကူအာ နံပါတ် ၄ ဆိုပါစို့၊ ဒါဆိုရင် သင့်ရဲ့ ဖုန်းရွှေဦးတည်လားရာ အချစ်စွမ်းအင် က အရှေ့အရပ်ပဲဖြစ်ပါတယ်။ အရှေ့အရပ် ကသာလျှင် သင့်အတွက် အကောင်းဆုံး ချစ်ခြင်းစွမ်းအားတွေပေးလာမယ့် အရပ် ဖြစ်ပါတယ်။

 

ဖုန်းရွှေရဲ့ အကောင်းဆုံးနေရာထိုင်ခင်း ရွေးချယ်နိုင်မယ့် အစီအရင်

 

နောက် ဖုန်းရွှေရဲ့ အစီအရင်တစ်ခု အနေနဲ့ပြောရရင် ဦးတည်လားရာနဲ့ ရင် ဆိုင်ခြင်းမှာ အနုပညာတစ်ခုခုနဲ့ ရင်ဆိုင် လိုက်ခြင်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ လူရဲ့မျက်နှာပုံပန်းသဏ္ဌာန်ကို ကြည့်မလား၊ ဒါမှမဟုတ် တိရစ်္ဆာန်ရဲ့ အနေအထားအခြေ အနေကို ကြည့်မလားဆိုတာပါ။ တစ်ခါ တစ်ရံမှာလည်း ဒီလိုအနေအထားတွေကို ကြည့်ပြီး ဦးတည်ချက်လားရာနေရာ ရှာ ခြင်းက ခက်ခဲနေပါလိမ့်မယ်။ ဖုန်းရွှေ အစီအရင်ရဲ့ အနုပညာတစ်ရပ်ရပ်နဲ့ စွမ်း အားအကောင်းဆုံး ဦးတည်ချက်နေရာ တစ်ခုကို ရှာဖွေမယ်ဆိုရင်တော့ တိကျ သေချာဖို့တော့ လိုအပ်ပါလိမ့်မယ်။

 

ဖုန်းရွှေရဲ့ အကောင်းဆုံးနေရာထိုင်ခင်း ရွေးချယ်နိုင်မယ့် အစီအရင်

 

အနုပညာနဲ့ ဖုန်းရွှေဦးတည်လားရာ ရှာဖွေခြင်းမှာ အနီရောင်ကိုအားသာအမှီ သဟဲပြုနေတယ်ဆိုရင်တော့ ဖုန်းရွှေအစီ အရင်က မီးဓာတ်အားကောင်းတယ်လို့ ဆိုရမှာပါ။ အဲဒါကြောင့် မီးဓာတ်စွမ်းအင် တွေ၊ အနွေးဓာတ်တွေ အားအင်ပြည့် တောက်လောင်နေတဲ့ တောင်အရပ်ကို ရွေးချယ်ပြီး ဦးတည်လားရာ ရှာဖွေရမှာ ဖြစ်ပါတယ်။ နောက်မြေကြီးဓာတ်လွှမ်းမိုး ချင်တယ်ဆိုပါတော့ မြေကြီးဓာတ်အား ကောင်းတဲ့အနောက်တောင်အရပ်ကို ရွေး ချယ်သင့်ပါတယ်။ ဒါက ဖုန်းရွှေအစီအရင်ရဲ့ ဦးတည်ချက်လားရာ အရပ်မျက်နှာရွေးချယ် တဲ့ နည်းလမ်းပါပဲ။

ဒီလောက်ဆိုရင်တော့ ဖုန်းရွှေနည်း လမ်းတွေနဲ့ ဘယ်လိုမျိုးသင့်အတွက် အကောင်းဆုံးနေရာထိုင်ခင်းရွေးချယ်ပြီး အကောင်းဆုံးချစ်ခြင်းတရားတွေ၊ အကောင်း ဆုံးအောင်မြင်မှုတွေ လက်ခံရရှိနိုင်မလဲ ဆိုတာ ကြိုးစားရှာဖွေကြည့်ရအောင် ...။ ၊

ရွှေဝတ်မှုံ  မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)