[Unicode]
ကံကောင်းစေတဲ့ အဆောင်လေးတွေကနေ အကျိုးအမြတ်ရယူလိုက်ပါနော်! အိမ်တစ်အိမ်အတွက် ကံကောင်းခြင်း၊ ချမ်းသာခြင်းနဲ့ ကျန်းမာခြင်းတို့ကို ဆောင်ကြဉ်းပေးမယ့် နည်းဗျူဟာများစွာ ရှိပါတယ်။ အောက်ပါ ကံကောင်းစေတဲ့အရာတွေရဲ့ တရားဝင်မှုကို ထောက်ခံဖို့ သိပ္ပံနည်းကျလေ့လာမှုများစွာ မရှိပေမဲ့လည်း သင့်အိမ်ရဲ့အလှဆင်ခြင်းကို အပ်ဒိတ်လုပ်တဲ့အခါ အဆိုပါအဆောင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ရတာ ပျော်ရွှင်စရာ ဖြစ်နိုင်သလို ကံကောင်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ (သူတို့ရဲ့ ရင်းမြစ်ဓာတ်တွေက ဖုန်းရွှေအရ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ဒီထူးခြားတဲ့ အဆောင်တွေက အိမ်ကို ကောင်းမွန်တဲ့ ဖုန်းရွှေ ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။) ဤနည်းအားဖြင့် သင့်အိမ်ထဲသို့ ကံကောင်းခြင်းကို ဆောင်ကြဥ်းလိုက်ပါ!
၁။ သစ်သီး
သစ်သီးတွေက သင်သဘောပေါက်ထားတာထက် ပိုအစွမ်းထက်ပါတယ်။ ဖုန်းရွှေမှာ အသီးအနှံတွေက အမျိုးမျိုးသော အဓိပ္ပါယ်တွေကို ဆောင်ကြဉ်းပါတယ်- ပန်းသီးက ငြိမ်းချမ်းရေးနဲ့ ဆက်နွယ်ပြီး၊ စပျစ်သီးက ကြွယ်ဝမှု သို့မဟုတ် အောင်မြင်မှုကို ကိုယ်စားပြုပါတယ်၊ မက်မွန်သီးက မ သေသည်၏အဖြစ် အမတ ကို ကိုယ်စားပြုပါယ်။ နောက်ထပ် ယုံကြည်ချက်တစ်ခုကတော့ လိမ္မော်သီးကိုးလုံးကို အခန်းထဲမှာထားဖို့ အကြံပြုထားပါတယ်။ အကယ်၍ သင်က အသီးအနှံအစစ်ကို ကြိုက်နှစ်သက်သူမဟုတ်ပါက၊ သင်နှစ်သက်ရာ သစ်သီးပုံ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲဖို့ စဉ်းစားပါ။
၂။ ဆင်
ကမ္ဘာ့နေရာ အတော်များများမှာ ဆင်တွေက ခွန်အားနဲ့ ဉာဏ်ပညာကို ကိုယ်စားပြုပြီး နှာမောင်းကို အပေါ်ထောင်ထားတဲ့ အနေအထားဆိုရင်ဖြင့် ကံကောင်းခြင်း သင်္ကေတဖြစ်ပါတယ်။ သင့်အိမ်ကို ကာကွယ်ဖို့အတွက် ဆင်ရုပ်တစ်ရုပ်ကို အိမ်ရှေ့တံခါးအနီး ထားရှိပါ။ အပြုသဘောဆောင်တဲ့ စွမ်းအင်နဲ့ ကံကြမ္မာအတွက် သင့်မိသားစုအခန်းဆိုဖာမှာ ဆင်တစ်ကောင်ရဲ့ ပုံဆောင်တဲ့ ဆိုဖာခေါင်းအုံးကို ထားပါ။
၃။ ပုရစ်
အိမ်ထဲမှာ တေးဆိုနေတဲ့ ပုရစ်ကောင် တစ်ကောင်က သင့်ကို တစ်ညလုံး အိပ်မပျော် စေနိုင်ပေမယ့် ဆူညံတဲ့ပုရစ်က နောင်လာမယ့် ကောင်းတဲ့လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ပုရစ်တွေဟာ ချမ်းသာမှုနဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပြီး သူတို့လာရောက်လည်ပတ်ကြခြင်းက ကျွန်ုပ်တို့အား ပျော်ရွှင်စေဖို့ သတိပေးပါတယ်!
၄။ မင်္ဂလာရှိသော အိမ်ရှေ့တံခါးအရောင်
ကံကောင်းခြင်းတွေကို ယူဆောင်လာပေးမှာတွေက သင့်အိမ်အတွင်းက အရာတွေတင်မကဘဲ အပြင်မှာလည်း ဘယ်လိုပုံစံနဲ့ ရှိပါလိမ့်? အမျိုးမျိုးသော ဘာသာတရားတွေနဲ့ ယဉ်ကျေးမှုတွေက အနီရောင်နဲ့ ခိုင်ခံ့တဲ့ ဆက်စပ်မှုတွေ ရှိတာကြောင့် အနီရောင်ဟာ အိမ်ရှေ့တံခါးအတွက် ရေပန်းစားတဲ့ အရောင်ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။
ဒါပေမဲ့ ဖုန်းရွှေနဲ့ ပတ်သက်ရင် အနီရောင်ဟာ သင့်ဝင်ရောက်မှုအတွက် အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ဖုန်းရွှေမှာ သင့်တံခါးရဲ့အရောင်က သင့်အိမ်မျက်နှာစာပေါ် မူတည်သင့်ပါတယ်- အရှေ့သို့မျက်နှာပြုပါက မြေကြီးရောင်၊ တောင်ဘက်အတွက် အနီနဲ့ အဝါရောင်၊ အနောက်ဘက်အတွက် အရောင်ဖျော့၊ မြောက်ဘက်အတွက် နက်မှောင်တဲ့အရောင်ရင့်။
၅။ လင်းတခေါင်းများ
ယုန်ခြေထောက်ကို ကံကောင်းစေတဲ့ ကျက်သရေတစ်ခုအဖြစ် ကြားဖူးနိုင်ပေမဲ့ ဒါက ပို၍ပင် ကြောက်စရာကောင်းပါတယ်- လင်းတငှက်ရဲ့ဦးခေါင်း ဖြစ်ပါတယ်။ ကမ္ဘာ့နေရာအချို့မှာ၊ အိမ်တွင် လင်းတဦးခေါင်း ထားရှိခြင်းက ကြိုးဆွဲချသေခြင်းမှ ကင်းဝေးစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
၆။ စိန့်ဂျိုးဇက်ရုပ်ထု
ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင် အများအပြားဟာ အိမ်နဲ့မိသားစုရေးရာ နာယကသူတော်စင် Saint Joseph ရဲ့ ရုပ်တုကို အိမ်အမြန်ရောင်းဖို့ ဆုတောင်းရင်း အိမ်ရှေ့မှာ ဇောက်ထိုးမြှုပ်နှံထားတတ်ကြတဲ့ အစဉ်အလာ ရှိကြပါတယ်။ အချို့သော အိမ်ပိုင်ရှင်တွေက သူတို့အိမ်အား ရောင်းထွက်ပြီးတာနဲ့ ရုပ်တုကို တူးဖော်ကြပြီး အချို့မှာ အိမ်ရဲ့နေထိုင်သူအသစ်တွေကို ကာကွယ်ဖို့အတွက် မြေထဲမှာပင် ထားရစ်ကြပါတယ်။
၇။ ရွှေငါး
ရွှေငါးဟာ ကြွယ်ဝမှုနဲ့ စည်ပင်သာယာဝပြောမှု ကိုယ်စားပြုပေမဲ့လည်း ငါးကန်ကို မထိန်းသိမ်းလိုတဲ့ အိမ်ပိုင်ရှင်တွေအနေနဲ့ ရွှေငါးနှစ်ကောင်ပါတဲ့ ဇလုံတစ်လုံးကို ရွေးချယ်နိုင်ပါတယ်။ ရွှေငါးရဲ့အရောင်ဟာ ကံကောင်းခြင်း နဲ့ ကြွယ်ဝမှုကို ကိုယ်စားပြုပါတယ်။
၈။ ဝက်သစ်ချသီး
သင့်ကံကြမ္မာကို လှည့်စားဖို့ အိမ်တဝိုက်မှာ အသီးအနှံအနည်းငယ်ကို ဖြန့်ကြဲပါ။ ဝက်သစ်ချပင်တွေကို မြင့်မြတ်တယ်လို့ ယူဆကြပြီး ကံကောင်းစေဖို့အတွက် သစ်သီးတွေကို သယ်ဆောင်ကြပါတယ်။
၉။ တရုတ်ဓာတ်ကြီးငါးပါး
ဖုန်းရွှေအယူအဆဟာ တရုတ်ယဉ်ကျေးမှုမှာ အရင်းခံပါတယ်။ လူတွေနဲ့ ၎င်းတို့ရဲ့ပတ်ဝန်းကျင်တွေအကြား သဟဇာတဖြစ်အောင်ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ မတူညီတဲ့ ဓာတ်များစွာကို လွှမ်းခြုံထားပါတယ်။ ဖုန်းရွှေဓာတ်ကြီးငါးပါးမှာ သစ်သား၊ ရေ၊ သတ္တု၊ မြေကြီးနှင့် မီးတို့ဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ ဒီဓာတ်တွေအားလုံး ဖုန်းရွှေနည်းကျရှိဖို့ လိုပါတယ်။
၁၀။ အမွှေးနံ့သာ
အမွှေးနံ့သာကို ရနံ့ကုထုံးအတွက် သုံးရုံသာမက အိမ်ရဲ့ရနံ့ကို အပြုသဘောသက်ရောက်စေဖို့အတွက် သုံးသလို အဆိုးမြင်စိတ်ကို မောင်းထုတ်ပေးတယ်လို့လည်း ဆိုပါတယ်။ အမွှေးနံ့သာကို ယေဘူယျအားဖြင့် ကံကောင်းတယ်လို့ ယူဆတဲ့အပြင် အချို့ရနံ့တွေက ကံကောင်းခြင်းလို့လည်း လူသိများပါတယ်။ ဥပမာအားဖြင့် - citrus နှင့် vanilla ရနံ့ရှိသော အမွှေးနံ့သာ နှစ်မျိုးလုံးက ချမ်းသာမှုကို ယူဆောင်လာတယ်လို့ ယုံကြည်ကြပါတယ်။
၁၁။ လိပ်
ဆင်တွေလိုပဲ လိပ်တွေက ၎င်းတို့နဲ့အတူ ကံကောင်းခြင်းကို သယ်ဆောင်ပေးတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ ဖုန်းရွှေပညာရှင်တွေက လိပ်ဟာ ကောင်းကင်အုပ်ထိန်းသူ လေးပါးထဲမှ တစ်ပါးဖြစ်ပြီး၊ အိမ်မှာ ထားရှိတဲ့အခါ ၎င်းရဲ့မြို့သူမြို့သားတွေအား မကောင်းတဲ့ စွမ်းအားတွေမှ ကာကွယ်ပေးမယ်လို့ ယုံကြည်ကြပါတယ်။ အိမ်မွေးလိပ်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ထားရှိခြင်းက အကာအကွယ်တစ်ခုဖြစ်ပေမဲ့လည်း အလှဆင်ရာမှာ လိပ်သင်္ကေတ သို့မဟုတ် လိပ်ရုပ်တွေကို ပေါင်းစပ်ခြင်းက ကံကောင်းစေတယ်လို့ ယူဆရမှာဖြစ်ပါတယ်။
၁၂။ ကံကောင်းစေသော အပင်များ
ဝါးပင်တွေကို လက်ဆောင်အဖြစ် လက်ခံရရှိတဲ့အခါ ကံကောင်းခြင်းနှင့် ချမ်းသာခြင်းကို ပေးတယ်လို့ ယူဆကြပါတယ်။ ဒီအသုံးများတဲ့ အိမ်အပင်တွေဟာ ကံကောင်းစေရုံသာမက ပြုစုရလွယ်ကူပါတယ်။ ကံကောင်းစေတဲ့ ဝါးပင်တွေနဲ့အတူ အိမ်မှာ ကံကောင်းစေမယ့် အခြားအပင်များစွာလည်း ရှိနေပြီး ငွေပင်အပင်၊ မြွေပင်၊ သစ်ခွ၊ ကျောက်စိမ်းနှင့် ငြိမ်းချမ်းရေး လီလီတို့ အပါအဝင် အခြားအပင်တွေလည်း ရှိပါသေးတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သင့္အိမ္အတြက္ ကံေကာင္းေစေသာ အရာ ၁၂ ခု
ကံေကာင္းေစတဲ့ အေဆာင္ေလးေတြကေန အက်ိဳးအျမတ္ရယူလိုက္ပါေနာ္! အိမ္တစ္အိမ္အတြက္ ကံေကာင္းျခင္း၊ ခ်မ္းသာျခင္းနဲ႔ က်န္းမာျခင္းတို႔ကို ေဆာင္ၾကဥ္းေပးမယ့္ နည္းဗ်ဴဟာမ်ားစြာ ႐ွိပါတယ္။ ေအာက္ပါ ကံေကာင္းေစတဲ့အရာေတြရဲ႕ တရားဝင္မႈကို ေထာက္ခံဖို႔ သိပၸံနည္းက်ေလ့လာမႈမ်ားစြာ မ႐ွိေပမဲ့လည္း သင့္အိမ္ရဲ႕အလွဆင္ျခင္းကို အပ္ဒိတ္လုပ္တဲ့အခါ အဆိုပါအေဆာင္ပစၥည္းေတြနဲ႔ ေပါင္းစပ္ရတာ ေပ်ာ္႐ႊင္စရာ ျဖစ္ႏိုင္သလို ကံေကာင္းျခင္းလည္း ျဖစ္ႏိုင္ပါတယ္။ (သူတို႔ရဲ႕ ရင္းျမစ္ဓာတ္ေတြက ဖုန္းေ႐ႊအရ ႐ွိသည္ျဖစ္ေစမ႐ွိသည္ျဖစ္ေစ ဒီထူးျခားတဲ့ အေဆာင္ေတြက အိမ္ကို ေကာင္းမြန္တဲ့ ဖုန္းေ႐ႊ ယူေဆာင္လာေပးႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။) ဤနည္းအားျဖင့္ သင့္အိမ္ထဲသို႔ ကံေကာင္းျခင္းကို ေဆာင္ၾကဥ္းလိုက္ပါ!
၁။ သစ္သီး
သစ္သီးေတြက သင္သေဘာေပါက္ထားတာထက္ ပိုအစြမ္းထက္ပါတယ္။ ဖုန္းေ႐ႊမွာ အသီးအႏွံေတြက အမ်ိဳးမ်ိဳးေသာ အဓိပၸါယ္ေတြကို ေဆာင္ၾကဥ္းပါတယ္- ပန္းသီးက ၿငိမ္းခ်မ္းေရးနဲ႔ ဆက္ႏြယ္ၿပီး၊ စပ်စ္သီးက ႂကြယ္ဝမႈ သို႔မဟုတ္ ေအာင္ျမင္မႈကို ကိုယ္စားျပဳပါတယ္၊ မက္မြန္သီးက မ ေသသည္၏အျဖစ္ အမတ ကို ကိုယ္စားျပဳပါယ္။ ေနာက္ထပ္ ယုံၾကည္ခ်က္တစ္ခုကေတာ့ လိေမၼာ္သီးကိုးလုံးကို အခန္းထဲမွာထားဖို႔ အၾကံျပဳထားပါတယ္။ အကယ္၍ သင္က အသီးအႏွံအစစ္ကို ႀကိဳက္ႏွစ္သက္သူမဟုတ္ပါက၊ သင္ႏွစ္သက္ရာ သစ္သီးပုံ ပန္းခ်ီကားတစ္ခ်ပ္ကို ခ်ိတ္ဆြဲဖို႔ စဥ္းစားပါ။
၂။ ဆင္
ကမ႓ာ့ေနရာ အေတာ္မ်ားမ်ားမွာ ဆင္ေတြက ခြန္အားနဲ႔ ဉာဏ္ပညာကို ကိုယ္စားျပဳၿပီး ႏွာေမာင္းကို အေပၚေထာင္ထားတဲ့ အေနအထားဆိုရင္ျဖင့္ ကံေကာင္းျခင္း သေကၤတျဖစ္ပါတယ္။ သင့္အိမ္ကို ကာကြယ္ဖို႔အတြက္ ဆင္႐ုပ္တစ္႐ုပ္ကို အိမ္ေ႐ွ႕တံခါးအနီး ထား႐ွိပါ။ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္နဲ႔ ကံၾကမၼာအတြက္ သင့္မိသားစုအခန္းဆိုဖာမွာ ဆင္တစ္ေကာင္ရဲ႕ ပုံေဆာင္တဲ့ ဆိုဖာေခါင္းအုံးကို ထားပါ။
၃။ ပုရစ္
အိမ္ထဲမွာ ေတးဆိုေနတဲ့ ပုရစ္ေကာင္ တစ္ေကာင္က သင့္ကို တစ္ညလုံး အိပ္မေပ်ာ္ ေ ႏိုင္ေပမယ့္ ဆူညံတဲ့ပုရစ္က ေနာင္လာမယ့္ ေကာင္းတဲ့လကၡဏာတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ ပုရစ္ေတြဟာ ခ်မ္းသာမႈနဲ႔ ကံေကာင္းျခင္းေတြကို ကိုယ္စားျပဳတယ္လို႔ ယုံၾကည္ၾကၿပီး သူတို႔လာေရာက္လည္ပတ္ၾကျခင္းက ကြၽႏ္ုပ္တို႔အား ေပ်ာ္႐ႊင္ေစဖို႔ သတိေပးပါတယ္!
၄။ မဂၤလာ႐ွိေသာ အိမ္ေ႐ွ႕တံခါးအေရာင္
ကံေကာင္းျခင္းေတြကို ယူေဆာင္လာေပးမွာေတြက သင့္အိမ္အတြင္းက အရာေတြတင္မကဘဲ အျပင္မွာလည္း ဘယ္လိုပုံစံနဲ႔ ႐ွိပါလိမ့္? အမ်ိဳးမ်ိဳးေသာ ဘာသာတရားေတြနဲ႔ ယဥ္ေက်းမႈေတြက အနီေရာင္နဲ႔ ခိုင္ခံ့တဲ့ ဆက္စပ္မႈေတြ ႐ွိတာေၾကာင့္ အနီေရာင္ဟာ အိမ္ေ႐ွ႕တံခါးအတြက္ ေရပန္းစားတဲ့ အေရာင္ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္ေစပါတယ္။
ဒါေပမဲ့ ဖုန္းေ႐ႊနဲ႔ ပတ္သက္ရင္ အနီေရာင္ဟာ သင့္ဝင္ေရာက္မႈအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈေတာ့ မဟုတ္ပါဘူး။ ဖုန္းေ႐ႊမွာ သင့္တံခါးရဲ႕အေရာင္က သင့္အိမ္မ်က္ႏွာစာေပၚ မူတည္သင့္ပါတယ္- အေ႐ွ႕သို႔မ်က္ႏွာျပဳပါက ေျမႀကီးေရာင္၊ ေတာင္ဘက္အတြက္ အနီနဲ႔ အဝါေရာင္၊ အေနာက္ဘက္အတြက္ အေရာင္ေဖ်ာ့၊ ေျမာက္ဘက္အတြက္ နက္ေမွာင္တဲ့အေရာင္ရင့္။
၅။ လင္းတေခါင္းမ်ား
ယုန္ေျခေထာက္ကို ကံေကာင္းေစတဲ့ က်က္သေရတစ္ခုအျဖစ္ ၾကားဖူးႏိုင္ေပမဲ့ ဒါက ပို၍ပင္ ေၾကာက္စရာေကာင္းပါတယ္- လင္းတငွက္ရဲ႕ဦးေခါင္း ျဖစ္ပါတယ္။ ကမ႓ာ့ေနရာအခ်ိဳ႕မွာ၊ အိမ္တြင္ လင္းတဦးေခါင္း ထား႐ွိျခင္းက ႀကိဳးဆြဲခ်ေသျခင္းမွ ကင္းေဝးေစႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။
၆။ စိန္႔ဂ်ိဳးဇက္႐ုပ္ထု
႐ိုမန္ကက္သလစ္ခရစ္ယာန္ဘာသာဝင္ အမ်ားအျပားဟာ အိမ္နဲ႔မိသားစုေရးရာ နာယကသူေတာ္စင္ Saint Joseph ရဲ႕ ႐ုပ္တုကို အိမ္အျမန္ေရာင္းဖို႔ ဆုေတာင္းရင္း အိမ္ေ႐ွ႕မွာ ေဇာက္ထိုးျမႇဳပ္ႏွံထားတတ္ၾကတဲ့ အစဥ္အလာ ႐ွိၾကပါတယ္။ အခ်ိဳ႕ေသာ အိမ္ပိုင္႐ွင္ေတြက သူတို႔အိမ္အား ေရာင္းထြက္ၿပီးတာနဲ႔ ႐ုပ္တုကို တူးေဖာ္ၾကၿပီး အခ်ိဳ႕မွာ အိမ္ရဲ႕ေနထိုင္သူအသစ္ေတြကို ကာကြယ္ဖို႔အတြက္ ေျမထဲမွာပင္ ထားရစ္ၾကပါတယ္။
၇။ ေ႐ႊငါး
ေ႐ႊငါးဟာ ႂကြယ္ဝမႈနဲ႔ စည္ပင္သာယာဝေျပာမႈ ကိုယ္စားျပဳေပမဲ့လည္း ငါးကန္ကို မထိန္းသိမ္းလိုတဲ့ အိမ္ပိုင္႐ွင္ေတြအေနနဲ႔ ေ႐ႊငါးႏွစ္ေကာင္ပါတဲ့ ဇလုံတစ္လုံးကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ေ႐ႊငါးရဲ႕အေရာင္ဟာ ကံေကာင္းျခင္း နဲ႔ ႂကြယ္ဝမႈကို ကိုယ္စားျပဳပါတယ္။
၈။ ဝက္သစ္ခ်သီး
သင့္ကံၾကမၼာကို လွည့္စားဖို႔ အိမ္တဝိုက္မွာ အသီးအႏွံအနည္းငယ္ကို ျဖန္႔ႀကဲပါ။ ဝက္သစ္ခ်ပင္ေတြကို ျမင့္ျမတ္တယ္လို႔ ယူဆၾကၿပီး ကံေကာင္းေစဖို႔အတြက္ သစ္သီးေတြကို သယ္ေဆာင္ၾကပါတယ္။
၉။ တ႐ုတ္ဓာတ္ႀကီးငါးပါး
ဖုန္းေ႐ႊအယူအဆဟာ တ႐ုတ္ယဥ္ေက်းမႈမွာ အရင္းခံပါတယ္။ လူေတြနဲ႔ ၎တို႔ရဲ႕ပတ္ဝန္းက်င္ေတြအၾကား သဟဇာတျဖစ္ေအာင္ဖန္တီးဖို႔ ရည္႐ြယ္ခ်က္နဲ႔ မတူညီတဲ့ ဓာတ္မ်ားစြာကို လႊမ္းျခဳံထားပါတယ္။ ဖုန္းေ႐ႊဓာတ္ႀကီးငါးပါးမွာ သစ္သား၊ ေရ၊ သတၱဳ၊ ေျမႀကီးႏွင့္ မီးတို႔ျဖစ္ပါတယ္။ အိမ္တစ္အိမ္မွာ ဒီဓာတ္ေတြအားလုံး ဖုန္းေ႐ႊနည္းက်႐ွိဖို႔ လိုပါတယ္။
၁၀။ အေမႊးနံ႔သာ
အေမႊးနံ႔သာကို ရနံ႔ကုထုံးအတြက္ သုံး႐ုံသာမက အိမ္ရဲ႕ရနံ႔ကို အျပဳသေဘာသက္ေရာက္ေစဖို႔အတြက္ သုံးသလို အဆိုးျမင္စိတ္ကို ေမာင္းထုတ္ေပးတယ္လို႔လည္း ဆိုပါတယ္။ အေမႊးနံ႔သာကို ေယဘူယ်အားျဖင့္ ကံေကာင္းတယ္လို႔ ယူဆတဲ့အျပင္ အခ်ိဳ႕ရနံ႔ေတြက ကံေကာင္းျခင္းလို႔လည္း လူသိမ်ားပါတယ္။ ဥပမာအားျဖင့္ citrus ႏွင့္ vanilla ရနံ႔႐ွိေသာ အေမႊးနံ႔သာ ႏွစ္မ်ိဳးလုံးက ခ်မ္းသာမႈကို ယူေဆာင္လာတယ္လို႔ ယုံၾကည္ၾကပါတယ္။
၁၁။ လိပ္
ဆင္ေတြလိုပဲ လိပ္ေတြက ၎တို႔နဲ႔အတူ ကံေကာင္းျခင္းကို သယ္ေဆာင္ေပးတဲ့ တိရစၧာန္ေတြ ျဖစ္ပါတယ္။ ဖုန္းေ႐ႊပညာ႐ွင္ေတြက လိပ္ဟာ ေကာင္းကင္အုပ္ထိန္းသူ ေလးပါးထဲမွ တစ္ပါးျဖစ္ၿပီး၊ အိမ္မွာ ထား႐ွိတဲ့အခါ ၎ရဲ႕ၿမိဳ႕သူၿမိဳ႕သားေတြအား မေကာင္းတဲ့ စြမ္းအားေတြမွ ကာကြယ္ေပးမယ္လို႔ ယုံၾကည္ၾကပါတယ္။ အိမ္ေမြးလိပ္ေတြကို အိမ္ေမြးတိရစၧာန္ေတြအျဖစ္ ထား႐ွိျခင္းက အကာအကြယ္တစ္ခုျဖစ္ေပမဲ့လည္း အလွဆင္ရာမွာ လိပ္သေကၤတ သို႔မဟုတ္ လိပ္႐ုပ္ေတြကို ေပါင္းစပ္ျခင္းက ကံေကာင္းေစတယ္လို႔ ယူဆရမွာျဖစ္ပါတယ္။
၁၂။ ကံေကာင္းေစေသာ အပင္မ်ား
ဝါးပင္ေတြကို လက္ေဆာင္အျဖစ္ လက္ခံရ႐ွိတဲ့အခါ ကံေကာင္းျခင္းႏွင့္ ခ်မ္းသာျခင္းကို ေပးတယ္လို႔ ယူဆၾကပါတယ္။ ဒီအသုံးမ်ားတဲ့ အိမ္အပင္ေတြဟာ ကံေကာင္းေစ႐ုံသာမက ျပဳစုရလြယ္ကူပါတယ္။ ကံေကာင္းေစတဲ့ ဝါးပင္ေတြနဲ႔အတူ အိမ္မွာ ကံေကာင္းေစမယ့္ အျခားအပင္မ်ားစြာလည္း ႐ွိေနၿပီး ေငြပင္အပင္၊ ေႁမြပင္၊ သစ္ခြ၊ ေက်ာက္စိမ္းႏွင့္ ၿငိမ္းခ်မ္းေရး လီလီတို႔ အပါအဝင္ အျခားအပင္ေတြလည္း ႐ွိပါေသးတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com