2227 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

နေအိမ်ထဲ ကောင်းမွန်တဲ့စွမ်းအင်တွေဖိတ်ခေါ်ဖို့ ဘယ်လိုအပင်မျိုးတွေ စိုက်ပျိုးရမလဲ?

 

[Unicode]

 

အစွမ်းထက်ပြီး လိုက်လုပ်ဖို့လွယ်ကူတဲ့ ဖုန်းရွှေရဲ့ နည်းလမ်းတွေထဲမှ တစ်ခုဖြစ်တဲ့ နေအိမ်ထဲ သစ်ပင်တွေစိုက်ပျိုးခြင်းက ကောင်းမွန်တဲ့စွမ်းအင်တွေကို ဖိတ်ခေါ်နိုင်တယ်လို့ သိရပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် သစ်ပင်၊ ပန်းပင်တွေ စိုက်ပျိုးခြင်းဟာ ပင်ပန်းနွမ်းနယ်မှု၊ အားအင်ကုန်ခမ်းမှုနဲ့ အသက်မဲ့နေတဲ့အရာတွေကိုတောင် ပြန်လည်ရှင်သန်စေတဲ့အရာပဲဖြစ်ပါတယ်။ သူတို့က အမြဲတမ်းပြောင်းလဲနေပြီးတော့ ကြီးထွားလာနေသလိုမျိုး လူတွေရဲ့ နေ့စဉ်ဘဝနေထိုင်သွားလာမှုတွေမှာလည်းပဲ သစ်ပင်ပန်းမန် အပင်တွေကနေ စိတ်ကို လန်းဆန်းတက်ကြွစေပြီး ပိုမိုကောင်းမွန်တဲ့အရာတွေကို ဖန်တီးပေးနိုင်ပါတယ် လို့ အိမ်ခြံမြေပညာရှင် ကာတာက ရှင်းပြထားပါတယ်။

သစ်ပင်တွေက တက်ကြွဖျက်လက်တဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ စူးစမ်းရှာဖွေခြင်းတွေရဲ့ စွမ်းအင်တွေကို ပေးပါတယ်။ နောက်ပြီး သူတို့တွေက လေထုသန့်စင်နိုင်မှု စွမ်းရည်ကိုလည်း ပေးစွမ်းသေးတာမို့လို့ ကျန်းမာရေးသုခအတွက် အပြုသဘောဆောင်စေကာ လူသားတွေ အသက်ရှင်သန်မှုမှာ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်တဲ့ သန့်စင်တဲ့အောက်ဆီဂျင်တွေကိုလည်း ထုတ်ပေးပါတယ်။ ဒါ့ကြောင့်မို့လို့ သစ်ပင်တွေ စိုက်ပျိုးခြင်းက လူတွေအတွက် အကျိုးကျေးဇူးများစွာရှိကာ ဖုန်းရွှေရဲ့ အကြံပြုချက်မှာလည်း ဘယ်လိုအပင်မျိုးတွေက နေအိမ်တွေမှာ စိုက်ပျိုးထားရှိရမလဲဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

 

 

ထီပေါက်ပင် ( Money Tree )

နေအိမ်ထဲ ကောင်းမွန်တဲ့စွမ်းအင်တွေဖိတ်ခေါ်ဖို့ ဘယ်လိုအပင်မျိုးတွေ စိုက်ပျိုးရမလဲ?

 

ထီပေါက်ပင်ဟာ ဖုန်းရွှေပညာရပ်က ကောင်းမွန်တဲ့ စွမ်းအင်တွေဖန်တီးတဲ့ နေရာမှာ အကျော်ကြားဆုံးဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝခြင်းနဲ့ စီးပွားလာဘ်လာဘတိုးပွားမှုတွေ စွဲဆောင်ဖို့အတွက် နေအိမ်ခန်းတွေထဲစိုက်ပျိုးဖို့ အသင့်တော်ဆုံးလို့ အကြံပြုထားပါတယ်။ ထီပေါက်ပင်ကို စိုက်ပျိုးဖို့ အကောင်းဆုံး နေရာမှာ အိမ်ရဲ့ အနောက်တောင်ဘက်က ကြွယ်ဝမှု အပိုင်းဆိုတဲ့ နေရာမှာ ထီပေါက်ပင်ကို စိုက်ပျိုးထားရှိနိုင်ပါတယ်။

 

 

မြွေဂမုန်း( Snake Plants)

 

နေအိမ်ထဲ ကောင်းမွန်တဲ့စွမ်းအင်တွေဖိတ်ခေါ်ဖို့ ဘယ်လိုအပင်မျိုးတွေ စိုက်ပျိုးရမလဲ?

ဓါးအသွားနဲ့တူတဲ့ အရွက်ရှည်ရှည်၊ ခပ်ပြားပြားပုံစုံနဲ့ မြွေဂမုန်း Sansevieria အပင်တွေဟာ နေအိမ်တွေအတွက် အကာအကွယ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး အိမ်ရှေ့တံခါး ဒါမှမဟုတ် ကြီးမားတဲ့ ပြတင်းပေါက်တွေမှာ ထားရှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ညဘက်တွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပေးလို့ လေသန့်စင်တဲ့ ရပ်ဝန်းဖြစ်အောင် သူက ဖန်တီးပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှု ရှိစေတဲ့ စွမ်းအင်မျိုးကို စွဲဆောင်နိုင်တာဖြစ်လို့ ရုံးခန်းနဲ့ အိမ်ခန်း၊ အလုပ်ခန်းလိုနေရာမျိုးတွေမှာထားရှိဖို့ သင့်တော်ပါတယ်။ အိပ်ခန်းနဲ့ ကလေးတွေ အခန်းမှာတော့ မြွေဂမုန်းမထားဖို့ အကြံပြုချင်ပါတယ်။

 

 

ရှားစောင်းလက်ပပ်ပင် (Aloe Vera)

နေအိမ်ထဲ ကောင်းမွန်တဲ့စွမ်းအင်တွေဖိတ်ခေါ်ဖို့ ဘယ်လိုအပင်မျိုးတွေ စိုက်ပျိုးရမလဲ?

ရှားစောင်းလက်ပပ်ပင်တွေဟာ အစိမ်းရောင်နဲ့ အရည်ဓာတ်ပေါကြွယ်ဝတဲ့ အရွက်တွေရှိပြီး အကာအကွယ်ပေးခြင်းနဲ့ တက်ကြွတဲ့ စွမ်းအင်တွေကို ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဖုန်းရွှေအစီအရင်မှာတော့ ကောင်းမွန်တဲ့ လေသန့်စင်တဲ့ သစ်ပင်လည်းဖြစ်လို့ လူနေပတ်ဝန်းကျင် အိမ်ခန်းနေရာမျိုးတွေမှာ ထားရှိနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ခေါင်းအစခြေအဆုံး ကျန်းမာရေးနဲ့ ဆေးဝါးအဖြစ် ဆေးဘက်ဝင်တဲ့ ကောင်းကျိုးတွေများစွာရှိတဲ့ အပင်လည်း ဖြစ်ပါတယ်။

 


ရော်ဘာပင် (Rubber Plant)

နေအိမ်ထဲ ကောင်းမွန်တဲ့စွမ်းအင်တွေဖိတ်ခေါ်ဖို့ ဘယ်လိုအပင်မျိုးတွေ စိုက်ပျိုးရမလဲ?


ရော်ဘာပင်တွေဟာ အိမ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ထမင်းစားခန်းလို နေရာမျိုးမှာ ရှင်သန်ကြီးထွားစေတာ ပိုကောင်းပါတယ်။ စိတ်ငြိမ်သက်ခြင်း၊ အေးဆေးတည်ငြိမ်တဲ့ စွမ်းအင်က အိမ်ရဲ့ အရှေ့တောင်ဘက်နဲ့ အရှေ့ဘက်လို အရပ်တွေအတွက် ယူဆောင်လာပေးမှာလည်း ဖြစ်ပါတယ်။

 

 

Pothos (လေသန့်စင်ပင်)

နေအိမ်ထဲ ကောင်းမွန်တဲ့စွမ်းအင်တွေဖိတ်ခေါ်ဖို့ ဘယ်လိုအပင်မျိုးတွေ စိုက်ပျိုးရမလဲ?

လေကိုသန့်စင်ပေးတဲ့ Pothos အပင်တွေဟာ မီးဖိုချောင် ဘီရိုတွေ ဒါမှမဟုတ် အိမ်ရဲ့အကွယ်၊ ထောင့်လိုမျိုး လျစ်လျူရှုထားတဲ့ နေရာတွေမှာ အလွယ်တကူ ရှင်သန်နိုင်ပါတယ်။ ပြုပြင်ထိန်းသိမ်းရလွယ်ကူပြီးတော့ နေအိမ်တွေအတွက် အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ယူဆောင်ပေးနိုင်ပါတယ်။ ရေလောင်းပြုစုပေးဖို့ မေ့လျော့နေခဲ့ရင်တောင်မှပဲ Pothos က ရှင်သန်ကြီးထွားစေနိုင်ပြီး အိမ်အတွက် ကောင်းမွန်တဲ့စွမ်းအင်တွေကို ဖိတ်ခေါ်ပေးနိုင်ပါတယ်။


အခုဖော်ပြပေးခဲ့တဲ့ ဖုန်းရွှေအကြံပြုချက်ထဲက နေအိမ်တွေအတွက် အိမ်တွင်းစိုက်ပျိုးထားရှိသင့်တဲ့ အပင်လေးတွေအကြောင်းလဲ ဗဟုသုတအဖြစ် သိရှိပြီးဖြစ်သွားလောက်ပြီထင်ပါတယ်။ iMyanmar House က ဖော်ပြပေးနေတဲ့ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဖုန်းရွှေအစီအရင် နည်းလမ်းလေးတွေ လိုက်နာပြီး သာယာလှပတဲ့ သီရိဂေဟာလေး ဖန်တီးနိုင်ပါစေဖို့ မျှော်လင့်ဆုတောင်းပေးရင်း ဒီလအတွက် ဖုန်းရွှေဘာသာပြန်ဆောင်းပါးဖော်ပြမှုကနေ နှုတ်ဆက်လိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ေနအိမ္ထဲ ေကာင္းမြန္တဲ့စြမ္းအင္ေတြဖိတ္ေခၚဖို႔ ဘယ္လိုအပင္မ်ိဳးေတြ စိုက္ပ်ိဳးရမလဲ?

 

အစြမ္းထက္ၿပီး လိုက္လုပ္ဖို႔လြယ္ကူတဲ့ ဖုန္းေ႐ႊရဲ႕ နည္းလမ္းေတြထဲမွ တစ္ခုျဖစ္တဲ့ ေနအိမ္ထဲ သစ္ပင္ေတြစိုက္ပ်ိဳးျခင္းက ေကာင္းမြန္တဲ့စြမ္းအင္ေတြကို ဖိတ္ေခၚႏိုင္တယ္လို႔ သိရပါတယ္။ ႐ိုး႐ိုး႐ွင္း႐ွင္းေျပာရရင္ သစ္ပင္၊ ပန္းပင္ေတြ စိုက္ပ်ိဳးျခင္းဟာ ပင္ပန္းႏြမ္းနယ္မႈ၊ အားအင္ကုန္ခမ္းမႈနဲ႔ အသက္မဲ့ေနတဲ့အရာေတြကိုေတာင္ ျပန္လည္႐ွင္သန္ေစတဲ့အရာပဲျဖစ္ပါတယ္။ သူတို႔က အၿမဲတမ္းေျပာင္းလဲေနၿပီးေတာ့ ႀကီးထြားလာေနသလိုမ်ိဳး လူေတြရဲ႕ ေန႔စဥ္ဘဝေနထိုင္သြားလာမႈေတြမွာလည္းပဲ သစ္ပင္ပန္းမန္ အပင္ေတြကေန စိတ္ကို လန္းဆန္းတက္ႂကြေစၿပီး ပိုမိုေကာင္းမြန္တဲ့အရာေတြကို ဖန္တီးေပးႏိုင္ပါတယ္ လို႔ အိမ္ျခံေျမပညာ႐ွင္ ကာတာက ႐ွင္းျပထားပါတယ္။

သစ္ပင္ေတြက တက္ႂကြဖ်က္လက္တဲ့ က်န္းမာေရး၊ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ စူးစမ္း႐ွာေဖြျခင္းေတြရဲ႕ စြမ္းအင္ေတြကို ေပးပါတယ္။ ေနာက္ၿပီး သူတို႔ေတြက ေလထုသန္႔စင္ႏိုင္မႈ စြမ္းရည္ကိုလည္း ေပးစြမ္းေသးတာမို႔လို႔ က်န္းမာေရးသုခအတြက္ အျပဳသေဘာေဆာင္ေစကာ လူသားေတြ အသက္႐ွင္သန္မႈမွာ မ႐ွိမျဖစ္လိုအပ္တဲ့ အရာျဖစ္တဲ့ သန္႔စင္တဲ့ေအာက္ဆီဂ်င္ေတြကိုလည္း ထုတ္ေပးပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ သစ္ပင္ေတြ စိုက္ပ်ိဳးျခင္းက လူေတြအတြက္ အက်ိဳးေက်းဇူးမ်ားစြာ႐ွိကာ ဖုန္းေ႐ႊရဲ႕ အၾကံျပဳခ်က္မွာလည္း ဘယ္လိုအပင္မ်ိဳးေတြက ေနအိမ္ေတြမွာ စိုက္ပ်ိဳးထား႐ွိရမလဲဆိုတဲ့ အေၾကာင္းအရာေတြ ပါဝင္ပါတယ္။

 

ထီေပါက္ပင္ ( Money Tree )

ထီေပါက္ပင္ဟာ ဖုန္းေ႐ႊပညာရပ္က ေကာင္းမြန္တဲ့ စြမ္းအင္ေတြဖန္တီးတဲ့ ေနရာမွာ အေက်ာ္ၾကားဆုံးျဖစ္ပါတယ္။ ခ်မ္းသာႂကြယ္ဝျခင္းနဲ႔ စီးပြားလာဘ္လာဘတိုးပြားမႈေတြ စြဲေဆာင္ဖို႔အတြက္ ေနအိမ္ခန္းေတြထဲစိုက္ပ်ိဳးဖို႔ အသင့္ေတာ္ဆုံးလို႔ အၾကံျပဳထားပါတယ္။ ထီေပါက္ပင္ကို စိုက္ပ်ိဳးဖို႔ အေကာင္းဆုံး ေနရာမွာ အိမ္ရဲ႕ အေနာက္ေတာင္ဘက္က ႂကြယ္ဝမႈ အပိုင္းဆိုတဲ့ ေနရာမွာ ထီေပါက္ပင္ကို စိုက္ပ်ိဳးထား႐ွိႏိုင္ပါတယ္။

 

ေႁမြဂမုန္း( Snake Plants)

ဓါးအသြားနဲ႔တူတဲ့ အ႐ြက္႐ွည္႐ွည္၊ ခပ္ျပားျပားပုံစုံနဲ႔ ေႁမြဂမုန္း Sansevieria အပင္ေတြဟာ ေနအိမ္ေတြအတြက္ အကာအကြယ္တစ္ခုအျဖစ္ သတ္မွတ္ႏိုင္ၿပီး အိမ္ေ႐ွ႕တံခါး ဒါမွမဟုတ္ ႀကီးမားတဲ့ ျပတင္းေပါက္ေတြမွာ ထား႐ွိျခင္းက အေကာင္းဆုံးျဖစ္ပါတယ္။ ညဘက္ေတြမွာ ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြကို စုပ္ယူေပးလို႔ ေလသန္႔စင္တဲ့ ရပ္ဝန္းျဖစ္ေအာင္ သူက ဖန္တီးေပးႏိုင္ပါတယ္။ အာ႐ုံစူးစိုက္မႈ ႐ွိေစတဲ့ စြမ္းအင္မ်ိဳးကို စြဲေဆာင္ႏိုင္တာျဖစ္လို႔ ႐ုံးခန္းနဲ႔ အိမ္ခန္း၊ အလုပ္ခန္းလိုေနရာမ်ိဳးေတြမွာထား႐ွိဖို႔ သင့္ေတာ္ပါတယ္။ အိပ္ခန္းနဲ႔ ကေလးေတြ အခန္းမွာေတာ့ ေႁမြဂမုန္းမထားဖို႔ အၾကံျပဳခ်င္ပါတယ္။

 

႐ွားေစာင္းလက္ပပ္ပင္ (Aloe Vera)

႐ွားေစာင္းလက္ပပ္ပင္ေတြဟာ အစိမ္းေရာင္နဲ႔ အရည္ဓာတ္ေပါႂကြယ္ဝတဲ့ အ႐ြက္ေတြ႐ွိၿပီး အကာအကြယ္ေပးျခင္းနဲ႔ တက္ႂကြတဲ့ စြမ္းအင္ေတြကို ေပးႏိုင္ပါတယ္။ ေယဘုယ်အားျဖင့္ ဖုန္းေ႐ႊအစီအရင္မွာေတာ့ ေကာင္းမြန္တဲ့ ေလသန္႔စင္တဲ့ သစ္ပင္လည္းျဖစ္လို႔ လူေနပတ္ဝန္းက်င္ အိမ္ခန္းေနရာမ်ိဳးေတြမွာ ထား႐ွိႏိုင္ပါတယ္။ ခႏၶာကိုယ္အတြက္ ေခါင္းအစေျခအဆုံး က်န္းမာေရးနဲ႔ ေဆးဝါးအျဖစ္ ေဆးဘက္ဝင္တဲ့ ေကာင္းက်ိဳးေတြမ်ားစြာ႐ွိတဲ့ အပင္လည္း ျဖစ္ပါတယ္။


ေရာ္ဘာပင္ (Rubber Plant)


ေရာ္ဘာပင္ေတြဟာ အိမ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးႏိုင္ၿပီး ထမင္းစားခန္းလို ေနရာမ်ိဳးမွာ ႐ွင္သန္ႀကီးထြားေစတာ ပိုေကာင္းပါတယ္။ စိတ္ၿငိမ္သက္ျခင္း၊ ေအးေဆးတည္ၿငိမ္တဲ့ စြမ္းအင္က အိမ္ရဲ႕ အေ႐ွ႕ေတာင္ဘက္နဲ႔ အေ႐ွ႕ဘက္လို အရပ္ေတြအတြက္ ယူေဆာင္လာေပးမွာလည္း ျဖစ္ပါတယ္။

 

Pothos (ေလသန္႔စင္ပင္)

ေလကိုသန္႔စင္ေပးတဲ့ Pothos အပင္ေတြဟာ မီးဖိုေခ်ာင္ ဘီ႐ိုေတြ ဒါမွမဟုတ္ အိမ္ရဲ႕အကြယ္၊ ေထာင့္လိုမ်ိဳး လ်စ္လ်ဴ႐ႈထားတဲ့ ေနရာေတြမွာ အလြယ္တကူ ႐ွင္သန္ႏိုင္ပါတယ္။ ျပဳျပင္ထိန္းသိမ္းရလြယ္ကူၿပီးေတာ့ ေနအိမ္ေတြအတြက္ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္ေတြကို ယူေဆာင္ေပးႏိုင္ပါတယ္။ ေရေလာင္းျပဳစုေပးဖို႔ ေမ့ေလ်ာ့ေနခဲ့ရင္ေတာင္မွပဲ Pothos က ႐ွင္သန္ႀကီးထြားေစႏိုင္ၿပီး အိမ္အတြက္ ေကာင္းမြန္တဲ့စြမ္းအင္ေတြကို ဖိတ္ေခၚေပးႏိုင္ပါတယ္။


အခုေဖာ္ျပေပးခဲ့တဲ့ ဖုန္းေ႐ႊအၾကံျပဳခ်က္ထဲက ေနအိမ္ေတြအတြက္ အိမ္တြင္းစိုက္ပ်ိဳးထား႐ွိသင့္တဲ့ အပင္ေလးေတြအေၾကာင္းလဲ ဗဟုသုတအျဖစ္ သိ႐ွိၿပီးျဖစ္သြားေလာက္ၿပီထင္ပါတယ္။ iMyanmar House က ေဖာ္ျပေပးေနတဲ့ အိမ္ျခံေျမနဲ႔ပတ္သက္တဲ့ ဖုန္းေ႐ႊအစီအရင္ နည္းလမ္းေလးေတြ လိုက္နာၿပီး သာယာလွပတဲ့ သီရိေဂဟာေလး ဖန္တီးႏိုင္ပါေစဖို႔ ေမွ်ာ္လင့္ဆုေတာင္းေပးရင္း ဒီလအတြက္ ဖုန္းေ႐ႊဘာသာျပန္ေဆာင္းပါးေဖာ္ျပမႈကေန ႏႈတ္ဆက္လိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App