2985 ကြိမ် ကြည့်ရှု့ ပြီး

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ



ဘုန်းရွှေအစီအရင် ကောင်းပါဝင်တဲ့ အိမ်တစ်လုံး ကိုဝယ်ယူဖို့ဆိုတာ အံ့ဖွယ်ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ထို့အတူ စဉ်းစားကြည့်ရုံနဲ့တင် ကြောက်ရွံှု့မှုကသင့်ကို လွှမ်းခြုံသွားနိုင်ပါတယ်။

သင်ဟာ အိမ်တစ်လုံးဝယ်ဖို့ လိုက်ရှာနေတယ်ဆိုရင် သင့်အနေနဲ့နေရာ အကွက်အကွင်းကောင်း ကောင်းကို ကြည့်ရှုရွေးချယ်မိ မှာပါပဲ။ သင့်အနေနဲ့ဈေးပိုပေးရတဲ့အိမ်တစ်လုံးကိုရှောင်ရှားမှာဖြစ်ပြီး စာချုပ်စာတမ်း ကိစ်္စတွေနဲ့ဈေးဆစ်ညှိနှိုင်း လို့ရတဲ့အိမ်တစ်လုံးကိုရှာမိမှာပါပဲ။

သင့်အနေနဲ့အိမ်တစ်လုံးမှာရာသက်ပန်အခြေချ  နေထိုင်ဖို့အတွက်မျှော်လင့် ချက်ထားမိမှာပါပဲ။ သင်လိုချင်နေတဲ့ဖုန်းရွှေအိမ်ကောင်းတစ်လုံး ရရှိနိုင်ဖို့နဲ့ ဓနဥစ္စာတွေ စီးဆင်းဝင်လာဖို့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေသင့်အိမ်ထဲ စီးဆင်းဝင် လာဖို့အတွက်အောက်ပါအကြံပြုချက်တွေ က သင့်ကိုကူညီပေးပါလိမ့်မယ်။

ကောင်းမွန်တဲ့ ဖုန်းရွှေအိမ်တစ်လုံး ၀ယ်ယူ ခြင်းဟာ စစ်မှန်တဲ့ပျော်ရွှင်မှု ရရှိနိုင်ပါလိမ့်မယ်။

ကောင်းမွန်တဲ့ ဖုန်းရွှေအိမ်တစ်လုံးရဖို့ အတွက်ဘာတွေကို ကြည့်ရှုရမလဲဆို တာကို သင်သင်ယူရရှိချိန်မှာ တကယ့်ကိုပျော်ရွှင်စရာ ကောင်းလာပါလိမ့်မယ်။ ဒါ ဟာ သင့်ရဲ့ ဖုန်းရွှေပညာနဲ့ ကြည့်တတ်တဲ့ မျက်စိအမြင်တွေပိုမိုဖွံ့ဖြိုးတိုးတက်လာလို့ပဲဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အိမ်တစ်လုံးပိုင်ဆိုင်ရတယ်ဆိုတဲ့ အဓိပ္ပာယ် ဟာ ကောင်းမွန်တဲ့ကံတရားတွေ သင့်ဘ၀ တစ်သက်တာလုံး စီးဆင်းရရှိနေစေမှာပဲဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဖုန်းရွှေအိမ်တစ်လုံး ရွေးချယ်ယူနိုင်ခဲ့တယ်ဆိုရင်တော့သင့်ရဲ့ ဓနဥစ္စာတွေ တိုးပွားမှုနဲ့အတူ ပိုင်ဆိုင်မှုတိုးပွားစေခြင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရရှိလာစေတဲ့အတွက်သင့်ရဲ့ ပျော်ရွှင်မှုတွေတိုးပွားလာစေမှာပါပဲ။

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ


အဆင့် (၁) သင့်မိသားစုရဲ့ဦးဆောင်ကွာနံပါတ်ကိုရှာပါ။


သင့်ရဲ့ကွာနံပါတ်ကိုသိရှိရဖို့အတွက်ပထမဆုံး သင်ဟာ အရှေ့အုပ်စု (သို့မဟုတ်) အနောက်အုပ်စုမှာ ပါဝင်သလားဆိုတာကို စစ်ဆေးကြည့်ရှုရပါမယ်။ အကယ်၍သင် ဟာ အရှေ့အုပ်စုမှာ ပါဝင်တယ်ဆိုရင်တော့ သင့်ရဲ့ကွာနံပါတ်ဟာ ၁၊ ၃၊ ၄၊ ၉ ဖြစ်ပါတယ်။ သင့်မိသားစုအကျိုးစီးပွား တိုးပွား လာဖို့အတွက်သင်ရွေးချယ်ရမယ့်အိမ် ဟာ အရှေ့၊ မြောက်၊ တောင်၊ အရှေ့တောင်အရပ်တွေကိုမျက်နှာလှည့်ထား တာဖြစ်ရပါမယ်။
အကယ်၍သင်ဟာ အနောက်အုပ်စုထဲမှာပါတယ်ဆိုရင်တော့သင့်ရဲ့ကွာနံပါတ်ဟာ ၂၊ ၆၊ ၇၊ ၈ ဖြစ်ပြီး၊ သင့်မိသားစုအကျိုးစီးပွားတိုးပွားဖို့အတွက်အနောက်မြောက်၊ အနောက်တောင်၊ အနောက်အရပ်နဲ့မြောက်အရပ်တွေ ကိုမျက်နှာမူ ထားတဲ့အိမ် ကိုရွေးချယ်ဖို့လိုပါတယ်။

အဆင့်(၂) အိမ်မျက်နှာမူထားတဲ့အရပ်ကို စစ်ဆေးကြည့်ရှုပါမယ်။


သင့်အနေနဲ့ အခုလိုရွေးချယ်ဖို့ အတွက်ဖုန်းရွှေသံလိုက်အိမ်မြှောင်လိုပါတယ်။ တခြားသော သံလိုက်အိမ်မြှောင်နဲ့မတူပါဘူး။ သာမန်သံလိုက် အိမ်မြှောင်ဆိုရင်တော့ မူလအရပ်မျက်နှာတွေဖြစ်တဲ့မြောက်၊ တောင်၊ အရှေ့၊ အနောက်စတာတွေအပြင် ဒုတိယ အရပ်မျက်နှာတွေဖြစ်တဲ့အရှေ့မြောက်၊ အရှေ့တောင်၊ အနောက်မြောက်၊ အနောက်တောင် စတဲ့အရပ်ရှစ်မျက်နှာ ကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ ဖုန်းရွှေသံလိုက် အိမ်မြှောင်ကတော့အရပ် ၈ မျက်နှာတင်မကဘဲ အခြားသောအရပ် ၃ မျက်နှာ ထပ်တိုးပါဝင်ပြီး စုစုပေါင်း ၂၄ မျက်နှာ ပါဝင်တဲ့ သံလိုက်အိမ်မြှောင်မျိုးပဲဖြစ်ပါတယ်။ သင့်အနေနဲ့မြောက်အရပ် ၁၊ မြောက်အရပ် ၂၊ မြောက်အရပ် ၃ စတဲ့အရပ်မျက်နှာတွေကို ၃ ပိုင်းစီခွဲခြားထား တာကိုတိတိကျကျသိရှိရမှာပဲဖြစ်ပါတယ်။

 

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ



အဆင့် (၃) သင့်ရဲ့အိမ်နီးချင်းတွေကိုစိစစ်ကြည့်ရပါမယ်။


သဘာဝက ပေးထားတဲ့ ပတ်ဝန်းကျင် ဟာ အလွန်ပဲအစွမ်းထက်ပါတယ်။ တကယ်လို့သင့်အနေနဲ့ ဖုန်းရွှေအစီအရင်အိမ် အတွင်းပိုင်း ပြင်ဆင် မှုတွေမှားယွင်းနေတယ် ဆိုရင်တောင်ချေဖျက်နိုင်စွမ်းရှိနေပါတယ်။ တကယ်လို့သင့် အိမ်ရဲ့မြေပြင်အနေအထားဟာ အကောင်းဆုံး ဖုန်းရွှေ အနေအထား ကိုရရှိနေတယ်ဆိုရင် သင့်အနေနဲ့အခြား သောအရာတွေ အတွက်ပူပန်စရာမလိုတော့ပါဘူး။ သင့်အိမ်ရဲ့မြေမျက်နှာပြင်အနေအထားဟာ ဆိုးရွားတဲ့ ဖုန်းရွှေအနေအထားမှာ ဆိုရင်တော့သင့်ရဲ့အိမ်တွင်း ဖုန်းရွှေအစီအရင်တွေဟာ အားနည်း သွားပါလိမ့်မယ်။

သင့်အိမ်ဟာ ရထားလမ်းနဲ့နီးနေလား။


သင်ရွေးချယ်ဝယ်ယူမယ့်အိမ်ဟာ သုသာန်၊ ၀တ်ပြု ကိုးကွယ်ရာမြေ၊ ဆေးရုံ၊ထောင် စတာမျိုးတွေနဲ့မနီးစပ်တဲ့နေရာဖြစ်အောင်ရွေးချယ်ရပါမယ်။ တကယ်လို့ အဲဒီလိုနေရာတွေနဲ့နီးစပ်ခဲ့တယ်ဆိုရင်တော့ကောင်းချီးမင်္ဂလာဟာ သင့်အိမ်ကိုရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။

 

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ

ပုကွပြီး နိမ့်ပါးတဲ့အိမ်နှစ်လုံးဟာ သင့်အိမ်ကို အသားညှပ်ပေါင်မုန့် လိုညှပ်ထားတဲ့ အိမ်မျိုးမှာမနေသင့်ပါဘူး။ အဲဒီအိမ်မျိုးဟာ စွမ်းအားပြည့်လှတဲ့ချီစွမ်း အင်တွေ သင့်အိမ်ထဲ ၀င်ရောက်နိုင်ဖို့ အတွက်ပိတ်ဆို့ထားတတ်ပါတယ်။

သင့်ရဲ့အိမ် ကိုကြည့်လိုက်ရင်မိုးပျံလမ်းတွေနဲ့ နီးကပ်လွန်ပြီး အဲဒီလမ်းတွေရဲ့ အစွမ်းဟာ သင့်ရဲ့အိမ် (သို့မဟုတ်) သင့်အခန်းရှိတဲ့ အဆောက်အအုံ ကိုဖြတ်တောက်သွားတဲ့ပုံစံမျိုးမြင်ရရင် အဲဒီအိမ်မျိုးမှာမနေသင့်ပါဘူး။ အဲဒီလိုအိမ်မျိုးဟာ ချီစွမ်းအင်တွေကိုသေဆုံးစေတတ်ပြီး ကောင်းမွန်တဲ့ဖုန်းရွှေအိမ်မျိုး မဟုတ်ပါဘူး။

အဆုံးပိတ် လမ်းထိပ်ရှိတဲ့နေရာမှာ တည်ရှိတဲ့အိမ်မျိုးမှာမနေသင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ချီစွမ်းအင်တွေစီးဆင်း ရပ်တန့်ရာနေရာဖြစ်ပြီး သင့်အိမ်မှာပြဿနာ တစ်စုံတစ်ရာရှိတယ်ဆိုရင်အဲဒီပြဿနာဟာ ထွက်ပေါက် မရှိနိုင်ဘဲဖြေရှင်း လို့မဆုံး ဖြစ်နေပါလိမ့်မယ်။

 

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ



၁။ ရှည်လျားတဲ့အရာတိုင်းဟာ သင့်အိမ် ရှေ့တံခါးဝကို ကျရောက်နေတယ်ဆိုရင်တော့သတင်းဆိုးပါပဲ။


ဒါဟာ ဖြစ်နိုင်ပါတယ်။ အိမ်ရှေ့တံခါးပေါက်မြင်ကွင်းကိုပိတ်ပြီး အထီး တည်း ပေါက်နေတဲ့သစ်ပင်တစ်ပင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အိမ်ရှေ့တံခါးပေါက်ကို တိုက်ရိုက်ကျရောက် နေတဲ့ ပုံသဏ္ဌာန်တွေ တောင် အရိပ်တွေ ဟာ အနည်းဆုံး အိမ်ရဲ့အလျားထက်နှစ်ပြန်လောက်ကျရောက်ပြီး ပိတ်ဆို့နေတာဟာ မကောင်းမွန်ပါဘူး။ တကယ်လို့ သင့်အိမ်ရှေ့မှာ အဆောက်အအုံတွေနဲ့ ပိတ်ဆို့နေတယ်ဆိုရင် အိမ်အရှေ့မျက်နှာ ကိုပြောင်းလဲ သင့်ပါတယ်။

သင့်အိမ်ရှေကလမ်းရဲ့ အမြင့်ကလည်း သင့်အိမ်မျက်နှာပြင်အမြင့် ထက်ပိုမိုနေတယ်ဆိုလည်း အဲဒါဟာ ပြဿနာတွေကိုသယ်ဆောင်လာပါလိမ့်မယ်။

၂။ ဖြောင့်တန်းနေတဲ့လမ်းမဟာ သင့်အိမ်ရဲ့ ၀င်ပေါက်ကို မျက်နှာချင်းဆိုင်နေတယ်ဆိုရင်လည်း သတင်းဆိုးပါပဲ။

သင်ဟာ တီပုံစံလမ်းဆုံသို့မဟုတ်၊ ၀ိုင်ပုံစံလမ်းဆုံမှာ နေထိုင်နေရသူလား၊ သို့မဟုတ်ဖြတ်သွားတဲ့လမ်းစွန်းတွေရဲ့အစွန်းနဲ့ထိတွေ့နေထိုင်နေရသူလား။ မည်သည့်ဖြောင့်တန်းနေတဲ့လမ်းမဆိုသင့်အိမ်ရဲ့ အဓိက၀င်ပေါက်ကို ဦးတည်နေတယ်ဆိုရင် ဂရုစိုက်သင့်ပါတယ်။ လမ်းစွန်းတွေ ဟာ သင့်အိမ်ကိုဖြတ်သန်းသွားတယ်ဆိုရင် အိမ်ကိုရရှိစေနိုင်မယ့် ချစ်ခြင်းမေတ္တာ တရားတွေနှေးကွေးလျော့ ကျသွားစေအောင်ပြုလုပ်နေ မှာဖြစ်ပါတယ်။

 

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ


မည်သည့်ပုံစံအရာဝတ္တုမဆို သင့်အိမ်ရဲ့ အဓိက ၀င်ပေါက်ကို ဖြတ်သန်းဝင်နေတယ် ဆိုရင်အဲဒါတွေဟာ အဆိပ်မြှားတွေပါပဲ။

အိမ်နီးချင်းတွေရဲ့သုံးဘက်ဆိုင်အိမ်အမိုးတွေကို ဂရုစိုက်ကြည့်ရပါမယ်။ လမ်းတစ်ဖက်ကအမှိုက်စွန့်ပစ်ရာနေရာ၊ အထီးတည်း ပေါက်နေတဲ့သစ်ပင်၊ လမ်း မီးတိုင်၊ တယ်လီဖုန်းတိုင်တွေ။ လမ်းညွှန်ဆိုင်းဘုတ်တွေဟာ သင့်ရဲ့တံခါးကို ဦး တည်နေတာလားဆိုတာကိုလည်း ကြည့်ရပါမယ်။ အဆိပ်မြှားတွေဟာ သင့်အိမ်ရဲ့ကျက်သရေကို ယုတ်လျော့သွားအောင်ပြုလုပ်ပါလိမ့်မယ်။ အိမ်ရဲ့မြင်ကွင်းကနေအဲဒီအရာတွေကိုရှင်းအောင်လုပ်ပါ။ သင့်အိမ်တံခါး နဲ့မျက်နှာချင်းဆိုင် ထိတွေ့နေတဲ့အရာတွေ မရှိရင်သင့်ကို နာကျင်မှုတွေဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

အဆင့်(၄)။ အိမ်ရဲ့ပုံသဏ္ဌာန်ကို စစ်ဆေး ကြည့်ပါ။

အိမ်ရဲ့ထောင့်တွေဟာ တစ်စုံတစ်ရာမှားယွင်းနေလား။ ပုံမှန်အားဖြင့်သင့်အိမ်ဟာ လေးထောင့်သို့မဟုတ်တြိဂံပုံစံမှန်ကန်တဲ့အနေအထား ရှိရပါမယ်။ မှားယွင်းနေတဲ့အိမ်ထောင့်တွေဟာ ပုံသဏ္ဌာန်မမှန်တဲ့ အိမ်ဖြစ်ပေါ်စေပြီး အန္တရာယ်ရှိနိုင်ပါတယ်။ အထူးသဖြင့် အနောက်မြောက်နဲ့ အနောက်တောင် အိမ်ထောင့်တွေနှစ်ခုလုံး ကိုစစ်ဆေးကြည့်ရပါမယ်။ သင့်အနေနဲ့ မှားယွင်း နေတဲ့အိမ်ထောင့်နေရာတွေအတွက်တောက်ပတဲ့အလင်းတိုင် သို့မဟုတ် မှန်ချပ်တွေကိုအသုံးပြုပြီး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

ထို့အတူပဲသင့်ရဲ့အိမ်ဟာ အိမ်နီးချင်းတွေရဲ့ သုံးမြှောင်ပုံ အမိုးစွန်းတွေ သို့မဟုတ် အစွန်းပုံစံတွေ သင့်အိမ်တံခါးဝ ကိုကျနေသလား ဆိုတာကိုစစ်ဆေးပါ အဲဒီအရာတွေဟာ အဆိပ်မြှားတွေပါပဲ။ တကယ်လို့သင့်အိမ်နီးချင်းဟာ မှန်ချပ်တွေကိုအသုံးပြုပြီး မကောင်းတဲ့အရာ ကိုကောင်းမွန်အောင်ပြုပြင်ဖန်တီးထား တယ်ဆိုရင်အဲဒီအရာတွေရဲ့တုံ့ပြန်မှုဟာ သင့်အပေါ်ကိုကျရောက်စေနိုင်ပါတယ်။

 

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ

အဆင့်(၅)။ အိမ်အမိုးအစီအစဉ်ကိုစစ်ဆေးပါ။

မီးဖိုချောင်တွေသို့မဟုတ်အိမ်သာတွေဟာ အိမ်ဝင်ပေါက်က ကြည့်ရင်မြင်နေရပါသလား။ သင့်အိမ်ရဲ့ အရေးကြီး နေရာနှစ်ခုဖြစ် တဲ့မြောက်အရပ်နဲ့အနောက်တောင်အရပ်မှာမီးဖိုချောင်တွေ၊ အိမ်သာတွေရှိနေပါသလား၊ အဆိုးဆုံး အိမ်ဆိုတာကတော့ မီးဖိုချောင်တွေအိမ်ရဲ့အနောက်မြောက်အရပ်မှာရှိနေတာမျိုးပါ။

ကောင်းကင်ဘုံ ကလာတဲ့တန်ခိုး စွမ်းအားတွေဟာ အိမ်ရဲ့အနောက်မြောက် အရပ်ကနေစီးဆင်းကျလာတာမျိုးပါ။ နောက်တစ်ဆင့် စစ်ဆေးကြည့် ရမှာ က အိမ်သာတွေဟာ အရှေ့တံခါး အထက်မှာရှိနေတာလား ဆိုတာကိုပါ။

 

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ



အဆင့် (၆)။ အိမ်အဓိက ၀င်ပေါက်ရဲ့ ဖုန်းရွှေကိုစစ်ဆေးကြည့်ပါ။

သင့်အိမ်ရဲ့အဓိကတံခါးဟာ ဖွင့်လိုက်ရင် ကျဉ်းကျပ်တဲ့နေရာမှာရောက်နေသလား။ သို့မဟုတ်ဖွင့်လိုက်ရင်အခန်းငယ်လေး သဏ္ဌာန်နေရာ လွတ်ကျန်နေတာလား ဆိုတာစစ်ဆေးကြည့်သင့်ပါတယ်။

 

အိမ်တစ်လုံး ၀ယ်ယူချိန်မှာ ဘာကိုကြည့်ရမှာလဲ

 

ဘုန်းမင်း မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)