3773 ကြိမ် ကြည့်ရှု့ ပြီး

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

ကျောက်မဟုတ်ပေမယ့်လည်း ကျောက်မျက်ရတနာတစ်ခုအဖြစ် တန်း ၀င်လာတဲ့ ပယင်းတွေ အလွန်ရေပန်းစား လာတာကို တွေ့ရပါတယ်။ တကယ်တော့ ပယင်းမှ မဟုတ်ပါဘူး။ အခြားကျောက် လေးတွေနဲ့လည်း ကျန်းမာရေးနဲ့ အခြား ကောင်းကျိုးတွေရရှိအောင် ဖန်တီး နိုင်ပါတယ်။

ကျောက်မျက်ပုံဆောင်ခဲတွေ ကို လက်ဝတ်ရတနာတွေနဲ့ အ၀တ် အထည်တွေမှာ အလှတပ်ဆင်မြှုပ်နှံ တဲ့အခါ အသုံးပြုကြတာ အားလုံးသိကြ ပါတယ်။ ဖုန်းရွှေလောကမှာတော့ တစ်စုံတစ်ဦးရဲ့ စွမ်းအင်နဲ့ ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်စေနိုင်တဲ့ စွမ်းအားရှင်လေးတွေအဖြစ် သူတို့ကို ရှုမြင်ကြတယ်ဆိုတာကိုလည်း မသိသေး ရင် မှတ်သားကြစေချင်ပါတယ်။

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

မိမိနဲ့ ကိုက်ညီတဲ့ အရောင် အသွေးရှိတဲ့ ကျောက်ကို ဆင်မြန်းအသုံး ပြုမယ်ဆိုရင် ဘ၀ကိုတိုးတက်မြင့်မားစေ မယ်လို့ ဖုန်းရွှေလောကမှာ ယုံကြည်ကြ ပါတယ်။ ဒါကြောင့် ကိုယ့်ကို ကောင်းကျိုး ပြု၊ ဘ၀အဆင့်အတန်းမြင့်မား၊ ကျန်းမာ ချမ်းသာပျော်ရွှင်စေမယ့် ကျောက်ကို ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ဒီ ဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။

ကျောက်မျက်ပုံဆောင်ခဲတွေ ဟာ သူတို့ရဲ့ အဆင်းကြောင့်တင် လူကြိုက် များ ရေပန်းစားကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းအားတွေကြောင့်လည်း ပါ ပါတယ်။ အသွင်သဏ္ဌာန်မျိုးစုံနဲ့ သူတို့ လေးတွေဟာ အမျိုးမျိုးသော စွမ်းအင် တွေကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းအင်တွေ ထွက်ပေါ် အကျိုးပြု လာဖို့ဆိုတာဟာ သူ့ကို အသုံးပြုသူက သူနဲ့ ဓာတ်တူသူဖြစ်မှပါ။

 

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

 သူတို့ရဲ့ ပင်ကိုယ်အရောင်ကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ပုံဆောင် ဓာတ်တွေကို ခွဲခြားသတ်မှတ်နိုင်ပါတယ်။ အပြာရောင်၊ အမည်းရောင်ဆိုရင် ရေ ဓာတ်ကို ကိုယ်စားပြုပြီး အစိမ်းရောင်၊ အညိုရောင်ဆိုရင် သစ်သားဓာတ်၊ အနီ ရောင်၊ အ၀ါတောက်တောက်အရောင်၊ လိမေ်္မ်ာရောင်၊ မရန်းရောင်၊ ခရမ်းရောင်၊ ပန်းရောင်ဆိုရင် မီးဓာတ်ကို ကိုယ်စား ပြုကာ အ၀ါဖျော့ဖျော့၊ သဲရောင်၊ အညိုနု က မြေကြီးဓာတ်၊ အဖြူရောင်၊ မီးခိုးရောင် က သတ္တုဓာတ်ကို ကိုယ်စားပြုပါတယ်။

 

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

ဒါတွေကို သိပြီဆိုရင်တော့ သင့်ရဲ့ ဖုန်းရွှေမွေးဓာတ်ကို ရှာဖွေပါ။

တရုတ်ဆယ့်နှစ်ရာသီခွင်မှာ သင်ဟာ ဘာနှစ်ဖွားဆိုတာ ရှိသလိုပဲ သင့်မှာ မွေးကတည်းက ကိုယ်ပိုင်ဖုန်း ရွှေဓာတ်လည်းရှိပါတယ်။

 ဖော်ပြပါပုံမှာ မိမိမွေးသက္ကရာဇ် ကို လိုက်ရှာပြီး သင်ဟာ ဘာနှစ်ဖွား၊ ဘာဓာတ်ပိုင်ရှင်ဆိုတာကို သိရှိနိုင်ပါ တယ်။

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

သင့်ရဲ့ကိုယ်ပိုင်ဓာတ်ကို သိပြီ ဆိုရင် သင့်အနေနဲ့ မိမိဓာတ် အားကောင်း ပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်မှာလာဘ်ပွင့် စေဖို့ ဓာတ်ကိုယ်စားပြုအရောင်တွေကို ရွေးချယ်အသုံးပြုပါ။ ဥပမာ - သင်က မီးဓာတ်ဆိုပါစို့။ ဒါဆို အနီရောင်၊ အ၀ါတောက်တောက်အရောင်၊ လိမေ်္မာ် ရောင်၊ မရန်းရောင်၊ ပန်းရောင် စသဖြင့် မီးဓာတ်ကိုယ်စားပြုအရောင်တွေရှိတဲ့ ကျောက်မျက်ပုံဆောင်ခဲလေးတွေကို ဆင် မြန်းအလှဆင်လိုက်ရုံပါပဲ။

ရေပန်းအစားဆုံး ဖုန်းရွှေ ကျောက်မျက်ပုံဆောင်ခဲ (၅) မျိုးအကြောင်း ကိုလည်း ရုပ်ပုံတွေနဲ့တကွ ဖော်ပြပေး လိုက်ပါတယ်။

 

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

သလင်းကျောက်ဖြူ

စွမ်းအင်သန့်စင်ရှင်းလင်းခြင်း၊ ကာကွယ်ခြင်းနဲ့ အားဖြည့်ခိုင်မာစေခြင်း စတဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးကို စွမ်းဆောင်နိုင်ပါတယ်။ လတ်ဆတ်သန့် ရှင်းတဲ့ စွမ်းအင်ကို လိုအပ်တဲ့နေရာမှာ သူ့ကို ဆောင်ထားပါ။ အရေးအကြီးဆုံး ကတော့ သူ့ကို သင့်အိပ်ရာနံဘေး အထူး သဖြင့် ခေါင်းရင်းဘက်မှာ မထားမိပါစေနဲ့။ သူ့ရဲ့ ပြင်းထန်တဲ့ စွမ်းအင်တွေက သင့် အိပ်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင် ပါတယ်။ ရှင်းလင်းလှတဲ့အရောင်ကြောင့် အခန်းအတွင်း အပြင်အဆင်တွေမှာ အဆင်ပြေတာကြောင့် သူဟာ အခန်း အတွင်း အပြင်အဆင်ဒီဇိုင်နာတွေကြား မှာလည်း ရေပန်းစားပါတယ်။

 

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

ခရမ်းစွဲကျောက်

သူ့ရဲ့ လှပတဲ့ ခရမ်းရောင်က စိတ်ခံစားမှုတွေကို တည်ငြိမ်စေပြီး စိုးရိမ် တုန်လှုပ်မှုကို လျှော့ချပေးပါတယ်။ သင့် အလုပ်ကိစ်္စတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ် စီမံနိုင်ဖို့အတွက် ခရမ်းစွဲ ကျောက်ကို သင့်ရုံးခန်းမှာ ထားနိုင်ပါ တယ်။ အိမ်ထောင်သည်ဆိုရင်တော့ အိမ် မှာဆို အိပ်ခန်းထဲမှာ ထားနိုင်ပါတယ်။ သားသမီးရှိတယ်ဆိုရင် သူတို့ရဲ့စာဖတ် ခန်း ဒါမှမဟုတ် စာလေ့လာတဲ့နေရာမှာ ထားလိုက်မယ်ဆိုရင် သူတို့ရဲ့စိတ်အာရုံ တွေ တည် ငြိမ်စေပြီး စာကို အာရုံပိုမိုစူး စိုက်စွာ လေ့လာနိုင်စေပါတယ်။ ဒါကြောင့် မို့လို့ တရားထိုင်တဲ့အခန်းထဲမှာထားဖို့ရာ အသင့်တော်ဆုံး ကျောက်မျက်ပုံဆောင်ခဲ တစ်ခုလည်း ဖြစ်ပါတယ်။

 

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

 နှင်းဆီသလင်းကျောက်

နှင်းဆီသလင်းကျောက်ရဲ့ စွမ်းအင်က နူးညံ့ပြီး အနာရောဂါတွေကို ကုစားပေးပါတယ်။ ဒါကြောင့်မို့လို့ မကောင်း တဲ့ စိတ်ခံစားမှုတွေကို ဖယ်ရှားပေးပြီး သင့်ကို စောင့်ရှောက်ပေးနိုင်ပါတယ်။ အထူးသဖြင့် ရိုမန်းတစ် (ဆွတ်ပျံ့ကြည်နူး ဖွယ်ရာ) ဆက်ဆံရေးတွေမှာ အသုံးဝင် ပါတယ်။ လူကြီးမှာဖြစ်ဖြစ် ကလေးမှာ ဖြစ်ဖြစ် သူက ယေဘုယျအားဖြင့် ချစ်ခြင်း မေတ္တာနဲ့ နွေးထွေးမှုကို တိုးမြင့်စေလို့ အိပ်ခန်းအတွက် အကောင်းဆုံးကျောက် မျက်ပုံဆောင်ခဲပါပဲ။ သမားရိုးကျအား ဖြင့်ဆို နှင်းဆီသလင်းကျောက်နဲ့ ပြုလုပ် ထားတဲ့ မန်းဒရင်းဘဲမောင်နှံရုပ်က သစ္စာ တရားလွှမ်းခြုံထားတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ ပဲ ဖြစ်ပါတယ်။

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ


ကျောက်စိမ်း

ဂန္တ၀င်ဖုန်းရွှေလောကမှာ ကျောက် စိမ်းဟာ ရှေးအကျဆုံး ကျောက်မျက်ပုံ ဆောင်ခဲပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကျောက်စိမ်းအသုံးပြုမှုနဲ့ ပတ်သက်လို့ ကာလရှည်ကြာ သမိုင်းရာဇ၀င်ရှိပါတယ်။ ရှေးအကျဆုံး သမားရိုးကျဖုန်းရွှေကျောက် မျက်ပုံဆောင်ခဲအဖြစ် ဂုဏ်သတင်းကျော် စောပါတယ်။ ကျောက်စိမ်းဟာ နေရာမရွေး ဆောင်ထားနိုင်ပြီး တည်ငြိမ်စေ၊ အသစ် တစ်ဖန်ဖြစ်စေတဲ့ စွမ်းအင်တွေကိုထုတ် လုပ်ပေးပါတယ်။ ကျန်းမာရေးသုခနဲ့မိသားစု အတွင်း စည်းလုံးညီညွတ်မှုကို တိုးတက် စေတယ်လို့လည်း ယုံကြည်ကြပါတယ်။

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ
ကျားမျက်လုံး

သူ့ရဲ့ အသွင်သဏ္ဌာန်က ကျား တစ်ကောင်ရဲ့ အရေခွံက အစင်းတွေနဲ့တူ လို့ ဒီလိုအမည်ခေါ်တွင်တာပဲ ဖြစ်ပါတယ်။ ဒီကျောက်မျက်ပုံဆောင်ခဲက ရန်လိုမှုနဲ့ စွမ်းအားတို့ရဲ့သင်္ကေတပဲဖြစ်ပါတယ်။ သူ့ ကို အသုံးပြုသူကို စဉ်ဆက်မပြတ် ကာကွယ် ပေး၊ အားကောင်းစေပါတယ်။ လုပ်ငန်း ခွင်၊ စာကြည့်ခန်း ဒါမှမဟုတ် လေ့လာမှုပြု လုပ်တဲ့နေရာနဲ့ အစည်းအဝေးခန်းတွေမှာ ထားမယ်ဆိုရင် တိုးတက်ဖြစ်ထွန်းမှု၊ ယုံ ကြည် မှုနဲ့ ရိုးသားမှုတွေကို အားကောင်းစေ ကြောင်း တင်ဆက်ရေးသားဖော်ပြလိုက် ရပါတယ်ရှင်။

ကျောက်မျက်ပုံဆောင်ခဲလေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေတို့အကြား ဆက်စပ်မှုအကြောင်း သိကောင်းစရာ

အခုလို ကျောက်မျက်ပုံဆောင်ခဲ လေးများနှင့် သင့်ပတ်ဝန်းကျင်ဖုန်းရွှေ တို့အကြား ဆက်စပ်မှုအကြောင်း ဖတ်ရှု ရပြီး ဖုန်းရွှေချစ်သူအပေါင်း ကျန်းမာ ချမ်းသာ အောင်မြင်တိုးတက်ကြီးပွားကြ ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက် ရပါတယ်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)