[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ သိန်း (၁၀၀၀) အထိ အထူးသက်သာခွင့်များရရှိမည့် Magical World Stylish Condo ရှိအခန်းများ အရောင်းပြပွဲကို နိုဝင်ဘာလ (၁၆) ရက် နှင့် (၁၇) ရက်နေ့များတွင် Magical World Stylish Condo Sales Gallery ၊ အမှတ် (၂၉)၊ ခရေပင်လမ်း ၊ လမ်းမတော်မြို့နယ် ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ဝယ်ယူသူများကို အရောင်းပြပွဲ ပရိုမိုးရှင်းအဖြစ်
* သိန်းတစ်ထောင်ခန့် အထိ Discount ခံစားခွင့်များ
* အတိုးမဲ့ အရစ်ကျစနစ်
* 100% Bank Transfer တို့ဖြင့် ရောင်းချပေးခဲ့သည်။
Magical World Stylish Condo သည် ရန်ကုန်၏ အချက်အချာဖြစ်သော လမ်းမတော်မြို့နယ် သံရုံးများအနီး ခရေပင်လမ်းမပေါ်တွင် တည်ရှိသည်။ဆောက်လုပ်ပြီးခါနီး ကွန်ဒိုဖြစ်သောကြောင့် အခန်းဝယ်ယူသူများအနေနဲ့လည်း ဝယ်ယူပြီး မကြာခင်မှာအသစ်စက်စက်ကွန်ဒိုပေါ် နေထိုင်နိုင်မည်ဖြစ်သည်။
City Mall ၊ Taw Win Centre အစရှိသည့် shopping mall များ ၊ ဆေးရုံများ ၊ ကျောင်းများ အနီးတွင်ရှိသည့်အပြင် ပြည်လမ်း ၊ ဗဟိုလမ်း ၊ အောက်ကြည့်မြင်တိုင်လမ်း ၊ ကမ်းနားလမ်းတို့ကို အချိန်တိုအတွင်းသွားရောက်နိုင်သည့်အတွက် Location အထူးကောင်းမွန်သည်။အခန်းများအနေဖြင့် 337 sqft မှ 613.2 2 sqf အထိ ကျယ်ဝန်းသည့် 1 BR / 2 BR အခန်းများဖြစ်ပြီး မိမိနှင့် မိမိ မိသားစုအလိုက် အဆင်ပြေမည့် အခန်းများနှင့် River view ၊ Garden view အခန်းများကို စိတ်ကြိုက်ရွေးချယ်နိုင်မည်။
စိမ်းလန်းကျယ်ဝန်းသောဥယျာဉ်ပန်းခြံ ၊ Super Market ၊ Swimming Pool ၊ Gym ၊ Child Care Centre စသည်ဖြင့် Facilities အပြည့်အစုံပါဝင်ပြီး ပြီးပြည့်စုံသော လူနေမှုဘဝကို ခံစားနိုင်သည့် အားသာချက်များစွာပိုင်ဆိုင်ထားသော အိမ်ရာစီမံကိန်းဖြစ်သည်။
ကိုယ်ပိုင် 2-ways ကားပတ်လမ်း နှင့် မြေအောက်ကားပါကင်၂ ထပ်တို့ပါရှိသောကြောင့် ကားထားရန်အတွက်လည်း အဆင်ပြေလွယ်ကူစေသည်။
" Magical World Stylish Condo ဟာ ရုရှား ၊ မလေးရှား ၊ တရုတ် ၊ လာအို စတဲ့သံရုံးများဝန်းရံနေတဲ့အတွက်ကြောင့် အနာဂတ်မှာ လွှမ်းမိုးနိုင်မှု နှင့် တန်ဖိုးမြင့်တက်နိုင်မှုရှိပြီး လူနေမှုပတ်ဝန်းကျင်ပဲဖြစ်ဖြစ် ရင်းနှီးမြုပ်နှံမှုပတ်ဝန်းကျင်ပဲဖြစ်ဖြစ် အထူးသင့်တော်တဲ့နေရာကောင်းတစ်ခုဖြစ်ပါတယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
သိန်း (၁၀၀၀) အထိအထူးသက်သာခွင့်များရရှိမည့် Magical World Stylish Condo ရှိ အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
* အတိုးမဲ့ အရစ်ကျစနစ်
iMyanmarHouse.com