မြေရှင်အသိအမှတ်က တိုက်ခန်းနေအတွက် အရေးကြီး - Property Knowledge in Myanmar from iMyanmarHouse.com
1741 Views

မြေရှင်အသိအမှတ်က တိုက်ခန်းနေအတွက် အရေးကြီး

Knowledge | Posted by Shwe Zin Win

[Unicode]

တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ မှုတွေမှာ မြေရှင်ရဲ့ အသိအမှတ်ပြုခြင်းက လည်းခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ်။

“မြေရှင်လက်မှတ်ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခအနေနဲ့ ပေးရတာ ပါ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုဖြစ်လာရင် ပြဿနာရှိနိုင်တယ်”လို့ မြန်မာ့ ရတနာမြေ အကျိုးဆောင်လုပ်ငန်း မှ အိမ်ခြံမြေအကြံပေးရှေ့နေ ဦးကိုကိုက ပြောပါတယ်။

မြေရှင်လက်မှတ်ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်းအဖြစ် မြေရှင် က အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။ မြေရှင်အသိအမှတ်ပြုခြင်းက တိုက်ခန်း နေသူတွေအတွက် အရေးကြီးပြီး တိုက် ခန်းနေသူတွေ တိုက်ပြိုကျခြင်း၊ တိုက်ခန်း ပျက်စီးခြင်းဖြစ်ပေါ်ပါက မြေရှင် အသိ အမှတ်မပြုရင် တိုက်ခန်းပြန်ရဖို့ မလွယ်ကူ ဘူးလို့ သိရပါတယ်။

တိုက်ခန်း၊ကွန်ဒိုရောင်းဝယ်ရာမှာ မြေ ရှင် လက်မှတ်ထိုးခ (တစ်နည်း) အမည် ပြောင်းခ ပေးရပါတယ်။ နေရာဒေသ အ လိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်းအထိ ပေးရပါတယ်။ မြေ ရှင် လက်မှတ်မပါဘဲ ဥပဒေနှင့် ညီညွတ်ပါ က ရောင်းချခွင့်ရှိတယ်ဆိုပေမဲ့ မြေရှင် အသိအမှတ်မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ သိရပါတယ်။

အိမ်လခပေးရတာက

အပျောက်တိုက်ခန်းဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရတာကြောင့် အပျောက်တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့် ပြန်လည်ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ အိမ်ငှားဟုဆိုတာ ကြောင့် အိမ်လခပေးဖို့ တာဝန်ရှိပါတယ်။ မြေရှင် က သတ်မှတ်ထားတဲ့ အိမ်လခကို တိုက်ခန်းနေသူတွေက ပေးရတာဖြစ်ပြီး အိမ်လခတွေကိုတော့ နားလည်မှုနဲ့ သတ် မှတ်ကြတယ်လို့ သိရပါ တယ်။

“မြေယာနှင့် အခွန်က သတ်မှတ်ထား တဲ့ အိမ်လခက ၂၀ဝ/၂၅၀ (ကျပ်)၊ ဒါက ခု နဲ့ မကိုက်ညီတော့ဘူး၊ ခုတော့ နားလည်မှု နဲ့ ပေးနေကြတာပါ၊ ထောင်ဂဏန်းဝန်း ကျင် ပေးရပါတယ်”လို့ အိမ်ခြံမြေ အကြံ ပေး ရှေ့နေဦးကိုကိုက ဆိုပါတယ်။ လခပေးလည်း မခိုင်မာသေးပါ

မြေရှင်ကို အိမ်လခ မှန်မှန်ပေးသွင်း နေပေမဲ့၊ အိမ်ရှင်အသိအမှတ်ပြုတယ်ဆို ပေမဲ့ အမည်ပေါက်နေရာမှာ မူလပိုင်ရှင်ရဲ့ အမည်နဲ့သာ ဆက်လက်တည်ရှိနေတာ ကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလ ပိုင်ရှင်နာမည်နဲ့သာ ရရှိမှာဖြစ်ပါတယ်။ အိမ်ရှင်အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံပေးခြင်းမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ သိရပါတယ်။

“အခု အဖြစ်များနေတာက တိုက် ဟောင်းပြီး ပြိုကျလာမှုတွေပေါ့၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ်၊ ဒါပေမဲ့ အရက် မူးပြီး နေ့တိုင်းသောင်းကျန်းနေတော့ ကန် ထရိုက်နဲ့ တိုက်အသစ်ပြန်ဆောက်တော့ မြေရှင်က အခန်းမပေးတော့ဘူးဆိုပြီး ပြဿနာတွေ တက်နေတယ်”လို့ ဦးကိုကို က ဆိုပါတယ်။

ငှားရမ်းခ တိုးလို့

၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင်အခွင့်အရေးအရ ငှားရမ်းခ တိုးတောင်းခွင့်ရှိတယ်လို့ ပါရှိပါ တယ်။ ဥပဒေ အရ ငှားရမ်းခတိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေအနေနဲ့ ငှားရမ်းခ နှစ် စဉ် တိုး မြှင့်ကောက်ခံနေတာကြောင့် အ ပျောက် တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြရပါတယ်။ ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခကိုလည်း ပုံစံအမျိုးမျိုးနဲ့ ကောက်ခံနေကြတယ်လို့ သိရပါ တယ်။

“ကျွန်မတို့ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန်၊ မီးခွန်ဆိုပြီး တစ် လကို ကျပ် ၃၀ဝ၀ ပေးရတယ်၊ တချို့ တိုက် တွေမှာတော့ ဒီထက်များတယ်ပြော တယ်”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူ မမော်လေး က ဆိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Kumudra

 

[Zawgyi]






အိမ်လခပေးရတာက





ငှားရမ်းခ တိုးလို့






Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

Upcoming Property Events

thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service