ရွှေအရောထည်တွေမြန်မာကနေဝယ်ဖို့ ကိုရီယားကမ်းလှမ်း

ရွှေအရောထည်တွေမြန်မာကနေဝယ်ဖို့ ကိုရီယားကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
16 Nov 2020 11:48 am တွင် တင်ခဲ့သည်
2584 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာ့ရွှေအရောထည်ကိုဝယ်ယူဖို့ကိုရီးယားနိုင်ငံကကမ်းလှမ်းမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

ပန်းထိမ်လုပ်ငန်းတွေကနေ အထည်ပျက်သွားတဲ့လက်ဝတ်ရတနာတွေ၊ဝတ်ဆင်ရင်းအထည်ပျက်သွားတဲ့ရွှေအရောထည်လက်ဝတ်ရတနာတွေကို ကိုရီးယားနိုင်ငံကဝယ်ယူဖို့စုံစမ်းမေးမြန်းပြီး ကမ်းလှမ်းထားတာပါ။

လက်ရှိမြန်မာ့ရွှေဟာပြည်ပနိုင်ငံတွေကိုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဖွင့်လှစ်ထားတဲ့ One Stop Service စင်တာကနေအသိအမှတ်ပြုတင်ပို့နေတာဖြစ်ပြီး ကိုဗစ်ကြောင့်လုပ်ငန်းတွေပိတ်ထားတာလည်းဖြစ်ပါတယ်။

ဒါကြောင့်OSSစင်တာပြန်လည်ဖွင့်လှစ်နိုင်မှသာကိုရီးယားနိုင်ငံကိုတင်ပို့ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးကျော်ဝင်းကပြောပါတယ်။

မြန်မာနိုင်ငံကရွှေတွေကိုများသောအားဖြင့်ဂျပန်၊အိန္ဒိယ၊စင်ကာပူနိုင်ငံတွေကိုတင်ပို့လျှက်ရှိတာပါ။

ကိုရီးယားနိုင်ငံကိုလည်းအနည်းငယ်တင်ပို့နေတာရှိပြီးရွှေထည်အရောအထည်ပျက်တွေဝယ်ယူဖို့ကမ်းလှမ်းတာကဒါဟာပထမဆုံးလည်းဖြစ်ပါတယ်။

၂၀၁၈ခုနှစ်ကစတင်ပြီးပြည်ပနိုင်ငံတွေကိုလက်ဝတ်ရတနာတင်ပို့မှုဟာ ၆ကြိမ်ရှိခဲ့ပြီးတော့ စုစုပေါင်းအမေရိကန်ဒေါ်လာ ၅သိန်းကျော်လောက်တင်ပို့ထားနိုင်ခဲ့တယ်လို့စီးပွားရေးနှင်ကူးသန်းရောင်းဝယယ်ရေးဝန်ကြီးဌာနထံကသိရပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာရွှေဈေးကအနည်းငယ်ကျဆင်းနေပြီးအရောင်းအဝယ်လည်းနည်းပါးနေတာပါ။

လက်ရှိဈေးအတက်အကျရှိလာသော်လည်းဈေးကွက်အတွင်းအရောင်းအဝယ်သိပ်မရှိကြောင်း၊ရန်ကုန်မြို့တွင်ရွှေဆိုင်အကြီးများပြန်လည်ဖွင့်လှစ်နေသော်လည်းဆိုင်ငယ်များပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။

ပြည်တွင်းဈေးကွက်သည် ကမ္ဘာ့ရွှေဈေးကျခြင်းနှင့်သာသက်ဆိုင်ပြီး လက်ရှိဈေးကွက်တွင်အရောင်းအဝယ်အေးနေသည်ဟုမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးကျော်ဝင်းကပြောသည်။

ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာ ၁၀ ရက်တွင်ရန်ကုန်၌ကျပ်၁,၃၁၀,၀၀၀ဈေးရှိပြီးမန္တလေး၌ ၁,၃၁၀,၅၀၀ကျပ်ပေါက်ဈေးရှိခဲ့ကာကမ္ဘာ့ရွှေဈေးသည်တစ်အောင်စ ၁,၈၈၈ဒေါ်လာရှိခဲ့သည်။

ပြည်တွင်းငွေကြေးဈေးကွက်တွင်လည်းကိုဗစ်ကာကွယ်ဆေးတွေ့ရှိခြင်းနှင့်ဈေးကွက်ပြန်လည်စတင်လာခြင်းကြောင့် နိုဝင်ဘာ ၁၀ရက်ပြင်ပပေါက်ဈေးတွင်တစ်ဒေါ်လာ ၁,၃၂၁ကျပ်အထိမြင့်တက်လာသည်။ဒေါ်လာဈေးသည်နိုဝင်ဘာလဆန်းတွင်ကျပ် ၁,၃၀၀ဝန်းကျင်သာရှိခဲ့သည်။

ပြည်တွင်းရွှေဈေးသည် ရွေးကောက်ပွဲမတိုင်မီနိုဝင်ဘာ၇ရက်တွင်အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၁၇,၀၀၀ ကျပ်သို့ရောက်ရှိခဲ့သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

















 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service