AGD ဘဏ်က Pact အသေးစားချေးငွေလုပ်ငန်းကို ဒေါ်လာ ၂၅ သန်းထုတ်ချေး

AGD ဘဏ်က Pact အသေးစားချေးငွေလုပ်ငန်းကို ဒေါ်လာ ၂၅ သန်းထုတ်ချေး - Property News in Myanmar from iMyanmarHouse.com
20 Aug 2020 10:36 am တွင် တင်ခဲ့သည်
1679 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

AGD ဘဏ်က Pact Global (PGFM) အသေးစားချေးငွေလုပ်ငန်းကို ဒေါ်လာ ၂၅ သန်း(ကျပ် ၃၄ ဘီလီယံ) ထုတ်ချေးရန် သဘောတူညီခဲ့ကြောင်း ဩဂုတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါချေးငွေသည် ကျေးလက်ဒေသစိုက်ပျိုးရေးလုပ်ငန်းများတွင်လုပ်ကိုင်နေသည့် အိမ်ထောင်စု ၆၈၀၀၀ ကို ထုတ်ချေးရန်ဖြစ်ပြီး AGDနှင့် PGFM ကုမ္ပဏီတို့က ဩဂုတ် ၇ ရက်တွင် သဘောတူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ယခုချိန်ခါက COVID_19 ကြောင့် ကမ္ဘာ့စီးပွားရေးမှာ သက်ရောက်မှုရှိပြီး နိုင်ငံခြားငွေလဲလှယ်ရေးမှာလည်း တော်တော်လေး စိန်ခေါ်မှုများနေတဲ့ အချိန်ဖြစ်ပါတယ်။ သဘောတူညီထားတဲ့ ဒေါ်လာ ၂၅ သန်းကနေတဆင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာအရင်းအနှီးတွေကို သယ်ဆောင်လာနိုင်ပြီး မြန်မာနိုင်ငံက မိသားစု ၆၈၀၀၀၀ ကို အသေးစားချေးငွေဝန်ဆောင်မှုတွေ ပေးနိုင်တော့မယ်”ဟု PGMF ဥက္ကဌ မစ္စတာ Fahmid Bhuiya ကပြောသည်။

ထိုချေးငွေသည် AGD ဘဏ်က PGFM ကို ဒုတိယမြောက် အသေးစားချေးငွေ ထုတ်ချေးခြင်းဖြစ်ပြီး ဘဏ်က ထုတ်ချေးသည့် အသေးစားချေးငွေများသည် မြန်မာပြည်၏ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးရေးအတွက်ဖြစ်သည်ဟု AGD ဘဏ်၏ စီးပွားရေးအရာရှိချုပ် ဦးပြည်စိုးထင်က ပြောသည်။

AGD က PEFM ကို ပြီးခဲ့သည့် စက်တင်ဘာလတွင် ကျပ် ၁၀ ဘီလီယံထုတ်ချေးခဲ့ဖူးပြီး ယခုထုတ်ချေးခြင်းသည် ဒုတိယ အကြိမ်ဖြစ်သည်။ ကျေးလက်ရှိ အိမ်ထောင်စု သုံးသောင်းကို ချေးငွေထုတ်ပေးမည်ဖြစ်သည်။

Pact သည် နိုင်ငံတကာတွင် ဆင်းရဲနွမ်းပါးမူလျော့ကျရေးနှင့် လူမှုဘဝမြင့်တင်ရေးကို ဆောင်ရွက်နေသည့် နိုင်ငံတကာအကူအညီပေးအဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်း ထူထောင်ပြီး ကျေးလက်ဒေသတွင်လူမှုမြှင့်တင်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။

AGD ဘဏ်က ၂၀၁၉ အောက်တိုဘာလတွင် စင်ကာပူအခြေစိုက် Hayman Capital အသေးစားချေးငွေလုပ်ငန်းကို ဒေါ်လာ ၆ သန်းထုတ်ချေးခဲ့သည်။ ၂၀၁၉ ဒီဇင်ဘာတွင် AGD ဘဏ်က Microfinance Delta internation ကုမ္ပဏီကို ကျပ် ၅ ဘီလီယံထုတ်ချေးခဲ့သည်။ ၂၀၂၀ ဇန်နဝါရီ ၂၁ ရက်တွင်KEB HANA အသေးစားချေးငွေ လုပ်ငန်းကို ကျပ် ၁၀ ဘီလီယံ ထုတ်ချေးခဲ့သည်။

ထိုပြင် ၂၀၂၀မေလတွင် BRAC အသေးစားချေးငွေလုပ်ငန်းကို ကျပ် ၇ ဘီလီယံ ထုတ်ချေးခဲ့ပြီး ဇူလိုင်လတွင် Japfa Comfeed အသေးစားချေးငွေလုပ်ငန်းကို ကျပ် ၇ ဘီလီယံထုတ်ချေးထားသည်။

PGFM သည် မြို့နယ် ၇၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၄ ၈၃၆ ရွာ တွင် ချေးငွေလုပ်ငန်းများဆောင်ရွက်နေသည်။ PGMF သည် ၁၉၉၇ မှစတင်ပြီး လူပေါင်း ၁ဒသမ၇ ကို ချေးငွေများထုတ်ပေးထားသည်။ ထိုထဲတွင် အမျိုးသမီးများ က ၉၈ ရာခိုင်နှုန်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

AGD ဘဏ္က Pact အေသးစားေခ်းေငြလုပ္ငန္းကို ေဒၚလာ ၂၅ သန္းထုတ္ေခ်း

AGD ဘဏ္က Pact Global (PGFM) အေသးစားေခ်းေငြလုပ္ငန္းကို ေဒၚလာ ၂၅ သန္း(က်ပ္ ၃၄ ဘီလီယံ) ထုတ္ေခ်းရန္ သေဘာတူညီခဲ့ေၾကာင္း ဩဂုတ္ ၁၉ ရက္တြင္ သတင္းထုတ္ျပန္သည္။

အဆိုပါေခ်းေငြသည္ ေက်းလက္ေဒသစိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္လုပ္ကိုင္ေနသည့္ အိမ္ေထာင္စု ၆၈၀၀၀ ကို ထုတ္ေခ်းရန္ျဖစ္ၿပီး AGDႏွင့္ PGFM ကုမၸဏီတို႔က ဩဂုတ္ ၇ ရက္တြင္ သေဘာတူခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

“ယခုခ်ိန္ခါက COVID_19 ေၾကာင့္ ကမ႓ာ့စီးပြားေရးမွာ သက္ေရာက္မႈ႐ွိၿပီး ႏိုင္ငံျခားေငြလဲလွယ္ေရးမွာလည္း ေတာ္ေတာ္ေလး စိန္ေခၚမႈမ်ားေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ သေဘာတူညီထားတဲ့ ေဒၚလာ ၂၅ သန္းကေနတဆင့္ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံသူေတြဆီက ေဒၚလာအရင္းအႏွီးေတြကို သယ္ေဆာင္လာႏိုင္ၿပီး ျမန္မာႏိုင္ငံက မိသားစု ၆၈၀၀၀၀ ကို အေသးစားေခ်းေငြဝန္ေဆာင္မႈေတြ ေပးႏိုင္ေတာ့မယ္”ဟု PGMF ဥကၠဌ မစၥတာ Fahmid Bhuiya ကေျပာသည္။

ထိုေခ်းေငြသည္ AGD ဘဏ္က PGFM ကို ဒုတိယေျမာက္ အေသးစားေခ်းေငြ ထုတ္ေခ်းျခင္းျဖစ္ၿပီး ဘဏ္က ထုတ္ေခ်းသည့္ အေသးစားေခ်းေငြမ်ားသည္ ျမန္မာျပည္၏ စိုက္ပ်ိဳးေရးက႑ဖြံၿဖိဳးေရးအတြက္ျဖစ္သည္ဟု AGD ဘဏ္၏ စီးပြားေရးအရာ႐ွိခ်ဳပ္ ဦးျပည္စိုးထင္က ေျပာသည္။

AGD က PEFM ကို ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ က်ပ္ ၁၀ ဘီလီယံထုတ္ေခ်းခဲ့ဖူးၿပီး ယခုထုတ္ေခ်းျခင္းသည္ ဒုတိယ အႀကိမ္ျဖစ္သည္။ ေက်းလက္႐ွိ အိမ္ေထာင္စု သုံးေသာင္းကို ေခ်းေငြထုတ္ေပးမည္ျဖစ္သည္။

Pact သည္ ႏိုင္ငံတကာတြင္ ဆင္းရဲႏြမ္းပါးမူေလ်ာ့က်ေရးႏွင့္ လူမႈဘဝျမင့္တင္ေရးကို ေဆာင္႐ြက္ေနသည့္ ႏိုင္ငံတကာအကူအညီေပးအဖြဲ႕ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ အေသးစားေခ်းေငြလုပ္ငန္း ထူေထာင္ၿပီး ေက်းလက္ေဒသတြင္လူမႈျမႇင့္တင္ေရးေဆာင္႐ြက္ေနျခင္းျဖစ္သည္။

AGD ဘဏ္က ၂၀၁၉ ေအာက္တိုဘာလတြင္ စင္ကာပူအေျခစိုက္ Hayman Capital အေသးစားေခ်းေငြလုပ္ငန္းကို ေဒၚလာ ၆ သန္းထုတ္ေခ်းခဲ့သည္။ ၂၀၁၉ ဒီဇင္ဘာတြင္ AGD ဘဏ္က Microfinance Delta internation ကုမၸဏီကို က်ပ္ ၅ ဘီလီယံထုတ္ေခ်းခဲ့သည္။ ၂၀၂၀ ဇန္နဝါရီ ၂၁ ရက္တြင္KEB HANA အေသးစားေခ်းေငြ လုပ္ငန္းကို က်ပ္ ၁၀ ဘီလီယံ ထုတ္ေခ်းခဲ့သည္။

ထိုျပင္ ၂၀၂၀ေမလတြင္ BRAC အေသးစားေခ်းေငြလုပ္ငန္းကို က်ပ္ ၇ ဘီလီယံ ထုတ္ေခ်းခဲ့ၿပီး ဇူလိုင္လတြင္ Japfa Comfeed အေသးစားေခ်းေငြလုပ္ငန္းကို က်ပ္ ၇ ဘီလီယံထုတ္ေခ်းထားသည္။

PGFM သည္ ၿမိဳ႕နယ္ ၇၉ ျမိဳ႕နယ္႐ွိ ေက်း႐ြာေပါင္း ၁၄ ၈၃၆ ႐ြာ တြင္ ေခ်းေငြလုပ္ငန္းမ်ားေဆာင္႐ြက္ေနသည္။ PGMF သည္ ၁၉၉၇ မွစတင္ၿပီး လူေပါင္း ၁ဒသမ၇ ကို ေခ်းေငြမ်ားထုတ္ေပးထားသည္။ ထိုထဲတြင္ အမ်ိဳးသမီးမ်ား က ၉၈ ရာခိုင္ႏႈန္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service