နိုင်ငံခြားသားများအတွက် ကမ္ဘာ့တတိယဈေးအကြီးဆုံးမြို့အဖြစ် စင်္ကာပူ အဆင့်တက်
နိုင်ငံခြားသားများအတွက် ကမ္ဘာ့တတိယဈေးအကြီးဆုံးမြို့အဖြစ် စင်္ကာပူ အဆင့်တက် - Property News in Myanmar from iMyanmarHouse.com
2 Jul 2019 10:29 am တွင် တင်ခဲ့သည်
2675 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
ဟောင်ကောင်က နံပါတ်တစ်နေရာတွင် ဆက်လက်ရပ်တည်ခဲ့ပြန်ကာ ဒုတိယဈေးအကြီးဆုံးမြို့အဖြစ် တိုကျို၊ စတုတ္ထဈေးအကြီးဆုံးမြို့အဖြစ် ဆိုးလ်နှင့် ပဉ္စမဈေးအကြီးဆုံးမြို့အဖြစ် ဇူးရစ်ခ်ျတို့ ဖော်ပြခံခဲ့ကြရသည်။
### Unicode Version ###
အရည်အသွေးမြင့်အိမ်ရာဝယ်လိုအားကာလရှည်ကြာဆက်လက်မြင့်တက်နေခြင်းနှင့် သူဌေးဦးရေမြင့်တက်ခြင်းတို့ဖြစ်ပွားပြီးနောက် စင်္ကာပူသည် နိုင်ငံခြားသားများအတွက် နေထိုင်ရန် ကမ္ဘာ့တတိယဈေးအကြီးဆုံးမြို့ဖြစ်လာကြောင်း သိရသည်။
ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Mercer ၏ ယမန်နှစ်က ထုတ်ပြန်ခဲ့သော နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းတွင် စင်္ကာပူသည် စတုတ္ထနေရာ၌ ရပ်တည်ခဲ့ရာမှ ယခုနောက်ဆုံးထုတ်ပြန်လိုက်သော ယခုနှစ်စစ်တမ်းတွင် တတိယနေရာသို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ စင်္ကာပူဒေါ်လာဈေးအပြောင်းအလဲများကြောင့်မဟုတ်ကြောင်း Mercer က ဖော်ပြခဲ့သည်။
စင်္ကာပူသည် နေထိုင်စရိတ်မြင့်မားသော်လည်း အဖွဲ့အစည်းအများအပြားက လုပ်ငန်းလုပ်ကိုင်ရန်နေရာကောင်းတစ်ခုအဖြစ် ဆက်လက်ရှုမြင်ကြဆဲဖြစ်ကြောင်း Mercer ၏ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ ခေါင်းဆောင် မာရီယိုဖာရာရိုက ပြောကြားခဲ့သည်။
“နိုင်ငံပေါင်းစုံက စီးပွားရေးလုပ်ငန်းအများအပြားရှိတာ၊ အရည်အချင်းမြင့်မားတဲ့ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်တာ၊ အရည်အသွေးမြင့်မားတဲ့ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ နေရာထိုင်ခင်းတွေအတွက် ကာလရှည်ကြာဆက်လက်မြင့်တက်နေတဲ့ ဝယ်လိုအားတို့ကြောင့် စင်္ကာပူဟာ အရေးပါတဲ့ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ အားကောင်းတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ လျင်မြန်စွာဖွံ့ဖြိုးနေတဲ့စီးပွားရေးတို့ကြောင့် စင်္ကာပူမှာ အရည်အချင်းမြင့်မားတဲ့ဝန်ထမ်းတွေ တိုးမြဲတိုးနေတာပါ။” ဟုလည်း သူက ပြောကြားခဲ့သည်။
ထိုစာရင်းပါ ကမ္ဘာ့ဈေးအကြီးဆုံးမြို့ ၁၀ မြို့တွင် ၈ မြို့မှာ အာရှမှဖြစ်သည်။ ယင်းမှာ အာရှ၏ ဈေးနှုန်းဆက်တိုက်မြင့်တက်လာသောအိမ်ခြံမြေဈေးကွက်များနှင့် ကုန်ပစ္စည်းဈေးနှုန်းများမြင့်မားမှုတို့ကြောင့် ဖြစ်ကြောင်း Mercer က မှတ်ချက်ပြုခဲ့သည်။
ဟောင်ကောင်က နံပါတ်တစ်နေရာတွင် ဆက်လက်ရပ်တည်ခဲ့ပြန်ကာ ဒုတိယဈေးအကြီးဆုံးမြို့အဖြစ် တိုကျို၊ စတုတ္ထဈေးအကြီးဆုံးမြို့အဖြစ် ဆိုးလ်နှင့် ပဉ္စမဈေးအကြီးဆုံးမြို့အဖြစ် ဇူးရစ်ချ်တို့ ဖော်ပြခံခဲ့ကြရသည်။
နိုင်ငံခြားသားများနေထိုင်ရန်အတွက် ကမ္ဘာ့ဈေးအပေါဆုံးနေရာမှာမူ တူနီးရှားရှိ တူးနစ်မြို့ဖြစ်သည်။ ယမန်နှစ်စာရင်းတွင်မူ ဈေးအပေါဆုံးမြို့အဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံရှိ တက်ရှ်ကင်မြို့က ရပ်တည်ခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service