မန်းက မြေအချို့ အောက်ဈေးနဲ့ အရောင်းသွက် ဈေးကွက်လှုပ်ရှားမှု မျှော်လင့်ချက်ဖြစ်

မန်းက မြေအချို့ အောက်ဈေးနဲ့ အရောင်းသွက် ဈေးကွက်လှုပ်ရှားမှု မျှော်လင့်ချက်ဖြစ် - Property News in Myanmar from iMyanmarHouse.com
5 Jun 2018 11:40 am တွင် တင်ခဲ့သည်
3511 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးအိမ်ခြံမြေတွေ ဒီရက်ပိုင်း အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်လာတာက ဈေးကွက်ပြန်လည်လှုပ်ရှားသက်ဝင်လာလိမ့်မယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအချို့က မျှော်မှန်းပါတယ်။ ဖိုးလမင်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ' အလားအလာကောင်းဖို့ မျှော်လင့်ပါတယ်၊ ခုလဲ အရောင်းအဝယ်လေးတွေ ဖြောက်တောက်ဖြောက်တောက်တော့ စဖြစ်နေပြီ ' လို့ ပြောပါတယ်။ မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ ဒီရက်ပိုင်း မြေကွက်အချို့အရောင်းအဝယ် ပြန်ဖြစ်စပြုနေတယ်ဆိုပေမဲ့လည်း အောက်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်တာလို့ အကျိုးဆောင်အချို့ဆီက သိရပါတယ်။

မန္တလေးမြို့သစ်ရပ်ကွက်တွေဘက်မှာ အိမ်ခြံမြေရောင်းဝယ်ငှား လုပ်ကိုင်သူ အကျိုးဆောင် လုပ်ငန်းပိုင်ရှင်တစ်ဦးက ' ဈေးတန်းတော့ အောက်ဈေးနဲ့ပဲဖြစ်တယ်၊ ဝယ်ရောင်း ဈေးကစားတဲ့ ဈေးကွက်မဟုတ်ဘူး၊ အမှန်တကယ် မြေအသုံးချဖို့ပဲ ဝယ်တယ်၊ ဝယ်ပြီးတော့ လှောင်ထားမယ်၊ တစ်ဆင့် ပြန်လည်ရောင်းချမယ်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး ' လို့ဆိုပါတယ်။ လက်ရှိအစိုးရတက်လာပြီး နောက်ပိုင်းမှာ မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူတွေက မျှော်မှန်းခဲ့ကြပေမဲ့လည်း မန္တလေးအိမ်ခြံမြေဈေးကွက်မှာ လက်တွေ့တော့ ထူးထူးခြားခြား ပြောင်းလဲလာတာ မရှိသေးပါဘူး။

ဒီလို အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်နှစ်အတန်ကြာ ကျဆင်းနေစေတဲ့ အကြောင်းအရင်းတွေအနက် အိမ်ခြံမြေရာဖြတ် တန်ဖိုး စံနှုန်းသတ်မှတ်ချက်နဲ့ အခွန်နှုန်းများပြားမှုက အဓိက ပါဝင်တယ်လို့ အကျိုးဆောင်အချို့က ယူဆ ပြောဆိုပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ မြေယာနဲ့ ပက်သက်တဲ့ မူဝါဒအသစ်တွေ ချမှတ် လုပ်ဆောင်လာမှာ တခြားရင်းနှီးမြှုပ်နှံလုပ်ကိုင်လို့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ထားတာ စတာ တွေကြောင့် အိမ်ခြံမြေလုပ်ငန်းအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာပြီး ဈေးကွက်ဖွံ့ဖြိုးလာမယ်လို့ အကျိုးဆောင်တွေ မျှော်မှန်းခဲ့ကြပါတယ်။

+++ ကျဆင်းနေ +++

ဒါပေမဲ့ လက်တွေ့မှာတော့ မန္တလေးမြို့တွင်းမြို့ပြင် အနီးပတ်ဝန်းကျင်ရှိ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်အားလုံး ကျဆင်းသွားပြီး အခုအချိန်မှာတော့ မြေတန်ဖိုးတွေပါ ကျဆင်းနေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ အမြတ်အစွန်းအများအပြားရဖို့ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ်
ဒေသခံစီးပွားရေး စီးပွားရေးလုပ်ငန်းရှင်တွေ၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းသမားတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ လုပ်ငန်းတစ်ခု အခုလို ကျဆင်းစေတာဟာ အိမ်ခြံမြေအပေါ် အခွန်ကောက်ခံရာမှာ သတ်မှတ်တဲ့ မန္တလေးအိမ်ခြံမြေရာဖြတ်တန်ဖိုးစံနှုန်း သတ်မှတ်ချက်မှာ အရောင်းအဝယ်ဈေးကွက်နဲ့ မကိုက်ညီတဲ့ ဧကအလိုက်စံနှုန်းသတ်မှတ်မှု၊ မြေပြင်ပေါက်ဈေးထက် စံနှုန်းသတ်မှတ်ချက်များပြားမှုတွေအပြင် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာ အခွန်နှုန်းများပြားနေမှုကြောင့်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။ ဧကအလိုက်စံနှုန်းသတ်မှတ်တဲ့စနစ်ဟာ အရောင်းအဝယ် ဈေးကွက်သဘောနဲ့ ကိုက်ညီမှုမရှိဘဲဖြစ်နေလို့ အခုနှစ် စံနှုန်းထုတ်ပြန်ရာမှာ နေရာအနေအထားအလိုက် တစ်စတုရန်းပေးနှုန်းနဲ့ သတ်မှတ်ပေးဖို့ အကျိုးဆောင်လုပ်ငန်းရှင်တွေဘက်က တောင်းဆိုခဲ့ပေမဲ့လည်း ရာဖြတ်တန်ဖိုး သတ်မှတ်ချက်မှာ ဧကအလိုက် စံနှုန်းသတ်မှတ်ထုတ်ပြန်တယ်လို့ သိရပါတယ်။

သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အိမ်ခြံမြေရာဖြတ်တန်ဖိုး သတ်မှတ်ချက်ဟာ ကာလပေါက်ဈေးထက် (၁၀)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းအထိ များပြားတယ်လို့ ဝဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မြေပြင်ပေါက်ဈေးထက် စံနှုန်းသတ်မှတ်ချက်များပြားမှုတွေအပြင် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာ အခွန်နှုန်းများပြားနေတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။ ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ အိမ်ခြံမြေရောင်းဝယ်ရာမှာ ကျပ်သိန်း (၃၀၀)နဲ့ အောက်ကို (၁၅)ရာခိုင်နှုန်း၊ ကျပ် (၃၀၁)သိန်းမှ ကျပ်သိန်း (၁၀၀၁)ထိ (၂၀)ရာခိုင်နှုန်း၊ ကျပ် (၃၀၀၁)သိန်းအထက် အခွန် (၃၀)ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဦးဝဏ္ဏစိုးက ' အခွန်ကောက်ဥပဒေတွေလျှော့ပေးမယ်ဆိုရင် ဝါကျွန်ကာလ ပွင့်လင်းရာသီ (၁၀)လပိုင်းလောက်တော့ ဈေးကွက်ပြန်လည် လှုပ်ရှားသက်ဝင်ဖို့ ထင်မြင်ယူဆမိပါတယ် ' လို့ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service